သစ်တောထဲမှ ကျောက်တုံးဂိုလန်ကြီးများ
Vol. 6 Ch. 83
Child of light (ကျန်းကုန်း)
Volume 3: Chapter 40 – Forest Giants
နောက်ဆုံးတော့ ကျုပ်တို့တွေ ဝင်သွားလိုက်ပြီ။ အားလုံးလဲ စိတ်ခံစားချက်တွေ ကြည်လင်နေရောပဲ။
အာရုံတက်ချိန်ရောက်တော့ ကျုပ်တို့တွေ သစ်တောထဲကို (၃)ကီလိုမီတာ(၄)ကီလိုမီတာလောက် စွန့်စား ဝင်ရောက်ခဲ့ကြပြီပေါ့။
“အားလုံး အရှိန်လျှော့လိုက်ကြ။ ‘အဘိုးတာမြစ်စည်း’ က ဒီမှာ အန္တရာယ်တွေ ရှိတယ်လို့ ပြောလိုက်တယ်”
ကျုပ် အားလုံးကို သတိပေးထားလိုက်တယ်။
ကောင်းကင်ထိ ထိုးတက်နေတဲ့ သစ်ပင်တွေကြားထဲရောက်နေပြီ။ သန့်ရှင်းသောဓားက တကယ်ကြီး ဒီနေရာမျာ ရှိနေတာတဲ့လား။
“အားလုံး ခဏစောင့်ကြအုံး။ အန္တရာယ် အနံ့အသက်ရတယ်”
ရုတ်တရက် လေထုထဲကနေ အန္တရာယ် အငွေ့အသက်တွေ ရလိုက်တယ်။ မဟုတ်သေးပါဘူး။ ရှောင်ကျင်း အန္တရာယ် အငွေ့အသက်ကို ခံစားရလို့သာ ကျုပ်ကို ပြောတာနေမယ်။ ရှောင်ကျင်းကိုတောင် ကြောက်လန့်စေနိုင်တဲ့ အန္တရာယ် ကျုပ်တို့ဆီလာနေတာလား။
ကျုပ်တို့တွေ တစ်ညီတညွှတ်တည်း ပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရဘူး။ ဒါပေမယ့် ကျုပ်တို့ဆီကို အန္တရာယ်တွေ နီးကပ်လာနေပြီဆိုတာ ရှောင်ကျင်းဆီက ခံစားချက်တွေ ပိုပိုပြီး ပြင်းထန်လာနေတယ်။
ကျန့်ဟူ မြေပြင်ကို လက်ညှိုးထိုးပြရင်း..
“ဒါ ပုံမှန်မဟုတ်ဘူး။ မြေပြင်ကို သေချာကြည့်ကြ”
သူညွှန်ပြတဲ့ မြေပြင်ကို ကြည့်လိုက်တော့ မြက်ခင်းပြင်ကြီးကလွဲလို့ ဘာမှ ထူးခြားမျုမတွေ့ရပါဘူး။ ဒါပေမယ့် သေသေချာချာ စိုက်ကြည့်လိုက်တော့ မြက်ပင်တိုတိုလေးတွေ နည်းနည်းတုန်နေသလိုပဲ။ မဟုတ်သေးပါဘူး။ နည်းနည်းချင်း တုန်နေတာ။
အတွေ့အကြုံရှိတဲ့ ရှို့စစ် မြေပြင်ပေါ် ဝမ်းလျားမှောက်ပြီး နားကပ်ထောင်ကြည့်နေတယ်။
“ဘယ့်နှယ့်လဲ”
ရှို့စစ် သူ့လက်ကို ယမ်းပြီးမနှောက်ယှက်ဖို့ သတိပေးလာတယ်။
ခဏကြာတော့ ရှို့စစ် မြေပြင်ကနေ ခုန်ထလာပြီး မျက်နှာပြင်မှာ သွေးစုပ်ဖြူလျော်သွားပြီး..
“မကောင်းတော့ဘူး။ နေရာပေါင်းစုံကနေ ဘာမှန်းမသိတဲ့ သတ္တဝါတွေ ငါတို့ဆီကို ကပ်လာနေပုံပဲ။ အသံတွေကြားရသလောက်တော့ ငါတို့နဲ့ (၂)ကီလိုမီတာလောက်ပဲ ဝေးလိမ့်မယ်။ သူတို့ ခြေသံတွေ အရမ်းလေးနေတော့ အရွယ်အစား နည်းနည်းနောနော အကောင်ကြီးတွေ ဖြစ်မှာ စိုးရိမ်ရတယ်”
“ငါတို့ ဘာတွေလုပ်ကြမလဲ”
အားလုံး စဉ်းစားခန်း ဖွင့်နေကြပြီ။
အစ်ကိုကြီး ကျန့်ဟူ လေသံ ပြတ်ပြတ်သားသာနဲ့..
“သစ်ပင်တွေ ထူထပ်နေတဲ့ နေရာတစ်ခု ရှာကြည့်ရအောင်။ ဒါဆို အဲ့ကောင်တွေ ငါတို့ကို အဘက်ဘက်က ဝိုင်းတိုက်လို့ မရတော့ဘူး။ ဒီကောင်တွေ ငါတို့ကို ဝိုင်းထားပြီးသားဆိုတော့ ငါတို့ လုပ်နိုင်တာဆိုလို့ အားနည်းသွားအောင် အတားအဆီးတွေ ရှာဖို့ မျှော်လင့်ချက်ပဲရှိမယ်”
ကျန့်ဟူစကားကို အားလုံး စိတ်တူကိုယ်တူ လက်ခံကြတယ်။ သစ်ပင်တွေ ပြည့်နှက်နေတဲ့ နယ်မြေလေးတစ်ခု ကျုပ်တို့ အမြန်ရှာတွေ့လိုက်ကြတယ်။
ရှို့စစ်က..
“သူတို့တွေ ရောက်လာတဲ့အချိန် ငါတို့တွေ စက်ဝိုင်းပုံစံဖွဲ့ပြီး လမ်းကြောင်းတွေ ပိတ်ဆို့ထားသင့်တယ်။ ကျန်းကုန်း အင်းအလယ်တည့်တည့်ကနေ မှော်ပညာနဲ့ တိုက်ကွာ”
“ကောင်းတယ်။ တုန်းရီရဲ့ ကျွမ်းကျင်မှုကလဲ ကွဲပြားတော့ အလယ်မှာပဲနေ။ ရှင်းအောင်းနဲ့ ကောင်းသဲ၊ အစ်ကိုကြီး ကျန့်ဟူ၊ ရှို့စစ်တို့နဲ့ တစ်တွဲစီ တွဲနေလိုက်။ အကုန်လုံး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပံ့ပိုးကာကွယ်ကြ”
ကျုပ်တို့တွေ အစီအစဉ်ဆွဲပြီးတဲ့အချိန်မှာ ထူးခြားတဲ့ ခြေသံကြီးတွေ စပြီးကြားနေရပြီ။ ကျုပ်တို့ နှလုံးသားတွေ တထိတ်ထိတ် ခုန်တဲ့အထိ ဖြစ်လောက်အောင် အဲဒါ ဘာကောင်ကြီးတွေများလဲ။
နောက်ဆုံးတော့ အဲ့ကောင်ကြီးတွေကို မြင်လိုက်ရပြီ။ အားလုံး တုန်လှုပ်ခြောက်ခြားစွာနဲ့ ကြည့်ပြီး လေအေးတွေ မျိုချရင်း တစ်ယောက်ကိုယ်တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်နေယုံပဲ လုပ်နိုင်တော့တယ်။
ဧရာမ ဂိုလန်ကြီးတွေ ပြည့်သိပ်နေအောင် ကျုပ်တို့ဆီ လျှောက်လာကြတာ။ အရေအတွက်ကလဲ မနည်းဘူး။ ပုံစံခွက်ထဲက ထွက်လာသလိုမျိုး တစ်ပုံစံတည်းတွေဗျ။ အရပ်က (၂)မီတာခွဲလောက် မြင့်တယ်။ သူတို့ခန္ဓာကိုယ် တစ်ခုလုံး ကျောက်တုံးကြီးတွေနဲ့ ဖွဲ့စည်းထားတာ။ နည်းနည်းလေး ဟနေတဲ့ သစ်ပင်တွေကြားကနေ ကျုပ်တို့ဆီကို ကပ်လာတာနဲ့ အမျှ..
“ကျူးကျော်သူတွေကို ဖယ်ရှားပစ်။ ကျူးကျော်သူတွေကို ဖယ်ရှားပစ်”
မဟုတ်သေးပါဘူး။ ကြောက်စရာကောင်းလွန်းတယ်။ အဲဒါ ဘာကောင်ကြီးတွေလဲ။ ကျောက်တုံးဂိုလန် ကြီးတွေများလား။
သူတို့ ကပ်လာတဲ့အချိန် ကျန့်ဟူ လေချွန်သံပေးပြီး တိုက်ခိုက်ဖို့ ပြင်နေပြီ။
ဒီလိုမျိုး စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပဲ ကျုပ်စိတ်တွေ ထူးထူးခြားခြား ကြည်လင်သွားတယ်။
“ဒီအတိုင်းဆိုရင် ငါတို့တွေ တစ်ယောက်မကျန် အသတ်ခံသွားရနိုင်တယ်။ သူတို့တွေ ဘယ်လောက်များလဲ မသိတဲ့အပြင် ငါတို့မှာ နောက်ဆုတ်စရာ လမ်းလဲမရှိဘူး။ ရှေ့တိုးပြီး တောနက်ကြီးထဲကို ပြေးသင့်တယ်။ အစ်ကိုကြီးနဲ့ ရှို့စစ် ရှေ့ကနေ လမ်းဖွင့်ပေး။ ရှင်းအောင်းနဲ့ ကောင်းသဲ ငါတို့နောက်ပိုင်းကို တာဝန်ယူ။ တုန်းရီနဲ့ ငါ အလယ်ကနေ အားဖြည့်ပေးမယ်”
ကျောက်တုံးဂိုလန်ကြီးတွေ ကျုပ်တို့နားရောက်တော့..
“အားလုံး တိုက်ကြ”
အစ်ကိုကြီး ကျန့်ဟူ ရှေ့ဆုံးက ဦးဆောင်ပြီး လက်ထဲက ဓားရှည်နဲ့ တိုက်ပွဲစိတ်ဝိညာဉ် အဖြူရောင်အလင်းတန်းတွေ ပေါင်းပြီး ရှေ့တည့်တည့်က ဂိုလန်ကြီးကို ခုတ်ချလိုက်တယ်။ ဂိုလန်ကြီး အဲဒီတိုက်ခိုက်ချက်ကို တားတဲ့အနေနဲ့ သူ့ကျောက်တုံးလက်ကြီးကို အပေါ်မြှောက်လိုက်တယ်။ ကြယ်စင်သူရဲကောင်းအဆင့်နဲ့ နီးကပ်နေတဲ့ အစ်ကိုကြီး ကျန့်ဟူရဲ့ တိုက်ကွက်ကို သူတို့ ကာကွယ်နိုင်မလားမသိ။ အဖြူရောင် အလင်းတန်းတွေ လင်းလက်သွားတယ်။ ‘ကချာ’ ဆိုတဲ့အသံကြီးထွက်လာတယ်။ ကျောက်တုံး ဂိုလန်ကြီး ကျန့်ဟူကြောင့် နှစ်ပိုင်းကွဲသွားပြီး တစ်ဝက်လောက် ကျေမွသွားတယ်ဗျ။
တစ်ကိုကြီး ကျန့်ဟူရဲ အစွမ်းသတ္တိကြောင့် ကျုပ်တို့တွေ စိတ်ဓါတ်တက်ကြွသွားကြတယ်။ ရှို့စစ်လဲ ဂိုလန်ကြီးတစ်ကောင်ကို တိုက်ဖို့ အဲလိုနည်းလမ်းကိုပဲ သုံးခဲ့တာ။
“အို လင်ရောင်ခြည်။ ငါ့ မိတ်ဆွေတို့။ အလင်းအကာအရံများ ဖွဲ့စည်းလို့ ရန်သူတွေရဲ့ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ကြစမ်းပါ”
ကျုပ်လူတွေ အားလုံးအတွက် အလင်းတံတိုင်းတစ်ခု ချက်ချင်းထုတ်ပြီး ကျုပ်တို့သွားနေတဲ့ လမ်းကြောင်းတလျှောက် ဂိုလန်ကြီးတွေကို သတိုက်ခိုက် ဖယ်ရှားပစ်ဖို့ အလင်းစွမ်းအင်တွေသုံးပြီး ဓားတစ်ချောင်းဖန်တီးလိုက်တယ်။
ဒီလိုနဲ့ ကျုပ်တို့တွေ ခက်ခဲကြမ်းတမ်းလွန်းတဲ့ တစ်ပွဲကြီးတစ်ခုထဲမှာ နစ်မြုပ်သွားပါလေရော။ ကျုပ်ကတော့ အလုပ်အရှုပ်ဆုံးပေါ့ဗျာ။ ကျုပ်တို့ လမ်းကြောင်းရှေ့မှာလဲ အများကြီးရှိသေးတယ်။ အစ်ကိုကြီးနဲ့ ရှို့စစ်တို့ တိုက်ပွဲစိတ်ဝိညာဉ်တွေက ကျောက်တုံးဂိုလန်ကြီး (၇)ကောင်(၈)ကောင်လောက်ကို ခပ်မြန်မြန်ပဲ ချေမှုန်းပစ်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်တို့ ဘေး ဘယ်ညာနဲ့ အနောက်ဘက်မှာသ အန္တရာယ်တွေ ပိုများတယ်။ ကောင်းသဲနဲ့ ရှင်းအောင်တို့က သိုင်းပညာအဆင့်နိမ့်သေးတော့ နောက်တန်းခံစစ်အတွက် တော်တော်လေး ခက်ခဲနေတာ။
ဒီအတိုင်းဆို မဖြစ်သေးဘူး။ လက်ရှိအရှိန်လောက်နဲ့တော့ ဂိုလန်ကြီးတွေကို ဖြတ်ကျော်နိုင်ဖို့မလွယ်လူး။
ကျုပ်လဲ စိတ်ထဲကနေပြီး..
“ရှောင်ကျင်း ကူညီအုံး”
လျှပ်တပျက်ပဲ ရှောင်ကျင်းရဲ့ ခမ်းနားကြီးကျယ်တဲ့ ခန္ဓာကိုယ်ကြီး အားလုံးရှေ့မှာ ပေါ်လာပါလေရော။ သူ့ပါးစပ်ကြီးနဲ့ အဖြူရောင် နဂါးအခိုးအငွေ့တွေ မှုတ်ထုတ်ပစ်လိုက်တယ်။ (၅)မီတာလောက်အထိကို လမ်းကြောင်းတစ်ခု ချက်ချင်း ရှင်းသွားတယ်။
“ရောင်ကျင်း လမ်းဖွင့်ပေးလိုက်ပြီ။ အားလုံး အဲ့နောက်ကနေ အမြန်လိုက်ကြ”
ရှောင်ကျင်းရဲ့ ခန္ဓာကို ကာယစွမ်းအားသက်သက် တိုက်ခိုက်မှုတွေက တော်တော်ကို အကျိုးသက်ရောက်မှု ကြီးတာပဲ။ သူ့အမြီးနဲ့ ခြေသည်းတွေ တစ်ချက်လောက် ပွတ်ဆွဲလိုက်ရင်ကိုပဲ ပတ်ပတ်လည်က ဂိုလန်ကြီးတွေ ပြေးမလွတ်ဘူး။ တစ်ချိန်ထဲမှာပဲ ထုံးစံအတိုင်း ရှောင်ကျင်းရဲ့ မှော်စွမ်းအားတွေ ကုန်ဆုံးသွားသလို ခံစားလိုက်ရတယ်။ ရှောင်ကျင်း လျှပ်စီးလက်သလို လမ်းကြောင်းရှင်းပေးတဲ့နောက်ကို ကျုပ်ကို အလယ်မှာထားကာကွယ်ရင်း အားလုံး အမြန်လိုက် သွားကြတယ်။ ရှောင်ကျင်းနဲ့ ကျုပ်ကြားမှာတော့ မှော်စွမ်းအားတွေ အဆက်မပြတ် ပို့ပေးနေရတာပေါ့။
ရှောင်ကျင်းသာ အရွယ်ရောက်လာခဲ့ရင် ကျုပ်တို့တွေအကုန် သူ့ကျောပေါ်တင်ပြီး ထွက်ပြေးလို့ရမှာ။ အခုတော့ လူ(၂)ယောက်ရဲ့ အလေးချိန်လောက်ပဲ သူခံနိုင်ရည်ရှိသေးတာ ဆိုးချက်။ ရှို့စစ်နဲ့ ကျန့်ဟူတို့ ပျံသန်းသွားမယ်ဆိုရင်တောင် သေခြင်းကနေ မလွတ်နိုင်လောက်ဘူး။ ဒါကျုပ်တို့တွေ ဘယ်သူမှ လက်မခံနိုင်ကြဘူးလေ။ ပြီးတော့ အောင်မြင်မှာလဲမဟုတ်ဘူး။ ဒါ့ကြောင့် ဒီလိုအကြံအစည်မျိုး ဘယ်သူကမှလဲ စိတ်မဝင်စားကြဘူး။
စက္ကန့်တွေ မိနစ်တွေ တစ်တိတိနဲ့ ကုန်သွားခဲ့ပြီ။ ကျောက်တုံး ဂိုလန်ကြီးတွေ တော်တော် များများကိုတော့ ကျုပ်တို့ အစွမ်းသတ္တိရှိသလောက် တိုက်ခိုက် ချေမှုန်းပစ်ခဲ့လိုက်ကြပြီ။ ကျုပ်တို့ရဲ့ သေမင်းတမန်ခရီးစဉ်လဲ အနည်းဆုံး (၁)ကီလိုမီတာလောက်တော့ ခရီးပေါက်ခဲ့ကြပြီ။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ကျောက်တုံးဂိုလန်ကြီးတွေ လျော့သွားတယ်လို့ကို မထင်ရဘူး။ ကျုပ်မှော်စွမ်းအား နည်းနည်းတိုးလာတယ်ဆိုပေမယ့် ဒီလိုမျိုး ခရီးရှည်ကြီး တလျှောက်မှာ ရှောင်ကျင်းရဲ့ စွမ်းအားလိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ဆိုတာ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလို ဖြစ်ပြီး တဖြည်းဖြည်း ပင်ပန်းလာခဲ့ပြီ။ ရှောင်ကျင်းလဲ အခုဆို ဒဏ်ရာတွေတောင် ရနေပြီ။ သူ့လှုပ်ရှားမှုတွေကလဲ အစပိုင်းကလောက် မပြင်းထန် မသွက်လက်နိုင်တော့ဘူး။ အသံကျယ်ကျယ်ပေးရင်း ရှေ့လမ်းကြောင်းတစ်လျှောက် ထိန်းထားနိုင်ယုံလောက်ပဲ ရုန်းကန်နိုင်တော့တယ်။ ကျန်တဲ့သူတွေလဲ အခြေအနေ မကောင်းဘူး။ အစ်ကိုကြီး ကျန့်ဟူ ဓားကျိုးသွားတဲ့တဲ့အပြင် သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကြောင့် သစ်ကိုင်းတွေနဲ့ပါ နာနာကျင်ကျင်နဲ့ ကျားကန်ထားနေရပြီ။ ကျုပ်ကလွဲရင် အားလုံးမှာ ဒဏ်ရာတွေ ကိုယ်စီနဲ့။
ဒီတာဝန်ကို ပြီးဆုံးဖို့ဆိုရင် လူတိုင်း အုတ်ဂူတစ်လုံးစီ အစောကတည်းက ချန်ထားခဲ့ရမှာ။
“တုန်းရီ၊ ကောင်းသဲ၊ ရှင်းအောင်း၊ ရှောင်ကျင်း မင်းတို့ခန္ဓာကိုယ်တွေ ပေါ့ပါးအောင် စိတ်ဝိညာဉ်တွေ သုံးလိုက်ကြ။ အစ်ကိုကြီးနဲ့ ရှို့စစ် ပျံတက်သွားလိုက်။ အချိန်တစ်ခုထိတော့ တောင့်ခံထားနိုင်တယ်။ အမြန်ဆုံး ထွက်သွားကြ”
ကျန့်ဟူ ကျောက်တုံးဂိုလန်ကြီးကို တိုက်ခိုက်ဖို့ သူ့စွမ်းအားတွေကို ရူးရူးသွပ်သွပ်သုံးရင်း ဟိန်းဟောက်နေလေရဲ့။
“မင်းကို သေချာပေါက် တစ်ယောက်ထဲ ပစ်မထားခဲ့နိုင်ဘူး”
“မြန်မြန်။ ထွက်သွားကြစမ်း။ ဒီနေရာမှာ ငါတို့အားလုံးရဲ့ သင်္ချိုင်း ဖြစ်ချင်တယ်လို့တော့ လာမပြောနဲ့နော်”
============= (*^*)=============
အပိုင်း(၈၄)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား