နတ်သူငယ်တို့၏ တိုက်ပွဲ
Vol. 6 Ch. 78
Volume 3: Chapter 35 – Elven Dispute
ဒီလိုနဲ့ နတ်သူငယ်အိုကြီးကတော့ လူသားတွေအပေါ် သူ့သဘောထားကို ချပြလိုက်သလိုပဲ။ သူကတော့ မပြတ်မသားပဲ ပြောနေတာ။
“ဒါလက်ခံနိုင်ရင် သွားကြစို့”
ပြောပြီးတာနဲ့ သူ့အတောင်တွေ အသာခတ်ရင်း လမ်းပြနေလေရဲ့။
“ကျုပ်တို့တွေ လူကောင်း ဟုတ်မဟုတ် ခင်ဗျားဘယ်လို ဆုံးဖြတ်ထားလဲ။ ခင်ဗျားကို ကူညီမယ့်အစား အမှောင်မျိုးနွယ်ကို ကူညီနိုင်တာရော မဖြစ်နိုင်ဘူးလား”
“မင်း တကယ့်ကို ငယ်ပါသေးတယ်ကွာ။ ဒီလူရဲ့အသက်က အခုဆို ဘယ်လောက်ရှိပြီထင်လဲ။ အခုဆို (၁၄၄၆)နှစ် ရှိပြီ။ မျိုးဆက် (၁၁)ဆက်အထိ အသက်ရှည်ခဲ့ပြီးပြီ။ အများကြီးလဲ တွေ့ခဲ့ဖူးပြီးပြီ။ ငါသာ မမှားရင် မင်းသုံးနေတာ အလင်းမှော်ပညာပဲ။ ပြီးတော့ မင်း တော်တော်ကို အဆင့်မြင့်တဲ့ မှော်သခင် တစ်ယောက်ပဲ။ အလင်းမှော်ပညာကို အသုံးချနိုင်တဲ့သူတွေဆိုတာ သီလစင်ကြယ်တယ်ဆိုတဲ့ စရိုက်လက္ခဏာရှိတဲ့သူတွေပဲ များတယ်။ ဒါကြောင့်ပဲ မင်းအကူအညီကို ငါလက်ခံခဲ့တာပေါ့”
ရုတ်တရက် တုန်းရီ ဝင်ပြီး..
“ကျုပ်ကရော ဘယ်နတ်သူငယ်အမျိုးအစားမှာပါလဲ သိလား”
“အမှန်ပဲ။ ငါသိတာပေါ့။ အကြမ်းဖျင်းအနေနဲ့ နတ်သူငယ်တွေကို အဓိက အမျိုးအစား (၂)မျိုးခွဲထားတယ်။ တစ်မျိုးက ငါ့လိုမျိုး သဘာဝ နတ်သူငယ်မျိုးနွယ်။ မင်းလဲ အဲဒီအမျိုးအစားထဲကပဲ။ နောက်တစ်ခုက ငါတို့ရန်သူ လူမိုက်တွေပေါ့။ တိုက်ကြီးတစ်ခုလုံးမှာ အမှောင်မျိုးနွယ်စုဝင်အရေအတွက်က ပိုများတယ်ဆိုတာတော့ ချွင်းချက်မရှိ လက်ခံရမျာပဲ။ ဒါပေမယ့် ခွန်းအားနဲ့ ပတ်သက်ရင်တော့ ငါတို့က သွေးမျိုးဆက် သန့်ရှင်းတဲ့ နတ်သူငယ်အနည်းစုနဲ့ပဲ နှိုင်းယှဉ်နိုင်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်သော သွေးမျိုးဆက်ကသာ အစစ်အမှန် တိုက်ပွဲစွမ်းအား ထုတ်လွှတ်နိုင်စွမ်းရှိလို့ပဲလေ။ ဥပမာ ဆိုရင်တော မင်းအနေနဲ့ သဘာဝစွမ်းအားတွေ အသုံးမချလို့ မရသေးဘူးလေ”
“ဒါဆို ကျုပ်ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာရော ခင်ဗျားမသိဘူးလားဗျ”
“ဒီကမ္ဘာကြီးထဲမှာ သဘာဝ နတ်သူငယ်တွေ အများကြီးပဲလေကွာ။ မင်းသာ နတ်သူငယ် စစ်စစ်ဖြစ်မယ်ဆိုရင်တော့ ငါစစ်ဆေးနိုင်အုံးမယ်။ ဒါပေမယ့် လောလောဆယ် အနေအထားအရတော့ ငါစိုးရိမ်မိတယ်”
တုန်းရီ စိတ်ပျက်သွားတဲ့ အမူအရာကို မြင်တော့ ကျုပ်လဲ ချက်ချင်းဆိုသလို..
“မျိုးနွယ်စု (၂)ခုမှာ မျိုးနွယ်စု တစ်ခုစီရဲ့ သွေးမျိုးဆက်စစ်စစ် ဘယ်လောက်လောက် ရှိနိုင်လဲ။ တိုက်ပွဲ စွမ်းအားတွေကရော…..”
“အခုဆို ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ပြောင်းလဲလာတော့ သန့်စင်တဲ့ နတ်သူငယ်အရေအတွက် အရမ်းနည်းသွားပြီ။ တစ်ဖက်စီမျာ မျိုးဆက် အစစ်အမှန် သ(၁၀၀၀)စီလောက်ပဲ ရှိလိမ့်မယ်။ အမှောင်မျိုးနွယ်တွေက ဒီနေ့ မနက်မှာကိုပဲ ငါတို့ရွာတွေကို ဝင်တိုက်နေကြပြီ။ အဲဒီရွာတည်ထားတဲ့ သစ်တောက တကယ်ဆို တိုက်ကြီးတစ်ခုလုံးမှာမှ နတ်သူငယ်တွေ နေထိုင်ဖို့ အသင့်လျှော်ဆုံး နေရာတစ်ခုဖြစ်နေတာ။ ဒါကြောင့် အမှောင်မျိုးနွယ်တွေ ငါတို့ကို မျိုးဖြုတ် တိုက်ခိုက်ဖို့ ကြိုးစားနေတာ”
“လူတိုင်း ဘာလို့များ စည်းစည်းလုံးလုံး မနေနိုင်ကြတာပါလိမ့်။ ဒီလိုတောကြီးမှာ လူပေါင်း (၂၀၀၀)လောက်က ဘာ စိုးရိမ်စရာရှိမှာတဲ့လဲ။ သွေးချောင်းစီးဖို့ပဲ စိတ်ကူးနေကြတယ်.”
“လူတိုင်းသာ မင်းလိုဆိုရင် ဒီကမ္ဘာကြီးပေါ်မှာ ပဋိပက္ခဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ငါတော့ မင်းကို ပိုပိုပြီး သဘောကျလာပြီ ကောင်လေးရေ”
“ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကိုတော့ ကျုပ်မကြိုက်ဘူး။ အဟီး”
ရှို့စစ် ကဝင်ပြီး.
“အကြီးအကဲ.. ကျုပ်တို့တွေ ရွာကိုရောက်ဖို့ အချိန်ဘယ်လောက် လိုအုံးမလဲ။ မလိုလားအပ်တဲ့ ဒဏ်ရာအနာတရတွေ ရှောင်နိုင်သမျှ ရှောင်လို့ရအောင် မြန်မြန်သွားရင် မကောင်းဘူးလား”
“ကောင်းပြီ။ ကျုပ်နောက်ကနေ ကပ်လိုက်ခဲ့ကြပါ”
ပြောပြီးတာနဲ့ အရိပ်တစ်ခုလိုမျိုး ရှေ့ကို ထိုးပျံသွားပါလေရော။
အစ်ကိုကြီး ကျန့်ဟူက သူ့နောက်တည့်တည့်ကလိုက်ရင်း ရှင်းအောင်းကို ဘယ်ဘက်လက်နဲ့ဆွဲပြီး တုန်းရီကို ညာဘက်လက်နဲ့ ဆွဲထားတယ်။ ရှို့စစ်ကတော့ အောင်းသဲကို သယ်ရင်း ကပ်လိုက်နေလေရဲ့။ ကျုပ်က သူတို့နောက် လို့က်ဖိုအတွက် ခရီးတို လေဟာနယ်ရွှေ့ပြောင်းခြင်းကို သုံးပြီး အေးအေးသက်သာ လိုက်လာတာပေါ့။
ဘယ်လောက်တောင် ကျုပ်တို့တွေ သွားမိလဲမသိတော့ဘူး။ နတ်သူငယ်အိုးကြီး ဟိုးရှေ့ကနေ သူ့ကို မှီအောင် ရပ်စောင့်နေတဲ့အထိပဲ။ သူကတော့ လူတိုင်းကို သဘောကျနေတဲ့ပုံနဲ့ ပြုံးနေလေရဲ့။
“ဟိုရှေ့နားဆို ကျုပ်တို့ရွာ အနောက်ဘက်ကို ရောက်ပြီ။ ဝင်ကြရအောင်”
တောင်ကုန်းသေးသေးလေးပေါ်က လမ်းဆုံတစ်ခုကိုရောက်တော့ နတ်သူငယ်ရွာလေးတစ်ရွာ ကျုပ်တို့ မြင်ကွင်းထဲ ရောက်လာတယ်။ ဘယ်လောက်တောင် ကြီးလိုက်တဲ့ ရွာကြီးတုန်း။ ကျန့်ဟူရဲ့ ဓားပြရွာထက်တောင် ကြီးသေး။ ရှုခင်းတွေ လက်မလည်အောင်ကြည့်ရင်းနဲ့ အဖိုးကြီးနောက် လိုက်သွားကြတယ်။ အားလုံး သူ့ဟာနဲ့သူ အလုပ်များနေကြပုံပဲ။
အဖိုးကြီးနာကို နတ်သူငယ်တစ်ယောက် ရောက်လာတော့…
“ရှန်နျန် အခြေအနေ ဘယ့်နှလဲ”
ရှန်နျန်လို့ခေါ်တဲ့ လူသန်ကြီးက..
“တတိယ အကြီးအကဲ ခင်ဗျားပြန်လာပြီပဲ။ ကျေးဇူးပြုပြီး အမြန်သွားလိုက်ပါ။ အမှောင်မျိုးနွယ်ဘုရင်က အခု ကျုပ်တို့ဘုရင်နဲ့ တိုက်ခိုက်နေကြတယ်။ လက်ရှိတော့ အကြိတ်အနယ်ပဲ”
နတ်သူငယ်အိုးကြီး ရွာရဲ့ ဟိုဘက်အခြမ်းကို ဆက်ချီတက်ဖို့ ကျုပ်တို့ကို လှမ်းခေါ်လိုက်တယ်။ ဒီမှာရှိတဲ့ နတ်သူငယ်တွေ အကုန် အတောင်တစ်စုံစီရှိတာ သတိထားမိလိုက်တယ်။ သူတို့ စွမ်းဆောင်ရည်ကလဲ အပြင်လောကမှာ တွေ့နေရတဲ့ နတ်သူငယ်တွေထက် အများကြီးသာတယ်ဗျ။ နတ်သူငယ် အများစုကတော့ လက်နက်အဖြစ်် ဓားတွေကို ရွေးကိုင်ထားကြတယ်။
နှစ်ဖက် တိုက်ပွဲနေရာရောက်တော့ စစ်မြေပြင်မှာ ကောင်းကင်ကြီးကလဲ မှောင်လို့၊ မြေမြင်ကလဲ မဲနေတော့ အကုန်လုံး မှုံတိမှုံမွှားတွေကို ဖြစ်လို့။ အမှောင်မျိုးနွယ်စုနဲ့ နတ်သူငယ်တွေကြားမှာ ဘာမှ ထူးထူးခြားခြား ကွာခြားတာရယ်လို့ ကျုပ်တော့ မမြင်မိဘူး။ နတ်သူငယ်တွေမှာ ဆံပင်အစိမ်းရောင်၊ မျက်လုံးအပြာရောင်နဲ့ အတောင်ပံစိမ်းတွေနဲ့။ အမှောင်မျိုးနွယ်တွေမှာတော့ ဆံပင်အနက်ရောင်၊ ခရမ်းရောင်မျက်လုံးနဲ့ အတောင်ပံနက်တွေ။ ဒါပဲ တစ်ခုတည်းသော ကွာခြားချက် ဖြစ်လိမ့်မယ်၊ ကျန်တာတွေကတော့ ပုံမှန်အားဖြင့် အားလုံး အတူတူပဲဗျ။ နှစ်ဖက်စလုံးမျာလဲ မျက်နှာပေါက်တွေ တူကြတယ်လေ။
လယ်ကွင်း တစ်ဘက်ကို လှမ်းကြည့်လိုက်တော့ နတ်သူငယ်အိုကြီးနှစ်ယောက် တိုက်ပွဲထဲမှာ ပြင်းပြင်းထန်ထန် တိုက်နေတာတွေ့တယ်။ သူတို့ရဲ့ စွမ်းအား အတက်အကျတွေကြောင့် နှစ်ယောက်စလုံးက တစ်ဖက်စီရဲ့ ဘုရင်တွေ ဖြစ်လိမ့်မယ်ဆိုတာ ကျုပ်ပြောနိုင်တယ်။ သဘာဝ နတ်သူငယ်တွေဘက်မှာ ဒီတိုက်ပွဲကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်ကြည့်နေတဲ့ နတ်သူငယ်အိုကြီးနဲ့ အသက်အရွယ်၊ အဆင့်တူ(၃)ယောက်တွေ့တယ်။
နတ်သူငယ်အိုကြီးက သူ့တို့နားကို ကပ်သွားရင်းနဲ့..
“အခြေအနေ ဘယ်လိုလဲဟေ့”
“တတိယ အကြီးအကဲ မင်းပြန်လာပြီပေါ့။ ငါတို့ဘက်မှာ စစ်ကူမကျန်တော့ဘူး။ မထင်မှတ်ဘဲ တစ်ဖက်သတ် သက်သက်ကြီး ဖြစ်သွားတယ်။ ငါတို့ ဘုရင်သာ ရှုံးသွားသွားရင် ဟိုကောင်တွေ အလုံးအရင်းနဲ့ တက်လာပြီး ငါတို့ကို သမ မှာတောင် စိုးရိမ်နေရပြီ။
“ဘယ်လိုဖြစ်သွားတာလဲ။ အဲလောက်တောင် ကွာခြားချက်တွေ ကြီးနေပြီလား။ ငါတို့ မျိုးနွယ်တွေ ပျက်စီးရတော့မယ် နေ့လို့တော့ မပြောနဲ့နော်”
ကျုပ်လဲ မနေသာတော့ပဲ..
“စိတ်မပူပါနဲ့ ကျုပ်တို့တွေ ခင်ဗျားကို သေချာပေါက် အကူအညီပေးမှာပါ”
တတိယ အကြီးအကဲကို ကျုပ် ခေါင်းဆတ်ပြလိုက်တော့ ကျန်တဲ့(၃)ယောက်နဲ့ပါ မိတ်ဆက်ပေးတယ်ဗျ။
ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေတဲ့ နတ်သူငယ် ဘုရင်ကြီးက သူ့ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ရင်း..
“လေးစားရတဲ့ နတ်သူငယ် စိတ်ဝိညာဉ်တို့၊ ကျုပ်ရဲ့ ဆင့်ခေါ်မှုကို လိုက်နာကြလော့၊ တိုက်ခိုက်ဖြိုခွင်းနိုင်တဲ့ စွမ်းအားတန်ခိုးနဲ့ သင့်ရှေ့က မကောင်းဆိုးဝါးတွေကို ချေမှုန်းပစ်လိုက်စမ်းပါ ၊ လောက အပြစ်ဒဏ်ကြီးရေ”
ပြီးတော့ သူ့ဓားနဲ့ ခုတ်လိုက်တာ ကောင်းကင်နဲ့ မြေပြင်ကိုတောင် ဖုံးလွှမ်းသွားတော့မတတ် အစိမ်းရောင် စွမ်းအင်လှိုင်းလုံးတွေ မှောင်မျိုးနွယ်ဘုရင်ဆီကို တည့်တည့် တိုးဝင်သွားပါရောလား။
အမှောင်မျိုးနွယ်လုရင် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း..
“ဒီလောက် နှစ်တွေကြာခဲ့တာတောင် မင်းက အခုထိ ရှေးရိုးဆွဲအတိုင်းပါပဲလားကွ ဟေ။ မင်းမှာ တခြား လုပ်ပြစရာ မရှိတော့ဘူးဆိုမှတော့ ငါ့အဆုံးစွန် ပညာရပ်ကို မင်းသိအောင် ပြရသေးတာပေါ့။ အဆုံးမဲ့ ဆိုးညစ်မှု၊ အဆုံးမဲ့ နာကြည်းမှုတွေ အဆုံးမဲ့ အမှောင်ထုအဖြစ် ဖန်တီးပြီး အရာအားလုံးကို ဝါးမြိုသွားလိုက်စမ်းပါ အဆုံးမဲ့ ဝါးမြိုသူကြီး”
အမှောင်မျိုးနွယ် ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကနေ နက်ပြာရောင် မြူခိုးတွေ စထွက်လာပြီး နယ်မြေအကျယ်ကြီးကို လွှမ်းမိုးသွားရင်းနဲ့ သဘာဝ နတ်သူငယ်ဘုရင်ဆီကို ကြေကွဲဝမ်းနည်းသံတွေ ပွက်လောရိုက်ရင် တိုးဝင်သွားတယ်။ စွမ်းအား(၂)ခုကတော့ ကောင်းကင်ထက်မှာ ဆန့်ကျင်ဘက်တွေပဲဗျို့။ သဘာဝ နတ်သူငယ်ဘုရင်ရဲ့ စွမ်းအားတွေ တဖြည်းဖြည်း ဖိနိမ့်ခံရပြီး နောက်ပြန်ဆုတ်နေရပြီ။ သိသိသာသာကြီးကို စွမ်းအား ကျလာပြီဆိုတော့ သူကြာကြာ ဆက်ပြီး ထိန်းမထားနိုင်လောက်တော့ဘူး။
============= (*^*)=============
အပိုင်း(၇၉)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား