နောက်ထပ် သဲလွန်စ
Vol. 6 Ch. 81
Child of light (ကျန်းကုန်း)
olume 3: Chapter 38 – Guidance to the Next Path
“ဘာပဲပြောပြော မင်းအကူအညီသာမပါရင် ငါတို့မျိုးနွယ်စုက မျိုးသုန်းသတ်ဖြတ်မှု ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်။ ငါတို့ကတော့ မင်းကို ကျေးဇူးတင်ရမှာပဲလေ”
“နတ်သူငယ်ဘုရင်ကြီး အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ဒါနဲ့တင် ပင်ပန်းရကြိုးနပ်ပါတယ်”
ရုတ်တရက် ခေါင်းထဲမှာ အကြံတစ်ခုတွေးလိုက်မိတယ်။ ကျုပ်သူ့နားကပ်ရင်း တိုးတိုးလေး ပြောလိုက်တာပေါ့။
“အကယ်၍ ကျုပ်ကို ဒီလောက် ကျေးဇူးတင်ချင်ရင် ကျုပ်ပြန်သွားတဲ့အချိန်မှာ သစ်သီးဝိုင်နည်းနည်း လက်ဆောင် ပေးလိုက်လို့ရတယ်လေ။ အဲလောက်ဆိုပဲ လုံလောက်ပါပြီ”
ကျုပ်စကားကြားတော့ နတ်သူငယ်ဘုရင် အမူအရာပြောင်းသွားပြီးတော့…
“ဆရာသခင်ဝေ မနေ့က မင်းအဖွဲ့တွေ ကျုပ်တို့ နှစ်ဝက်လောက် သောက်ရတဲ့ ပမာဏအထိ သောက်ခဲ့ကြတာ။ ကျုပ် မင်းကို နည်းနည်းပဲပေးနိုင်တော့မှာ”
“အာ.. တအားခက်ခဲရင် မေ့ထားလိုက်ပါတော့ဗျာ”
“ငါတို့ နတ်သူငယ်နိုင်ငံကသာ လူ့လောကထဲကို သွားရောင်ရင် ငွေဘယ်လောက်ထိ ရနိုင်လဲသိလား။ ပုလင်းသေးသေးလေး တစ်လုံးဆိုရင်ကို စိန်ဒင်္ဂါး(၁၀၀၀၀)နဲ့အထက်မှာ ရောင်းလို့ရတယ်။ မင်းပြန်သွားတဲ့အချိန် ပုလင်း နည်းနည်း ပေးလိုက်ပါ့မယ်။ ကျုပ်မင်းကို လက်ဆောင်ပေးပြီးသား ဆိုတာကိုသာ ဝံပုလွေလို မင်းသူငယ်ချင်းတွေကို သေချာပြောလိုက်ပါ။ မဟုတ်ရင် အားလုံးက လိုချင်နေကြမှာ”
ကျုပ် နားလည်မှုတစ်ခု ရလိုက်သလိုမျိုး သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
“ဘာလို့များ မင်းတို့တွေ ပျော်နေကြတာတုန်း”
ကျန့်ဟူနဲ့ တခြားသူတွေ ကျုပ်နောက်မှာ တစ်ယောက်ပြီးတစ်ယောက် အတန်းလိုက် ထိုင်နေကြပြီ။
“”အစ်ကိုကြီး။ မင်းတို့လာပြီလား။ အခုလေးပဲ ဘုရင်မင်းမြတ်က ရယ်စရာပြောနေလို့ပါကွာ”
“တတိယညီလေး ဒီမှာလူဆုံနေပြီဆိုတော့ သန့်ရှင်းသောဓားအကြောင်း ငါတို့သိသလောက် ပြောပြပေးလိုက်ကွာ”
“ပထမဆုံး နတ်သူငယ်မျိုးနွယ်တစ်ခုလုံး ကိုယ်စား မင်းတို့အားလုံးကို စိတ်ရင်းနဲ့ လေးစားကြောင်း ပြောပါရစေ။ ငါတို့ မျိုးနွယ်ကို ဒီအကြပ်အတည်းက လွတ်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျန့်ဟူ ရယ်မောရင်း..
“အာ ကျေးဇူးပြပြီး အဲလောက် ကျေးဇူးတင်မနေကြပါနဲ့။ ဒီလိုအနေအထားမျိုး နောက်တစ်ပြန်ရောက်ခဲ့ရင်တော့ အသီးအနှံဝိုင် ပုလင်း(၁၀၀)လောက် ပေးဖို့ပဲလိုပါတယ်လေ”
တခြားသူတွေလဲ သူ့စကားကို သဘောတူကြောင်း အမူအရာပြလာကြတယ်။ မရက်မသောက်တတ်သေးတဲ့ တုန်းရီတောင်မ ခေါင်းညိတ်တယ်ဗျာ။ သေချာတာပြော နတ်သူငယ် ဘုရင်ကြီးကိုယ်စား ကျုပ်အဖြေတစ်ခု ပေးမှရတော့မယ်။
ဒီလောက် အရသာရှိတဲ့ သစ်သီးဝိုင်တွေ ကျုပ်ရဖို့အတွက် သူတို့ကို နည်းနည်းတော့ လှည့်စားရအုံးမျာပေါ့။
“အဲဒါ မေ့လိုက်တော့ အစ်ကိုကြီး။ မနေ့တုန်းက ငါတို့တွေ သူတိုးတစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်တာလောက် သောက်လိုက်ကြတာ။ သူတို့မှာ လက်ကျန် မရှိတော့ဘူး”
နတ်သူငယ်ဘုရင်နဲ့ ကျုပ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကိုယ်စီနဲ့ ကြည့်လိုက်ကြတယ်။
ကျန့်ဟူ စိတ်ပျက်လက်ပျက်နဲ့ သူ့နှုတ်ခမ်းကို ကိုက်ရင်း..
“ဟာကွာ၊ အဲလိုမှန်းသိ မနေ့က နည်းနည်းလောက် လျှော့သောက်တာပေါ့”
ဒါနဲ့ ကျုပ်လဲ စောစောက စကားကို ပြန်ဆက်ဖို့ တတိယ အကြီးအကဲကို အချက်ပြလိုက်ရတော့တယ်။
“သန့်ရှင်းသောဓား။ ဟိုးရှေ့ရှေးတုန်းက နတ်ဘုရာတွေအားလုံးရဲ့ အရှင်ဘုရင် ကိုင်ဆောင်တဲ့ လက်နက် အကျွင်းအကျန်လို့ ပြောကြတာပဲ။ ကောင်းကင်ကို ဖျက်စီးပြီး မြေပြင်ကိုတောင် သုတ်သင်နိုင်စွမ်းရှိတယ်။ ငါတို့ မျိုးနွယ်စု ဒဏ္ဍာရီ မှတ်တမ်းတွေအရ အဲ့ဓားက နတ်ဘုရား သစ်တောထဲမှာပဲ ရှိလောက်တယ်”
“နတ်ဘုရား သစ်တောလား။ တခါမှ မကြားဖူးသေးဘူး”
“မှန်တယ်။ အဲဒါ သဘာဝ ကျပါတယ်။ ရှေးခေတ်တုန်းက သဘာဝ နတ်သူငယ်တွေကို နတ်ဘုရားကိုယ်စားလှယ်တော်တွေလို့ ခေါ်ဝေါ်ခဲ့ကြတယ်။ ဒါကြောင့် ဒီလျှို့ဝှက်ချက်ကို ငါတို့ပဲ သိကြတာပေါ့။ တကယ်တော့ မင်းတို့လို ရတနာမုဆိုးတွေ အများကြီး တွေ့ခဲ့ဖူးပြီးပါပြီ။ ဒါပေမယ့် နတ်ဘုရားသစ်တောကို ရှာတဲ့သူတော့ အတော်နည်းတယ်။ တကယ်လို့များ နတ်ဘုရားသစ်တောကို မင်းတို့တွေ ရှာလို့တွေ့မယ်ဆိုရင်တောင် နတ်ဘုရားတွေ ဖန်တီးထားတဲ့ ကန့်သတ် နယ်နိမိတ်ကို ကျော်ဖြတ်နိုင်မယ် မထင်ဘူး။ ဆိုတော့ သန့်ရှင်းသောဓားကို အခုအချိန် ရှာလို့ မတွေ့ကြသေးဘူးပေါ့ကွာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀)အတွင်း ရတနာရှာတဲ့အဖွဲ့ဆိုလို့ မင်းတို့အဖွဲ့ ပထမဆုံးပဲ”
“နယ်နိမိတ်စည်းလား။ ကျုပ်တို့အဖွဲ့ရဲ့ အင်အားနဲ့တောင် ဝင်လို့ မရနိုင်ဘူးလား”
တကယ်ဆို ကျုပ်တို့(၆)ယောက်ရဲ့ အစွမ်းက စစ်တပ်ငယ်တစ်ခုစာလောက်ကို ရှိတာလေ။
“မင်းတို့အဖွဲ့ရဲ့ စွမ်းအားက တကယ်ကို တော်တော်လေး ကောင်းပါတယ်။ ငါ ငယ်ငယ်တုန်းက မင်းတို့အဖွဲ့ထက် အစွမ်းမနည်းတဲ့ လူသားအုပ်စုတစ်စု မဝင်နိုင်လိုက်ဘူးဆိုတာတော့ ငါမြင်ဖူးခဲ့တယ်။ ဒီနယ်နိမိတ်စည်းကို ကျော်ဖြတ်ဖို့ ဆိုရင် ခွန်အားတွေတင်မကဘူး နတ်ဘုရားတွေရဲ့ အသိအမှတ်ပြုမှုလဲ လိုသေးလို့ မှတ်တမ်းတွေက ဆိုထားတယ်။ ဒါကို ဒို့တွေအားလုံးအသိပဲ။ နတ်ဘုရားသစ်တောထဲကို ဘယ်လိုဝင်ရမလဲဆိုတာတောင် အခုထိ ငါတို့မသိသေးဘူး။ ဒါပေမယ့် အသက်အန္တရာယ် မဖြစ်ဘူးဆိုရင်တောင် လာသမျှအားလုံးကို မောင်းထုတ်နိုင်နေတုန်းပဲလေ”
ဒီတာဝန်ကို ပြီးဖို့အတွက် အခက်အခဲမရှိလောက်ဘူးလို့ မှတ်ထားမိတာ ဒီလောက် ဇယားရှုတ်လိမ့်မယ်လို့ကို မထင်မိဘူး။
“အခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် နတ်ဘုရားသစ်တောကရော ဘယ်နေရာမှာလဲ။ အနည်းဆုံးတော့ ကျုပ်တို့တွေ သွားပြီး ကံစမ်းကြည့်လို့ ရနိုင်တယ်လေ”
“ကျန်းကုန်း မင်းစိတ်မပူပါနဲ့ကွာ။ မင်းက တခြားသူတွေထက် ထူးခြားပြီး ခင်မင်ရင်းနှီးမှု အငွေ့အသက်တွေ ပေးစွမ်းနိုင်တဲ့ လူတစ်မျိုးလို့ ငါခံစားရတယ်။ တစ်ယောက်နဲ့တစ်ယောက် သိတာ မကြာသေးပေမယ့် မင်းလို မိတ်ဆွေမျိုး တော့ ထပ်မတွေ့နိုင်တော့ဘူး။ နတ်ဘုရားတွေက ကြင်နာတတ်တဲ့သူတွေကို နှစ်သက်ကြတယ်။ ပြီးတော့ မင်းက အလင်းမှော်ပညာ သုံးနိုင်တယ်လေ။ ဒါကြောင့် မင်းကို နတ်ဘုရားတွေ လက်ခံဖို့ အခွင့်အလမ်း တော်တော်များပါတယ်”
တတိယအကြီးအကဲရဲ့ စကားကိုကြားတော့ ရှို့စစ်ကတောင်..
“မှန်တယ်။ ရှင်းအောင်း၊ ကောင်းသဲနဲ့ ကျုပ်တို့အားလုံး ဒီလိုပဲ ခံစားရတယ်။ အစောပိုင်းကတော့ သူ့ကို အဲလောက်ထိ ယုံကြည်မှု မရှိခဲ့ကြသေးဘူး။ ဒါပေမယ့် ကြာကြာပေါင်းမိလေ ယုံကြည်မှု ပိုလာလေပဲ။ မသိစိတ်ထဲကနေကို သူကျုပ်ရဲ့ သူငယ်ချင်း ဖြစ်နေပြီ”
ကျုပ် သူတို့ကို ကြည့်လိုက်မိတယ်။ အဲ့စကားတွေ မှန်နေတဲ့ပုံပဲ။ ကျုပ်မှာ ရန်သူလုံးဝမရှိဘူးလေ။ ကျုပ်နဲ့ အချိန်နည်းနည်း လောက်လေး အတူနေမိကြတဲ့သူတိုင်း ကျုပ်အပေါ် ထူးထူးခြားခြားကို ယုံကြည်ကြတာ။ အစကတော့ ကျုပ်ရူပကာကြောင့်လို့ပဲ ထင်ထားတာ။ ဒါပေမယ့် သူတို့က ရင်းနှီးမှု တစ်ခုကြောင့်ပဲဆိုတော့ ကျုပ်တောင် စိတ်ပျက်မိတယ်။
“ဒီလောက်နဲ့ပဲ တော်ကြပါတော့။ အကုန်လုံးက ကျုပ်ကို ဝိုင်အမွှန်းတင်နေကြတာပဲ။ တတိယ အကြီးအကဲ ကျေးဇူးပြုပြီး နတ်ဘုရားသစ်တော ရှိတဲ့ နေရာအကြောင်းလေး ဆက်ပြောပေးပါအုံး”
“တကယ်ဆို မင်း နတ်ဘုရားသစ်တောထဲ ရောက်နေပြီဟ.. အခု ငါတို့တွေက နတ်ဘုရားသစ်တောရဲ့ အပြင်ဘက်မှာ။ ငါတို့ နတ်သူငယ်တွေ နေတဲ့ သစ်တော့က နတ်ဘုရားသစ်တောရဲ့ အပြင်ဘက် သစ်တောနယ်မြေပေါ့။ ဒီနေရာကနေ တောနက်ထဲကို ဆက်သွားမယ်ဆိုရင်တော့ နတ်ဘုရားသစ်တောထဲ ရောက်ပြီပေါ့”
ကျန့်ဟူတောင် ပြုံးပြီး..
“ကျန်းကုန်း ငါတို့ တော်တော်ကံကောင်းတာပဲကွ။ လမ်းကြောင်း ကျဉ်းသွားတဲ့အပြင် ငါတို့ နောက်ထပ် ခရီးဆက်ဖို့လဲ မလိုတော့ဘူး။ အကြီးအကဲ ကျုပ်တို့ကို အဲ့နေရာကို ခေါ်သွားပေးဖို့ အဆင်မပြေနိုင်ဘူးလား”
“ငါတို့ရဲ့ ဘိုးဘေး(၁၁)ယောက်ရဲ့ စည်းမျဉ်းက နတ်ဘုရားသစ်တောရဲ့ ကီလိုမီတာ(၁၀၀)အတွင်း ဘယ်တော့မှမသွားဖို့ သွေးစည်းကမ်း တင်းတင်းကြပ်ကြပ် ထုတ်ထားတယ်။ အနီးစပ်ဆုံးနေရာအထိပဲ ရမယ်ပေါ့ကွာ။ ငါပြောတဲ့ လမ်းအတိုင်း ဆက်သွားရင် မင်းတို့ တွေ့ရမှာပါ”
“ကောင်းပါတယ်။ ဒါဆိုလဲ ကျုပ်တို့တွေ အခုပဲ စထွက်တော့မယ်”
ခရီးစထွက်ဖို့ မတ်တပ်ရပ်လိုက်တဲ့အချိန် နတ်သူငယ်ဘုရင်ရဲ့ စိတ်ပူပင်သောက ရောက်နေတဲ့ အမူအရာကို မြင်လိုက်ရတယ်။ သူတစ်ခုခုကို ပြောချင်နေတဲ့ပုံပဲ။
“အရှင်မင်းကြီး တစ်ခုခုသများ ပြောချင်တာရှိလား”
“ဟုတယ်ကွာ။ ရှက်ရှက်နဲ့ ဝန်ခံရရင် ဒီတစ်ကြိမ် အမှောင်မျိုးနွယ်တွေ ပြန်ဆုတ်သွားပြီဆိုပေမယ့် ငါကြောက်မိနေတုန်းပဲ”
သူတို့တွေ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လာမှာကို ကြောက်နေကြတာ ရုတ်တရက် သိလိုက်ရတယ်။ ဒါတော့ တကယ့် ပြဿနာပဲ။ ကျုပ်လဲ သိုလှောင်အိတ်ထဲကနေ စာအုပ်တစ်အုပ် ထုတ်ပြီး နတ်သူငယ်ဘုရင်ကြီးကို ပေးလိုက်တယ်။
“ဒါ ကျုပ်ကိုယ်တိုင် ရေးထားတဲ့ ပေါ့ပေါ့ပါးပါး အခြေခံအဆင့်နဲ့ အလယ်အလတ်တန်းစားအဆင့် မန္တန်စာအုပ်တစ်အုပ်ပါ။ အထဲမှာ ကျုပ်ကိုယ်တိုင် ဖန်တီးထားတဲ့ မန္တန်ငယ်လေးတွေလဲ အများကြီးပါတယ်။ ဘုရင်ကြီးရဲ့ စစ်သည် (၁၁)ယောက် ကို ကောင်းကောင်း လေ့ကျင့်ခိုင်းလိုက်ပါ။ သူတို့ရဲ့ ပင်ကိုမှော်ပညာတွေနဲ့ဆိုရင် ခပ်မြန်မြန်ပဲ လေ့ကျင့် တတ်မြောက်သွားလောက်ပါတယ်။ ဒီနည်းနဲ့ဆို ထပ်ပြီး ကြောက်စရာ မလိုတော့ဘူးပေါ့”
နတ်သူငယ် ဘုရင်ကြီး စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး..
“ဒါ တစ်ခုခု လွဲနေသလိုပဲ။ ဒါတွေက မှော်ဆန်ဆန် သရုပ်ဖော်ပုံတွေပါလား”
“အာ … တောင်းပါန်ပါတယ်။ ကျုပ်မှားပေးမိတာ”
ကျုပ် ချက်ချင်းပဲ စာအုပ်တစ်အုပ် ပြောင်းပေးလိုက်ရတယ်။ ဟုတ်တာပေါ့ ဒီစာအုပ်ထဲက မှော်ပညာတွေကို ကျုပ်ကိုယ်တိုင် မလေ့လာရသေးဘူးလေ။ အချိန်ရတဲ့အခါ လေ့လာရအုံးမယ်။
(အမှန်တကယ်တွင် စာအုပ် အတွင်းထဲရှိ မှော်ပညာရပ်များသည် ထူးခြား လေးနက်သော ဗဟုသုတ ပညာရပ်များနှင့် ပြည့်နှက် နေပေသည်။ အလင်း၏သားတော်သည် သူ၏ အကြီးမားဆုံး အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အချိန်ကျမှသာ ထိုမှော်ပညာရပ်များကို စောစီးစွာမလေ့လာခဲ့ခြင်းသည် အမှားကြီးတစ်ခုဖြစ်ကြောင်း သိရှိသွားခဲ့ရခြင်းဖြစ်သည်။)
============= (*^*)=============
အပိုင်း(၈၂)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား