← Chapters

အရှေ့တိုင်း၏စားကောင်းသောက်ဖွယ်! အပန်းဖြေစံအိမ်ဖွင့်တော့မည်! ၃

Vol. 42 Ch. 629

အရှေ့တိုင်း၏စားကောင်းသောက်ဖွယ်! အပန်းဖြေစံအိမ်ဖွင့်တော့မည်! ၃

Vol. 42 Ch. 629

သူ့အဆင့်ရှိတဲ့စားဖိုမှူးတောင် ဒီလိုပါဝင်ပစ္စည်းမျိုးခဏခဏမကိုင်ရချေ။

အစမ်းချက်ခိုင်းတာကို ဒီလိုအဆင့်ရှိတဲ့ငါးမျိုးပေးလိမ့်မည်ဟု လုံးဝမထင်မိ။

သို့ရာတွင် ဒီလိုပါဝင်ပစ္စည်းမျိုးက သူ့လက်ရာကိုပိုပေါ်စေနိုင်သည်။

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ဒီ Lazda နဲ့ ပထမအကြိမ်တွေ့တွေ့ချင်းက မောက်မာပြီးသဘောထားသေးသိမ်သော်လည်း သူ့လက်ရာကတကယ်ကောင်းသည်။

ငါးအရည်အသွေးကိုအလွယ်တကူခွဲခြားနိုင်သည်။

ခဏအကြာ Lazda လည်း ငါးကိုင်ပြီးသွားသည်။ ထို့နောက် ငါးစနှပ်သည်။

ဒီငါးနှပ်နည်းကိုလည်း သူအနိုင်ရသော ထိပ်တန်းတရုတ်စားဖိုမှူးတစ်ဦးဆီမှသင်ထားခြင်းဖြစ်ပြီး ထိုစားဖိုမှူးထက်ပိုကောင်းအောင်ချက်နိုင်သည်။

သိပ်မကြာမီ_

Lazda က သူမကျွမ်းကျင်သောတူနှင့်ငါးကိုင်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ အရသာခံကြည့်ပြီးနောက် သူ့မျက်လုံးများဝင်းလက်သွား၏။

ဒီငါးက အရင်တစ်ခါသူလုပ်ခဲ့တာထက်ပိုပြီးအရသာရှိနေသောကြောင့်ပင်။ တရုတ်ဟင်းဖြစ်ဖြစ်၊ အနောက်တိုင်းဖြစ်ဖြစ်၊ သူ့လက်ရာက ဒီလောက်အရသာရှိတဲ့ငါးမျိုးမလုပ်နိုင်ခဲ့ဟုဆိုနိုင်သည်။

ငါးအရည်အသွေးက တကယ်အံ့ဩစရာကောင်းသည်။

Lazda ကချက်ချင်း ငါးနှပ်ပန်းကန်ကိုချင်လင်ရှေ့ချကာ_

"လူကြီးမင်း... မြည်းကြည့်ပါ''

"အတူတူမြည်းရအောင်''

ချင်လင်က ဆရာလင်းကိုပြောလိုက်သည်။



ဆရာလင်းကခေါင်းညိမ့်ပြီး တူတစ်စုံကိုင်လိုက်သည်။ သူနှင့်ချင်လင်က ငါးယူပြီးမြည်းကြည့်သည်။

ငါးတစ်လုပ်စားပြီးနောက် သူကသက်ပြင်းချကာ_

"သူဌေး... သူ့လက်ရာက ကျုပ်ထက်ပိုကောင်းပါတယ်... သူ့နာမည်နဲ့လိုက်ပါပေတယ်''

ချင်လင်ကတစ်လုပ်စားပြီး ငါးက ဆရာလင်းထက်ပိုအရသာပှိမှန်းသိလိုက်သည်။

အရည်အသွေးချင်းအတူတူ Lazda ရဲ့ငါးကပိုအရသာရှိသည်။ ဒါသူတို့လက်ရာကြားခြားနားချက်ပင်။

သို့ရာတွင် Lazda ၏ငါးက သူလုပ်သောအရည်အသွေး ၃ နှင့်ကွာနေသေးသည်။

တစ်နည်းဆိုရသော် Lazda လုပ်သောငါးက အရည်အသွေး ၂ ဆိုသော်လည်း ဆရာလင်းချက်တာထက်အများကြီးပိုကောင်းသည်။

ဒါကလည်း အရည်အသွေး ၃ စားကောင်းသောက်ဖွယ်မျိုးရဖို့ ဘယ်လောက်ခက်ကြောင်း သက်သေပြနေခြင်းပင်။

ဘာပဲဖြစ်ဖြစ် Lazda လိုကမ္ဘာ့အဆင့်မီစားဖိုမှူးတောင် အရည်အသွေး ၂ သဘာဝငါးနှင့် အရည်အသွေး ၃ ဟင်းပွဲမျိုးရအောင် မဖန်တီးနိုင်။ တခြားစားဖိုမှူးတွေဆိုမပြောနှင့်တော့။

"ဘယ်လိုလဲ လူကြီးမင်း?''

Lazda က အလောတကြီးမေးသည်_

"ကျွန်တော့်ငါးက ကောင်းလား? စားသောက်ဆိုင်မှာ စားဖိုမှူးခေါင်းဆောင်လုပ်လို့ရလား?''

"မစ္စတာ Lazda... ခင်ဗျားအောင်ပါတယ်... ဒါပေမဲ့ အရင်ဆုံး စာချုပ်လက်မှတ်ထိုးရမယ်''

ချင်လင်ကပြောပြီး လင်းလန်ဇီဘက်လှည့်၍ညွှန်ကြားလိုက်သည်_

"မန်နေဂျာလင်း... မစ္စတာ Lazda ကို HR ဌာနခေါ်သွားပြီး စာချုပ်လက်မှတ်ထိုးလိုက်ပါ''

"ကောင်းပါပြီ သူဌေး!''

လင်းလန်ဇီခေါင်းညိမ့်ပြီး Lazda ကိုဖိတ်လိုက်သည်_

"မစ္စတာ Lazda ကြွပါ!''

Lazda က တုံ့ဆိုင်းမနေ။ ပြုံးပြုံးရွှင်ရွှင်နှင့် လင်းလန်ဇီနောက်လိုက်သွားသည်။

စာချုပ်လက်မှတ်ထိုးပြီးရင် သူနေလို့ရပြီ။

သူ့လက်ရာကိုခိုးသင်နိုင်မယ့်အခွင့်အရေး ရကိုရရမယ်။



၂ နှစ်နဲ့မရရင် ၄ နှစ်။ ၄ နှစ်နဲ့မရရင် ၆ နှစ်။ ၆ နှစ်မှမရရင်တော့ အိမ်ပြန်ပြီး အဖေ့ရဲ့မိသားစုလုပ်ငန်းပဲဆက်ခံလိုက်တော့မယ်။ ၆ နှစ်အတွင်းမှာ ဒီလိုအရသာရှိတဲ့အစားအစာမျိုးမလုပ်နိုင်ရင် သူစားဖိုမှူးဆက်မလုပ်ချင်တော့။

"သူဌေး... ခင်ဗျားသူ့ကိုတကယ် စားသောက်ဆိုင်ရဲ့စားဖိုမှူးခေါင်းဆောင်ခန့်မလို့လား?''

Lazda ထွက်သွားသွားချင်း ဆရာလင်းက အလောတကြီးမေးသည်။ Lazda သာ စားဖိုမှူးခေါင်းဆောင်ဆိုရင် စားဖိုမှူးခေါင်းဆောင်ဖြစ်တဲ့သူက ဘာလုပ်ရမလဲမေးချင်သည်။

ချင်လင်ကပြုံးပြီး_

"ဆရာလင်း... အပန်းဖြေစံအိမ်က ဖွင့်တော့မှာမလား? အားလုံးက အထက်တန်းဧည့်သည်တွေချည်းပဲ... တစ်ယောက်ယောက်မှမရှိရင် ကျွန်တော်စိတ်မအေးဘူး... အဲဒီက စားဖိုဆောင်ကို ခင်ဗျားကြည့်ပေးစေချင်တယ်''

"ဒါပေါ့... ဒီစံအိမ်စားသောက်ဆိုင်ကိုလည်း ခင်ဗျားကြီးကြပ်ရမှာ... Lazda ကို စားဖိုမှူးခေါင်းဆောင်ခန့်တာက စံအိမ်စားသောက်ဆိုင်စားဖိုမှူးတွေရဲ့လက်ရာကိုတိုးတက်စေချင်လို့... အလုပ်သင်တွေကိုသင်ပေးစေချင်လို့... ရှေ့လျှောက် စားဖိုမှူးခေါင်းဆောင်ကခင်ဗျားဆိုတော့ သူ့ကိုအချိန်နဲ့အမျှကြီးကြပ်ပြီး စားဖိုမှူးတွေရဲ့လက်ရာကိုသုံးသပ်ပေးရမယ်''

ထိုစကားကြားပြီး ဆရာလင်းဝမ်းသာသွားသည်။ သူကပြုံး၍ ကတိပေးလိုက်သည်_

"စိတ်မပူပါနဲ့ သူဌေး... သူ့ကိုသေသေချာချာကြီးကြပ်ပြီး အလုပ်သင်တွေကိုကောင်းကောင်းသင်ပေးခိုင်းမယ်... သူပျင်းလို့မရဘူး''

ဒီလိုလုပ်တာ သူဝမ်းသာသည်။

ချင်လင်ပြုံးလိုက်သည်။ သူက Lazda ချက်ထားသောငါးပန်းကန်ကို ရုံးခန်းထဲအသာယူသွားပြီး တံခါးလော့ချ၍ ဂိမ်းထဲဝင်လိုက်သည်။

(ငါးနှပ်: အရည်အသွေး ၂)

(ထိပ်တန်းစားဖိုမှူးချက်ထားသော ငါးနှပ်ဖြစ်သည်:

စားကောင်းခြင်း +၂၊ အရသာ +၂၊ အာဟာရကြွယ်ဝခြင်း +၂)

အရည်အသွေးများကြည့်ပြီး Lazda ရဲ့ငါးက ဘာလို့ဆရာလင်းထက်ပိုပြီးအရသာရှိလဲ ချင်လင်သိလိုက်သည်။

Lazda ရဲ့စားကောင်းခြင်းအရည်အသွေးက +၂။

+၂ အရည်အသွေးတွင် သင်္ကေတတစ်ခုပါသေးသည်။

Lazda ရဲ့လက်ရာအရ ဒါသာမန်လူတစ်ယောက်ရဲ့လက်ရာအကန့်အသတ်မှန်း သူသိလိုက်သည်။ သူ့လိုစနစ်သာမရှိရင် အရည်အသွေး ၃ ငါးဟင်းချက်ဖို့အတော်ခက်လိမ့်မည်။

ချင်လင်က ဂိမ်းထဲမှထွက်ပြီး ကွန်ပျူတာရှေ့ထိုင်လိုက်သည်။ စံအိမ်စီမံရေး app ထဲဝင်ကာ ချင်းလင်စံအိမ်၏အခြေအနေနှင့်အချက်အလက်များကိုစစ်ဆေးကြည့်သည်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အပန်းဖြေစံအိမ်တွင်ဝန်ဆောင်မှုပေးရန် ကျောက်မိုချင်းကစံအိမ်အနှံ့လူရှာခဲ့သည်။

အပန်းဖြေစံအိမ်မှာ အထက်တန်းဝန်ဆောင်မှုလိုအပ်သောကြောင့် အပန်းဖြေစံအိမ်ဝင်လုပ်နိုင်သူများမှာ အခြေခံအကျဆုံးစားပွဲထိုးဆိုရင်တောင် အလိုအလျောက်တစ်ဆင့်မြင့်မည်။ အလုပ်သမားခေါင်းနှင့်ယှဉ်လျှင် လစာက သာမန်ရာထူးထက်ပိုမြင့်မည်။

ထို့ကြောင့် အပန်းဖြေစံအိမ်အတွက်လျှောက်ချင်သောဝန်ထမ်းများစွာရှိနေလေသည်။



All Chapters