← Chapters

ကံကောင်းသော ထွက်ပေါက်

Vol. 6 Ch. 84

ကံကောင်းသော ထွက်ပေါက်

Vol. 6 Ch. 84

Child of light (ကျန်းကုန်း)

Volume 3: Chapter 41 – Fortunate Passage

ကျုပ် ချန်ထားတဲ့ မှော်စွမ်းအားနည်းနည်းကို စုဆောင်းပြီးတော့..

“အို လင်းရောင်ခြည်။ ငါ့ မိတ်ဆွေရေ။ မင်းရဲ့ စွမ်းအားနဲ့ အဆုံးမဲ့တောက်ပနေတဲ့ ကြယ်တွေလို ပြောင်းလဲပြီး ရှေ့က ရန်သူတွေကို ချေမှုန်း ပစ်လိုက်စမ်းပါ”

ဒါ ကျုပ် အပြင်းထန်ဆုံးသုံးနိုင်တဲ့ အဆင့်(၈)တိုက်ခိုက်ရေး မန္တန်ဖြစ်တဲ့ ‘လင်းလက်ကြယ်များ၏ တောက်ပခြင်း’ပေါ့။

နေ့လည်ခင်းကြီးပေမယ့် အဖြူရောင်အလင်းတန်းတွေ ကျုပ်ဆီကို စုဝေးလာနေကြတာကို မျက်စိနဲ့တောင် မြင်နေရတယ်။ ကျုပ်ခန္ဓာကိုယ်ကို ဝိုင်းထားတဲ့ ရွှေရောင်အလင်းတန်းလိုမျိုး ပြောင်းသွားပါလေရော။ မြေပေါ်ကနေ ဖြည်းဖြည်းလေး ခုန်လိုက်တယ်။ မြေပြင်ကနေ (၅)မီတာလောက်ကိုရောက်တော့ အလင်းလုံးက လျှပ်တပျက်ပေါက်ကွဲသွားပြီး အပြောကျယ်လွန်းတဲ့ ကောင်းကင်ကြီးပေါ်မှာ ရွှေရောင်တွေနဲ့ ထိန်ထိန်ညီးလို့ပေါ့။ မီတာ(၁၀၀)အတွင်းမှာရှိတဲ့ ကျောက်တုံး ဂိုလန်ကြီးတွေကို အလင်းတွေ ဖုံးလွှမ်းထားလိုက်တယ်။ ကျောက်တုံး ခန္ဓာကိုယ်ကြီးတွေကို အလင်းဖြတ်ပြီးတာနဲ့ အပေါက်ကြီးတွေ ပွင့်ပြီးကျန်ခဲ့တော့တာ။ မီတာ(၁၀၀)အတွင်းမှာရှိတဲ့ ကျောက်တုံးဂိုလန်ကြီးတွေ အားလုံး လုံးဝကိစ္စချောပဲ။ ဒီအချိန်ခဏတာက အန္တရာယ်အကင်းဆုံး အချိန်လေး ဖန်တီးပေးနိုင်လိုက်ပြီပေါ့။

ကျုပ် မှော်စွမ်းအားတွေ အလွန်အကျွံသုံးလိုက်တာကြောင့် သွေးတလုပ်အံပြီး လေထဲကနေ ပြုတ်ကျသွားပါလေရော။ ရွှေရောင်အလင်းတစ်ခု လက်ကနဲဖြစ်ပြီး ရှောင်ကျင်း ကျုပ်ကို သူ့ကျောနဲ့ ဖမ်းထားလိုက်တာ။

မီတာ(၁၀၀)ကျော်က ကျောက်တုံးဂိုလန်ကြီးတွေ တဖြည်းဖြည်းနဲ့ ကပ်လာနေကြပြီဆိုတာ ကျုပ်တွေးလိုက်မိတယ်။ ရှောင်ကျင်း မင်းစွမ်းအား အကုန်သုံးပြီး အားလုံးကို အမြန်ဆုံး ခေါ်သွားလိုက်တော့”

ရှောင်ကျင်း နှာတစ်ချက်မှုတ်လိုက်တယ်။ ကျုပ်ကို ထားမသွားချင်ဘူးဆိုတာ သိတာပေါ့။

အကုန်လုံး စုနေကြပြီ။ ဒဏ်ရာတွေလဲ ရထားကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ပြုံးပြယုံပဲ တတ်နိုင်ကြတယ်။

“အမြန်ဆုံးထွက်သွားကြ။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

ကျန့်ဟူ အပြုံးနဲ့..

“ကောင်ဇိုးလေး။ ငါတို့မှာ ပျံနိုင်တဲ့ ခွန်အားရှိသေးတယ်လို့များ မင်းထင်နေလား။ မင်းမှော်သားရဲလဲ လူတစ်ယောက်တောင် သယ်နိုင်မယ်မထင်တော့ဘူး။ သူ့အတောင်ပံကို သေချာကြည့်အုံး”

ဟုတ်သားပဲ။ ရှောင်ကျင်းရဲ့ ဘယ်ဘက်အတောင်ပံမှာ ဒဏ်ရာကြီး နည်းတာမဟုတ်ဘူး။ ဒီကောင် မပျံနိုင်လောက်တော့ဘူး။

“ဒီနေရာက ငါတို့တွေရဲ့ သင်္ချိုင်းဖြစ်တော့မှာလားကွာ။ အားလုံး ငါ့အမှားတွေ။ ငါ့အပြစ်တွေကြီးပဲ။ မင်းတို့တွေ ငါ့နောက်လိုက်လာလို့ အခုလိုဖြစ်ကြရတာ။ ‘အဘိုးတားမြစ်စည်း’ ရဲ့ စကားနားမထောင်ခဲ့မိတာ အခုတော့ အားလုံး ငါနဲ့အတူ မြေမြုပ်ခံရတော့မယ်.. အားလုံး ငါ့အပြစ်တွေပါကွာ။ ငါ မင်းတို့နဲ့ မထိုက်တန်ဘူး။ ငါ မင်းတို့ကို အစကတည်းက ထားခဲ့မယ်ဆိုရသင် မင်းတို့ လွှတ်နိုင်သေးတယ်”

နောင်တ တရားကြောင့် ကျလာတဲ့မျက်ရည်တွေ ကျုပ်ပါးပြင်ပေါ်မှာ စီးကျနေကြပြီ။

ရှင်းအောင်း ကျုပ်လက်ကို တင်းတင်းဆုပ်ကိုင်ရင်းနဲ့..

“တော်တော့ ကျန်းကုန်း။ ငါတို့အားလုံးက ညီအစ်ကိုကောင်းတွေလေ။ အတူတူနေခဲ့ကြပြီး အတူတူသေရတာ မဆိုးပါဘူးဟ။ ငါတို့တွေ နောက်ဘဝကျရင်လဲ ‘တောက်ပခြင်းတိုက်ခိုက်ရေးကြေးစားအဖွဲ့’ အဖြစ် တစ်စုတစည်းတည်း ဝိညာဉ်ကမ္ဘာကြီးကို ဖြတ်ကျော်ကြတာပေါ့။

ရှို့စစ်ကရော..

“ရှင်းအောင်းပြောတာမှန်တယ်။ ငါတို့တွေက ထာဝရ ညီအစ်ကိုတွေပဲလေ။ ပြီးတော့ မင်းလဲ ဘာအမှားမှ လုပ်ခဲ့တာမှ မဟုတ်တာ”

ရှောင်ကျင်းတောင် သူ့ခန္ဓာကိုယ်ကြီးကို နှိမ့်ပြီး ကျုပ်ကို လျှာနဲ့ယက်ပြီး မျက်စောင်းကြီး တစ်ထိုးထိုးနဲ့။ ဒီကောင် ကျုပ်နဲ့အတူ လိုက်သေမယ်ဆိုပြီး ဆန္ဒပြနေတာ။

ကျုပ်တို့တွေ အားလုံး တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ထားလိုက်ကြတယ်။ ခိုင်မြဲသော အဖော်ကောင်းတွေဆိုတဲ့ ခံစားချက်က ကျုပ်တို့အားလုံးကို စိတ်ခွန်အားတွေ ပြည့်လာစေတယ်။ ကျောက်တုံး ဂိုလန်ကြီးတွေကလဲ ကျုပ်တို့နဲ့ မီတာ(၅၀)အကွာကို ရောက်လာကြပြီ။ သူတို့အားလုံးက သေခြင်းတရားရဲ့ တမန်တွေလို့ ကြေညာနေကြသလိုပဲ။ ဘယ်သူမှ စကားသံမထွက်ကြတော့ဘဲ သေခြင်းတရားကို အတူတကွ ပျော်ပျော်ကြီး ရင်ဆိုဖို့ စောင့်နေလိုက်ကြတယ်။

ဒီလိုနဲ့ ကျောက်တုံး ဂိုလန်ကြီးတွေလဲ တဖြည်းဖြည်း နီးကပ်လာနေကြပြီ။

မီတာ(၄၀)၊ မီတာ(၃၀)၊ မီတာ(၂၀)၊ (၁၀)မီတာ၊ (၅)မီတာ….

ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးအနေနဲ့ ကြည့်ပြီး မျက်လုံးတွေ မှိတ်ထားလိုက်တယ်။

(၁)မိနစ်လောက်နေတော့ ကျုပ် အံ့ဩသွားရင်းနဲ့..

“ငါ မသေသေးပါလား။ ငါသေမှာ မကြောက်ဘူးလေ။”

တခြားသူတွေတော့ မျက်လုံးစုံမှိတ်ပြီး တုန်တုန်ချိချိနဲ့ သေခြင်းတရားကို စောင့်နေကြတုန်းပဲ။

နောက်ပိတ်ဆုံး မအောင့်နိုင်တော့တာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ရှေ့က မြင်ကွင်းကြောင့် ကျုပ်တော်တော် အံဩသွားမိတယ်။

ကျုပ်တို့တွေ နတ်ဘုရားသစ်တောကြီးထဲကို ဝင်လာတုန်းကနဲ့ တထေရာတည်းပဲ။ ပတ်ဝန်းကျင်မှာလဲ ကောင်းကင်ထိ ထိုးတက်နေတဲ့ သစ်ပင်ကြီးတွေ အပြည့်။ ဒါပေမယ့် ဟို သွေးဆာနေတဲ့ ကျောက်တုံးဂိုလန်ကြီးတွေတော့ ဘာသံမှ မထွက်ဘဲ အကုန်ပျောက်သွားကြပြီ။ လူတိုင်းမှာ အရင်ကလိုပဲ ဘာဒဏ်ရာမှမရှိဘူးဆိုရင် အသက်ရှင်ဖို့ အားသာချက်တစ်ခု ရသေးတာပေါ့။

ကျုပ်လိုပဲ သူတို့လဲ မအောင်နိုင်တော့လို့ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးတွေ ဖွင့်ကြည့်လာကြတယ်။ သူတို့ရှေ့က မြင်ကွင်းကြောင့် သူတို့လဲ အံ့အားသင့်ရတာပဲပေါ့။

အချိန်တော်တော်ကြာမှပဲ ကျုပ်တို့တွေတုန့်ပြန်နိုင်ခဲ့တော့တယ်။ သေမတတ် အန္တရာယ်ဆိုးကြီးထဲက လွှတ်မြောက်ခဲ့တာဆိုတော့ ကျုပ်တို့တွေအားလုံး တစ်ပြိုင်နက်တည်း အော်ဟစ် အောင်ပွဲခံလိုက်တယ်။

“ငါတို့ မသေဘူး။ ငါတို့ မသေသေးဘူးကွ”

ရှောင်ကျင်းလဲ ရွှေရောင်အလင်းတန်းတစ်ခုလိုမျိုး ကျုပ်ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားလိုက်တယ်။

‘ဘာတွေဖြစ်နေတာတုန်း။ ဟိုကောင်ကြီးတွေရော ဘယ်ရောက်သွားတာတုန်း”

“သူတို့တွေ အချိန်ပြည့်သွားတာများလား”

“ဘာပဲဖြစ်ဖြစ်ကွာ။ ဘယ်သူမှ မသေဘူးဆိုတော့။ ဒီအတိုင်းပဲပေါ့”

ကျုပ်တို့တွေ မြေပြင်ပေါ်ထိုင်ချရင်း သစ်ပင်ကြီးတွေကို မှီထားလိုက်ကြတယ်။ ကျုပ်စိတ်တွေ ကြည်လာပြီးတော့..

“လောလောဆယ် အရေးအကြီးဆုံးက ငါတို့ စွမ်းအားတွေ ချက်ချင်း ပြန်စုစည်းထားဖို့ပဲ”

ရှို့စစ် အိတ်ထဲကနေ ရိက္ခာ၊ ရေ၊ ဆေးဝါးတွေ ထုတ်လိုက်တယ်။ လူတိုင်းလဲ ကိုယ့်ဒဏ်ရာတွေကိုကိုယ် ပတ်တီးစည်းပြီး ကိုယ့်ဝေစု ရိက္ခာတွေ ကိုယ်စားသောက်ပြီး မောမောနဲ့ လှဲနေလိုက်ကြတော့တယ်။ ကျုပ်တို့တွေ တော်တော်ကြီးကို ပင်ပန်းခဲ့ကြတာလေ။

အိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားလဲတော့ မသိဘူး အားလုံးနိုးလာပြီ။ စွမ်းအားတွေလဲ နည်းနည်းတော့ ပြန်ကောင်းလာတာပေါ့။ ပိုပြီး သက်တောင့်သက်သာ ရှိသလိုခံစားရတယ်။

မှောင်နေပြီဆိုတော့ ရိက္ခာကိုယ်တာ စားပြီး မီးပုံဘေးမှာ ဝိုင်းဖွဲ့ထိုင်လိုက်ကြတယ်။

ကျုပ်ကပဲ စပြီး..

“ရှေ့ဆက်မတိုးကြရင် ကောင်းမယ်ထင်တယ်။ ငါတို့တွေ နောက်ကြောင်းပြန်လှည့်ကြရအောင်လေ”

ကျန့်ဟူကတော့..

“ဒါ နည်းလမ်းမကျဘူး။ ငါတို့အားလုံး အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး ခရီးဆက်ခဲ့ကြတာပဲလေ။ လမ်းတစ်ဝက်ရောက်မှတော့ လက်လွှတ်မခံနိုင်ပါဘူး”

“ဒါပေမယ့် ငါ့ရဲ့ စွန်းစားခန်းခရီးစဉ်မှာ ဘယ်သူမှ ငါနဲ့ ဆက်မလိုက်စေချင်တော့ဘူး။ မင်းတို့အားလုံး ပြန်သွားတာ ပိုကောင်းလိမ့်မယ်။ ငါတော့ ငါ့တာဝန်ကိုငါ ပြီးအောင်လုပ်အုံးမယ်”

ရှို့စစ် စိတ်ဆိုးသွားပြီးတော့..

“ဟေ့ကောင် ကျန်းကုန်း။ ဒီခရီးစဉ်အတွက် ငါတို့ကို ဘယ်သူက ခေါ်လာလို့တုန်း။ ငါတို့တွေက သေရမှာ ကြောက်နေတဲ့ ကောင်တွေမို့လို့လား။ ကဲ.. ဒီနေရာကနေ ထွက်သွားမယ့်သူ ရှိလား”

ရှင်းအောင်းကလဲ..

“ရှို့စစ်ပြောတာ မှန်တယ်။ ငါတို့တွေ သူရဲဘောမကြောင်ဘူးကွ”

ကျုပ်လဲ ဘယ်ဘက်ကြည့်လိုက် ညာဘက်ကြည့်လိုက် လုပ်နေရတယ်။ အံဩဖို့ကောင်းတာက ဘယ်သူမှ ထွက်မသွားကြဘူး။ သက်ပြင်းချပြီး ထရပ်လိုက်တယ်။ ပြီးတော့ အားလုံးကို လေးလေးနက်နက် ဦးညွှတ်ပြီး..

“အားလုံးကို ကျေးဇူးတင်ပါတယ်။ မင်းတို့တွေ ငါ့ရဲ့ အမွန်မြတ်ဆုံး ညီအစ်ကိုတွေပဲ”

ခံစားရလွန်းလို့ မျက်ရေတွေတောင် ကျလာမိတယ်။

တုန်းရီ မတ်တပ်ရပ်လာပြီး ကျုပ်ပုခုံးကို ဖက်ရင်းနဲ့..

“ကျန်းကုန်း။ မင်းဘာတွေ လျှောက်လုပ်နေတာလဲ။ ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ။ ဒါတင်မကဘူး သန့်ရှင်းသောဓားနဲ့ သက်သေပြကြမယ်လေ”

ကျန့်ဟူ လေးလေးနက်နက် လေသံနဲ့..

“ငါတို့တွေ နောက်ထပ်လှုပ်ရှားဖို့အတွက် အစီအစဉ် ဆွဲသင့်တယ်”

ရှို့စစ်က.

“ပထမဆုံး လူတိုင်း ဒဏ်ရာပြန်သက်သာလာပြီး စွမ်းအား အထွတ်အထိပ်ကို ပြန်ရောက်ဖို့လုပ်သင့်တယ်။ ပြီးမှ ငါတို့ ဆက်သွားကြမယ်။ ဒီနည်းလမ်းက ငါတို့အတွက် လုံခြုံမှုရှိလိမ့်မယ်။”

ကျုပ် ခေါင်းညိတ်ပြလိုက်ပြီးတော့..

“ကောင်တယ်။ ငါလဲ အဲလိုပဲတွေးမိတယ်။ နောက်ထပ် ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရအုံးမလဲဆို မသိနိုင်ဘူးလေ”

ကျန့်ဟူက..

“ငါလဲ သဘောတူတယ်။ အခု အကာအရံလုပ်ဖို့ ပတ်ဝန်းကျင်က သစ်ပင်တွေ အရင်ခုတ်သင့်တယ်။ ပြီးတော့ ငါတို့တွေ အလှည့်ကျ ကင်းစောင့်ကြမယ်။ ကျန်တဲ့သူတွေက အိပ်ကြပေါ့”

(၁၀)ရက်လောက် အနားယူပြီးမှ အဖွဲ့သားအားလုံးရဲ့ စွမ်းအားတွေ မူလအထွတ်အထိပ် အနေအထားရောက်လာတယ်။ ကျုပ်အစောက လုပ်ရပ်တွေကြောင့် ရှောင်ကျင်းတောင် နည်းနည်း ပိုရင့်ကျက်လာတဲ့ပုံပဲ။ သူလဲ ကမ္ဘာကြီးထဲက စွမ်းအား နည်းနည်းကို စုတ်ယူနိုင်နေပြီ။ ဒီလိုသာဆို တိုက်ပွဲထဲရောက်ရင် အချိန်ကြာကြာ တိုက်ခိုက်နိုင်တာပေါ့။ ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေလဲ အရင်ကထက်ပိုပြီး တည်ငြိမ်လာတယ်။ ကျုပ်ခန္ဓာကိုယ်ထဲမှာ ရွှေရောင်အလင်း တစ်ချက် လက်သွားတယ်။ ကျုပ်ရဲ့ မှော်စွမ်းအင် အတုခိုးတိုက်ခိုက်ခြင်းက အရင်ကထက် ပိုလွယ်ကူလာတယ်။ ဆရာတိပြောတာ မှန်တာပဲ။ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် ရှုမှတ်လေ့ကျင့်နေမှသာ ဒီထက်ပိုပြီး တိုးတက်မှုတွေ ရလာနိုင်မှာလေ။

(ကျန်းကုန်း၏ စိတ်အတွင်း ရည်ရွယ်လိုက်သော ပုံစံအတိုင်း မှော်စွမ်းအားကို တိုက်ရိုက်အသုံးပြုနိုင်သော မန္တန်များကို ‘မှော်စွမ်းအင် အတုခိုးတိုက်ခိုက်ခြင်း’ဟု ခေါ်ဆိုခြင်းဖြစ်သည်။)

============= (*^*)=============

အပိုင်း(၈၅)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters