← Chapters

ကျောင်းတော်ကြီး အနေအထား

Vol. 7 Ch. 95

ကျောင်းတော်ကြီး အနေအထား

Vol. 7 Ch. 95

Child of light (ကျန်းကုန်း)

Volume 4: Chapter 5 – Situation in the Academy

“ကျောင်းမှာ မင်းဒီလို ပျော်နေမယ်လို့ ငါထင်မထားဘူး။ မင်း ဟိုင်ယွီကို လိုက်နေတဲ့ အချိန်ကနဲ့ ယှဉ်မယ်ဆိုရင်တော့ ငါမင်းကို စိတ်ပူစရာမလိုတော့ဘူး။ ဟိုင်ယွီရော နေကောင်းလား”

မာခယ် ပြန်မဖြေဘဲ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သက်ပြင်းချနေတယ်။

“ဘာဖြစ်လို့လဲ။ ဟိုင်ယွီလဲ ဒီကျောင်းမှာ တက်နေတာ မို့လား”

“သူ အခုထိ ကျောင်းမှာ တက်နေတုန်းပဲ။ သူနဲ့ ဟိုင်ရွှေတို့က ခန်း(၂)မှာ အတူတူပေါ့၊ ဟိုင်ရီက အခန်း(၁)မှာ ငါနဲ့အတူတူပဲ။ ငါ့တစ်သက်လုံး ဟိုင်းရီနဲ့ တစ်ခန်းထဲကျမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။”

“မင်းသူ့ကို စိတ်ဝင်စားတယ် ပြောတုန်းက မင်းတကယ်ကြီး အလေးအနက်ထားတယ်ဆိုတာ ငါသိတယ်။ ငါတို့တွေ အလယ်တန်းမှော်ပညာကျောင်းမှာတုန်းက မင်း ကစားနေတာလို့ ငါအမြဲတွေနေတာကွ။ မင်း ဒီလောက်ထိ ထိခိုက်သွားလိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး။ အခုရော မင်းသူ့ကို လိုက်နေတုန်းပဲလား။ ဟိုင်ရီက တားနေလို့လား။ အခုအချိန်ဆို မင်းသူနဲ့ မိတ်ဆွေဖြစ်နေသင့်ပြီလေ”

“ဟိုင်ရီ ငါ့ကို အဲလိုမလုပ်ပါဘူး။ သူကတောင် မြှောက်ပေးနေသေးတာ။ အဓိက ပြဿနာက ဟိုင်ယွဲ့ ငါ့ကို ရှိတယ်လို့ကို မထင်တာကွ။ သူငါ့ကို ပိုးမွှာတစ်ကောင်လိုမျိုး ဆက်ဆံနေတယ်။ ငါသူ့ကို လိုက်ဖို့ အခွင့်အရေး သေးသေးလေးတောင် မပေးဘူးကွာ”

“ဒီကိစ္စမှာတော့ ငါမင်းကို ကူညီနိုင်မှာမဟုတ်ဘူး။ ငါဆို မင်းထက်တောင် အခြေအနေဆိုသေးတယ်။ ငါမှာ ကြိုက်ရမယ့်သူကို မတွေ့သေးပေမယ့် မင်းက ဘယ်သူ့ကို ကြိုက်နေတယ်ဆိုတာ အနည်းဆုံးတော့ သိသေးတယ်။ ဟား.. ဟား.. ငါ့အမြင်အရဆိုရင် မင်းသူ့ကို ရဖို့ ဒီထက်ပိုပြီး တက်တက်ကြွကြွလေး ရှိဖို့ လိုနေပြီထင်တယ်။ မင်း အနေအထားရ သူမင်းအပေါ်တော့ သစ္စာဖောက်မှာ မဟုတ်လောက်ဘူးကွ။ အေးဆေးပေါ့ကွာ မင်းကလဲ”

“တကယ်တော့ မျှော်လင့်ချက် မရှိတော့ဘူးကွ။ သူ့ ရီမိသားစုက အကြီးဆုံးသား နဲ့ ချစ်သူဖြစ်နေပြီ။ အဲ့ကောင်က မိသားစု ဆက်ခံသူဆိုတော့ တော်တော်လေး ဩဇာကြီးတယ်လို့ ငါကြားထားတယ်။ အဲ့ကောင်နာမည်က ဖုန့်လျန့်ရီတဲ့။ ငါတို့ မပြိုင်ဖူးသေးပေမယ့် ငါ့ထက်တော့ ပိုအစွမ်းမထက်လောက်ဘူး။ အဲ့ကောင် ဟိုင်ယွဲ့နဲ့ အသက်အတူတူပဲ။ ငါတို့ ရုပ်ရည်တွေ ယှဉ်ကြည့်တော့လဲ ငါသူ့အောက်မကျပါဘူးကွာ။ ဒါပေမယ့် ဟိုင်ယွဲ့ အဲ့ကောင်ကိုပဲ ရွေးလိုက်တာကွ”

“သူ မင်းအပေါ် ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ခံစားချက်ရှိနေတာ ပထမဆုံးမို့များလား။ အဲ့ကောင်နဲ့ ပတ်သက်ပြီး ငါ့အကူအညီလိုသေးလား။ အဲ့ကောင်း တော်တော် အစွမ်းထက်တယ်ဆိုရင်တောင် ငါမင်းကို ကူညီမယ်ကွာ”

“မဟုတ်ဘူးကွ။ မင်းအဲ့လို လုပ်လို့မဖြစ်ဘူး။ ဟိုင်ယွဲ့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို မုန်းသွားလိမ့်မယ်။ ငါ သူနဲ့ အဆက်အသွယ်မလုပ်တာ ရက်သိပ်မကြာသေးဘူး။ သူ့အပေါ်ထားတဲ့ ငါ့ခံစားချက်တွေ တခြားတစ်ယောက်ဆီ ပြောင်းချင်ပေမယ့် ငါ့နှလုံးသားက သူ့ကို လက်မလွှတ်နိုင်ဘူးကွာ။ အစ်ကိုကြီး ဒီအကြောင်း ရပ်လိုက်ရအောင်ကွာ။ မင်း စောစောက ပြောတဲ့လေသံအရဆို မင်းစွမ်းအား သိသိသာတိုးလာတဲ့ပုံပဲ”

ကျုပ် ခပ်ပြုံးပြုံးနဲ့ ဘယ်ဘက်လက်ကို ဆန့်ပြီး လေထဲမှာ လှုပ်ရှားမှု တစ်ခုလုပ်လိုက်တယ်။ အလင်းဒြပ်စင်တွေအပြည့်နဲ့ တောက်ပတဲ့ အဖြူရောင် အလင်းတန်းတစ်ခုပေါ်လာတယ်။

“ဝိုး … မင်း တော်တော် အစွမ်းထက်တာပဲ။ မင်းမှာ အဆင့်မြင့် မှော်ဆရာတစ်ယောက်ရဲ့ အစွမ်းတွေရှိနေတာ သေချာပြီ။ သိသာထင်ရှားတဲ့ အရိပ်အမွက်တစ်ခုမှမရှိပဲ ဒါကို မင်းဘယ်လိုလုပ်ပြီး ဒီလောက်အကျိုးသက်ရောက်မှု ကောင်းတာမျိုး ရှိနေတာလဲ။ ဒါ မယုံနိုင်လောက်အောင်ပဲ။ မင်း ……… လို့တော့ လာမပြောနဲ့နော်”

“ငါ တကယ်ကို မှော်သခင်ကြီး အဆင့် ရောက်နေပြီ”

“ဒါအရမ်းကောင်းတယ်။ ဒီနေ့ကစပြီး ကမ္ဘာကြီးပေါ်မှာ မှော်သခင်ကြီး နောက်တစ်ယောက် ရှိပြီပေါ့။ ငါတော့ လောလောဆယ် အဲ့အဆင့်ရောက်ဖို့ မကျော်ဖြတ်နိုင်သေးဘူးဆိုတော့ နောက်ထပ် နှစ်တွေ စောင့်ရအုံးမယ်”

“မင်း စိတ်မရှည်တော့ဘူးမို့လား။ ကံတရားဆိုတာလဲ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါတယ်ကွ။ မှော်ဒြပ်စင်တွေရဲ့ အတွေးအမြင်တွေကို နားလည်ဖို့ လိုအပ်တယ်လို့ပဲ ငါပြောလို့ရမယ်”

“မှော် ဒြပ်စင်တွေရဲ့ အတွေးအမြင်တွေတဲ့လား”

“မင်းနဲ့ သင့်လျှော်အောင် သူတို့တွေကို နားလည်အောင်လုပ်ထားရမှာဆိုတော့ ငါဘယ်လိုနားလည်ခဲ့လဲဆိုတာတော့ မမေးသင့်ဘူး။ ဟိုင်ယွဲ့အကြောင့် ပြန်ပြောရအောင်။ သူ့အနေနဲ့ မင်းကို ရှုထောင့်သစ်ကနေ မြင်ရမယ့် ကိစ္စတစ်ခုခုတော့ လုပ်သင့်တယ်။ ဒါမှ မင်းအခွင့်အရေးတစ်ခု ရလာမှာ။”

“အမြင်သစ်တစ်ခုလား။ ငါစမ်းကြည့်လိုက်မယ်လေ။ ဒီတစ်ခေါက် မင်းခရီးထွက်သွားတာ ဘယ်နှယ့်လဲ။ သန့်ရှင်းသောဓား ရခဲ့လား"

‘သန့်ရှင်းသောဓား’ ဆိုတာကြားလိုက်ရတော့ ကျုပ် ငိုချင်စိတ်တောင် ပေါက်သွားတယ်။ ဒီဓား ကျုပ်ကိုယ်ထဲ ဝင်သွားပြီးကတည်းက ပျောက်သွားတာ။ ကျုပ်တစ်ကိုယ်လုံးကို စိတ်စွမ်းအင်နဲ့ ရှာကြည့်လဲ လုံးဝ မတွေ့ဘူး။ နတ်ဘုရားဘုရင်နဲ့ တွေ့ခဲ့ရတဲ့အကြောင်းလဲ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ဆရာတိမှာထားသေးတာဆိုတော့ သူ့ကို ပြောလို့ မဖြစ်ပြန်ဘူး။

“ပြောမနေပါနဲ့တော့ကွာ။ ဟာသကြီးပါ။ ငါဘယ်လိုမှ ရှာမတွေ့တာ။(ဒါ အမှန်တရားနဲ့ သိပ်မလွဲဘူးလေ) သူငယ်ချင်းတွေအများကြီးနဲ့တော့ ဆုံခဲ့ရတယ်”

ကျုပ် ကျန့်ဟူနဲ့ ကျန်တဲ့အဖွဲ့ဝင်တွေကို ဘယ်လိုတွေ့ခဲ့ရတယ်ဆိုတာတော့ သူ့ကို ပြောပြပေးလိုက်တယ်။ မာခယ်လဲ စိတ်ဝင်တစား နားထောင်ပါတယ်။

“ငါ တကယ်ကို မင်းနဲ့ အတူတူ လိုက်ခဲ့ချင်တာပါကွာ”

“ရပါတယ်။ တစ်တစ်ခေါက် မလိုက်နိုင်ပေမယ့် နောက်တစ်ခေါက်ကျ အခွင့်အရေးရှိပါသေးတယ်။ နောက်တစ်ကြိမ် အခွင့်အရေးမျာတော့ ကမ္ဘာကြီးတစ်ခုလုံးအတိုင်းအတာအထိ နာမည်ကြီးဖို့ အခွင့်အရေးတောင် ဖြစ်နိုင်လိမ့်အုံးမယ်”

“ဟုတ်တယ်။ ငါတို့ သေချာပေါက် အောင်မြင်ရမယ်”

“ကောင်းပြီလေ။ မာခယ်။ ငါအခုမှ ကျောင်းကို ပြန်ရောက်တာဆိုတော့ ကျောင်းရဲ့ အခြေအနေတွေကို ပြောပြပေးပါလား”

“တော်ဝင် အထက်တန်းမှော်ပညာကျောင်းက တော်တော်ရှုတ်ထွေးတယ်ကွ။ လေ့ကျင့်နေရုံနဲ့ ပြီးတဲ့ အလယ်တန်း မှော်ပညာကျောင်းနဲ့ မတူဘူး။ လက်ရှိ ဧကရာဇ်က အသက်ကြီးနေတဲ့အပြင် ဆက်ခံသူက မရှိသေးဘူး။ ဒါကြောင့် အခု အထက်တန်းမှော်ပညာကျောင်းမှာ တက်နေတဲ့သူတိုင်း စွမ်းအားရှိသလောက် ယှဉ်ပြိုင်တိုက်ခိုက် နေကြရတာဆိုတော့ သူတို့ အဆင့်တွေ တိုးလာမှာပဲ။ အိုက်ရှာနိုင်ငံတော်ကြီးတစ်ခုလုံးက အခုဆို အမှောင်ဖုံးနေပြီ။ အိုက်ရှားဆိုတာ မှော်ဆရာတွေကြောင့် ကျော်ကြားတဲ့နိုင်ငံဆိုတော့ စွမ်းအားကြီးသူတွေက အထက်တန်းမှော်ပညာစာသင်ခန်း တွေကို ပစ်မှတ်ထားနေကြတာ”

“တော်တော် ရှုတ်ထွေးတာပဲ။ အင်အားကရောက် ဘယ်လောက်များလဲ”

တကယ်လို့သာ သိပ်မကြာခင် အိုက်ရှားနိုင်ငံ ဆက်ခံသူကိစ္စအတွက် ပြည်တွင်းစစ်ဖြစ်ခဲ့မယ်ဆိုရင် မွန်းစတားဘုရင်ကို တိုက်ခိုက်ဖို့အတွက် အကျိုးသက်ရောက်မှု တော်တော် ကြီးသွားလိမ့်မယ်။

“လောလောဆယ်တော့ အဓိက အင်အားစုကြီး (၃)ခုရှိတယ်ကွ။ နံပတ်(၁)ကတော့ မြို့စား ထီယိပေါ့။ မင်းသူ့ကို ကြားဖူးတယ်မို့လား”

“သူ့အကြောင်းတော့ ကြားဖူးတယ်ထင်တာပဲ။ ဒါပေမယ့် သိပ်မမှတ်မိတော့ဘူး”

“သူက လက်ရှိ တော်ဝင်မှော်သမဂ္ဂကို ချုပ်ကိုင်ထားတာဆိုတော့ တော်တော် ဩဇာကြီးတဲ့အပြင် စီးပွားရေးမျာပါ လွှမ်းမိုးမှုကြီးတာကြောင့် သူလဲ တော်တော် နောက်ခံကောင်းတဲ့ တော်ဝင်ပြိုင်ဖက်တစ်ယောက်ပဲ။ တော်ဝင်မှော်သမဂ္ဂ ဆိုတာလဲ ဒီကျောင်းကနေ ဘွဲ့ရသွားတဲ့ သူတွေပဲလေ။ သူတို့မှာ အင်အား (၅၀၀)လောက်ပဲ ရှိတယ်ဆိုပေမယ့် သူတို့စွမ်းအားက တစ်နိုင်ငံလုံးနဲ့ ညီတယ်ကွ။ တော်ဝင်မှော်သမဂ္ဂရဲ့ ခေါင်းဆောင်က ကမ္ဘာ့ ဆရာသခင်ကြီး (၁၀)ယောက်ထဲက တစ်ယောက်ဆိုတော့ သူ့စွမ်းအားက အနည်းဆုံး မှော်သခင်ကြီးလောက် ရှိမှာလေ။ သူကတော့ ကမ္ဘာမြေမှော်သခင်ကြီး သွမ်းယုရှိးပေါ့။ အာ ဟုတ်သားပဲ ကမ္ဘာ့ဆရာသခင်ကြီးက (၁၁)ယောက် ဖြစ်ရမှာ။ ဟား ဟာ”

“နောက်နေတာတွေ တော်လိုက်တော့။ သွမ်းယုရှီး က တော်ဝင်မှော်သမဂ္ဂ ခေါင်းဆောင်။ သူက မြို့စားကြီးစကားကို ဘာကြောင့် နားထောင်နေရတာတုန်း။ ဧကရာဇ်အမိန့်ကိုပဲ နာခံသင့်တာမဟုတ်ဘူးလား”

“အဲဒါကိုက မြို့စားနဲ့ပတ်သက်ပြီး မယုံနိုင်စရာ အချက်တစ်ချက်လေ။ လာဘ်ပေးလာဘ်ယူလား၊ နောက်ကွယ်က လျှို့ဝှက်ချက်ကြောင့်လားဆိုတာ မသိပေမယ့် လောလောဆယ်တော့ သွမ်းယုရှီးက သူ့ဘက်မှာ ရပ်တည်နေတာတော့ အသေအချာပဲ”

“နောက်ထပ် အင်အားစု (၂)ခုကရော”

“နောက်ထပ် အင်အားစု (၂)ခုလား…..”

မာခယ် စကားတို့လို့တန်းလန်းနဲ့ ရှင်းပြနေတာရပ်ပြီး လမ်းကို စိုက်ကြည့်နေတယ်။

“ဟေး.. ဟေ့ကောင် မင်းဘာကြည့်နေနေတာတုန်း”

ကျုပ်လဲ သူကြည့်တဲ့ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်မိတယ်။

============= (*^*)=============

အပိုင်း(၉၆)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters