← Chapters

စိတ်ဝိညာဉ် ဧည့်ခံခြင်း

Vol. 6 Ch. 80

စိတ်ဝိညာဉ် ဧည့်ခံခြင်း

Vol. 6 Ch. 80

Child of light (ကျန်းကုန်း)

Volume 3: Chapter 37 – Spirit of Hospitality

တတိယအကြီးအကဲနဲ့ ကျုပ် နတ်သူငယ်ဘုရင်ကြီးရဲ့ အိပ်ဆောင်ကိုသွားလိုက်တယ်။ အိပ်ခန်းရဲ့ ကြီးကျယ်ခမ်းနားပုံတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ကုတင်ဘေးကို ကပ်သွားလိုက်တယ်။ နတ်သူငယ်ဘုရင် နာကျင်နေတဲ့ပုံနဲ့ အဆက်မပြတ်ညည်းတွားနေသံတွေ ကျုပ်ကြားလိုက်ရတယ်။ သူ့မျက်နှာကနေ အမည်းရောင် အခိုးအငွေ့တွေလဲ ထွက်နေတယ်။ သူ့ သဘာဝစွမ်းအားတွေနဲ့ ဆိုးယုတ်ခြင်းစွမ်းအားတွေ အားပြိုင်နေတော့ သူတော်တော် ရုန်းကန်နေရတဲ့ပုံပဲ။ သူ့ကို အကူအညီပေးရအုံးမှာပေါ့လေ။

“အို ကြီးမြတ်သော အလင်းရောင်ခြည်၊ ငါ့ရဲ့မိတ်ဆွေတို့၊ သင်တို့ရဲ့ အဆုံးမဲ့စွမ်းအားတွေနဲ့ သင်တို့ရှေ့မှောက်က ပုဂ္ဂိုလ်ကို မကောင်းဆိုးဝါးထံမှ ကယ်တင်ဖို့ တောင်းဆိုပါတယ်”

ဒါ စိတ်ဝိညာဉ် ပြန်လည်ကုသရေးအတွက် အကောင်းဆုံးပဲ။ ပြန်လည်ကုသရေးမှာ အရမ်း ထိရောက်ယုံတင်မကဘူး၊ ပုံမှန် မဟုတ်တာတွေ မှန်သမျှကိုလဲ ဖယ်ရှားတဲ့နေရာမှာ ထိရောက်တယ်လေ။ ကျုပ်လက်ကနေ ဖြူစင်သန့်ရှင်းတဲ့ အလင်းတန်းတစ်ခု ထွက်လာပြီး နတ်သူငယ်ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းစေလိုက်တယ်။ အဖြူရောင် အလင်းဓါတ်တွေကြောင့် အမည်းရောင် အခိုးအငွေ့တွေ တဖြည်းဖြည်းမှိန်ဖျော့သွားတဲ့အတွက် သူလဲ ပိုပိုပြီး ငြိမ်သက်လာသလိုပဲ။

သူသက်သာသွားပြီဆိုတော့ တတိယအကြီးအကဲဘက်ကို မျက်နှာလှည့်လိုက်ပြီးတော့..

“ကျုပ်လုပ်စရာရှိတာတွေတော့ ပြီးသွားပြီ။ နောက်ဆက်တွဲ ပြဿနာတွေ ထပ်မဖြစ်လောက်တော့ပါဘူး။ ဘုရင်ကြီးကို ကျုပ်ကုပေးထားတဲ့အတွက် ပုံမှန်ဆိုရင်တော့ သူရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်သွားတာလောက်ပါပဲ။ အခုဆို သူအနားယူဖို့ပဲလိုတော့တယ်။ ဆိုတော့ ကျုပ်တို့တွေ အခု ထွက်သွားသင့်ပြီ?”

တတိယအကြီးအက စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ ကျုပ်လက်ကို တင်းတင်းဆုပ်ကိုင်ထားပေမယ့် စကားမပြောဘဲ သူ့ကို အခန်းအပြင်ဘက် ခေါ်ထုတ်လာခဲ့လိုက်တယ်။

“ငါ ဘယ်လောက်ထိ ကျေးဇူးတင်နေလဲဆိုတာ စကားလုံးရှာမရတော့ဘူးကွာ။ ငါတို့ နတ်သူငယ်တွေအတွက် မင်းလုပ်ပေးခဲ့သမျှ ကျေးဇူးတွေကို ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိတော့ဘူး”

“မလိုပါဘူးဗျာ။ အရသာကောင်းကောင်း အစားအသောက်တွေ၊ အချိုပွဲတွေ အမြန်ပေးပြီး ကျုပ်တို့ နေစရာတစ်ခု စီစဉ်ပြီး ကျေးဇူးဆပ်လဲ ရနိုင်ပါသေးတယ်။ ကျုပ်ဖြင့် ပင်ပန်းလွန်းလို့ သေချင်ဆော်နံနေပြီ အဘွားကြီးတစ်ယောက်လို တုန်ချိတုန်ချိနဲ့ လိုက်ဆွဲနေတာ တော်ပါတော့ဗျာ။ သွားကြရအောင်”

ပြောလဲပြော သူ့လဲ ဆွဲရင်း ကျုပ်လူတွေရှိရာ ပြန်လာခဲ့လိုက်တာပေါ့။

နတ်သူငယ်တွေက သူတို့ဘုရင်ကို ကျုပ်ကုပေးလိုက်တယ်ဆိုတာ သိသွားတော့ သူတို့အကုန် ပြန်ပြီး ပြုံးပြုံးပျော်ပျော် ဖြစ်လာကြတယ်။ အဲဒါတွေကို ခေါင်းခြောက်မခံချင်တော့တာနဲ့ပဲ ကုလားထိုင်တစ်လုံးရှာပြီး မျက်လုံမှိတ် အနားယူပစ်လိုက်တော့တယ်။ ထမင်းစားချိန်ကျရင် သေသေချာချာ သတိပေးမယ်ဆိုပြီး တုန်းရီ ထုံးစံအတိုင်း ပြောသေးတာ။

မွှေးလိုက်တာ။ အရမ်းကို မွှေးတာ။ ဘာအနံ့ပါလိမ့်။ ကျုပ်နှာခေါင်းကနေတဆင့် မျက်လုံးပါ ပွင့်လာလိုက်ရရော။ အိပ်မှုံစုံမွှားနဲ့ စားစရာတွေအပြည့်နဲ့ စားပွဲကြီးတစ်ခု မြင်လိုက်ရတယ်။ အိပ်ချင်စိတ် မပျောက်သေးလို့ ခေါင်းကို ခါပစ်လိုက်ပြီး နည်းနည်းနာနေတဲ့ ကြွက်သားတွေ အရိုးတွေကို လှုပ်ရှားပေးလိုက်တယ်။

“ဒီ စားစရာတွေ ဘယ်နှလဲဟေ့။ တော်တော်တော့ မွှေးတာပဲ။ မင်းတို့ကောင်တွေ ညီအစ်ကို မပီသဘူး။ ငါ့ကိုတောင် မခေါ်ကြဘူး”

ကျန့်ဟူ ရယ်ပြီး…

“တွေ့လား။ ငါပြောပါတယ်။ အစားအသောက်တွေ အရသာကောင်းနေသရွေ့ ကျန်းကုန်းက ခေါ်စရာကို မလိုဘူး။ မဟုတ်သေးဘူ သူ့နှာခေါင်းက မှော်ပညာထက်ကို ပိုအစွမ်းထက်နေတာ မဟုတ်ဘူးလား.. ဟား.. ဟား”

ကျန့်ဟူစကားကြောင့် တစ်ဝိုင်းလုံး ရယ်သံတွေ ညံသွားတာပေါ့။

ခပ်ရှက်ရှက်နဲ့ပဲ ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။ နတ်သူငယ်တွေ တော်တော် ကျင်နာတတ်ကြတဲ့ပုံပဲဗျ။ စည်းမျဉ်းတွေ စည်းကမ်းတွေ ဘာမှ ဂရုစိုက်မနေပါဘူး။ ဒီအတိုင်းပဲ ထိုင်ချလိုက်ပြီးတော့..

“ငါ့ နှခေါင်း အစွမ်းထက်တာ ဘာဖြစ်လဲ။ အရသာရှိရှိ အစားအသောက်တွေ ရှာဖို့ အသုံးဝင်တယ်လေ။ အာ.. အကြီးအကဲ အိုကြီးတွေ အကုန် ဒီမှာရောက်နေကြတာပဲ။ အဲလိုကြီး လုပ်နေစရာမလိုပါဘူးဗျာ။ အတူတူ စားရအောင်လေ။ ကျုပ်ကို စောင့်နေစရာ မလိုပါဘူး”

ကျုပ် မမြင်ဖူးသေးတဲ့ ခရမ်းရောင် သစ်သီးတစ်လုံး လှမ်းကိုင်လိုက်တယ်။ ဟုတ်သေးပါဘူး။ အရမ်းချိုတာပဲ။ မွှေးပြီး ချိုမြမြ အရည်တွေ ကျုပ်တစ်ကိုယ်လုံးကို စိမ့်ဝင်သွားတာပဲ။ အရမ်းရိုးရှင်းပြီး အရမ်းမိုက်တယ်။”

ဘေးမှာ ကပ်ထိုင်ရင်း တုန်းရီ ကျုပ်ကို လှမ်းဖက်တယ်။ နည်းနည်းလေး အချိုးပြေပြေ နေဖို့ သတိပေးနေတာ။ ကျုပ် သူ့ကို လက်လျူရှု ထားလိုက်တယ်။ ကျုပ်ဗိုက်ဆာနေပါတယ်ဆိုမှ ဘာတွေလာ အနှောက်အယှက် ပေးနေလဲမသိ။ ဒါ မျိုးနွယ်စု ထုံးတမ်းစဉ်လာတွေလဲ မဟုတ်။

အကြီးအကဲကပဲ..

“အားလုံး စားကြပါ။ စည်းမျဉ်းစည်းကမ်းတွေ မလိုအပ်ပါဘူး”

သူ့စကားကြားမှပဲ အကုန်လုံး စလှုပ်ရှားကြတော့တယ်။

(၅)ပန်းကန်က အသီးအနှံတွေနဲ့ ပြည့်နေတာ။ ရနံ့မွှေးမွှေးတွေဆိုတာ တကယ်တမ်းကျတော့ သီးနှံစုံကို အချဉ်ဖောက်ပြီး အဖျော်ယမကာ လုပ်ထားတာကနေ ထွက်လာတဲ့ အနံ့ကိုး။ အရမ်းမွှေးပြီး ချိုမြိန်တဲ့ ဝိုင်တွေကိုမှ သစ်သစ် မျိုးစုံနဲ့ ထပ်ပြီး ဖျော်ထားသလိုပဲ။ ဝိုင်လဲ ဗိုက်ထဲဝင်သွားရော လျှပ်စီးကြောင်းလိုမျိုး ပူနွေးပြီး ခန္ဓာကိုယ်အနှံ့ ပျံ့သွားပါလေရောလား။ တော်တော်လေးကို နေလို့ထိုင်လို့ကောင်းတာပဲ။ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေသမျှ ဖြေလျော့တဲ့နေရာမှာ တော်တော် ထိရောက်တာပဲ။ အစ်ကိုကြီး ကျန့်ဟူက ဝိုင်ကို တော်တော် ချစ်တဲ့သူဆိုတော့ လက်ကကို မချတော့ဘူး။ ကျုပ်တို့တွေ တစ်ကြိမ်သောက်တိုင်း ဟိုအဘိုးကြီးတွေ နှလုံးနာလေပဲ။ ဒီသစ်သီးဝိုင်ကို လုပ်ရတာ အရမ်းခက်တယ်လို့ အဲ့အဘိုးကြီးတွေဆီက သိလိုက်ရပြီး အရမ်းလေးစားရတဲ့ ဧည့်သည်တွေမို့သာ ချပြီး ဧည့်ခံတာတဲ့။ ပြီးတော့ ဒီဝိုင်က ပျိုမြစ်နုနယ်တဲ့ အသားအရေကို ထိန်းသိမ်းတဲ့နေရာမှာလဲ အကျိုးသက်ရောက်မှု အရမ်းကောင်းတယ်ဆိုပဲ။ ဝိုင်က သောက်စတော့ သိပ်မသိသာပေမယ့် နည်းနည်းကြာလာလေ ပြင်းအား ပိုကောင်းလာလေပဲတဲ့။ ဒါကြောင့်ပဲ လျော့သောက်ဖို့ အဘိုးကြီးတွေက သတိပေးသေးတယ်။ အဲ့လူကြီးတွေ တော်တော် အတ္တကြီးတာပဲ။ တုန်းရီကလွဲရင် ကျုပ်တို့လူတွေအကုန် စားသောက်နေကြပြီ။ ဒါတောင် ကျုပ်တို့က တော်တော်လေးကို ယဉ်ယဉ်ကျေးကျေး နဲ့ပဲနော်။ အစကတော့ သန့်ရှင်သောဓားအကြောင်း မေးချင်နေပေမယ့် မကောင်းသေးပါဘူးလေ။ ခဏ မေ့ထားလိုက်။ နက်ဖန်မှပဲ ကျုပ်မေးတာပေါ့။ အခုအချိန်တော့ ခန္ဓာကိုယ်ကို ခွန်အားဖြည့်ရမယ့်အချိန်ပဲလေ။ အဟီး။

အစားအသောက်တွေနဲ့ ဖေါင်းကားနေတဲ့ဗိုက်ကြီး ပွတ်နေတဲ့ကျုပ် ကို နတ်သူငယ်တစ်ယောက်က အိပ်ခန်းကို ခေါ်သွားတယ်။ အမှန်အတိုင်းပြောရရင် တော်တော်ကို ပင်ပန်းနေတာဗျ။ ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းနေပြီ။ ကုတင်ပေါ် လှဲချလိုက်တာနဲ့ မူးဝေလာပါရောလား။ ဝိုင်ရဲ့ အာနိသင်တွေ တော်တော် ထက်တဲ့ပုံပဲ။ ကျုပ်ရဲ့ အခြေခံ မှော်စွမ်းအင်တွေကို စစ်ကြည့်လိုက်တော့ တကယ်ကို အခြေအနေ ကောင်းနေတာ တွေ့တယ်။ (၃၀)ရာခိုင်နှုန်း လောက် ကျန်သေးတာပဲ။ မနက်ဖြန်ဆို (၈၀)ရာခိုင်နှုန်းလောက် ပြန်ရနိုင်တယ်။ မှိန်းရင်းနဲ့ အိပ်မက်ကမ္ဘာထဲ ရောက်သွားပါလေရော။

မိုးလင်းပြီ။ ပြိုင်ပွဲတုန်းကတည်းက အိပ်နေတဲ့ ရှောင်ကျင်း နိုးလာတဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားနေမိတယ်။ ကျုပ်စိတ်ဝိညာဉ်ကနေတဆင့် သူ့ရဲ့ မှော်ပညာ အသုံးချနိုင်စွမ်းအားက နောက်ဆုံးတစ်ကြိမ်မှာ တော်တော်ကောင်းခဲ့တယ်ဆို သသိလိုက်ရတော့ မြန်မြန် ပြန်ကောင်းလာအောင် ခဏလေး မှိန်းပြီး ပြန်အိပ်လိုက်တာပေါ့။ ရှောင်ကျင်းဆိုတာ ကျုပ်အတွက်တော့ အစွမ်းအထက်ဆုံး လက်ထောက်တစ်ယောက်လို ဆိုပေမယ့် တစ်ချို့နေရာတွေမှာတော့ ရှောင်ကျင်း တော်တော်လေး အားနည်းသေးတာ။ သူ့မှာ ကျုပ်ရဲ့ မှော်စွမ်းအားသာ မပါရင် (၃)မိနစ်ကနေ (၅)မိနစ်လောက်ပဲ ခံနိုင်ရည်ရှိမှာ။ ဒါ ရမ်းကို အချိန်နည်းလွန်းအားကြီးတယ်။ စွမ်းအားကြီးတဲ့ ပြိုင်ဖက်နဲ့တွေ့ရင် ဒါက ဘာမှမဟုတ်တော့ဘူးလေ။ သူ့ခွန်အားတွေ မြှင့်တင်ပေးဖို့ရာလဲ ဘာနည်းလမ်းမှ မတွေ့သေးဘူး။ အာ.. မေ့ထားအုံး။ လောလောဆယ် ဒါကို စိတ်ဝင်စားနေလို့ မရသေးဘူး။ အခုဆို ကျုပ်က မှူးမတ် တစ်ယောက်ရဲ့ အဆင့်ဆိုတော့ ပုံမှန်အားဖြင့်ဆိုရင် သူ့အကူအညီ မလိုသေးဘူး။ ကျုပ် ကိုယ်ပိုင် မှော်စွမ်းအားလဲ အတူတူပဲ (၈၀)ရာခိုင်နှုန်းလောက် ပြန်ကောင်းလာပြီ။

နတ်သူငယ် တော်ဝင်အစောင့် တစ်ယောက်ကို တတိယ အကြီးအကဲရှာဖို့ ခိုင်းလိုက်တယ်။ သန့်ရှင်းသော ဓားကိစ္စကို မေးပြီး ကျုပ်တို့ ထွက်သွားရမယ်လေ။

တော်ဝင်အစောင့် ခဏကြာတော့ ပြန်ရောက်လာပြီး..

“အကြီးအကဲက ခင်ဗျားနဲ့ အပေါင်းအပါတွေကို စကားပြော ဆွေးနွေးဖို့ ဧည့်ခန်းမဆောင်ကို ဖိတ်ကြားလိုက်လိုက်ပါတယ်။ ကျုပ်လမ်းပြပေးပါ့မယ်”

တော်ဝင်အစောင့် နောက်ကနေလိုက်ရင်း အရမ်းကြီးမားလွန်းတဲ့ အဆောက်အဦးကြီး တစ်ခုဆီကို ကျုပ်တို့တွေ ရောက်သွားတယ်။

တတိယ အကြီးအကဲကိုယ်တိုင် အပြင်ဘက်မှာထွက်ပြီး ကြိုနေတာဗျ။

“ကျန်းကုန်း မင်းရောက်လာပြီပေါ့။ မင်းသူငယ်ချင်းတွေကို ခေါ်ဖို့ တော်ဝင်အစောင့် တစ်ယောက်ကို ငါလွှတ်လိုက်ပြီ။ ခကြာခင် သူတို့ ရောက်လာကြလိမ့်မယ်”

“မင်္ဂလာပါ အကြီးအကဲခင်ဗျ။ မနေက ဧည့်ဝတ်ကျေပွန်မှုတွေအတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ဘုရင်မင်းမြတ်ရော အခြေအနေ ဘယ်လိုရှိလဲ”

“သူ့ကို ကုပေးဖို့ မင်းရှိနေတာကိုက ကံတော်တော်ကောင်းသွားတာ။ အခုတော့ ဘုရင်မင်းမြတ် ပြန်ကျန်းမာလာပါပြီ။ သူ မင်းကို အဆောက်အဦးထဲမှာ စောင့်နေတယ်။”

“ဒါဆို မြန်မြန် ဝင်ကြမယ်လေ”

တတိယ အကြီးအကဲနောက်ကနေကပ်ပြီး အဆောက်အဦးထဲကို ဝင်သွားလိုက်တယ်။ တော်လှလိုက်တဲ့ အခန်းကြီးပဲ။ ကြမ်းပြင် အလယ်ဗဟိုမှာ တခါမှ မမြင်ဘူးတဲ့ ကျောက်သားတွေနဲ့ လုပ်ထားတဲ့ တိုင်ကြီး (၁၂)တိုင်တဲ့ တည်ဆောက်ထားတယ်။ အမိုးပေါ်မှာလဲ စာတွေထွင်းထုထားတာ တစ်ခုရှိပြီးတော့ အလယ်ခေါင်တည့်တည့်မှာတော့ ဘဲဥပုံ စားပွဲကြီးတစ်ခုဗျ။ စားပွဲဝိုင်းမှာ ခုံတွေ (၃၀)၊ (၄၀) လောက်ရှိတယ်။ စားပွဲပေါ်မှာလဲ သစ်သီးတွေမှ မျိုးကို စုံနေရော။ ဒီအတွက် သူတို့တွေ သီးသန့် ပြင်ဆင်ထားတာ ဖြစ်မယ်ဗျ။ နတ်သူငယ် ဘုရင်က ထိပ်ဆုံးထိုင်ခုံမျာ ထိုင်နေတာ။

ကျုပ်ကိုမြင်တော့ နတ်သူငယ်ဘုရင် ချက်ချင်းထရပ်ပြီး..

“ဆရာသခင်ဝေ ရောက်လာပြီဆိုတော့ ကျေးဇူးပြုပြီး ထိုင်ပါအုံး”

မနေ့တုန်းက ကျုပ်ထုတ်ပြလိုက်တဲ့ ခွန်အားကို ဘယ်သူမှ မျက်စိနဲ့ မမြင်နိုင်ဘူးဆိုတော့ ကျုပ်က မှော်သခင်ကြီးမှန်း သူတို့မသိတာ မထူးဆန်းပါဘူးလေ။ ဒါပေမယ့် ကျုပ်ကို တစ်ယောက်ယောက်က အခုလိုမျိုး အပြောခံရတာ ပထမဆုံးအကြိမ်ဗျ။ ကျုပ် အဲလိုမျိုးကြီးနဲ့ အသားမကျသေးဘူး။ သူက ကျုပ်ကို သူ့ဘေးနားက ခုံမှာ ထိုင်ခိုင်းတာ။

“အရှင်မင်းကြီးအနေနဲ့ ကျုပ်ကို ကျန်းကုန်းလို့ ခေါ်ရင်လဲ အဆင်ပြေပါတယ်”

နတ်သူငယ် ဘုရင်က ကျုပ်နဲ့ အတူတူ ပြန်မထိုင်သေးဘဲနဲ့ သူ ကျုပ်ကို လေးလေးနက်နက်ကြီး ဦ’ညွှတ်ပြတယ်။

“မင်းအနေနဲ့ ငါ့မျိုးနွယ်ဝင်တွေကို ကူညီပြီ၊ ငါ့အသက်ကို ကယ်တင်ခဲ့တဲ့ အစွမ်းထက် ဆရာသခင်ရဲ့ ကြင်နာမှုတွေကို ဦးစွာပထမ ကျေးဇူးတင်ပါတယ်”

သူ ကျုပ်ဆီကို တည့်တည့် လျှောက်လာတော့ ကျုပ်လဲ မထိုင်သေးဘဲ သူ့ကို..

“ဒါ ပြောနေဖို့ မလိုပါဘူးဗျာ။ အားလုံးကို အကူအညီပေးတယ်ဆိုတာလဲ ကျုပ်လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ပါ။ ကျုပ်တို့တွေကလဲ ခင်ဗျားတို့ဆီက အကူအညီနည်းနည်း လိုနေတာဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိသွားတာပေါ့။ ဒီလောက်ပါပဲ။ ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ပြီးတော့ ကျုပ်က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ လူတစ်ယောက်လေ။ ဒါကြောင့်ပဲ အမှောင်မျိုးနွယ်စုကို အသေအပျောက် မရှိဘဲ တွန်းလှန်နိုင်ခဲ့တာနဲ့တင် အရမ်း ဝမ်းမြောက်နေရပါပြီ”

============= (*^*)=============

အပိုင်း(၈၁)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters