← Chapters

လျှို့ဝှက်လှိုင်ဂူ စွန့်စားခန်း

Vol. 6 Ch. 86

လျှို့ဝှက်လှိုင်ဂူ စွန့်စားခန်း

Vol. 6 Ch. 86

Child of light (ကျန်းကုန်း)

Volume 3: Chapter 43 – The Secret Cave Adventure

ကျုပ် အထူးအာရုံစိုက်လေ့လာနေတဲ့အချိန်မှာတော့ ဘယ်သူမှ ကျုပ်ကို အနှောက်အယှက်မပေးကြဘူး။ စားချိန် အိပ်ချိန်ကလွဲလို့ တစ်ရက်ကို (၁၀)နာရီဝန်းကျင်လောက်ထိကို စာတွေပဲဖတ်နေတာ။

နောက်ထပ် (၃)ရက်လောက် ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှ စာအုပ်ထဲကအကြောင်းအရာတွေရဲ့ အခြေခံလောက်ပဲ နားလည်သသေးတယ်။ တနည်းပြောရမယ်ဆိုရင်တော့ မှော်အင်းကွက်(မှော်ဝင်္ကပါ)တွေရဲ့ အခြေခံတွေကို ကျုပ် ကောင်းကောင်းနိုင်သွားပြီ။

“နောက်ဆုံးတော့လဲ ပြီးသွားပြီပေါ့။ ငါအရမ်း ပင်ပန်းသွားပြီဟေ့”

ကျုပ် ခန္ဓာကိုယ်ကို အညောင်းဆန့်ပြီး မတ်တပ်ထရပ်လိုက်တယ်။ ကျုပ် ခန္ဓာကိုယ်လေ့ကျင့်ခန်း မလုပ်ဖြစ်ခဲ့တာတောင် (၃)ရက်ရှိသွားပြီပဲ။

အကုန်းလုံး ဝိုင်အုံလာပြီး၊ ကျန့်ဟူက..

“ဘယ်လိုလဲကွ။ နည်းလမ်းတွေ့ပြီလား”

ကျုပ် ရှက်ရှက်နဲ့ပဲ..

“စာအုပ်ထဲမှာ မှော်ဝင်္ကပါတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်မှ မပါဘူး”

အကုန်လုံး အမြင်တမျိုးတွေနဲ့ ကျုပ်ကို ဝိုင်းကြည့်နေပြီ။ ရှင်းအောင်းကတော့..

“ဒါဆို ငါတို့ ဒီနေရာမှာတင် ခရီးဆုံးပြီဆိုတာကြီးတော့ လုံးဝမဖြစ်နိုင်ဘူးကွာ”

“အကုန်လုံး စိတ်မပူကြပါနဲ့အုံး။ ဒီမှော်ဝင်္ကပါနဲ့ပတ်သက်ပြီး အသေးစိတ် ငါမပြောနိုင်ပေမယ့် ဒီမှော်ဝင်္ကပါကို သုံးဖို့လောက်တော့ ငါသိထားတာတွေနဲ့ လုံလောက်မယ်ထင်တာပဲ။ စမ်းကြည့်ရအောင်”

ကျုပ် ခြောက်ထောင့် ဝင်္ကပါ ဗဟိုချက်ကို လျှောက်သွားတဲ့အချိန် အကုန်လုံးကို အရင် လူစုခွဲခိုင်းလိုက်တယ်။ စာအုပ်ကို ဖတ်ပြီးတဲ့အခါမှာ မှော်ဝင်္ကပါတစ်ခုကို အသက်သွင်းဖို့ဆိုရင် မှော်စွမ်းအင် အရင်းအမြစ်တစ်ခုခုကနေ စွမ်းအင် အမြောက်အများလိုတယ်ဆိုတာ ကျုပ်သိလာခဲ့ပြီ။ အရေးအကြီးဆုံးအချက်က မှော်ဝင်္ကပါ တွေရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ပေးဖို့အတွက် သဘာဝစွမ်းအင် အရင်းအမြစ် အလုံအလောက်ရှိရမယ်။ အဲလိုမှ မဟုတ်ရင် မှော်ဝင်္ကပါကို အသက်ဝင်ဖို့နေနေသာသာ ဝင်္ကပါတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားနိုင်တယ်လေ။ ကံကောင်းတာက ကျုပ်ဆိုတဲ့ မှော်သခင်ကြီးမှာ သဘာဝစွမ်းအင် အလုံအလောက်ရှိနေတယ်လေ။ ဟင်း..ဟင်း။

“ဒီ ဝင်္ကပါက ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တာ။ ငါ့မှော်အစွမ်းကို ကြားခံအဖြစ်သုံးလိုက်ရင် ဖွင့်နိုင်လောက်မယ် ထင်တာပဲ”

မှော်ဝင်္ကပါတစ်ခုရဲ့ မဏ္ဍိုင်ဆိုတာ သူ့ဗဟိုချက်မှာပဲ ရှိတယ်လို့တော့ စာအုပ်ထဲမှာပါတာပဲ။ ညာလက်ထဲကို အလင်းဒြပ်စင်တွေ စုဆောင်းပြီး မဏ္ဍိုင်ထဲကို လောင်းထည့်လိုက်တယ်။ ဝင်္ကပါရဲ့ မဏ္ဍိုင်က အခြေမရှိတဲ့ တွင်းကြီးတစ်ခုလိုပဲ ကျုပ်မှော်စွမ်းအင်တွေအကုန်လုံးကို မျိုစို့သွားလိုက်တာ မြန်ချက်။ ပြီးမှ ခပ်မှိန်မှိန်ရွှေရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဝင်္ကပါကြီးထဲကနေ ထွက်လာတယ်။ ကျုပ်လဲ ကျုပ်ရွှေအမြူတေကနေတဆင့် ပတ်ဝန်းကျင်မှာ ရှိရှိသမျှ အလင်းဒြပ်စင်တွေ စုစည်းလာဖို့ အစွမ်းကုန်အရှိန်မြှင့်ပြီး ဝင်္ကပါမဏ္ဍိုင်ထဲကို အဆက်မပြတ် လောင်းထည့်ပေးနေရတော့တယ်။ ကျုပ်မှော်စွမ်းအားတွေ အားနည်းသွားတဲ့အထိကို ပြင်းပြင်းထန်ထန် အဆက်မပြတ် ထည့်ပေးနေလိုက်ရတာ။ မှော်ဝင်္ကပါရဲ့ ရွှေရောင်အလင်းတန်းက ပိုပိုပြီး တောက်ပလာတယ်။

အဆုံးမရှိတောက်လောင်နေတဲ့ မီးဖိုကြီးထဲကို လောင်စာတွေ ထည့်ပေးနေရသလိုမျိုး ကျုပ်မှာရှိတဲ့ စွမ်းအင်တွေ ခြောက်ခမ်းလုလု အနေအထားရောက်မှ ကျုပ်မှော်အစွမ်းတွေကို စုပ်နေတာကနေ ဒင်းရပ်တော့တယ်။ ကျုပ် သက်ပျင်းရှည်ကြီး ချပြီးယုံရှိသေး တသက်လုံးမမြင်ခဲ့ဖူးသေးတဲ့ အလင်းတန်းတွေ တလက်လက် ထွက်လာပါလေရော။ အဲဒါကို မြင်လိုက်တော့ မှော်ဝင်္ကပါ အသက်ဝင်တော့မယ်ဆိုတာ သိလိုက်ရတော့ ကျန်တဲ့သူတွေကို..

“အမြန် အမြန်၊ အကုန်လုံး ဝင်္ကပါထဲကို ဝင်ကြဟေ့။ ဝင်္ကပါ ပွင့်တော့မယ်ဟ”

ထောင့်(၆)ထောင့်ကပဲ ဝင်္ကပါကို အဓိက ကာကွယ်ပေးနိုင်တာကိုသိနေတဲ့အတွက် ချက်ချင်းပဲ ထောင့်တစ်ထောင့်ကို ပြေသွားလိုက်တယ်။ ကျုပ်ရဲ့ အရိပ်တွေ မှိတ်တုတ် မှိတ်တုတ်နဲ့ ကွဲထွက်သွားပြီးတော့ ထောင့်(၆)ထောင့်လုံးကို ပတ်ကြည့်ရင်း ကောင်းကင်ကြီးက လည်နေသလိုမျိုး ခံစားလိုက်ရတယ်။ မှော်ဝင်္ကပါရဲ့ အလင်းတန်းက ကျုပ်တို့နဲ့အတူတူ လေထဲ လွင့်ပျံတက်သွားတယ်။

“ဝရော…………………”

ကျုပ်တို့တွေအကုန်လုံး မြေပြင်ပေါ်ကို တပြိုင်တည်း ပြုတ်ကျသွားကြတယ်။ ရွှေရောင်အလင်းတန်းကြီးကြောင့် ကျုပ်တို့ပတ်ပတ်လည်ကို မဟူရာအမှောင်ထုထဲမှာ ခပ်ဝါးဝါးပဲ မြင်နိုင်တော့တယ်။

“ငါတို့တွေ တောင်ကြီးရဲ့ အထဲမှာ ထင်တယ်”

ဗဟိုချက်က ရွှေရောင်အလင်းတန်း တဖြည်းဖြည်းမှိန်သွားပြီးတော့ ကျုပ်တို့အားလုံးကို အမှောင်ထုကြီးက ဖုံးသွားပါလေရော။

“အားလုံး မလှုပ်ရှားကြနဲ့အုံး၊ ငြိမ်ငြိမ်နေကြအုံး။ ငါ့မှော်အစွမ်းတွေ ပြန်ရဖို့ ခဏလောက်တော့ သတိထားပြီး စောင့်ကြအုံး။ ပြီးမှ ရှေ့ဆက်သွားကြတာပေါ့”

“အို လင်းရောင်ခြည်။ ငါ့မိတ်ဆွေတို့ရေ။ ဒီကမ္ဘာကြီးကို အလင်းရောင်တွေ ထွန်းညှိပေးလိုက်ပါအုံး”

ဒါကျုပ် အလင်းမှော်ပညာကို သင်စတုန်းက ပထမဆုံး သင်ခဲ့ရတဲ့ မန္တန်လေ။ “မီးထွန်းညှိခြင်း”တဲ့။

ကျုပ်လက်ကနေ အလင်းတန်းတစ်ခုထွက်လာပြီး ပတ်ဝန်းကျင်ကို နေ့အလင်းရောင်လိုမျိုး လင်းသွားရော။ ကျုပ်ပတ်ပတ်လည်မှာ လူတွေဝိုင်းထိုင်နေတာ ဒါပထမဆုံးကြုံဖူးတာပဲ။ အလင်းရောင်က စူးလွန်းတော့ အားလုံး ချက်ချင်း ကျင့်သားမရကြသေးဘူး။ ဂူက လူ(၂)ရပ်စာလောက် မြင့်ပြီး အကျယ်(၅)မီတာတောက် ရှိတယ်ဗျ။ ဟိုးအရှေ့ပိုင်းကတော့ မှောင်မည်းနေတာပဲ။ ဂူဘယ်လောက်ထိ နက်မယ်ဆိုတာ မပြောနိုင်ဘူး။ ဂူနံရံတွေနဲ့ ကြမ်းပြင်တွေက ပုံမှန်မဟုတ်ဘဲ ချောပြောင်နေရော။ တစ်ယောက်ယောက်က အချောကိုင်ပေးထားသလိုပဲ။

နောက်မှ အားလုံး ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာလိုက်ကြတယ်။ ရှို့စစ်ကစပြီး..

“ငါတို့တွေ တောင်ကြီးရဲ့ ဝမ်းထဲမှာ ရောက်နေတဲ့ပုံပဲ။ သန့်ရှင်းသောဓား ဒီမှာ ရှိလောက်တယ်”

အစ်ကိုကြီး ကျန့်ဟူက..

“အားလုံး သတိထားကြ။ ငါနဲ့ ရှို့စစ် ရှေ့က လမ်းကြောင်းပြမယ်။ ကျန်းကုန်း အလယ်မှာနေ။ ကောင်းသဲ၊ ရှင်းအောင်း၊ တုန်းရီ မင်းတို့အားလုံး နောက်ဆုံးကနေလိုက်။ သွားကြစို့”

လက်ရှိပုံစံကို ထိန်းထားရင်း ရှေ့ဆက်သွားလိုက်ကြတယ်။ အလင်းရောင်က အရှေ့ (၁၀)မီတာလောက်ထိပဲ ရောက်တာဆိုတော့ သေသေချာချာ ဂရုတစိုက်နဲ့ သွားကြရတာပေါ့။ ဒါပေမယ့် ဂူကြီးက အဆုံးမရှိသလိုမျိုးကြီး။ ကျုပ်တို့တွေ အချိန်တော်တော်ကြာအောင် သွားခဲ့တာတောင် ဘာမှ ပြောင်းလဲမသွားသလိုပဲ။

“အားလုံး ခဏနေအုံး”

ကျုပ်စိတ်ထဲ တစ်ခုခုမှားနေသလို ခံစားမိလို့ အကုန်လုံးကို တားလိုက်တယ်။ ကျုပ် မှော်နှင်တံလေးကို အိတ်ထဲကထုတ်ပြီး..

“ငါ့ခံစားချက် မှန်/မမှန်တော့မသိဘူး။ ဒါပေမယ့် ငါတို့တွေ ဒီနေရာမှာပဲ လည်နေသလိုဖြစ်နေတယ်။ ဒီနှင်တံလေးကို အမှတ်အသားအနေနဲ့ ထားခဲ့ပြီး ပြန်တွေ့ရမလား စောင့်ကြည့်သေးတာပေါ့”

ရှို့စစ်ကလဲ..

“ဟုတ်တယ်။ ငါလဲ အဲလိုခံစားနေရတာ။ ကဲ ငါတို့ နည်းနည်းအရှိန်တင်လိုက်ကြစို့”

ကျုပ်တို့တွေ အရှိန်မြှင့်ပြီး ဆက်သွားလိုက်ကြတယ်။ မကြာပါဘူးဗျာ ကျုပ်မှော်နှင်တံလေး ထားခဲ့တဲ့ နေရာကို ပြန်ရောက်လာပါလေရော။ ကျုပ် မှော်နှင်တံလေးကို ကောက်ကိုင်လိုက်ရင်း မျက်မှောင်ကြုတ်သွားမိတယ်။

တုန်းရီက

“ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဒီနေရာကြီးက ဝင်္ကပါကြီးများ ဖြစ်နိုင်မလား”

“မဟုတ်ဘူး။ ဒါ ဝင်္ကပါမဖြစ်နိုင်ဘူး။ အဓိကနေရာကို ငါတို့ရှာမတွေ့သေးတာဖြစ်မယ်။ ယန္တရား တစ်မျိုးမျိုး ရှိနေလိမ့်မယ်”

စကားပြောပြီးတာနဲ့ ကျုပ်တင်ပျဉ်ခွေထိုင်ပြီး လမ်းကြောင်းရှာဖို့ စိတ်ဝိညာဉ်စွမ်းအား ထုတ်လွှင့်လိုက်တယ်။ ကျုပ်ပတ်ဝန်းကျင်မှာ စိတ်ဝိညာဉ် ထိုးဖေါက်လို့မရမရနိုင်တာတွေနဲ့ တည်ဆောက်ထားသလိုပဲ။ ဂူကြမ်းပြင်တစ်ခုပဲ လှိုင်ခေါင်းကြီးလိုဖြစ်နေတာ။

ကျုပ်မတ်တတ်ရပ်ပြီး အားလုံးကို လူခွဲခိုင်းလိုက်တယ်။ ပြီးတော့ ဂူကြမ်းပြင်ကို ပြပြီး..

“ဒီကြမ်းပြင်ကတော့ အားလုံးနဲ့ ကွဲနေတယ်။ ငါတို့တွေ တွင်းတူးလို့ရနိုင်မလား စမ်းကြည့်ရအောင်”

အစ်ကိုကြီးကျန့်ဟူက..

“ငါလုပ်လိုက်မယ်”

သူ့ဓားထဲကို အဖြူရောင် တိုက်ပွဲစိတ်ဝိညာဉ် စွမ်းအားတွေ ပေါင်းထည့်ပြီး လွဲခုတ်လိုက်တယ်။

“ဘန်း ……..”

ဖုန်မှုန့်တွေ လေထဲမှာ ပြည့်သွားပါလေရော။

ဖုန်မှုန့်တွေ မပျယ်ခင် ဂူကြီးက တုန်ခါလာတယ်။

“မကောင်းတော့ဘူး။ အားလုံးစုပြီး မင်းတို့စွမ်းအားတွေကို စုစည်းလိုက်”

အကုန်လုံး ဝိုင်းအုံပြီး ကျုပ်တို့အပေါ်မှာ စွမ်းအင်ဒိုင်းကာ တစ်ခုဖန်တီးလိုက်ကြတယ်။ အဲလိုလုပ်နိုင်ဖို့လဲ အားလုံးရဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေကို သုံးလိုက်ကြရတာပေါ့။ ကျုပ်တို့အားလုံးကို ဖုံးလွှမ်းနိုင်တဲ့ စွမ်းအင် ဒိုင်းကာကြီးလဲ လုပ်လို့ပြီးရော ဂူကြမ်းပြင်လဲ ပြိုကျသွားရော။ ကျုပ်တို့တွေ ချောက်နက်ထဲကို အတူတူ ကျသွားကြပါလေရော။

အယ်လောက်ထိတောင် ကျသွားမှန်းမသိတော့ဘူး။ နောက်ဆုံးတော့ စွမ်းအင် ဒိုင်းကာကြီးနဲ့အတူ အားလုံး မြေပြင်ပေါ် ကျသွားကြတယ်။ ကျုပ်တို့ (၆)ယောက်ပေါင်းပြီး လုပ်ထားတဲ့ စွမ်းအင်ဒိုင်းကာကြီးလဲ ပျက်စီးသွားပြီး ကျုပ်တို့တွေ တနေရာစီ လွင့်သွားတော့တာ။ ဒီလောက် ကြောက်စရာအောင်းတဲ့ အဖြစ်အပျက်က ကျုပ်တို့အားလုံးမှာ တစ်ယောက်တစ်မျိုးစီ ထိတ်လန့်မှုတွေ ခံစားလိုက်ရပြီးတော့ ကျုပ်တို့တွေ မနည်းတွန်းလှန်လိုက်ရတယ်။

ကျုပ်ကိုကျုပ်တော့ မဟူရာအမှောင်နက်ကြီးထဲ ကျသွားသလို ခံစားလိုက်ရတယ်။ ကျုပ်ပတ်ဝန်းကျင်မှာ ရှိရှိသမျှ အများကြီးကလဲ ဘာတခုမှ သေချာရေရာတာမရှိပဲ ဝိုးတို့ဝါးတားတွေကြီးပဲ။ ခေါင်းထဲမှာ မူးနောက်နောက်နဲ့ ချာချာလည်နေတယ်။

ရုတ်တရက် နွေးထွေးတဲ့ အသံတစ်သံ ကျုပ်ကြားလိုက်ရတယ်။

“ကလေး… ပြန်လာခဲ့။ လက်မလျှော့နဲ့။ ပြန်လာခဲ့”

နွေးထွေးတဲ့ စွမ်းအားတစ်ခု ကျုပ်ကို ရစ်ပတ်လွှမ်းခြုံသွားပြီး ကျုပ်ပတ်ဝန်းကျင်က တဖြည်းဖြည်း နှေးကွေးလာသလိုပဲ။ အကြာပါဘူး အရာအားလုံးပျောက်သွားပြီး ကျုပ်လဲ မဟူရာ အမှောင်ထုကြီးထဲကို နောက်တစ်ကြိမ် ထပ်ရောက်သွားပြန်ရော။ ဒါပေမယ့် ကျုပ်စိတ်တွေကတော့ တဖြည်းဖြည်း ကြည်လင်ပြီး ပြန်ကောင်းလာတယ်ဗျို့။

============= (*^*)=============

အပိုင်း(၈၇)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters