နတ်သူငယ်မျိုးနွယ်စု
Vol. 6 Ch. 77
Child of light (ကျန်းကုန်း)
Volume 3: Chapter 34 – Nature Elves
အခန်းပြန်ရောက်တော့ အသစ်ဝယ်ထာတဲ့ ‘ခက်န’ ပြည်နယ်မြေပုံကို လှန်ကြည့်လိုက်သည်။ ‘ခက်န’ ပြည်နယ်က သေးသေးသိမ်သိမ်မှ မဟုတ်တာပဲ။ တောတောင်၊ ချိုင့်ဝှမ်းတွေ အများကြီးနဲ့ မြို့ကြီး(၈)မြို့တောင်။
ရှင်းအောင်း တောင်မှ…..
“ဒီလောက် သစ်တောတွေ ချိုင့်ဝှမ်းတွေ အများကြီးရှိနေမှတော့ ငါတို့ ဘယ်လိုရှာကြမတုန်း”
ရှို့စစ် ငြိမ်ပြီး စဉ်းစားနေရင်းကနေ..
“မြေပုံထဲက ချိုင့်ဝှမ်းတွေ တစ်ခုချင်းကို အပိုင်းလိုက် အပိုင်းလိုက်ခွဲပြီးမှ တစ်ကန့်ချင်း တစ်ကန့်ချင်း ရှာသင့်တယ်။ ဒါကို တတ်နိုင်သမျှ အမြန်ဆုံး စလုပ်ရမှာ”
သူပြောရင်းနဲ့ ‘ခက်န’ရဲ့ တောင်ဘက်အကျဆုံး သစ်တောကို လက်ညှို့းထောက်ပြတယ်။
(၂)ရက်ကြာတော့ ကျုပ်တို့ (၆)ယောက်သား ‘ခက်န’ပြည်နယ် ‘လုံကျင့်’ သစ်တောနားကို ရောက်လာကြတယ်။ နောက်ဆုံးတော့ ကျုပ်တို့တွေ စွန့်စားခန်းအစစ်အမှန် စခဲ့ကြပြီပေါ့။ တောတောင်ချိုင့်ဝှမ်းတွေကို ဖြတ်သန်းရင်း အနီးဆုံး မြို့ကနေ တောတွင်းစာ ရိက္ခာ၊ ရေနဲ့ တခြားလုပ်အပ်သမျှ ပစ္စည်း ပစ္စယတွေ လုံလုံလောက်လောက် ပြင်ဆင်လာခဲ့လိုက်ကြတယ်။ ‘လုံကျင့်’သစ်တောထဲရောက်တဲ့အခါကျ အဲဒီမှာ ရိက္ခာတော်တော်ရှားတာ တွေ့ရတယ်။ ကျုပ်တို့ ဗိုက်စာတဲ့အချိန် အမဲလိုက်ထွက်ရတော့တာပဲ။
လမ်းခရီးမှာတော့ ကျုပ်တို့တွေ ဘာအန္တရာယ်မှ မကြုံခဲ့ရဘူး။ ရံဖန်ရံခါ သတ္တဝါငယ်လေးတွေပဲ တွေ့ရပြီး ကျုပ်တို့အဖွဲ့အတွက် အဆင်ပြေသွားတာပေါ့။ ကျုပ်မြေပုံထုတ်ပြီး ကျန့်ဟူကို..
“အစ်ကိုကြီး ကြည့်အုံး။ ငါတို့တွေ အခုဒီနေရာမှာ။ ငါတို့ ဆက်သွားရင် ‘လုံကျန့်’သစ်တောရဲ့ တောနက်ထဲကို ရောက်တော့မယ်”
သူ ခေါင်းညိတ်ပြီးတော့ ရုတ်တရက်ဆိုသလို တစ်ခုခု လွဲနေသလိုခံစားလိုက်ရတော့ နောက်လှည့်ပြီး…
“အားလုံးသတိထား။ ငါတို့ ရှေ့မှာ အန္တရာယ်တွေ ရှိနိုင်တယ်”
ပြောပြီးတာနဲ့ သူ့ဓားကို တမ်းထုတ်လိုက်တယ်။
ကျုပ်လဲ အနားပတ်ဝန်းကျင်ကနေပြီး ကြောက်စရာ စွမ်းအားတစ်ခု ခံစားလိုက်ရတယ်။ မိတ်ဆွေလား ရန်သူလား မခွဲတတ်သေးဘူး။
“အို မြတ်သောအလင်းတော်။ နတ်ဘုရားရောင်ခြည်တော်တွေအဖြစ် ပြောင်းပြီး မကောင်းမှုအားလုံးကို တွန်းလှန်ရင် တောင်းဆိုပါတယ်”
ဒါ စွမ်းအားကြီးလွန်းတဲ့ ‘မိစ္ဆာနှင် နတ်ဘုရားအလင်းနယ်မြေ’ မန္တန်ပေါ့။ စူးစူးရှရှ အလင်းတန်းတစ်ခု ကျုပ်ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီး မီတာ(၁၀၀)ပတ်လည် ကို လုံးလုံးကြီး ခြံလွှမ်းထားလိုက်ပြီ။ တောနက်ထဲကနေ အေးစက်ပြီး ခပ်မှိုင်းမှိုင်းအသံတစ်ခု ထွက်လာတယ်ဗျ။
“မင်းတို့တွေ ဒီကိုလာပြီး ငါ့ရဲ့ မြင့်မြတ်သန့်စင်တဲ့ မြေတွေကို ဖျက်စီးနေကြတယ်ပေါ့လေ။ လူရမ်းကားတွေ အခုချက်ချင်း နောက်ပြန်မဆုတ်ရင် မင်းတို့ ဒီမှာပဲ ထာဝရ အပိတ်ခံလိုက်ကြတော့။ ဒါ နောက်ဆုံးသတိပေးခြင်းပဲ။”
ကျုပ်ဘေးက တုန်းရီ မကောင်းဆိုးဝါးရဲ့ လက်စာမိသွားသလိုမျိုး ရုတ်တရက် စိတ်ပြောင်းသွားပုံပဲ။ ပြီးတော့ သူ အုပ်စုရှေ့ကို လျှောက်သွားပြီး သူ့ခန္ဓာကိုယ်နဲ့ တောနက်ကြီးဘက်ကို လေးလေးနက်နက် အရိုအသေပေးရင်း..
“စကားမစပ် အခု ကျုပ်တို့ရှေ့ရောက်နေတာ နတ်သူငယ်တွေလား”
ကျုပ်တို့တတွေ တုန်းရီ လုပ်ရပ်ကို မြင်တော့ သူကို မတားလဲ သူဘယ်ဆို ဆက်လုပ်မလဲဆိုတာ အေးအေးဆေးဆေးပဲ စောင့်ကြည့်နေလိုက်ကြတယ်။
“ငါတို့ ဘယ်သူတွေလဲဆိုတာ မင်းသိတာနဲ့ပဲ မင်းကိုယ်မင်း အခွင့်ထူးခံလို့ မထင်လိုက်နဲ့။ နောက်မဆုတ်ရင်တော့ ငါတိုက်ခိုက်ရလိမ့်မယ်”
“ခဏနေပါအုံး။ ကျုပ်လဲ နတ်သူငယ်တစ်ယောက်ပါ”
တုန်းရီစကားကြားပြီးတော့ ဟိုဘက်က ဘာအသံမှ ထပ်ထွက်မလာဘူး။ ခဏကြာတော့ ပုံရိပ်တစ်ခု ဘွားကနဲ ပေါ်လာတယ်။ သူ့အရှိန်က နှိုင်းစရာမရှိအောင် မြန်တာပဲ။ ကျုပ်တို့ဆီကို လာနေပြီ။ အသက်တော်တော်ကြီးနေတဲ့ နတ်သူငယ်အိုကြီးတစ်ယောက်ပဲ။ ဒါတင်မကသေးဘူး သူ့မှာ အတောင်တွေပါ ရှိနေတော့ ရှေးဟောင်း နတ်သူငယ်မျိုးနွယ်စုက ဖြစ်လိမ့်မယ်ထင်တယ်။ လက်ရှိခေတ် အခြေအနေမှာဆိုရင် နတ်သူငယ်တော်တော်များများ၊ ဒါမှမဟုတ် တစ်ဝက်လောက်က အတောင်တွေ မရှိကြတော့ဘူးလေ။
သူ ကျုပ်တို့နားကို ကာလာပြီး တုန်းရီကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း…
“မင်းလိုကောင်မျိုးကို နတ်သူငယ်လို့ သတ်မှတ်ရမှာတဲ့လား။ မင်းက လူသားသွေးနှောနေတဲ့ နတ်သူငယ်ဇာတ်ပျက် တစ်ယောက်ပါပဲ။ ဒီလူတွေ အများကြီးကို ဘာရည်ရွယ်ချက်နဲ့ ဒီတောကို ခေါ်လာရတာတုန်း”
ကျုပ်လဲ ဘေးမှာ ရပ်ကြည့်နေရင်းကနေ လက်သင့်မခံနိုင်တော့တာကြောင့် ကြားဖြတ်ပြီး…
“နတ်သူငယ် သွေးနှော ဆိုတော့ရော ဘာဖြစ်လဲ။ လူတိုင်းက အသက်နဲ့ပဲလေ။ ပါးစပ်ပုတ်နဲ့ အဖိုးကြီး ခင်ဗျားကရော ဒီသစ်တောတွေကို ဝယ်ထားတာမို့လို့လား။ ခင်ဗျားမှာသာ လျှို့ဝှက်ချက်တွေမရှိရင် ကျုပ်တို့ကို ဘာကြောင့် ဝင်ခွင့်မပြုရတာတုန်း။ ”
ကျုပ်စကားကြားတော့ နတ်သူငယ်ကြီး ဒေါသဖြစ်သွားပုံပဲ။ သူ့လက်ကနေ စိမ်းစိုနေတဲ့ စွမ်းအင်လှိုင်းလုံးတွေ ကျုပ်ဆီကို ပစ်လွှတ်လိုက်တယ်။ ဒါ နတ်သူငယ်တွေရဲ့ သဘာဝ စွမ်းအား ဖြစ်မလားမသိဘူး။ ဒီလို ထူးခြားတဲ့ စွမ်းအားမျိုးက သိုင်းပညာနဲ့ မှော်ပညာရဲ့ ကြားမှာဗျ။ သန့်စင်တဲ့ နတ်သူငယ်တွေပဲ သုံးနိုင်တာလေ။
ကျုပ်လဲ လက်ကို ဝှေ့ယမ်းရင်း သူ့တိုက်ကွက်ကို ရင်ဆိုင်ဖို့ အဖြူရောင်အလင်းစွမ်းအားတွေ စုစည်းလိုက်တာပေါ့။ ကြောက်စရာ စွမ်းအားတွေက ကျုပ်ခန္ဓာကိုယ်ကို မထင်မှတ်ဘဲ တုန်လှုပ်သွားစေတဲ့ အထိအောင်ပဲ။ ဒါ တော်တော် ရက်စက်တာပဲ။ ဒီ နတ်သူငယ်အိုကြီးမှာ မှော်သခင်ရဲ့ အစွမ်းမျိုးတော့ အနည်းဆုံးရှိလိမ့်မယ်လို့ ကျုပ်ထင်တယ်။ အင်း ဂွစာနတ်သူငယ်အိုကြီးနဲ့တော့ ကျုပ်တွေ့နေရပြီထင်တယ်။
သူ့တိုက်ကွက်ကို ကျုပ်ခုခံလိုက်တာမြင်တော့ တော်တော်အံ့ဩသွားပြီး…
“မင်း ဒီလောက် ဇောင်းကြွနေတာ၊ အရည်အချင်း နည်းနည်းတော့ ရှိတဲ့ပုံပဲ”
သူစိတ်ထဲမှာတော့ ဒီအဖွဲ့ကလူတွေ ဒီလောက် အင်အားကြီးနေတယ်ဆိုရင် ကိုင်တွယ်ရခက်လိမ့်မယ်လို့ တွေးနေလောက်ပြီ။
တစ်ချိန်လုံး စကားတစ်ခွန်းမှမပြောသေးတဲ့ ရှို့စစ် လမ်းလျှောက်ထွက်လာပြီး နတ်သူငယ်အိုကြီးကို…
“လေးစားရတဲ့ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်ဗျ။ ကျုပ်တို့က တောက်ပခြင်း ကြေးစားအဖွဲ့ပါ။ ဒီကိုလာတာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ပစ္စည်းတစ်ချို့ ရှာဖွေဖို့ တာဝန်တစ်ခု ကျုပ်တို့တွေ လက်ခံထားလို့ပါ။ ဒီနေရာက ဘာလဲဆိုတာ မေးလို့ရမလားဗျ”
ရှို့စစ် စကားတွေ ဂွစာကြီးကို အရှက်မရအောင် လုပ်ပေးနိုင်လိုက်တယ်။ ရှက်ကိုးရှက်ကန်းနဲ့…
“ဒီကောင်လေး တော်တော် ယဉ်ကျေးတာပဲ။ ဒီနေရာက ကျုပ်တို့ နတ်သူငယ် တောအုပ်ရဲ့ နယ်စွန်နယ်ဖျား တစ်ခုပေါ့။ ဘာကို ရှာနေကြတာလဲ”
ရှို့စစ် ကျုပ်ကိုကြည့်ပြီး ခေါင်းညိတ်ပြတယ်။ ပြီးတော့..
“ဒါက ဒီလိုပါ။ ကျုပ်တွေကို သန့်ရှင်းသောဓားကို ရှာနေကြတာပါ။ ပြတ်သားတဲ့ လမ်းကြောင်းတစ်ခုခုများ ညွှန်ပြပေးနိုင်မလားမသိဘူး”
ကျုပ်တို့ စကားကြားတော့ နတ်သူငယ်ကြီး ဟက်ဟက်ပက်ပက်ကို ရယ်တော့တာ။ ခဏကြာမှ သူရပ်ပြီး..
“သန့်ရှင်းသော ဓားကို ရှာတာတဲ့လား။ ဒီလောက်နှစ်တွေမှာ ထောင်နဲ့ချီပြီး မရေမတွက်နိုင်လောက်အောင် ရှာဖွေလိုက်ကြတာ ဘယ်သူမှ မအောင်မြင်သေးဘူး”
သန့်ရှင်းသောဓားအကြောင်းကို နတ်သူငယ်အိုကြီးဆီကနေ မထင်မှတ်ဘဲ ကြားလိုက်ရတော့..
“ဒါဆို ဓားဘယ်မှာလိုဆိုတာ ခင်ဗျားသိလား”
နတ်သူငယ်ကြီး ဂုဏ်ယူဝံ့ကြွားတဲ့ပုံနဲ့ ခေါင်းမော့ပြီး..
“သေသေချာချာကို ငါသိတာပေါ့။ မင်းတို့ကို ပြောပြလို့လဲ ရပါတယ်။ ဒါပေမယ့် မင်းတို့တွေ ငါ့ကို ကိစ္စတစ်ခုတော့ ကူညီရမယ်။ ပြီးမှ ငါပြောမယ်”
ဒီလိုအခွင့် အရေးမျိုးကို ကျုပ်တို့ လက်လွှတ်စရာလား။
“ကောင်းပြီ ကျုပ်တို့ကို ပြောပါ။ ကျုပ်တို့ ကြိုးစားကြည့်ချင်တယ်”
မထင်မှတ်ဘဲ ရှို့စစ်က..
“နေအုံး။ သန့်ရှင်းသောဓားရဲ့ တည်နေရာကို အမှန်တကယ်သိကြောင်း သက်သေရှိလား။ ခင်းဗျားရဲ့ ကိစ္စကို ကျုပ်တို့တွေ ပြီးအောင်လုပ်ပြီးမှ ခင်ဗျား ကတိပျက်ခဲ့ရင် ဘာလုပ်လို့ရမှာလဲ”
“မင်းတို့လူသားတွေလိုမျိုး တခြားသူတွေကို မယုံရဘူးလို့များ တွေးနေလား။ ငါတို့ နတ်သူငယ်တွေဆိုတာ ကတိတစ်လုံး အပေါ် အမြဲသစ္စာသထားတယ်။ ငါ့ရှေ့က မင်းတို့လူတွေ အမှောင်မျိုးနွယ်စုကို တွန်းလှန်နိုင်မယ်ဆိုရင် သန့်ရှင်းသောဓားရဲ့ တည်နေရာကို ပြောပြမယ်။ ငါ၏ ကတိကို ဖျောက်ဖျက်မိပါက ကောင်းကင်ဘုံ၏ အပြစ်ဒဏ်နဲ့ ကျုပ် ပျက်စီးပါစေလို့ သစ္စာဆိုပါတယ်။”
သူ့စကားသံနဲ့အတူ သူ့ခန္ဓာကိုယ်ကြီးကနေ ခမ်းနားတဲ့ အရှိန်အဝါတွေ ထွက်လာတယ်ဗျ။
သူမလိမ်တာ သေချာမြင်ရမှ..
“ကောင်းပြီ။ ကျုပ်တို့ သဘောတူတယ်။ ဒါပေမယ့် အမှောင်နတ်ဆိုးမျိုးနွယ်နဲ့က ဘယ်လိုကိစ္စမျိုးလဲ”
နတ်သူငယ်အိုကြီး ကျုပ်ကိုကြည့်ပြီး..
“အမှောင်နတ်ဆိုးမျိုးနွယ်ဆိုတာ ငါတို့ နတ်သူငယ်မျိုးနွယ်ရဲ့ ကမ္ဘာ့ရန်သူတွေပဲ။ အရင်တုန်းကတော့ အားသာချက် ကိုယ်စီနဲ့ ဘက်မျှနေခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာခင်က ဘာအကြောင်းကြောင့်မှန်းမသိဘဲ အဲ့မျှခြေ ပျက်စီးသွားပြီ။ အမှောင်မျိုးနွယ်စုရဲ့ စွမ်းအားတွေ ရုတ်တရက်တိုးလာကြတာ။ အမှောင်မျိုးနွယ်စုရဲ့ စွမ်းအားတွေ အရင်ကထက်ကို အများကြီး တိုးတာလာ။ သူတို့တွေ ငါတို့ကို တစ်ဆင့်ပြီး တစ်ဆင့် နောက်ဆုတ်စေခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားရင် မျိုးတုန်းသတ်ဖြတ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်။ ငါက သဘာဝ နတ်သူငယ်ရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပေါ့။ အစကတော့ ငါ့သူငယ်ချင်းဟောင်းတစ်ယောက်ကို ရှာပြီး အကူအညီတောင်းဖို့ မျှော်လင့်ရင်းထွက်လာတာ။ မင်းတို့နဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး”
============= (*^*)=============
အပိုင်း(၇၈)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား