← Chapters

မင်းသမီးက စိတ်ကောင်းစေတနာ ရှိတယ်

Vol. 011 Ch. 1079

မင်းသမီးက စိတ်ကောင်းစေတနာ ရှိတယ်

Vol. 011 Ch. 1079

အတန်ကြာလျှင် အင်ပါယာရှားဘုံမှ လူများသည် ထိုတောင်တန်း တစ်လျှောက်၌ စတင် လေ့ကျင့်ကြ၏။

၇ ရက်ကြာပြီးနောက် ရီဖူရှင်းအား အာကာသဓာတ်များ ပြည့်နှက်နေသော တော်ဝင်တောင် တစ်လုံး၌ ထိုင်ရက်သား တွေ့ကြရသည်။ သူက မျက်လုံးကို မှိတ်ကာ အာရုံခံစားမှုအား အမြင်ဆုံးသို့ မြှင့်တင်လျက် လေ့ကျင့်နေသည်။

ဤမတိုင်မီက သူသည် မဟာလမ်းစဉ်၏ စစ်မှန်သော လောကဓာတ်များအား ထိတွေ့ခဲ့ပြီဖြစ်သည်။ သူက ရှန့်ထိုနှင့် ရှီအဆင့်တို့အကြား ထူးဆန်းသော အခြေအနေ တစ်ရပ်၌ ရှိနေပြီဖြစ်ကြောင်း သူသိ၏။

သူ၏ သက်စောင့်ဟော်နန်းမှ ကမ္ဘာသစ်ပင်သည် လှုပ်ခတ်လျက် အာကာသဓာတ်များအား စုပ်ယူနေသည်။

ဤသို့သော ထူးဆန်းသော အဆင့်က ရီဖူရှင်းအား စိတ်လှုပ်ရှား စေသည်။ သူ၏ သက်စောင့်ဝိညာဉ်က ထူးဆန်းကာ အံ့အားသင့် ဖွယ်ကောင်းသည်ကို ရီဖူရှင်း သိ၏။ သူ့တန်ခိုး အဆင့်မြင့်လာသည်နှင့် အမျှ သူ့သက်စောင့်ဝိညာဉ်က တဖြည်းဖြည်း ထူးခြားသော စွမ်းရည်များအား ပေးသည်။ ယခု သူ၏ သက်စောင့်ဝိညာဉ်က မည်သည့်ဓာတ်ကိုမဆို စုပ်ယူကာ သူနှင့် ပေါင်းစပ်ပေးသည်။ တစ်ဖက်တွင် သူ၏ခန္ဓာကိုယ်ကိုလည်း သန့်စင်ပေး၏။

ပုဂ္ဂိုလ်ထူးများ၏ မျိုးဆက်များသည် သူတို့၏ မျိုးဆက်များအတွက် သက်စောင့်ဝိညာဉ်မှ တစ်ဆင့် သူတို့၏လမ်းစဉ်အား ချမှတ်ပေးကြသည်။

သူ၏ကမ္ဘာသစ်ပင်သည် မည်သို့သော လမ်းစဉ်နည်း။

သူ၏ဘိုးဘေးများသည်လည်း မည်သူများ ဖြစ်ကြသနည်း။

သူ့အား လေဟာနယ်ဓာတ်များ စီးဆင်းနေလျှင် အလင်းမှုန်များသည် ကြယ်စင်စုများအလား တဖျတ်ဖျတ် လင်းလက်နေစေသည်။ ထိုစဉ်က ရီဖူရှင်းက မျက်လုံးကို ဖွင့်ကြည့်လိုက်လျှင် လှပသော နတ်မိမယ်အလား မိန်းကလေးတစ်ဦး လျှောက်လာသည်ကို မြင်ရ၏။

“နတ်မိမယ် ယောင်းချီ” ရီဖူရှင်းက လှမ်းခေါ်သည်။

သည်ရက်ပိုင်းတွင် အင်ပါယာရှားဘုံမှ လူများသည် ကိုယ်စီ သီးသန့် လေ့ကျင့်နေကြ၏။ အများစုသည် အာကာသဓာတ်၌ မကျွမ်းကျင်ကြသော်လည်း သူတို့က စိတ်စွမ်းအားများကို နေရာတိုင်း၌ သိရှိခံစားနိုင်သည်။ သူတို့သာ ကောင်းကောင်း လေ့ကျင့်ပါက မဟာလမ်းစဉ်၏ စွမ်းအားကို သိရှိခံစား နိုင်ပေသည်။

ယောင်းချီက ရီဖူရှင်းဘေးသို့ လျှောက်လာကာ ထိုင်လိုက်သည် … “ရှင့်ဆီမှာ မဟာလမ်းစဉ် စွမ်းအားတွေ စီးဆင်းနေတာ မြင်တယ်။ ရှင်က ရှန့်ထိုတစ်ဝက် အဆင့်သို့ ရောက်နေပြီလား”

“ကျုပ်က လိုပါသေးတယ်။ အစွန်းအစနားကို ထိတွေ့မိရုံလေးပါပဲ” ရီဖူရှင်းက ခေါင်းယမ်းသည်။

“သခင်ရီက ပါရမီ ဒီလောက်ကောင်းပြီး နှိမ့်ချနေတတ်တာပဲ” ယောင်းချီက ပြုံးလျက် ပြောသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် စီးဆင်းနေသော မဟာလမ်းစဉ် စွမ်းအားများအရ သူသည် ရှန့်ထိုတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိသာစေသည်။ သို့သော်လည်း သူက အစွန်အဖျားသို့ ထိတွေ့မိခြင်းသာဟု ပြော၏။

ယောင်းချီ၏ အမူအရာကို ကြည့်ကာ သူမ မယုံသည်ကို သိလိုက်သည်။ သို့သော်လည်း သူ မရှင်းပြတတ်ပေ။ သူက ပြုံးလျက် ခေါင်းယမ်း၏။

ယောင်းချီက ရီဖူရှင်းအား ကြည့်သည်။ သူ၏ဆံပင်များက ဖြူဖွေးနေသော်လည်း အလွန်တရာ ချောမော ခန့်ညားသော ရုပ်ရည်အား ပိုင်ဆိုင်သည်။ နတ္ထိဘုံတိုက်ပွဲ၌ သူတစ်ယောက်တည်း စွမ်းအားဖြင့် အနိုင်ရလာဘ်ကို ယူဆောင်ပေးခဲ့သည်။ အတုအယောင်ရှန့်ထို အဆင့်သို့ တက်လှမ်းခဲ့သော ယွင်ကျင်းအား သူ၏လှံရှည်ဖြင့် ထွင်း‌ဖောက်လိုက်စဉ်က ရီဖူရှင်းကား ပြိုင်စံရှားသော စွမ်းရည်ကို ပြသခဲ့၏။

သူမက ရီဖူရှင်းအား သည်အတိုင်း စူးနစ်စွာ ကြည့်ကာ ပြုံး၏။

ရီဖူရှင်းက ယောင်းချီ ပြုံးသည်ကို ကြည့်သည်။ သူမ၏အပြုံးကား သာမန်ယောက်ျားတို့ မူးမေ့လဲစေ နိုင်လောက်ပေသည်။ သူမ၏ ကြည်လင်ဝင်းပသော မျက်လုံးများသည် သူ့ပေါ် လေးစား ချစ်ခင်သော အငွေ့အသက်များအား ဖုံးကွယ်ထားခြင်း မရှိရာ ရီဖူရှင်းအတွက် ပိုမို၍ နားမလည် ဖြစ်စေသည်။

မှန်သည် … ရီဖူရှင်းဘေးတွင် မိန်းမလှများ ရှားပါးသည် မဟုတ်ပေ။ ပါရမီတွင်ဖြစ်စေ ရုပ်ရည်တွင်ဖြစ်စေ ဂျီယူ၊ မှန်နန်းတော်သခင်မနှင့် ရှားရှင်းယွန်တို့ အားလုံးသည် ပြိုင်စံရှားအောင် လှပကြပေ၏။ သို့သော်လည်း ဆွဲဆောင်အားတွင် မည်သူမှ ယောင်းချီကို မယှဉ်နိုင်ပေ။

“သခင်ရီက မိန်းမတစ်ယောက် အတွက် စိတ်ကူး ယှဉ်ရလောက်တဲ့ အရည်အချင်း အားလုံးနဲ့ ပြည့်စုံနေတာပဲ” ယောင်းချီက ပြုံးလျက်ပြောသည် … “ကျွန်မက ရှင့်ရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေပြီလား”

“ပြဿနာ မရှိဘူး” ရီဖူရှင်းက ခေါင်းယမ်းသည်။

သူမက ရီဖူရှင်း၏ စကားကို ကြားသောအခါ သူမ၏အပြုံးသည် ပိုမို၍ပင် တောက်ပလာခဲ့၏။

“သခင်ရီက ကိုယ့်ဘာသာ အေးဆေးကျင့်ပါ။ ကျွန်မကို စိတ်ထဲ မထားပါနဲ့” ယောင်းချီက ပြောပြောဆိုဆိုဖြင့် မြေပြင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်း လိုက်သည်။

ရီဖူရှင်းက ပြုံးမိ၏။ သည်ကဲ့သို့ မိန်းမတစ်ယောက်က အနားတွင် လဲလျောင်းနေလျှင် မည်သို့သော ယောက်ျားက စိတ်တည်ငြိမ်စွာ ကျင့်ကြံနိုင်မည်နည်း။

အတိတ်မှ ရီဖူရှင်းသာဆို သူမနှင့် အမှန်တကယ် ကျီစယ် ပြောဆိုမိပေမည်။

သို့သော်လည်း သူ့တွင် ငယ်ရွယ်စဉ်ကကဲ့သို့ စိတ်ဆန္ဒများ မရှိတော့ပေ။ ထိုအရာက ဂျီယူခြင်းလား၊ သူကိုယ်တိုင်က ရင့်ကျက် လာသောကြောင့်လား ဟူသည်ကိုတော့ ရီဖူရှင်း ကိုယ်တိုင်လည်း မသိတော့ပေ။

ထိုအခိုက်တွင် လူတစ်ယောက် ကောင်းကင်မှ ပျံသန်းလာခဲ့သည်။ သူမ၏မျက်နှာကား ထိတ်လန့်ဖွယ် ကောင်းအောင် ချောမောလှပလွန်း၏။ သူမကား ရှားရှင်းယွန် ဖြစ်သည်။

သူမက ရီဖူရှင်းနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယောင်းချီတို့အား ကြည့်ကာ အေးစက်စွာ ပြုံးသည်။

“မင်းသမီးကို နှုတ်ဆက်ပါတယ်” ယောင်းချီက ပြုံးလျက်ပြောသည်။

ရှားရှင်းယွန်က သူမအား ကြည့်ကာ အေးစက်စွာ ပြောသည် … “ငါက ရီဖူရှင်းနဲ့ ဆွေးနွေးစရာ ရှိတယ်။ တောင်အောက်သို့ ဆင်းသွားပေးလို့ ရမလား”

ယောင်းချီက ရှားရှင်းယွန်အား ပြုံးလျက် ပြောသည် … “ဟုတ်ကဲ့ပါ မင်းသမီး”

ထိုသို့ပြောကာ သူမက ရီဖူရှင်းအား ပြောသည် … “နောက်နေ့မှ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သခင်ရီဆီမှာ လာမေးပါတော့မယ်”

“ယောင်းထိုင်နန်းတော်က ကျင့်ကဲ့ခြင်းတွေကို သူ့ဆီမှာ မေးစရာ လိုလို့လား” မင်းသမီးက အေးစက်စွာ ပြောသည် … “မင်းမှာ အရေးကြီးတာ မရှိရင် သူ့ကျင့်ကြံခြင်းမှာ အနှောင့်အယှက် မလုပ်နဲ့”

ယောင်းချီက ရှားရှင်းယွန်အား ပြုံးလျက်ကြည့်ကာ လေထဲသို့ ပျံသန်း ထွက်ခွာသွားသည်။

“ကျွန်မ သူ့ကို ကြိုက်တယ်” အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုစကားက ရှားရှင်းယွန်ကို စိတ်ညစ်အောင် ပြောသော စကားဖြစ်သည်။

ရှားရှင်းယွန်၏ မျက်တောင်များ ကွေးကောက် သွားသည်။ သူမသည် အမှန်တကယ်ပင် သဘောမကျ ဖြစ်သွား၏။

ထို့နောက် သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “နင်က ကျင့်ကြံတဲ့အခါ စည်းစိမ်ခံရတာကိုလည်း သဘောကျပုံပဲ”

ရီဖူရှင်းက ရှားရှင်းယွန်အား ကြည့်ကာ ပြောသည် … “မင်းသမီးက ယောင်းချီနဲ့ ပြဿနာရှိတာလား ... ကျုပ်နဲ့လား …”

“အင်ပါယာရှား နန်းတော်ကို ရောက်ကတည်းက နင် နည်းနည်းမှ ယဉ်ကျေးမှု မရှိဘူး” ရှားရှင်းယွန်က ပြောသည်။

သူမက ရီဖူရှင်းအား အထက်ဘုံသို့ ခေါ်ကာ သူ့ဇနီး သေဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ ပြောကြားလိုခဲ့သည်။ သို့သော်လည်း ရီဖူရှင်းကား သူမကို အနည်းငယ်မျှပင် လေးစားသည့်ပုံစံ ပြသခဲ့ခြင်း မရှိပေ။

ထို့အပြင် မကြာသေးခင်ကလည်း ယောင်းချီနှင့် လွန်စွာ နီးနီးကပ်ကပ် နေထိုင်ပြောဆို နေခဲ့ပြန်သေး၏။

ရှားရှင်းယွန် ဘာကို ဆိုလိုသည်ကို ရီဖူရှင်း နားလည်ပေသည်။

“ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို မင်းသမီးက စိတ်ပူစရာ မလိုပါဘူး” ရီဖူရှင်းက ပြောသည်။

ရှားရှင်းယွန်က သူ့အား သိုလှောင်လက်စွပ် တစ်ကွင်း ပြစ်ပေးကာ အေးစက်စွာ ပြောသည် … “ဒါက ခုနစ်ရက်စာ စုဆောင်းရရှိတဲ့ မဟာလမ်းစဉ် အပိုင်းအစတွေပဲ”

ထို့နောက် သူမက အဝေးသို့ပျံသန်း ပျောက်ကွယ် သွားခဲ့တော့သည်။

ရီဖူရှင်းက သိုလှောင်လက်စွပ်အား လက်ခံယူလိုက်ကာ အတွင်းမှ ပစ္စည်းများအား စစ်ဆေးကြည့်လိုက်ပြီး ကြီးစွာ စိတ်လှုပ်ရှား သွားသည်။ ၇ရက်စာက ဤမျှ များပြားသည်လား။ ဆယ်နှစ်တာကာလက မည်မျှ များပြားမည်ကို ခန့်မှန်း၍ပင် မရတော့ပေ။

မှန်သည် … ရှန့်ထိုများအတွက် သူတို့ အာရုံခံစားမှုတွင် အသုံးပြုရသော ပမာဏမှာလည်း လွန်စွာ များပြားပေမည်။

မဟာလမ်းစဉ်စွမ်းအား အပိုင်းအစများ မပါဘဲ တစ်စုံတစ်ယောက်သည် အနည်းငယ်မျှသာ အာရုံခံစား လေ့ကျင့်နိုင်ပေသည်။

ရီဖူရှင်းရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။ သူကား ရှန့်ထိုရှားဖြစ်၏။ သူက မင်းသမီး ရှားရှင်းယွန် လာသည်ကို မြင်ကာ သူလည်း ရောက်လာခြင်း ဖြစ်သည်။

သူက ရီဖူရှင်းအား လက်ညှိုးဖြင့် ထိုးကာ လွန်စွာ စိတ်ပျက်ဟန်ဖြင့် ပြောသည် … “မင်း … မင်းက မင်းသမီးကို နည်းနည်းလောက် နွေးနွေးထွေးထွေး ဆက်ဆံလို့ မရဘူးလား”

သူတို့က စစ်မြေပြင်တွင် ကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက်ခဲ့ကြဟန် တူသော်လည်း ယခု ရီဖူရှင်းက မင်းသမီးအား သူ့ကိစ္စတွင် ဝင်မပါရန် ပြောခဲ့သည်။

မင်းသမီးနှင့် ရင်းနှီးခွင့်ရရန် လူများစွာတို့ မည်သို့ အိပ်မက် မက်နေကြသည်ကို သည်အကောင် မသိသည်လား။

သူတို့က သည့်ထက်ပင် ပို၍ ရင်းနှီး လာနိုင်ပေသည်။

ရှန့်ထိုရှား၏ အမူအရာကို ကြည့်ကာ ရီဖူရှင်းက ပြုံးလျက် ခေါင်းယမ်းသည်။ သည်အဘိုးကြီးများက သူ့အတွက် စိတ်ပူပန် နေကြဟန်ရသည်။

“စီနီယာ … ကျွန်တော် ပြောဖူးတာပဲ။ မင်းသမီးက အေးစက်ပေမဲ့ စိတ်ကောင်းရှိတယ် ဆိုတာလေ …” ရီဖူရှင်းက ပြောသည်။

“မင်းက မင်းသမီးကို တကယ်ပဲ ပြောင်းလဲစေချင် နေတာလား” ရှန့်ထိုရှားက ဆွံ့အစွာ ပြောသည်။

ရီဖူရှင်းက သူ့အား ကြည့်ကာ မင်းသမီး ရှားရှင်းယွန်သာ မိန်းကလေးလို ဝတ်စားပါက ယောင်းချီထက် မနိမ့်သော ဆွဲဆောင်မှုများ ရှိနိုင်သည်ဟု တွေးမိသည်။

ထိုသို့တွေးကာ ရီဖူရှင်းက ခေါင်းညိတ်သည် … “ကျုပ်က သူမကို ပြောင်းလဲအောင် လုပ်နိုင်ရင် ဒါက ကောင်းတဲ့ကိစ္စပဲ”

“…”

ရှန့်ထိုရှားက ဒေါသတကြီး ထိုနေရာမှ ထွက်ခွာ သွား၏။

ရီဖူရှင်းက ခေါင်းယမ်းသည်။

“အားလုံး ထွက်လာလို့ ရပြီ” ရီဖူရှင်းက ခေါ်လိုက်သည်။ ဤတွင် လူရိပ်များ သူ့အနီးသို့ ရောက်လာကြသည်။ သူတို့ကား ပြည်နယ်ကိုးခုမှ ရှန့်ထိုများ ဖြစ်ကြသော ထောင်ကျန်း၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများ ဖြစ်ကြသည်။

ပြည်နယ်ကိုးခုမှ လူများအားလုံးသည်  ထိုနေရာတွင် လေ့ကျင့်နေကြရာ ဖြစ်ပျက်သမျှအား သိနေကြပေသည်။

“စီနီယာတွေတောင်မှ ခိုးနားထောင်တတ်နေပြီပဲ” ရီဖူရှင်းက စိတ်ပျက်လက်ပျက် ပြောသည်။ ရှန့်ထိုများပင် ပုန်းအောင်း နားထောင်ကြသည်။

“နန်းတော်သခင်ရဲ့ ကိစ္စက နန်းတော်က လူတွေ အကုန်လုံးရဲ့ ကိစ္စပဲ” ယူစီက လေးနက်စွာ ပြောသည်။

“ရှန်ထိုရှားပြောတာက မမှားဘူးလို့ ငါထင်တယ်။ မင်းသမီးကလည်း စိတ်ကောင်းစေတနာ ရှိတယ်ဆိုတာ ငါသိတယ်။ မင်းက သူမနဲ့ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံသင့်တယ်” ယူစီက ပြောသည်။ ရီဖူရှင်းကသာ အင်ပါယာရှား၏ သမက်ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ရီဖူရှင်း၏ပါရမီကို သူတို့အသိဆုံးဖြစ်သည်။

အကယ်၍ ရီဖူရှင်းသာ မင်းသမီး ရှားရှင်းယွန်နှင့် နီးစပ်သွားပါက သူ၏အနာဂတ်မှာ အလွန် ကောင်းမွန်နေပေလိမ့်မည်။

***

All Chapters