← Chapters

ချင်းလင်စံအိမ်ရဲ့စံက ကြောက်စရာကောင်းလောက်အောင်မြင့်!

Vol. 42 Ch. 630

ချင်းလင်စံအိမ်ရဲ့စံက ကြောက်စရာကောင်းလောက်အောင်မြင့်!

Vol. 42 Ch. 630

စက်တင်ဘာလ။

တက္ကသိုလ်လည်းပြန်ဖွင့်ပြီ။

ချန်ရွှယ်နှင့်အခန်းဖော်များက စာသင်ခန်းထဲအစောကြီးရောက်နေသည်။

အတန်းဖော်အတော်များများရောက်လာပြီး သူမကိုရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

အတန်းထဲနာမည်ကြီးသူမှန်း သိသာသည်။

နွေရာသီအားလပ်ရက်အတွင်းက ထိုကျောင်းသူများမှာ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံသွားချင်သော်လည်း သတို့သမီးခန်းနှင့်ရွက်ဖျင်တဲလုံးဝမရခဲ့။ ရုံချန်းမှာ ဟိုတယ်ငှားဖို့တောင်ခက်သည်။ သူတို့အားလုံး သူမအိမ်မှာတည်းပြီး ခရီးစဉ်တလျှောက်လုံး သူမကအဖော်ပြုပေးခဲ့သည်။

အခုချင်းလင်စံအိမ်နှင့်အလွန်ရင်းနှီးနေပြီဖြစ်၍ နောက်နှစ်အလုပ်သင်ကာလကို ချင်းလင်စံအိမ်သွားဖို့တောင်စဉ်းစားနေသည်။

နောက်ပြီး ဒီစိတ်ကူးက ပိုပိုသေချာလာသည်။ သူမရဲ့ချင်းလင်စံအိမ်က ချင်းလင်အစားအသောက်ကုမ္ပဏီကဲ့သို့ ရုံချန်းတက္ကသိုလ်ကျောင်းသားများအတွက် အလုပ်သင်လမ်းဖွင့်ပေးထားသည်။

ချန်ရွှယ်ကထိုင်ပြီး ဖုန်းထုတ်ကာ ချင်းလင်စံအိမ်တရားဝင်အကောင့်ထဲဝင်ကြည့်လိုက်သည်။ ဒါကလည်း သူမရဲ့နေ့စဉ်အလုပ်တစ်ခု။

ရုံချန်းသူဖြစ်သောကြောင့် အတော်များများက သူမကိုရုံချန်းအကြောင်းမေးကြလိမ့်မည်။

ဗီဒီယိုမြင်မြင်ချင်း ချင်းလင်စံအိမ်တရားဝင်အကောင့်က ကြေညာချက်ဗီဒီယိုအသစ်တင်ထားကြောင်းသိလိုက်သည်:



"ကျွန်မတို့ချင်းလင်စံအိမ်စားသောက်ဆိုင်မှာ ပုံမှန်မီနူးဝန်ဆောင်မှုကို အဆင့်မြှင့်ထားပါပြီ... စားဖိုမှူးခေါင်းဆောင်အသစ် Lazda ကိုခန့်ထားပါတယ်...''

ပထမတော့ ဗီဒီယိုကြည့်ပြီး ချန်ရွှယ်နည်းနည်းကြောင်သွားသည်။

ချင်းလင်စံအိမ်ကဘာလို့ စားဖိုမှူးခေါင်းဆောင်ခန့်တာလေးကို ဗီဒီယိုတင်နေတာလဲ?

ဒီအတိုင်း စားဖိုမှူးခေါင်းဆောင်ပဲလေ။

ချင်းလင်စံအိမ်ရဲ့ကြော်ငြာတာဝန်ခံက ဘာမဆိုချပြနေတာလား?

သို့ရာတွင် ဗီဒီယိုဆုံးအောင်ကြည့်ပြီးသောအခါ၊ အထူးသဖြင့် မှတ်ချက်များကိုကြည့်ပြီး ဒီ Lazda က သူမထင်သလိုသာမန်မဟုတ်ကြောင်း သဘောပေါက်သွားသည်။

"အစက ဒီလိုပဲ စားဖိုမှူးခေါင်းဆောင်အသစ်လို့ထင်နေတာ!''

"ငါသေချာစုံစမ်းပြီးပြီ... ဒီ Lazda က အနောက်တိုင်းမှာ အရမ်းနာမည်ကြီးတယ်... ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးတွေထဲမှာအတော်ဆုံး... ရှင်းကျန့်တယ်ပြည်သူတွေက စားဖိုမှူးနတ်ဘုရားလို့တောင်ခေါ်ကြတယ်''

"ချင်းလင်စံအိမ်က အံ့ဩစရာပဲ... အနောက်တိုင်းရဲ့အတော်ဆုံးစားဖိုမှူးက စားဖိုမှူးခေါင်းဆောင်တဲ့... Lazda က နိုင်ငံခြားအဖွဲ့အစည်းကြီးတစ်ခုရဲ့အမွေခံနော်''

“…”

ချန်ရွှယ်က မှတ်ချက်များကိုမြင်ပြီး Lazda အကြောင်း လိုက်စပ်စုသည်။ ထို့နောက် သူမပါလန့်သွားသည်။

ဒီလိုလူမျိုးက ချင်းလင်စံအိမ်စားသောက်ဆိုင်ရဲ့စားဖိုမှူးခေါင်းဆောင်ဆိုတာ မယုံနိုင်စရာ။

အင်တာနက်ပေါ်တွင် ချန်ရွှယ်လိုအံ့ဩနေသူတွေတစ်ပုံတခေါင်း။



ချင်းလင်စံအိမ်က Lazda ကိုခေါ်ပြီး ပုံမှန်မီနူးကိုအဆင့်မြှင့်ထားတယ်ဆိုပဲ။ ဒီတော့ ချင်းလင်စံအိမ်စားသောက်ဆိုင်ရဲ့ပုံမှန်ဟင်းပွဲတွေအားလုံးကို အတော်ဆုံးကြယ်သုံးပွင့်မီချီလင်စားဖိုမှူးကချက်တယ်ဆိုတဲ့သဘောလား?

အံ့ဩစရာ။

လင်းလန်ဇီရည်ရွယ်ချက်အောင်မြင်သွားသည်။

နာမည်ရသည်နှင့် စံအိမ်စားသောက်ဆိုင်ကိုလည်းကြော်ငြာသည်။

ထိုအချိန်တွင်_

ချင်းလင်စံအိမ်၌_

Lazda က ဆရာလင်းနောက်လိုက်ပြီး စားဖိုဆောင်ထဲဝင်လာသည်။ ချင်းလင်စံအိမ်၏စားဖိုမှူးယူနီဖောင်းနှင့်၊ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်။

နောက်ဆုံးတော့ နေရပြီ။

စားဖိုဆောင်စားဖိုမှူးများမှာ Lazda ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

သူတို့အားလုံးသတင်းကြားပြီး အနောက်တိုင်းနံပါတ်တစ်စားဖိုမှုးအကြောင်း သိချင်နေကြသည်။

ဆရာလင်းလည်း အားလုံးအာရုံစိုက်အောင် လက်ခုပ်တီးပြီး_

"အားလုံးသိတဲ့အတိုင်းပဲ... ဒီနေ့ကစပြီး မစ္စတာ Lazda က စားဖိုဆောင်ရဲ့စားဖိုမှူးခေါင်းဖြစ်မှာ... မင်းတို့ချက်တာပြုတ်တာကိုလည်း လေ့ကျင့်သင်ကြားပေးလိမ့်မယ်... အားလုံးပဲ သူနဲ့ပူးပေါင်းလုပ်ဆောင်ပေးကြပါ''

"ဆရာလင်း... ခင်ဗျားကရော?''

စားဖိုမှူးတစ်ယောက်က အလောတကြီးမေးသည်။ သူတို့အားလုံးမှာ ဆရာလင်းခေါ်ထားခြင်းဖြစ်၍ ဆရာလင်းဆက်နေမနေကို အသိချင်ဆုံးပင်။ ဆရာလင်းနေရာကို နိုင်ငံခြားသားယူခွင့်မပေးနိုင်။



ဆရာလင်းကပြုံးပြီး_

"သူဌေးက ငါ့ကိုစားဖိုမှူးခေါင်းဆောင်ကြီးကြပ်ရာထူးတိုးပေးထားတယ်... ရှေ့လျှောက် အပန်းဖြေစံအိမ်ရဲ့စားဖိုဆောင်ကို ငါတာဝန်ခံရမယ်... ဒီဘက်မှာလည်း တာဝန်ခံမှာပါ... အချိန်နဲ့အမျှလာပြီးကြီးကြပ်မယ်... မင်းတို့လက်ရာကိုစမ်းသပ်မယ်... အပါးမခိုကြနဲ့... မစ္စတာ Lazda ဆီက သင်ယူပါ... ဒါသူဌေးက မင်းတို့အတွက်ဖန်တီးပေးတဲ့အခွင့်အရေးပဲ''

ထိုစကားကြားမှ စားဖိုမှူးကသက်ပြင်းချလိုက်သည်။

ဆရာလင်းရာထူးတိုးတာ ကောင်းတဲ့ကိစ္စ။ Lazda က စားဖိုမှူးခေါင်းဆိုတာတော့ ကန့်ကွက်စရာမရှိ။ ဘာပဲဖြစ်ဖြစ် သူ့လက်ရာအရမ်းကောင်းသည်။

"မစ္စတာ Lazda... မြေအောက်ခန်းထဲသွားရအောင်... ပြီးရင် မြေအောက်ခန်းသော့ ခင်ဗျားကိုပေးမယ်''

ဆရာလင်းက Lazda ကိုခေါ်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။

Lazda ကခေါင်းညိမ့်ပြီး ဆရာလင်းနောက်မှထက်ကြပ်မကွာ သိုလှောင်ခန်းထဲလိုက်လာသည်။ ဆရာလင်းက သိုလှောင်ခန်းလေးကိုဖွင့်လိုက်ရာ အရည်အသွေး ၂ ပါဝင်ပစ္စည်းများအပြည့်တွေ့လိုက်ရသည်။

ချင်လင်က အရည်အသွေး ၂ ပါဝင်ပစ္စည်းတချို့ကို စားဖိုဆောင်ထဲပုံမှန်ထည့်ပေးထားသည်။ လိုမှဂိမ်းထဲသွားမယူရတော့။

Lazda က လှမ်းကြည့်ပြီး ရုံးပတီသီး၊ တရုတ်ကန်စွန်းဥ၊ ငါးတုံးနှင့် တခြားငါးများကိုမြင်သွားသည်။ ကန်ထဲတွင်လည်း ငါးများ၊ သဘာဝငါးများ။

သူဇဝေဇဝါဖြစ်သွားသည်။ ဒီပါဝင်ပစ္စည်းတွေက သူသုံးတဲ့ပစ္စည်းတွေလိုကောင်းပုံမရ။ အနည်းဆုံး ခရုလိုပါဝင်ပစ္စည်းတွေပါသည်။ တရုတ်ကန်စွန်းဥထက်ပိုမကောင်းဘူးလား?

"မစ္စတာ Lazda''

ဆရာလင်းကရှင်းပြသည်_

"ဒီပါဝင်ပစ္စည်းတွေအားလုံးက အရည်အသွေးမြင့်တွေ... အရည်အသွေးက မနေ့ကခင်ဗျားကိုပေးတဲ့ငါးတုံးလိုပဲ''

"ဘယ်လို?''

ထိုစကားကြားပြီး Lazda က အူကြောင်ကြောင်ပုံမှအလန့်တကြားဖြစ်သွားသည်။ သူကအမှတ်တမဲ့ရှေ့တိုးကြည့်လိုက်သည်။

ဘယ်လိုဟာသလဲ? မနေ့ကစားတဲ့ငါးတုံးရဲ့အရည်အသွေးကို သူသေသေချာချာသိသည်။

ငါးတုံးကသူ့လက်ရာကိုပြီးပြည့်စုံစေပြီး အရင်ထက်ပိုပြီးအရသာရှိသည်။

အခု သူပြောနေတဲ့ဒီပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးက တကယ်လား?

ထိုအရည်အသွေးရှိသောပါဝင်ပစ္စည်းများကိုစမ်းချင်ရင် ဒါမှမဟုတ် တစ်ဆင့်နိမ့်ရင်တောင် သူလိုစားဖိုမှူးလွယ်လွယ်မသုံးနိုင်ကြောင်းသိရမည်။

သို့သော် စစ်ဆေးကြည့်ရင်း Lazda မျက်နှာက ပိုပိုပြီးမယုံနိုင်ပုံပေါက်လာသည်။

ဒီလိုအရည်အသွေးရှိတဲ့ပါဝင်ပစ္စည်းမျိုး အရင်ကမမြင်ဖူး။ အထူးသဖြင့် ငါးတုံးပင်။ မနေ့ကတစ်ခုနှင့် အရည်အသွေးတူသည်။ ပုံစံကြည့်ရုံနှင့် တစ်ကောက်တည်းမှန်းသိသာသည်။

သူအအံ့ဩဆုံးက ပုစွန်နဲ့ဂဏန်းတွေ!



All Chapters