← Chapters

နတ်ဘုရားသစ်တော

Vol. 6 Ch. 82

နတ်ဘုရားသစ်တော

Vol. 6 Ch. 82

Child of light (ကျန်းကုန်း)

Volume 3: Chapter 39 – The Forest of Gods

နတ်ဘုရား သစ်တောအမြင်ဘက် မြင်ကွင်းတစ်နေရာမှာ..

“ပင်း…………….” ဆိုတဲ့အသံနဲ့အတူ အလင်းတန်းတွေ ကောင်းကင်ကို ပြည့်လျှံသွားတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က တတိယအကြီးအကဲ ကျုပ်တို့ကို နတ်ဘုရားနယ်နိမိတ်နာအထိ ချောချောမွေ့မွေ့ လမ်းပြပေးခဲ့တယ်လေ။ ဒီတစ်ပတ်အတွင်းမှာ နတ်ဘုရား နယ်နိမိတ်စည်းကို ဖြတ်ကျော်ဖို့ ကျုပ်တို့တွေ နည်းလမ်းမျိုးစုံ သုံးခဲ့ပေမယ့် ကျရှုံးနေတုန်းပဲ။ မှော်တိုက်ခိုက်မှုတွေ၊ တိုက်ပွဲစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေ၊ နှစ်ခုပေါင်းတိုက်ခိုက်မှုတွေ အမျိုးမျိုးနဲ့ တစ်နေရာတည်းကို တိုက်ခိုက်နေတာတောင် ကျုပ်တို့ မအောင်မြင်သေးဘူး။

“ငါတော့ စွမ်းအားတွေကုန်သွားပြီ။ ဒီနေ့လည်း လုပ်နိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးနဲ့ တူပါတယ်”

အဆင့်(၈) မန္တန် မှော်ပညာကို ရုတ်သိမ်းပြီး အတူတူပင်ပန်းနေတဲ့ ကျန့်ဟူနား သွားထိုင်နေလိုက်တယ်။

ရှို့စစ် မျက်မှောင်ကြီးကြုတ်ပြီး..

“ဒါ နတ်ဘုရားတွေ ဖန်တီးတားတဲ့ နယ်နိမိတ်စည်းရော ဟုတ်ရဲ့လားဟ။ ငါတို့ နည်းလမ်းမျိုးစုံနဲ့ တိုက်ိုက်တာတောင် နည်းနည်းလေးမှ မထိရောက်သေးဘူး။ တကယ်ကြီး ကြောက်စရာကောင်းလွန်းတာပဲကွ”

ရှင်းအောင်းလဲ ဒေါသတကြီးနဲ့..

“ငါ မယုံနိုင်သေးဘူးကွာ။ သွားစမ်းကြည့်အုံးမယ်”

ပြောရင်းဆိုရင်းနဲ့ သူ့တိုက်ပွဲစိတ်ဝိညာဉ်သကို သူရဲကောင်းဓားထဲကို စုစည်းပြီး ခပ်စောင်းစောင်း အားကုန် လွှဲခုတ်လိုက်တာ “ပင်း”ကနဲ အသံနဲ့အတူ နယ်နိမိတ်စည်းကလို့ ပြောစရာမလိုတော့အောင်ကို ပြန်ပြီးတုန့်ပြန်လာတယ်လေ။

အဲ့ တားမြစ်စည်းက ဖေါက်ထွင်းမြင်နေရတဲ့အပြင်၊ တိုက်ခိုက်ခံလိုက်ရပြီဆိုတာနဲ့ တောက်ပတဲ့ အလင်းရောင်စဉ် (၇)မျိုး ထုတ်လွှတ်လိုက်တော့တာပဲ။ စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာတော့ ကျုပ်တို့လဲ မသိဘူး။ အဲတားမြစ်စည်းက သူ့ကို ဘယ်နည်းနဲ့မှ ထိုးဖေါက်ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအမြင်တွေ ပေးနေတယ်ဗျ။

“ငါတို့တွေ တကယ်ကြီး လက်တော့ရတော့မယ်လို့ မပြောဘူးလား။ ဒီလိုမျိုး ရတနာတောင်ကြီးကို မြင်နေရပြီး လက်ဗလာနဲ့ ပြန်ခဲ့ရတယ်လို့ ဆရာ့ကို ငါဘယ်လိုမျက်နှာနဲ့ သွားပြောရမလဲကွာ”

တုန်းရီ ကျုပ်နားလျှောက်လာပြီးတော့..

“ဒါကို လောလောဆယ် မစဉ်းစားနဲ့အုံး။ အရိုးသားဆုံးနှလုံးသားက အထိရောက်ဆုံးပဲ။ ဒီနေ့တော့ အနားယူလိုက်ကြရအောင်။ မနက်ဖန်မှ ဆက်လုပ်ကြတာပေါ့”

တုန်းရီ စကားတွေကြောင့် ကျုပ်စိတ်လှုပ်ရှားသွားတယ်။

“မင်း ခုနက ဘာပြောလိုက်တာတုန်း”

“ငါတို့ အခုအနားယူပြီး မနက်ဖန်ကျမှ ဆက်လုပ်ကြမယ်လို့ ပြောတာလေ”

“အဲဒါ မဟုတ်သေးဘူးလေ။ အဲ့စကားလုံး အရှေ့ကဟာ”

“အဲဒါ အရမ်း စဉ်းစားမနေနဲ့လို့။ ရိုးသားတဲ့ နှလုံးသားက အထိရောက်ဆုံးပဲလို့ ပြောတာလေ”

“ဟုတ်တယ်…. ဟုတ်တယ်.. ဟုတ်ပြီကွ… အဲဒါ အဓိက အချက်ပဲ။ အရိုးသားဆုံးနှလုံးသားက အထိရောက်ဆုံးပဲ။ စိတ်ရင်းမှန်တဲ့ နှလုံးသားက အထိရောက်ဆုံးပဲ။ ငါတို့သုံးနေတဲ့ နည်းလမ်းတွေက မှားနေတာတဲ့လား”

ကျုပ်စကားကြားတော့ ရှို့စစ် မျက်လုံးတွေ အရောင်လက်လာတယ်။

“မှန်တယ်။ ငါတို့တွေ မတိုက်ခိုက်ဘဲ စိတ်တွေ ဖြေလျော့ထားရမယ့် ပုံလား”

“ထားလိုက်တော့။ ဒီနေ့အတွက် ဒီလောက်ပဲ။ အားလုံးလဲ ပင်ပန်းနေကြပြီဆိုတော့ ကောင်းကောင်းအနားယူပြီး နက်ဖန်မှ သေသေချာချာ ပြန်လေ့လာကြည့်ရအောင်”

သစ်ရွက်ခြောက်တွေကို ဖြန့်ခင်းထားတဲ့ အိပ်ယာပေါ်မှာ လှဲချပြီးတော့ ကောင်းကင်က ကြယ်တွေကိုပဲ ကြည့်နေလိုက်တော့တယ်။ ဒီ မပျက်စီးနိုင်တဲ့ နယ်နိမိတ်စည်းကို ကျုပ်တို့တွေ ဘယ်လိုဖြတ်ကျော်ရင် ရနိုင်မလဲ။ ခွန်အားနဲ့တော့ အလုပ်မဖြစ်တော့ဘူး။ ရိုးသားတဲ့ နှလုံးသားရဲ့ နူးညံ့မှု၊ ရိုးသားခြင်းရဲ့ ဘယ်လိုနည်းလမ်းက အလုပ်ဖြစ်နိုင်မလဲ။ ဒီအတွေးတွေပဲ စိတ်ထဲမှာ တဖြတ်ဖြတ် တောက်လောင်နေတော့တယ်။ ပက်လက်သာလှန်နေတာ အိပ်လဲမပျော်ဘူး။ ခဏ မေ့ထားလိုက်တာ ကောင်းပါတယ်လေ။ ဘယ်လိုမှ အိပ်မပျော်တဲ့အတူတူတော့ သမထ ထိုင်လိုက်တာပေါ့။ ကျုပ်မှော်စွမ်းအားတွေ တတ်နိုင်သလောက် ပြန်ဖြည့်ထားပြီး မနက်မှ စဉ်းစားတော့မယ်။

ရွှေအမြူတေကို တဖြည်းဖြည်းနဲ့ အာရုံ စူးစိုက်ထားလိုက်တယ်။ တကယ်ပြည့်ပြည့်ဝဝကို သက်တောင့်သက်သာ ခံစားနေရပြီး ပတ်ဝန်းကျင်က အလင်းရောင်တွေကို ခံစားနေရတယ်။ လပြည့်ညရဲ့ တောက်ပတဲ့ အလင်းရောင်တွေ မှန်သမျှ ကျုပ်ဆီကို ရောက်လာကုန်ရော။ စိတ်ထဲကတော့ ‘ချစ်ရတဲ့ မိတ်ဆွေတို့ လာကြ။ ကျုပ်မင်းတို့ကို လိုအပ်နေတယ်’လို့ ကိုယ့်ဟာကိုယ် တွေးနေတာ။

အလင်းဒြပ်စင်တွေ ရောက်လာတာနဲ့အမျှ ရွှေအမြူတေလဲ တဖြည်းဖြည်း ဝင်းလဲ့တောက်ပလာတယ်။ မသိလိုက်မသိဖာသာနဲ့ အချိန်တွေ တော်တော်ကုန်သွားပြီ။ ကျုပ် ရွှေအမြူတေတောင် သူ့စွမ်းအင်တွေ အပြည့်အဝ ပြန်ဖြည့်ပြီးနေပြီ။ ဒီခံစားချက်က သက်တောင်သက်သာနဲ့ တော်တော် ခံစားလို့ကောင်းတာပဲ။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ မိုးတောင် မလင်းသေးဘူး။ လူတိုင်း အိပ်နေကြတုန်းပဲ။ ကျုပ် နယ်နိမိတ်စည်းနားကို လျှောက်သွားပြီး ဖျက်စီးလို့မရနိုင်တဲ့ စည်းကို လက်နဲ့ပဲ ဒီအတိုင်းလေး ဆုပ်ကိုင်ကြည့်လိုက်တယ်။ အကြိမ်ပေါင်း (၁၀)သန်းလောက်ကို သက်ပျင်းတွေချလိုက်မိတယ်။ တစ်နှစ်လောက် အသည်းအသန်ကြိုးစားပြီးမှ ဒီနေရာကို ရောက်လာပေမယ့်လို့ အခုလိုပုံစံနဲ့ ရပ်လိုက်ရမှာ ဘယ်လိုမှ မခံစားနိုင်ဘူး။

နယ်နိမိတ်စည်း ဟိုဘက်က စိမ်းစိမ်းစိုစို တောအုပ်ကို ကြည့်လိုက်မိတာနဲ့ ကျုပ်စိတ်တွေ တဖြည်းဖြည်း ပိုပိုပြီး ငြိမ်သက်လာတယ်။ မဟုတ်သေးပါဘူး။ တော်တော်လှတဲ့ မြင်ကွင်းပဲ။ အဲ့အချိန်မှာ ကျုပ်လက်ထိထားတဲ့ နယ်နိမိတ်စည်း နေရာက စွမ်းအသင်တွေ ရုတ်တရက် ပြောင်းလဲသွားတယ်။ အဲဒါများဖြစ်နိုင်မလား။

အလှတရားနဲ့ ငြိမ်းချမ်းရေးကို စဉ်းစားရင်း နယ်နိမိတ်စည်းကို လေ့လာနေခဲ့တာလေ။ သတိရှိရှိနဲ့ပဲ ကျုပ် စိတ်ဝိညာဉ်စွမ်းအား နည်းနည်းကို စပြီး ထိုးသွင်းကြည့်လိုက်တယ်။ ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအား တုန့်ပြန်ချက်က နယ်နိမိတ်စည်းရဲ့ စွမ်းအားတွေဟာ မမျှော်လင့်ဘဲ တုန်ခါလာပြီးတော့ ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို လက်ခံလိုက်ပါလား။

နွေးထွေးကြင်နာတတ်တဲ့ စကားသံက ကျုပ်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ပံ့တင်သံလိုမျိုးထွက်လာတော့ ကျုပ်နည်းနည်းလန့်သွားတယ်။

“ငါ့ရဲ့ ထာဝရအနားယူခြင်းကို ဘယ်သူလာနှောက်ယှက်ဝံ့တာလဲ”

ဒီ နယ်နိမိတ်စည်းက တကယ်ကြီး အသက်ရှိနေတာလား။ ကျုပ်လဲ နယ်နိမိတ်စည်းကို မနောနဲ့ပဲ..

“မင်္ဂလာပါခင်ဗျာ။ ခင်ဗျားရဲ့ ငြိမ်းချမ်းရေးကို မတော်တဆ နှောက်ယှက်မိလိုက်သလို ဖြစ်သွားတာပါ။ သန့်ရှင်းသောဓားကို ရှာဖို့ ဒီကိုရောက်လာတာပါ”

“သန့်ရှင်းသောဓားလား။ လူတွေ တော်တော်များများ ဒီကိုရောက်လာကြတယ်။ မင်း ရှာဖွေနေတာတွေ ဒီနေရာမှာပဲ ရပ်လိုက်ဖို့ အကြံပေးချင်တယ်”

“ဘာဖြစ်လို့ဗျာ”

“ဘာဖြစ်လို့လဲဆိုတော့ ငါ့အနေနဲ့ မင်းရဲ့ ကောင်းမြတ်တဲ့စိတ်ထား နှလုံးသားကို ခံစားမိနေတဲ့အတွက် မင်းအသက် စွန့်ရတဲ့ အဖြစ်မျိုးကို မမြင်ချင်ဘူး”

“ဒါ ကျုပ်ဆရာ ပေးထားတဲ့ တာဝန်တစ်ခုဖြစ်နေတယ်။ ဘယ်လောက်ထိ ခက်ခဲပါစေ ပြီးအောင်တော့ လုပ်မှရမယ်။ ကျုပ်ကို ဝင်ခွင့်ပြုဖို့ မေတ္တာရပ်ခံပါရစေ”

သူကျုပ်ကို အကြောင်းပြန်ဖို့လေးကို တစ်နာရီခွဲတောင် ကြာတယ်ဗျာ။

“အဘိုးတားပြစ်စည်း အဆင်ပြေလားဗျာ”

“ကောင်းပြီလေ။ အထဲမှာ အရမ်း အန္တရာယ်များတယ်နော်။ ကျော်ဖြတ်ရမယ့် အခက်အခဲ အတားအစည်း (၃)ခုရှိတယ်။ တစ်ခုချင်းစီက ပိုပိုပြီး ခက်လာတာမို့ မင်းသတိထားရလိမ့်မယ်။ မင်းနဲ့အတူ မင်းသူငယ်ချင်းတွေပါ ဝင်ခွင့်ပေးလိုက်မယ်။ အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရုစိုက်ရမှာ ဖြစ်သလို စိတ်ခံစားချက်တွေ ဆင်းဆင်းရဲရဲ ခံစားလာရလို့ မကျော်ဖြတ်နိုင်တော့တဲ့ အခြေအနေမျိုးဆိုရင် ဆက်မနေတော့ဘဲ အမြန်ဆုံး ပြန်ဆုတ်လာခဲ့ရမယ်။ ကိုယ့်အသက်ကို အချည်းနှီး မစတေးပစ်နဲ့”

“ကောင်းပါပြီး။ ကျေးဇူးတင်ပါတယ်၊ အဘိုး တားမြစ်စည်း”

သူ့စီက အဲ့စကားလုံးတွေပြောလာတာ တော်တော်ကို ပျော်သွားတာပဲ။

ကျုပ် ဘယ်လောက်ထိ ကံတွေကောင်းနေလဲဆိုတာတော့ မသိဘူး။ ပထမဆုံး ဒီတားမြစ်စည်းကို ဖန်ဆင်းခဲ့တဲ့ နတ်ဘုရားက သူဖန်တီးသခဲ့ပြီးကတည်းကနေ အခုထိဆိုရင် နှစ်ပေါင်း မရေတွက်နိုင်အောင်ကို ဖြစ်နေပြီ။ မကောင်မှုတွေ၊ ကြမ်းတမ်းရက်စက်မှုတွေ ဘယ်လိုစွမ်းအားမျိုးပဲဖြစ်ဖြစ် အကုန်ရပ်တန့်သွားရတာကြီးပဲ။ ကျုပ်ကတော့ ကျုပ်စိတ်ရင်း အမှန်ကို မတော်တဆပြလိုက်ပြီးတဲ့အခါ ‘အဘိုးတားမြစ်စည်း’ လို့ အမည်ပေးလိုက်မိတဲ့ ဟာကြီးက မထင်မှတ်ဘဲ နိုးထလာတယ်လေ။ ဒုတိယအနေနဲ့ “အဘိုးတားမြစ်စည်း’နဲ့ ဆွေးနွေးတဲ့ အချိန်မှာ ကျုပ်ရဲ့ ပြတ်ပြတ်သားသား ခံယူချက်တွေကြောင့် သူ့ရဲ့ လေးစားမှု ရလိုက်တယ်။ ကျုပ်အတွက်တော့ ဒါ ‘အဘိုး တားမြစ်စည်း’ကို အောင်နိုင်ခဲ့ရတဲ့ အရေးအကြီးဆုံး အချက်တွေပဲ။ သူ့ခွင့်ပြုချက်သာ မရခဲ့ရင် ဒီတားမြစ်စည်းထဲကို ဝင်ရဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တာ။

ကျုပ်လဲ ဟိုကောင်တွေဆီ ပြန်သွားပြီးတော့..

“ထ ထ အားလုံးထ။ အကုန်လုံး မြန်မြန်ထကြစမ်းပါဟ”

ကျုပ် လိုက်ပြီး တွန်းလှုပ်နှိုးပစ်လိုက်တာ နောက်ဆုံးတော့ အကုန်နိုးလာကြပြီ။

ရှို့စစ် အိပ်မှုံစုံမွှားနဲ့..

“ကျန်းကုန်း ဘာလဲကွာ။ ငါ နည်းနည်းတော့ ထပ်အိပ်အုံးမယ်ကွာ။ ရောင်နီတောင် မသန်းသေးပါဘူးကွာ”

“ဟုတ်တယ်။ အစောကြီးရှိသေးတာ ဘာလုပ်တာတုန်းကွာ”

မကျေနပ်သံတွေ စခန်းချတဲ့ နေရာလေးမှာ ဆူညံ့သွားပါလေရော။

ကျုပ်ပြုံးပြီး ရုတ်တရက် အသံကျယ်ကျယ်နဲ့။

“တားမြစ်စည်းထဲကို ဝင်ဖို့ နည်းလမ်း ရှာတွေ့လိုက်ပြီ”

ကျုပ်စကားက လူတိုင်းကို ထိတ်လန့်တဲ့အထိ ဖြစ်သွားလိုက်တာ ပထမဆုံး သတိလည်လာတာက ရှို့စစ်ပဲ။

“တကယ်ကြီးလား။ ငါတို့တွေ တားမြစ်စည်းထဲကို ဝင်လို့ရပြီလား”

“ဟုတ်ပ။ တားမြစ်စည်းထဲကို ငါတို့ ဝင်လို့ရပြီ။ အခု မြန်မြန်ထလိုက်ကြတော့။ ပျင်းနေတာတွေ ဘေးချိတ်ပြီး ထကြတော့။ ငါတို့ အခုပဲ ဝင်ကြရအောင်”

တုန်းရီ ဝမ်းသာအားရ ထခုန်လာပြီး..

“ကျန်းကုန်း မင်းဘယ်လိုလုပ်လိုက်တာတုန်း”

တားမြစ်စည်းနဲ့ ဘယ်လို ဆက်သွယ်မိသွားတယ်ဆိုတာကအစ အသေးစိတ် ပြန်ရှင်းပြလိုက်တယ်။

“ကျန်းကုန်း။ ဒီ တားမြစ်စည်းက ဒီနေရာမှာ အချိန်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲမသိဘူး။ နတ်ဘုရားတွေ ဖန်ဆင်းထားတာလို့ပဲ ထင်တယ်။ မင်းကံကြမ္မာက တော်တော်ကို ကောင်းနေတာပဲကွ။ သွားကြရအောင် မဟုတ်ရင် အဲ့လူကြီး စိတ်ပြောင်းသွားအုံးမယ်”

“အဟီး။ အဲလို မဖြစ်ပါဘူးကွာ။ သွားကြစို့ဟေ့”

လူတွေအကုန် တားမြစ်စည်းနားကို တစ်ခါရောက်လာကြပြန်ပြီ။ တားမြစ်စည်းပေါ် လက်တင်ပြီးတာနဲ့ ကျုပ်တို့တွေ လေးစားမှု၊ အေးချမ်းမှု၊ နွေးထွေးမှု ခံစားချက်တွေ ပေးသွင်းလိုက်တယ်။ ရုတ်တရက် ကျုပ်တို့ လက်တွေ ထိထားတဲ့ တားမြစ်စည်းနေရာက အလင်းရောင်တွေ ပျောက်သွားပါလေရော။

ကျုပ်တို့တွေ ပြိုင်တူ အော်ဟစ်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြတယ်။ ကျုပ်တို့တွေ အရင်က တားမြစ်စည်းရှိခဲ့ဘူးတဲ့ နေရာကို လေးလေးစားစား အရိုအသေပေးလိုက်တယ်။ ပြီးတော့ လျှပ်စီးလက်သလို အထဲပြေးဝင်လိုက်ကြတော့တာပေါ့ဗျာ။

============= (*^*)=============

အပိုင်း(၈၃)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters