← Chapters

မာခယ့် နောက်ခံ

Vol. 7 Ch. 98

မာခယ့် နောက်ခံ

Vol. 7 Ch. 98

Child of light (ကျန်းကုန်း)

Volume 4: Chapter 8 – Ma Ke’s Background

ခြေလှမ်း (၂)လှမ်းလောက်ပဲ လှမ်းရသေးတယ် ကျုပ်စီလာနေတဲ့ မာခယ်ကို တွေ့လိုက်ရတယ်ဗျ။ သူလဲ ကျုပ်ကို လာရှာတဲ့ပုံပဲ။

“ငါလဲ ကိုလာတွေ့မလို့ပဲကွ၊ လာကွာ သွားစားကြရအောင်။ စားပြီးရင် နေ့လည် အတန်းမတက်ခင်ထိ အဆောင်မှာပဲ နားကြတာပေါ့”

ညစာစားပွဲမှာ ကျုပ်အမှန်အကန် လွေးနေတာမြင်တော့..

“အစ်ကိုကြီး။ မင်းဒီလိုမျိုး စားနေတုန်းပဲနော်။ ငါတော့ သဘောကျသွားပြီ”

ကျုပ်သူ့ကိုကြည့်ပြီး စကားမပြောဘဲ အစာစားဖို့ လက်ဟန်ပြလိုက်တယ်။

အဲ့အချိန် မိန်းကလေးတစ်ယောက် အသံပေါ်လာတယ်..

“အဲလိုမှမဟုတ်ရင် ထမင်းပုံး ဘယ်သူက ခေါ်မှာလဲ။ ကျန်းကုန်း ငါပြောတာ မှန်တယ်မို့လား”

ပါးစပ်ထဲမှာ ပြည့်နေတော့ ခေါင်းလှည့်ပြီး အရင်ကြည့်လိုက်တယ်။ ဟိုင်ယွဲ့နဲ့ တူတဲ့ မိန်းမလှလေးတစ်ယောက်ဗျ။ အာ.. အဲ့ကောင်မလေး အကျွင်းမဲ့ နှောက်ယှက်ခြင်းနဲ့ ရေနဂါးမှော်ပညာသုံးတဲ့ ကောင်မလေးပဲလို့ ရုတ်တရက် သတိရလိုက်တယ်။ ကျုပ် မြန်မြန်မျိုချပြီး မထင်မှတ်ဘဲ ပြုံးပြီး..

“ဟိုင်ရှင်း မတွေ့တာကြာပြီပဲ၊ နင်ပိုလှလာတယ်ဟ”

ဟိုင်ရှင်းရဲ့ မျက်နှာဖွေးဖွေးလေးက နီရဲသွားပါလေရော။

“တကယ်လား။ နင်ပြန်လာတယ်လို့ ညီမလေးဆီက ကြားလို့လေ။ အစက နင်နဲ့ တူတယ်လို့ပဲ ငါထင်ထားတာ။ ငါ့မှာ မြန်မြန်စားပြီး အပြေးအလွှားလာလိုက်ရတာ တကယ်ကို နင်ဖြစ်နေတာပဲ။ ငါထင်ထားသလိုမျိုး ကွက်တိပဲ။ နင် လုံးဝ ပြောင်းလဲမသွားဘူးနော်။ နင် အရပ်ရှည်လာတယ်၊ ပိုပြီးလဲ သန်မာလာတယ်”

“နင်လဲ အရင်ကနဲ့မတူတော့ပါဘူးဟာ။ ကြီးလေ လှလေ ဒေါင်းမျိုးလေ။ သေချာတာတော့ တော်ဝင်ကျောင်းတော်ကြီးရဲ့ ပန်းတစ်ပွင့် ဖြစ်နေပြီ ထင်တာပဲ၊ ဟုတ်တယ်မို့လား, ဟေ့ကောင် မာခယ်”

ဟိုင်ရှင်း ရှေ့မှာတော့ ဟိုကောင်မာခယ် ပုံမှန်ပဲဗျ။

“ဟုတ်ပ။ အခုအချိန်မှာဆိုရင် အလားအလာရှိပြီး လိုက်ဖက်တဲ့လူတွေနဲ့ အဖွဲ့တစ်ဖွဲ့ သူဖွဲ့ထားတယ်လေ”

“နင် တကယ် မုန်းဖို့ကောင်းလိုက်တာ။ မာခယ် နင်တအားပုံကြီးချဲ့ပြောနေတယ်။ ငါ့မှာ ဘယ်တုန်းက လိုက်ဖက်တဲ့သူ အများကြီးရှိသွားတာလဲလို့”

ကျုပ်လဲ လန့်ချင်ယောင်ဆောင်ပြီး မာခယ်ကို လှည့်ကြည့်ရင်း..

“ဒါဆို ငါတို့တွေ မြန်မြန်စားလိုက်ကြရအောင်။ တော်ကြာ ကျောင်းသားတွေ တပြုံကြီး လာတွယ်တာ ခံနေရအုံးမယ်”

အဲလိုပြောပြီးတာနဲ့ မာခယ် အကျယ်ကြီး အော်ရယ်လို့ ဘေးနားက ကျောင်းသားတွေ ကျုပ်တို့ကို ဝိုင်ကြည့် ကြတော့တာပေါ့။

ဟိုင်းရှင်း ကျုပ်စီကို ပြေးလာပြီး လက်သီးနဲ့ထိုးရင်း..

“နင်လဲ မုန်းစရာကောင်းတာပဲ။ ဒီလို လူတွေကို ဘယ်သူက လာတွယ်ရဲမှာလဲ”

အဲ့ကောင်မလေး တော်တော် ရယ်စရာကောင်းတာဗျ။

“ငါများ နင့်ကို စော်ကားလိုက်မိသေးလား”

“နင် တော်လိုက်တော့။ ငါသွားစားတော့မယ်”

အဲ့ကောင်မလေး လှည့်ထွက်သွားမှ မာခယ်ပြုံးပြီး..

“သူ့စိတ်ဓာတ်က သူ့အစ်မနဲ့ လုံးဝမတူဘူး။ သူက အရမ်းတက်ကြွပြီး ချစ်စရာကောင်းတယ်။ မင်းဘာလို့ သူ့ကို မလိုက်တာတုန်း”

ရုတ်တရက် မာခယ် အသံတိုးတိုးလေးနဲ့..

“အစ်ကိုကြီး မင်း ဒီကိစ္စ မသိလောက်သေးပေမယ့် သူကတော့ တစ်ယောက်ယောက်ကို ကြိုက်နေတာ သေချာပြီ”

“တကယ်ကြီးလား။ ဘယ်သူတုန်း”

“သူကြိုက်နေတာက………………….. မင်းလေ”

“တော်လောက်ပြီ။ မင်းလာနောက်နေတာပဲ။ သူငါ့ကို ဘယ်လိုလုပ် ကြိုက်မှာတုန်းဟ”

“မင်းမသိနိုင်သေးဘူးဆိုတာ အဲဒါပဲလေ။ မင်းသူ့ကို အနိုင်ရပြီးသွားကတည်းက သူ့စိတ်ထဲမှာ မင်းရောက်သွားပြီကွ။ မင်း ခရီးထွက်သွားတဲ့အချိန် ငါတို့က အထက်တန်းမှော်ပညာကျောင်း မှာရှိနေကြတယ်လေ။ သူ မင်းကို အကြိမ်မရေတွက်နိုင် လာမေးတယ်။ အတွေ့အကြုံရှာဖို့ ခရီးထွက်သွားတာလို့ပဲ ငါပြောထားတာ။ သူငါ့ကိုတောင် မယုံလို့ တခြား ကျောင်းသားတွေကိုလဲ သွားမေးဖူးတယ် ပြောတယ်။ အဲတုန်းကဆို သူတော်တော် စိတ်ဓာတ်ကျနေတဲ့ပုံကွ”

အာ… အဲဒါကြီး အမှန်တရား မဖြစ်နိုင်ဘူးမို့လား။ သူ ကျုပ်ကို ဘယ်လိုများ သဘောကျနိုင်မှာလဲ။ မာခယ်နဲ့ ကျုပ်ထက် တစ်နှစ်ငယ်တယ်ဆိုပေမယ့် အသက်အတူတူလောက်ပဲလို့ ပြောလို့ရတယ်လေ။ သူ့ကို ကျုပ်ညီမ တစ်ယောက်လိုပဲ အမြဲ သဘောထားခဲ့တာဗျ။

“သူ ငါ့ကို မကြိုက်လောက်ပါဘူးကွာ”

ကျုပ် အဲလိုအော်လိုက်မိတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူလေးနဲ့ ဒိတ်ဖို့ စိတ်ကူးယဉ်မိပြီး ငြင်းလိုက်မိတိုက် ကျုပ်မှာ စိတ်အနှောက်အယှက်တွေ ဖြစ်ကရော။ ကျုပ်ဒီလိုမျိုးကြီး သည်းမခံနိုင်ဘူး။ ကျုပ်ခေါင်းကို ခါရမ်းပစ်လိုက်တယ်။ သူ့မှေ ရက်စက်တတ်တဲ့ မောင်နှမတွေ ရှိသေးတယ်။ ကျုပ် သူ့ကို ကျုပ်ဘဝလို့ မသတ်မှတ်နိုင်သလို သူ့အတွက်လဲ ဘာဆိုဘာတစ်မှ မခံစားရဘူးလေ။

“ဒီကိစ္စ နောက်တခါ ထပ်ပြောလို့မရတော့ဘူးနော်။ မင်းသဘောပေါက်တယ်မို့လား။ လာကွာ သွားရအောင်”

ကျုပ်တို့ မသွားခင် ဟိုင်ရှင်းကို ခိုးကြည့်မိလိုက်သေးတယ်။ သူလဲ ကျုပ်ကို ကြည့်နေတာပဲ။ ကျုပ်ကိုမြင်တော့ သူ့မျက်နှာ နီရဲသွားပြီး ခေါင်းငုံ့သွားတယ်။ ကျုပ် ခပ်မြန်မြန်ပဲ အကြည့်ရပ်လိုက်ရတာပေါ့။ မာခယ် ကျုပ်ကို အမှန်တွေ ပြောခဲ့တဲ့ပုံပဲ။ ကျုပ် ပြေးထွက်လာခဲ့လိုက်တော့တယ်။

အိပ်ဆောင် ရောက်တဲ့အထိ မာခယ်ကို ဆွဲခေါ်သွားတာဗျ. ကျုပ် ကုတင်ပေါ်ထိုင်ပြီး အမောတကောနဲ့ ခန ငြိမ်နေလိုက်တယ်။

“အစ်ကိုကြီး မင်းဘာဖြစ်နေတာတုန်း။ ဟိုင်ရှင်းက ပြဿနာရှိလို့လား။ မင်းကြည့်ရတာ တစ္ဆေသရဲ မြင်လိုက်သလိုပဲ”

“ငါတို့ကို အောင်သွယ်ပေးနေတာ ရပ်လိုက်တော့။ မင်း ဟိုင်ယွဲ့ကို ကြိုက်ပေမယ့် ငါ ဟိုင်ရှင်းကို မကြိုက်ဘူး။ ကျေးဇူးပြုပြီး မအောင်သွယ်ပါနဲ့တော့ကွာ။ မင်း နားလည်တယ်မို့လား”

“ဟိုင်ရှင်းက ဘာဖြစ်နေလို့လဲ။ သူဒီလောက် ချစ်စရာကောင်းပြီး တော်ဝင်ကျောင်းတော်ကြီးရဲ့ ထိပ်တန်းအလှပဂေး တစ်ယောက်နော်”

“တော်ပြီကွာ၊ ဒီကိစ္စ ဒီမှာပဲရပ်လိုက်တော့။ မင်းနောက်ခံအကြောင်း မြန်မြန်မပြောသေးဘူးလား။ မင်းမှာ ဖြေရှင်းဖို့ လက်ကျန် အကြွေးတွေ ကျန်သေးတယ်နော်”

“ဟား ဟား။ အစ်ကိုကြီး ငါမှားသွားပြီကွ။ ငါ့နောက်ခံကို ငါလျှို့ဝှက်မထားသင့်ဘူး။ ငါ့ ပုံစံအမှန်ကို ဆရာလုံ တစ်ယောက်ပဲ သိထားတာကွ။ ဆရာတိ တောင်မသိဘူးရယ်”

“တော်စမ်းပါကွာ။ ဝေ့ဝိုက် မနေနဲ့တော့။ မင်း နာမည်ကျော် မိသားစုက သခင်လေး တစ်ယောက် ဆိုတာသာ ပြောတော့”

မာခယ် ကျုပ်တို့ပြောစကားတွေကို နားထောင်နေတဲ့သူ ရှိ/မရှိ သေချာအောင် အိပ်ဆောင်တံခါးကို အရင်ဖွင့်ကြည့်ပြီးမှ တံခါးသော့ခတ် လိုက်တယ်။

ပြီးမှ ကျုပ်ဘေးနားပြန်လာပြီး အသံတိုးတိုးတဲ့..

“ငါ့အဖေက မင်းသား ခယ်ကျာ ကွ။ ခယ်ကျာအောင်းအာ လို့ပြောလဲရတယ်။ ငါက မင်းသား ခယ်ကျာရဲ့ ဒုတိယသား၊ နာမည်အရင်းက မာခယ်အောင်းအာ ကွ”

“တစ်မျိုးပြောရရင် မင်းက မင်းမျိုးမင်းနွယ်ပေါ့။ မင်း နောက်ခံကို တခြား တစ်ယောက်ရော သိလား”

“ဘယ်သိမလဲကွ။ ကိစ္စ(၂)ခုကြောင့် ငါ့နောက်ခံကို ဖုံးကွယ်ထားရတာ။ ပထမ အချက်က ငါလေ့လာပြီး ဗဟုသုတ ရအောင်။ ဒုတိယအချက်က အရည်အချင်းတွေကို လေ့လာပြီး ကျောင်းရဲ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်လေ”

“ဒီလိုမျိုး အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို စုဆောင်ဖို့ဆိုတာ မင်းအဖေအတွက်မို့လား။ ကျေးဇူးပြုပြီး ငါ့ကိုတော့ ခေါ်ဖို့ မကြိုးစားနဲ့နော်။ ငါအရာရှိ မလုပ်ချင်ဘူး။ စစ်သားဆို ပိုတောင်ဆိုးသေး”

“ဘာလို့ ဒီလို လုပ်ရမှာလဲကွ။ ညီအစ်ကို အချင်းချင်း လူစုတဲ့ ကိစ္စပြောစရာလား။ နောင် အနာဂါတ်မှာ ငါ့ကို ထောက်ပံ့ပေးဖို့ပဲ လိုတယ်။ အဟား ဟား”

မာခယ် နောက်ထပ် စကားမပြောခင် လက်ချိုးရေနေလေရဲ့။ ဆရာတိနဲ့ ကျုပ် နှစ်ယောက်စလုံးက မှော်သခင်ကြီးတွေ။ ကျုပ်ဆရာဆို လက်ရှိ ကမ္ဘာထိပ်သီး (၁၀)ယောက်ထဲမှာ တတိယဖြစ်တဲ့အပြင် တော်ဝင်မှော်ပညာ အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး။ မှော်စွမ်းအားကို အဓိကထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အိုက်ရှားနိုင်ငံ တစ်ခုလုံးကို တောင်လွှမ်းမိုးနိုင်တယ်လေ။ သူနဲ့ ကျုပ် စတွေ့တုန်းကတော့ ဒီလိုမျိုးမဟုတ်ပေမယ့် ခင်မင်မှုတွေကတော့ အစစ်အမှန်ဆိုတာ ကျုပ်သိပါတယ်။ ပထမဆုံး ကျုပ်တို့တွေ့တုန်းက ဒီလောက်ထိ ယတိပြတ်မဟုတ်သေးဘူးပေါ့။

“ဒါလောက်ဆို လုံလောက်ပြီ။ ဆက်မပြောနဲ့တော့။ ညီအစ်ကိုတွေ ဖြစ်တဲ့အတွက် ငါ မင်းကို သေချာပေါက် အကူအညီ ပေးမှာပါ”

“အစ်ကိုကြီး။ မင်းငါ့ကို အပြစ်မတင်ဘူးလား”

“ပြဿနာမရှိဘူးလေ။ ဒီကိစ္စရပ်လိုက်တော့။ တစ်ယောက်ယောက်သာ ငါတို့ ဒီပုံစံကို မြင်ရင် ငါတို့နှစ်ယောက်ကို ကျားကျားတွဲ လို့ထင်နေအုံးမယ်။ သွားရအောင် နေ့လည်ပိုင်း အတန်းချိန်စနေလောက်ပြီ”

============= (*^*)=============

အပိုင်း(၉၉)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters