← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

Child of light (ကျန်းကုန်း)

Volume 4: Chapter 2 – The Warmth of Home

ကျုပ် အတွေ့အကြုံအတွက် နောက်ထပ် ခရီးထွက်ရအုံးမယ်ဆိုတော့ အမေ စိတ်ပူသွားပြီး..

“သားလေးမှာ အတွေ့အကြုံတွေရှာဖို့ လိုသေးလို့လား။ အခုတောင် တစ်ချိန်လုံး စိတ်ရိမ်စိတ်တွေနဲ့ နေနေရတာ သေလုမတတ်ပဲ။ သားလေး အန္တရာယ်ကြားထဲ တိုးဝင်သွားမိမှာ အရမ်းကြောက်မိတယ်ကွယ်။ တကယ်ကြီး ထပ်သွားရအုံးမျာလား”

ကျုပ် အမေ့ကို ဖက်လိုက်ပြီးတော့..

“အမေရယ်။ သားတကယ်သွားရမယ်ဆိုရင်တောင် နောက်ထပ် (၃)နှစ်လောက် လိုပါသေးတယ်။ ဘာတွေ ဖြစ်လာမလဲ၊ ဘာတွေပြောင်းလဲသွားအုံးမလဲဆိုတာ ဘာမှမသိတော့ ဘာမှလဲ မစီစဉ်ရသေးပါဘူးဗျာ”

“ကောင်းပြီလေ။ သားဖနှစ်ယောက် စကားပြောနေကြအုံး။ အမေ စားဖို့သောက်ဖို့ သွားစီစဉ်လိုက်အုံးမယ်”

“အမေ များများလေး လုပ်ပေးနော်။ သား အောင်းသဲကိုလဲ ညစာလာစားဖို့ ဖိတ်လာခဲ့သေးတယ်”

“အေး အေး။ အမေသိပြီ”

အမေ မီးဖိုချောင်ထဲဝင်သွားတော့ အဖေ့ကို..

“အဖေ၊ သား အထက်တန်းမှော်ပညာကျောင်း တက်ပြီးတာနဲ့ အတွေ့အကြုံယူဖို့ နောက်ထပ် ခရီးထွက်ရမှာ ကြောက်နေတယ်။”

ပြီးခဲ့တဲ့ ခရီးစဉ်မှာ ကြုံခဲ့ရတဲ့ နတ်ဘုရားဘုရင် ကျုပ်ကို ပေးခဲ့တဲ့ တာဝန်တွေအကြောင်း အဖေ့ကို စပြီးပြောပြလိုက်တယ်။

အဖေ သက်ပြင်းချပြီး..

“သားလေး။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးအတွက်ဆိုတော့ သွားဖြစ်အောင် သွားလိုက်ပါ။ မင်းအနေနဲ့ ငါ့အတွက်ရော၊ မင်းအမေအတွက်ပါ နောက်ဆံတင်းနေစရာမလိုဘူး။ နတ်ဘုရားရဲ့ အမွေသာ ရအောင်ယူနိုင်ခဲ့မယ်ဆိုရင် သားအတွက် အဖေ အရမ်းဂုဏ်ယူနေမှာကွ”

“အဖေ….. ကျေးဇူးတင်ပါတယ်”

ကျုပ် သိုလှောင်အိတ်ထဲကနေ အိတ်တစ်လုံးထုတ်ပြီး အဖေ့ကို ပေးလိုက်တယ်။

“ဒါ လေ့ကျင့်ရေး ကာလထဲမှာ သားသုံးဖို့ဆိုပြီး ဆရာတိပေးထားတာ။ သား သိပ်မသုံးဖြစ်လိုက်ဘူးဆိုတော့ အဖေ့တို့အတွက် ထားလိုက်လို့ရပြီ”

“ကောင်းတယ်။ သိပ်ကောင်းတယ်။ ငါ့သားလေးက ငါတို့အတွက် အရမ်းသိတတ်တယ်။ ဟား ဟား ဟား”

အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲကနေ ထွက်လာတဲ့ ရတနာအလင်းတွေကြောင့် သူအံ့ဩသွားတယ်။ ပြီးတော့ အိတ်ထဲမှာ တဖိတ်ဖိတ် လက်နေတဲ့ စိန်ဒင်္ဂါးတွေကလဲ အပြည့်လေ။

“ဝိုး… များလိုက်တာ။ ဒါတွေ မင်းအတွက်မင်း သိမ်းထားစမ်းပါကွာ”

“သားမှာ စိန်ဒင်္ဂါး (၅၀၀)ကျန်သေးတယ်လေ၊ အဖေတို့ အမေတို့ ဒါတွေကို သုံးဖို့ တွန့်နေစရာ မလိုပါဘူး ရဲရဲသာ သုံးပစ်”

ဒီအချိန်မှာပဲ တံခါးခေါက်သံနဲ့အတူ အောင်းသဲ အသံ ထွက်လာတယ်။

“ကျန်းကုန်းရေ ငါရောက်ပြီကွ။ တံခါး မြန်မြန်လာဖွင့်အုံး”

“လာပြီဟေ့”

အောင်းသဲနဲ့ လောင်ယွီတို့ကို ခေါ်ဖို့ အမြန်ပြေးသွားလိုက်တယ်။

အောင်းသဲက..

“ဦးလေး မင်္ဂလာပါ”

“ကောင်းတယ်။ လာကြ လာကြ။ ဒါလေးက လောင်ယွီမို့လားကွ”

လောင်ယွီ မျက်နှာလေး နီရဲသွားရင်းနဲ့..

“ဦးလေး မင်္ဂလာပါ”

“အေး အေး မင်္ဂလာပါကွာ။ လောင်ယွီကတော့ ပိုပိုလှလာတယ်ဟေ့”

“အဖေ၊ အရင်က လောင်ယွီကို တွေ့ဖူးလို့လား”

“အေးပေါ့။ တွေ့ဖူးယုံတင်မဟုတ်ဘူး ငါသူ့ကို မကြာခဏ ဆိုသလိုတွေ့တာကွ။ နေ့တိုင်း အောင်းသဲနဲ့ တွဲနေတာလေ။ ရွာကလူတိုင်း အကုန်မြင်နေကျပဲကို။ ဟား ဟား”

အဲ့အချိန်လေးမျာပဲ အမေ ပန်းကန်လုံးတစ်လုံးနဲ့ ထွက်လာပြီးတော့..

“ဟုတ်တာပေါ့။ အောင်းသဲ ဘယ်လောက်တောင်အရည်အချင်းရှိလိုက်လဲ။ ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက် ရထားပြီးပြီ။ မင်းရော အမေကြည့်ဖို့အတွက် ဘယ်တော့ ချွေးမလေး ခေါ်လာမှာလဲ”

“သားလဲ လိုချင်တာပေါ့။ ဒါပေမယ့် တွေ့မှ မတွေ့သေးတာကို။ သား အောင်းသဲလောက် မစွမ်းဆောင်နိုင်သေးဘူး။ ဘယ်သူက သားနဲ့ အတူပျော်နိုင်မှာတဲ့လဲ”

“သားကောင်မလေးက အရမ်းလှနေရမယ်လို့ မဆိုလိုပါဘူး။ သူသာ သားအပေါ် ကောင်းကောင်း ဆက်ဆံရင်ပဲ အမေတို့ ကျေနပ်မှာပါကွယ်”

“အဖေ နဲ့အမေကတော့ အတူတူပဲ။ ဒါပေမယ့် သာမန် ကောင်မလေး တစ်ယောက်ကိုပဲ ရှာချင်ပါတယ်ဗျာ။ အရမ်းလှတဲ့ ကောင်မလေးတွေနဲ့ ဆက်ဆံရတာ လက်ပေါက်ကပ်တယ်။ ဆိုးလဲဆိုး၊ ဒေါသကကြီးသေးဆိုတာ သားတွေ့ခဲ့ရတယ်လေ”

“မင်းကို ဘယ်သူပြောလဲ။ လောင်ယွီကိုပဲ နမူနာကြည့်လေကွာ။ သူဆို စိတ်ထားကောင်းတဲ့အပြင် ဆက်ဆံရေးကလဲ အရမ်းကောင်းပ”

အောင်းသဲစကားကြောင့် လောင်ယွီ မျက်နာလေးရဲသွားပေမယ့် ဘာမှတော့ မပြောဘူးဗျ။

“ကဲပါ မင်းဘယ်လောက် ကံကောင်းလဲဆိုတာ တွေ့ပါတယ်။ သွား သွား ငါတို့တွေစားဖို့ ဟင်းပွဲတွေ အမြန်သွားယူလိုက်တော့”

တစ်ယောက်တစ်လက် ဝိုင်းသယ်လိုက်ကြတာ ဟင်းပွဲအပြည့်နဲ့ စားပွဲဝိုင်းကြီး ဖြစ်သွားပါရောလား။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ စားကြ သောက်ကြတာပေါ့။ အရမ်းမွှေးတဲ့ သီးစုံဝိုင် သလင်းကျောက်ပုလင်းလေးကို ထုတ်လိုက်တော့ အားလုံး ဝိုင်းကြည့်နေကြရော။ ဘာလဲ ပေါ့လေ။

“ဒါ နတ်သူငယ်တွေရဲ့ အရမ်းမွှေးတဲ့ သီးစုံဝိုင်ပေါ့။ အရမ်းရှားတယ်။ ငါသူတို့ကို တော်တော်လေး အကူအညီပေးခဲ့လို့သာ ငါ့ကို လက်ဆောင်ပေးလိုက်တာ။ အားလုံး အရသာ မြည်းစမ်းကြည့်လေ”

ကျုပ် အားလုံးအတွက် ခွက်သေးသေးလေးတွေထဲကို လောင်းထည့်ပေးလိုက်တယ်။ အရမ်းမွှေးတဲ့ ရနံ့က တစ်ခန်းလုံးကို လွှမ်းခြုံသွားတာပေါ့။

အကုန်လုံးက သူတို့ခွက်လေးတွေကို အကဲခတ်ကြည့်နေကြတယ်။ ဝိုင်ခဏခဏ သောက်နေကျဖြစ်တဲ့ အဖေကတော့..

“ဒါ တကယ့်ကို ဝိုင်ကောင်းပဲဟေ့။ မွှေးလဲ မွှေးတယ်ကွ”

“ပြောတာထက်ကို ပိုကောင်းတယ်။ မြန်မြန်သောက်ကြည့်လိုက်ကြ”

မျှော်လင့်ထားသလိုပဲလေ ဝိုင်ရဲ့ မွှေးရနံ့က အားလုံးကို အနိုင်ယူသွားတာပေါ့။ ခဏလေးနဲ့ ဝိုင်ပုလင်း ကုန်သွားတော့ ထပ်သောက်ချင်နေကြတုန်းပဲ။ တစ်ပုလင်းပဲ ရှိတာလို့ သူတို့ကို ပြောလိုက်ရတယ်။

အမေက ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြန်ပါလေရော..

“ဘာပဲဖြစ်ဖြစ် ဒီတခါ မှော်ပညာကျောင်းကို သွားရင် အိမ်ပြန်လာတဲ့အခါ ရီးစားတစ်ယောက် ခေါ်လာခဲ့ရမယ်။ အဲလိုမှ မဟုတ်ရင် ခွင့်မလွှတ်ဘူးမှတ်။ မင်းအခုဆို အသက်(၂၀)လောက်ရှိနေပြီ။ ပုံမှန်ဆို လူတိုင်း (၁၈)နှစ် (၁၉)နှစ်ဆို အိမ်ထောင်ပြုနေကြပြီ။ မင်းကတော့ အခုထိ တွေ့တောင် မတွေ့သေးဘူးတဲ့”

ကျုပ်လဲ အကူအညီတောင်းတဲ့အနေနဲ့ အဖေ့ကို လှမ်းကြည့်လိုက်မိတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါလဲ မင်းကို မြန်မြန် အိမ်ထောင်ပြုစေချင်နေတာ ဆိုတော့ မင်းကို မကူညီနိုင်ဘူးဟေ့။ ဒါမှ မင်းငါ့အတွက် မြေးလေး မွေးပေးမှာလေ။ ဟား ဟား။”

အဖေပြောတာနဲ့တင် ကျုပ်မျက်နှာကြီး ရဲတွတ်နေပြီ။

“အင်းပါ အင်းပါ။ စောင့်ကြည့်ပါ။ ရုပ်ဆိုးဆိုး ချွေးမတစ်ယောက် အိမ်ကို ခေါ်လာအုံးမယ်”

“ဒါပြဿမဟုတ်ဘူး။ ငါ့ထက် ရုပ်မဆိုးရင် ပြီးတာပဲ”

“မင်း အမေလိုလူမျိုးတော့ မရှာနဲ့နော်။ သဘောကောင်းတဲ့သူကိုရှာကွ။ မဟုတ်ရင် မင်းတစ်သက်လုံး ဒုက္ခရောက်လိမ့်မယ် မောင်”

အမေက နားအရမ်းလျှင်တော့ သူပြောသမျှ ကြားနေရတယ်။ ချက်ချင်းကို ဒေါသတကြီးနဲ့..

“ကျွန်မ ဒေါသက အရမ်းဆိုးနေလို့လား။ ဘယ်တုန်းက ဒုက္ခရောက်ဖူးလို့လဲ။ နောက်နေ့ကစပြီး ရှင့်ကို ထမင်းချက်မကျွေးတော့ဘူး၊ အဝတ်လျှော်မပေးတော့ဘူး။ ကျမမှာဖြင့် နေ့တိုင်း သူ့အတွက် အစေခံမကြီးလို လုပ်ကိုင်ပေးနေရတာ သူကတော့ အကောင်းမမြင်ဘူးတဲ့တော်ရေ”

အဖေ ချက်ချင်းကို ပြန်ချော့ရတော့တာ။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ့မိန်းမက ဘယ်သူနဲ့ ယှဉ်ယှဉ် အကောင်းဆုံး၊ အလှဆုံး၊ အနူးညံ့ဆုံး၊ ပညာလဲရှိ ကြင်နာစိတ်လဲ အရှိဆုံးပဲ။ မင်းက ဇနီးကောင်း ဖြစ်တဲ့အပြင် စံပြမိခင် တစ်ယောက်ဆိုလဲ ဟုတ်ပါတယ်ကွာ။”

အဖေ့ အပြောနဲ့ အမူအရာတွေကြောင့် ကျုပ်တို့ အားလုံး တသောသောနဲ့ ပွဲကျသွားတော့တာပေါ့။

“တော်တော် သနားဖို့ကောင်းတဲ့ အဖိုးကြီး”

“မင်း ဘယ်တော့ ကျောင်းကို ပြန်သွားမှာလဲ။

“ဒီတစ်ခါ အဖေတို့နဲ့ ရက်အတော်ကြာ နေအုံးမယ်လေ။ (၁)လလောက်ရိမှ ကျွန်တော် ပြန်စဉ်းစားမယ်။ အဲလို မကောင်းဘူးလား။ အမေရော ဘယ့်နှယ့်လဲ”

“ဒီလောက်ဆို လုံလောက်ပါပြီကွယ်။ တစ်နှစ်မှာ ရက်ပေါင်း (၃၀၀)ကျော်ရှိပေမယ့် မင်းအမြဲမနေနိုင်ဘူးလေ။ မင်းအဖေနဲ့ ငါ နေ့တိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် နေကြယုံပဲရှိတာ။ ငါတို့တွေ ဘယ်လောက် အထီးကျန်နေလဲဆိုတာ သားမှ မသိတာကိုး”

ဒီတခါတော့ အဖေက ဝင်ပြီး..

“အော.. ငါတစ်ယောက်လုံး ရှိနေတာတောင် မင်းက အထီးကျန်နေတုန်းပဲတဲ့လားကွ ဟေ…..”

“ဟင်း.. ဟင်း.. တော့ကို ကျမက အစကတည်းက စိတ်ထဲကို မရှိတာ”

“အာ ဟုတ်သားပဲ။ အဖေနဲ့ အမေ အဆင့်မြင့် မှော်ပညာ သင်ချင်ကြလား။ သားအဖေတို့ကို ပေးလို့ရတယ်။ ဒါမှ သားမရှိတဲ့အခါ အားတဲ့အချိန်တွေ မှော်ပညာလေ့ကျင့်နေလိုက်ရင် အထီးကျန်တယ်လို့ ခံစားရမှာ မဟုတ်တော့ဘူးလေ”

“အံ့ဩပ။ စိတ်ကူးကတော့ တော်တော်ကောင်းပတော်။ သားသင်ထားတာက အလင်းမှော်ပညာလေ။ မင်းအဖေနဲ့ အမေက ရေနဲ့လေ မှော်ဆရာတွေလေ။ ငါတို့ကို သင်ပေးနိုင်မှာတဲ့လား”

“အမေ့ ခန္ဓာကိုယ်နဲ့ မှော်စွမ်းအားတွေက အဆင့်သိပ်မမြင့်သ‌ေးတဲ့အတွက် အဲဒါ အရေးမကြီးဘူး။ ဒါကြောင့် မသင်ချင်တော့လို့ ရပ်လိုက်မယ်ဆိုရင်တောင် ပြဿနာမရှိဘူးလေ။ အလင်းမှော်ပညာကို ပြန်သင်ဖို့ပဲလိုတယ်။ အလင်းမှော်ပညာရဲ့ ပေါ့ပေါ့ပါးပါး ပညာရပ်တွေကတောင် ကုသရေးပိုင်းမှာ ရေမှော်ပညာထက် ပိုကောင်းတယ်။ ပြီးတော့ အလင်းမှော်ပညာရဲ့ တကယ့်စွမ်းအားအစစ်က အရမ်းအားကောင်းတယ်ဗျ”

“ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ မဟုတ်လဲ အလုပ်အားတဲ့အချိန်တွေဆို ပျင်းစရာအရမ်းကောင်းတာ။ မနက်ဖြန်ကစပြီး မင်းအမေနဲ့ငါ မင်းဆီကနေ အလင်းမှော်ပညာ ပြန်သင်မယ်ကွာ”

အောင်းသဲကလဲ..

“ငါတို့ကိုလဲ ထည့်တွက်လိုက်ကွာ။ ငါတို့လဲ သင်ချင်တယ်”

“ကောင်းတယ်။ မနက်ဖြန်ကစပြီး သင်ကြတာပေါ့။ မနက်ဖြန်ကျမှ သင်ခန်းစာ စပေးမယ်လေ”

ကျုပ်က အလင်းမှော်ဆရာ တစ်ယောက်လေ။ ဆရာတိကလွဲရင် တစ်ကမ္ဘာလုံးမှာ ကျုပ်က အလင်းမှော်ပညာနဲ့ပတ်သက်ပြီး နားလည်နိုင်ဆုံးလူလေ။ ဒါတောင် သူတို့ကို သူပေးရတာ တော်တော် ခက်ခက်ပဲဗျို့။

============= (*^*)=============

အပိုင်း(၉၃)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters