← Chapters

ဆရာနှင့် စကားစစ်ထိုးခြင်း

Vol. 7 Ch. 99

ဆရာနှင့် စကားစစ်ထိုးခြင်း

Vol. 7 Ch. 99

Child of light (ကျန်းကုန်း)

Volume 4: Chapter 9 – A Duel of Words with the Teacher

စာသင်ခန်းထဲကို ပျင်းပျင်းနဲ့ဝင်သွားပြီး ခုံမှာဝင်ထိုင်လိုက်တယ်။ စာသင်ချိန်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျုပ်လဲမသိဘူး။ မေ့ထားလိုက်။ ခနအိပ်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

စားပွဲခုံပေါ်မှာ မှောက်ရင်း မသိစိတ်ကတော့ ကျောပြင်ပေါ် စူးစိုက်မိလိုက်တယ်။ ကျုပ်အာရုံတွေက ထိလွယ်ရှလွယ်မဟုတ် ရင်တောင် အလွယ်လေး သတိထားမိနိုင်တယ်ဗျ။ ကျုပ်ကို မူကျီ ကြည့်နေတာ နေမယ်။ စိတ်ထဲ နည်းနည်းလေး တုန်လှုပ်သွားတယ်။ ကျုပ် သူ့ကို ချစ်မိသွားတယ်ဆိုတာကို သူတကယ်ကြီး ယုံသွားတာလား။ ကျုပ်သူ့ကို ဥပက္ခာပြုပြီး စောင့်ခိုင်းဖို့ပဲ စိတ်တိုတိုနဲ့ ဆုံးဖြတ်လိုက်တယ်။

ကျုပ် သတိမထားမိခင်မှာပဲ အိပ်ပျော်သွားပါလေရော။

ကျုပ် အိပ်တဝက်နိုးတဝက်ဖြစ်နေတုန်း တစ်ယောက်ယောက်က ကျုပ်ကို တွန်းလှုပ်နေသလို ခံစားလိုက်ရတယ်။ ကျုပ်လဲ အဲ့လက်ကို အလိုလို ပြန်တွန်းထုတ်လိုက်တာပေါ့။ ဒါပေမယ့် အဲ့လက်က ကျုပ်ကို ဆက်တွန်းလှုပ်နေတုန်းပဲ။ ကျုပ် စိတ်တိုတိုနဲ့ ထထိုင်လိုက်ပြီး..

“ဒီကမ္ဘာကြီးပေါ်မှာ မင်းဘာလိုချင်လဲ။ မင်းမှာ ဘာတွေ စိတ်ညစ်စရာရှိလဲ။ ငါ့အိပ်ချိန်တော့ လာနှောက်ယှက်လို့ မရဘူးနော်”

ကျုပ်တစ်ချက်လေး နှလုံးခုံသွားတယ်။ ကျုပ် စာသင်ခန်းထဲမှာ ရှိနေဆဲဆိုတာ သတိရလိုက်လို့လေ။ အဲ့တော့မှာ ငိုက်နေတာကနေ နိုးလာတော့တာ။ ကျုပ်ကို တွန်းလှုပ်နေတဲ့သူကို ကြည့်လိုက်တော့ မူကျီ ကျုပ်ကို ဒေါသတကြီး စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ ကျုပ်လဲ ဗြောင်ကျကျနဲ့…

“နင်ငါ့ကို ဘာလို့ စွတ်တွန်းနေတာတုန်း”

မူကျိ မျက်နှာ နီရဲသွားပြီး နှုတ်ခမ်းဆူရင်း တစ်နေရာကို ညွှန်ပြလေသလိုပဲ။ ခုံအနီးအနာက ကျောင်းသားတွေ ကျုပ်စကားကြားတော့ ဝိုင်းရယ်ကြပါလေရော။ သူ့နှုတ်ခမ်းနဲ့ ညွှန်တဲ့ဆီ လိုက်ကြည့်မိလိုက်တယ်။ အာ… ကထိက လျှောက်လမ်းပေါ်မှာ မျက်နှာက ပြာနှမ်းနေတဲ့ သက်လတ်ပိုင်းအရွယ် ဆရာမ တစ်ယောက်ဗျ။ အမ်…။ သူ့နှုတ်ခမ်းတွေ ဘာလို့ တဆတ်ဆတ် တုန်နေပါလိမ့်။

ဆရာမက တုန်တုန်ယင်ယင် အသံနဲ့..

“မင်း ထရပ်စမ်း”

ကျုပ်ဟာကျုပ် နှာခေါင်းကို လက်ညှိုးညွှန်ပြရင်း..

“ကျွန်တော့ကို ပြောတာလား”

“ဟုတ်တယ်။ မင်းပဲ။ မြန်မြန် ထရပ်စမ်း”

ကျုပ် ပျင်းနေတာတွေထားပြီး ထရပ်လိုက်တယ်။ ကျုပ် စိတ်တွေ အပြည့်အဝ ပြန်မနိုးသေးဘူးထင်တာပဲ။ ဆရာမ ဆိုလိုရင်းကို ကျုပ်ကောင်းကောင်းသဘော မပေါက်သေးဘူး။

“ဆရာမ။ ဆရာမ နေမကောင်းတဲ့ပုံပဲ။ ဆရာမ နေမကောင်းဘူးလား။ ကျန်းမာရေး စစ်ဆေးဖို့ ဆေးခန်း တစ်ခုခုသွားသင့်တယ် ထင်တယ်။ ဆရာမ ရောဂါ ပြင်းထန်ရင် ကြောက်စရာကောင်းလိမ့်မယ်နော်”

ကျုပ်ပတ်ဝန်းကျင်က အသံတွေ အကုန်တိတ်သွားတယ်။ ကျောင်းသားတွေ အကုန်လုံး စဉ်းစားနေကြတယ်။ ဒီကျောင်းသား ဆရာ အာဏစက်ကို စိန်ခေါ်ရဲတာလားပေါ့လေ။ မနက်တုန်းက တစ်ယောက်၊ အခု နေ့လည်ကျ တစ်ယောက် ထပ်ပြီး စိတ်ဆိုးသွားပြန်ပြီ။ ဒါသက်သက် အထင်ကြီးနေကြတာ။ သူတို့က ဆရာမ ကျုပ်ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့မျှော်လင့်ချက်တွေ တသီကြီးနဲ့ ပြည့်နေကြပုံပဲ။

ဆရာမ သူ့ဒေါသစိတ် ငြိမ်သွားအောင် လုပ်တဲ့သဘောနဲ့ လေတွေ တဝကြီးရှူလိုက်တယ်။ ပြီးမှ သူကျုပ်ကို စိုက်ကြည့်ပြီး..

“ဒီမေးခွန်း လာဖြေပါ။ မင်းရဲ့ ဖြေရှင်းချက် ငါကြားချင်တယ်”

သူပြောသလိုပဲ သင်ခန်းစာအတွက် အဓိကမွေးခွန်းတစ်ခု ချရေးထားတဲ့ ကျောက်သင်ပုန်းကို ညွှန်ပြတယ်။ ကျုပ်သာ အဖြေမှားရင်၊ ဒါမှမဟုတ် ဘာဖြေရမှန်းမသိရင် အတန်းထဲက ထုတ်ပြီး စင်္ကြန်မှာ မတ်တတ်ရပ်ခိုင်းဖို့ ဆရာမတွေးထားတဲ့ ပုံပဲ။

ကျုပ် အဖြူရောင် ကျောက်သင်ပုန်းကို ကြည့်လိုက်တော့ မှော်အတတ်ပညာတွေကြားက ဆက်နွယ်မှုအကြောင်း ဆိုတာ တွေ့လိုက်ရတယ်။

မျက်မှောင်ကြုတ်ပြီး ခနလေး စဉ်းစားလိုက်တယ်။ ဆရာမကတော့ ဘယ်လိုဖြေရမှန်း မသိဘူးအထင်နဲ့ ကြိမ်းမောင်းဖို့ စကားစတော့မယ်။

“မှော်ပညာအားလုံးရဲ့ ဆက်နွယ်မှုကို မေးတာက ယေဘုယျ ဆန်လွန်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ လူတွေအားလုံးဟာ မှော်ပညာရဲ့ မတူကွဲပြားတဲ့ အစိတ်အပိုင်းအားလုံးကို သိထားသင့်ပါတယ်။ အလင်း၊ အမှောင်၊ ရေ၊ မီး၊ မြေကြီး၊ လေ စသည်ဖြင့်ပေါ့။ မှော်ပညာတွေကြာက ဆက်နွယ်မှုတွေဟာ ရှုတ်ထွေးလွန်းတာကြောင့် လက်ရှိမေးခွန်းကို ယေဘုယျ ဆန်တယ်လို့ ကျွန်တော် ပြောတာပါ။ အရိုးရှင်းဆုံးပြောရရင် မှော်ပညာအားလုံးဟာ အချင်းချင်း အပြန်အလှန် တုန့်ပြန်နေတာနဲ့ တစ်ချိန်တည်းမှာပဲ အပြန်အလှန် ထောက်ပံ့နေနိုင်တယ်လို့ ယုံကြည်ပါတယ်”

ဆရာမ အေးဆက်ဆက် ပြုံပြီး..

“တစ်ချိန်တည်းမှာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နိုင်ကြပါ့မလား။ တစ်ယောက်နဲ့တစ်ယောက် တန်ပြန်တိုက်ခိုက်တဲ့ မှော်ပညာ တွေအကြောင်း လူတိုင်းသိပေမယ့် အပြန်အလှန် ထောက်ပံ့တယ်ဆိုတာ တခါမှ မကြားဖူးဘူး။ အဲ့အထဲမှာ ရေမှော်နဲ့ မီးမှော်တွေ ပေါင်းစပ်ပြီး မီးတောက် ဖြစ်လာနိုင်ပါ့မလား”

နောက်ဆုံးတော့ ကျုပ်စိတ် အပြည့်အဝ နိုးလာပါပြီ။ ဆရာမက ကျုပ်ကို ချောင်ပိတ်ဖို့ ကြိုးစားနေတယ်ပေါ့လေ။ အဲလို မလုပ်နိုင်မှာ ကြောက်မိသေး။ ဆရာတိရဲ့ သီအိုရီကို ဆရာတိကိုယ်တိုင် တွေ့ထားတာဆိုတော့ ဆရာမအဆင့်လေးနဲ့ ကျုပ်ရဲ့ကို လာပြီး ယှဉ်နိုင်စရာလား။ ကျုပ် သီအိုရီကို တားဆီး ဆန့်ကျင်ဖို့ဆိုတာ အန်ကယ်ကတော့ နိုးပါ။

“ဟုတ်ပါတယ်။ ရေမှော်ပညာက မီးမှော်ဖြစ်လာနိုင်သလို၊ လေမှော်ပညာကလဲ မြေမှော်ဖြစ်လာနိုင်ပါတယ်။ ဒီဥပမာတွေက ရိုးရှင်းပါတယ်။ အလင်းနဲ့ အမှောင် မှော်ပညာမှာဆိုလဲ အဲလိုမျိုး ဂုဏ်သတ္တိများရှိပါတယ်။ အလင်းမရှိခဲ့ရင် အမှောင်ဆိုတာ ဘယ်ကရောက်လာမလဲဆိုတာ ပြန်မေးခွန်းထုတ်ပါရစေ။ သူတို့ မှော်ပညာတွေ ဆန့်ကျင်နေကြပေမယ့် ဒါ သဘာဝအတိုင်း ဖြစ်တည်လာတာလား။ ယုတ္တိရှိရှိ အယူအဆတစ်ခု ထုတ်ပြရမယ်ဆိုရင် အလင်းနဲ့ အမှောင် မှော်ပညာ(၂)ခုကို မတူညီတဲ့ မှော်ပညာတွေအဖြစ် ခွဲမထုတ်ခင်မှာ သူတို့တွေက မှော်ပညာ တစ်မျိုးတည်းပါပဲ”

“မင်း ကျောင်းပြေး တစ်ယောက်များလား။ ဒါမှမဟုတ်ရင် မင်းပြောတဲ့ စကားတွေ မှန်ကန်ကြောင်း ဘာနဲ့ သက်သေပြနိုင်မလဲ”

“ဒီကိစ္စအတွက် တကယ်ကို သက်သေရှာလို့ မရသေးပါဘူး။ ဒါကြောင့်ပဲ ယုတ္တိရှိရှိ ယူဆချက်တစ်ခုလို့ ပြောတာပါ။ အလင်းနဲ့ အမှောင်ကြားက ဆက်နွယ်ကို အတိအကျ ဆုံးဖြတ်လို့ မရသေးပေမယ့် အချင်းချင်း အပြန်အလှန် ထောက်ပံ့ပေးပြီး အပြန်အလှန် ဆက်နွယ်နေတဲ့ ဥပမာအနေနဲ့ မှော်ပညာတစ်ခု ပြနိုင်ပါတယ်”

ဆရာမ အံ့ဩသွားရင်း ကျုပ်ကို ကြပ်နေတယ်ဆိုတာတောင် မေ့သွားပြီး…

“ဆက်ပြောပါ”

“ကျွန်တော် နှုတ်ကပြောရင် ယုံရဖို့မလွယ်ပါဘူး။ လက်တွေ့ပဲ ကြည့်လိုက်ကြရအောင်ပါ”

ကျုပ် လက်နှဖက်လုံးကို မြှောက်လိုက်ပြီး အရွယ်တူတဲ့ ရေဘောလုံးနဲ့ မီးဘောလုံး တစ်ခုစီ ဖန်တီးလိုက်တယ်။

(#မှတ်ချက်။ အမှောင်မှော်မှလွဲ၍ ကျန်မှော်ပညာများ၏ အခြေခံသဘောတရားများကို အသုံးပြုနိုင်နေပြီဖြစ်သည်။)

“ရေနဲ့ မီး မှော်ပညာက တစ်ခုနဲ့ တစ်ခု တုန့်ပြန်တယ်ဆိုတာတော့ လူတိုင်းသိလောက်ပါတယ်။ ဒီလိုမျိုး ဖြစ်မှာပေါ့”

ကျုပ် မှော်ပညာ (၂)ခုကို ပေါင်းစပ်လိုက်တယ်။

“ဖြူး…… ရှု..”

အသံထွက်ပြီး မှော်ဘောလုံး (၂)ခုလုံး လုံးဝ ပျောက်သွားပါလေရော။

“ဒြပ်စင်တွေ ပမာဏ တူနေတဲ့အချိန်မှာ ဒီလိုမျိုးပဲ ဖြစ်သွားရော။ ဒါပေမယ့် သူတို့တွေမှာ ပမာဏ မတူညီဘူးဆိုရင်ရော ဘာတွေ ဖြစ်သွားမလဲ။ အားလုံး ရေနဲ့ မီး ပေါင်းစပ်လိုက်တဲ့ ပုံကို ကြည့် ကြည့်ပါအုံး”

အစောကလိုပဲ လက်တစ်ဖက်စီမှာ ရေဘောလုံးနဲ့ မီးဘောလုံး တစ်ခုစီ ဖန်တီးလိုက်ပေမယ့် ဒီတစ်ခါ မီးဘောလုံးက ရေဘောလုံးထက် တော်တော်လေး ပိုကြီးထားတယ်။ ရေဘောလုံးကို မီးလုံးအပေါ်ကနေ ဖြည်းဖြည်းချင်း တင်လိုက်တယ်။ ရေဘောလုံး အငွေ့ပျံလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးမှော်က ရေမှော်ထက် အားကောင်းနေတာကြောင့်လေ။ ကျုပ် ထိန်းချုပ်မှုအောက်မှာပဲ ရေဘောလုံး မီးလောင်သွားတယ်။ ဘောလုံး နှစ်လုံး တဖြည်းဖြည်း ပေါင်းစပ်ပြီး တစ်လုံးထဲ ဖြစ်လာရော။

ဆရာမရော ကျောင်းသားတွေအားလုံးရော ထိတ်လန့် အံ့ဩသွားကြတယ်။

ဆရာမက

“ကမ္ဘာပေါ်မှာ မင်းဘယ်လိုလုပ်လိုက်တာလဲ”

“တကယ်တော့ ဒါ အရမ်းလွယ်ပါတယ်။ တစ်ချိန်တည်းမှာ ရေကို မီးကို မီးထွန်းလိုက်ပေမယ့် မငြိမ်းသွားဘူး”

ဒီလို အယူအဆအသစ်က လူတိုင်း လက်ခံနိုင်ဖို့ တော်တော်လေး ခက်ခဲတာပေါ့။

“အခု ထပ်ပြီးတော့ မီးကနေ ရေဖြစ်လာတာကို ထပ်ပြီး စမ်းသပ်ပြပါ့မယ်”

ဒီတစ်ခါတော့ ဘယ်ဘက်လက်ထဲမှာ အနည်းဆုံး အချင်း(၁၅)စင်တီမီတာလောက်ရှိတဲ့ ရေဘောလုံး ဖန်တီးလိုက်ပြီး ညာဘက်လက်မှာတော့ မီးဘောလုံး သေးသေးလေး တစ်ခုရဲ့ အလယ်ကို ထားလိုက်တယ်။ မှော်ပညာနှစ်ခုလုံးကို ထိန်းချုပ်နေရင်းနဲ့..

“ကျေးဇူးပြုပြီး မီးဘောလုံးရဲ့ အလယ်ကို အားလုံး အာရုံစိုက်ပေးကြပါ”

မျှော်လင့်ထားသလို အချိန်တခနလေးအတွင်းမှာပဲ ရေမှုန်တွေ မီးဘောလုံးထဲမှာ စပြီး သန္ဓေတည်လာတယ်။

ကျုပ် မှော်ပညာတွေကို လက်စသတ်ပြီး အကုန်ပြန်ရုတ်သိမ်းလိုက်တယ်။

“ဒီလိုပါပဲ။ ဒါတွေက မှော်ပညာ နှစ်ခုအကြားက အပြန်အလှန် ဆက်နွယ်နေတယ်ဆိုတဲ့ ဥပမာ(၂)ခုပါ။ မှော်ပညာရဲ့ ဆန့်ကျင်ဘက်ပုံသဏ္ဌာန်တွေက အမှန်တရားရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ မတူညီတဲ့ အခြေအနေတွေရဲ့ အောက်မှာ မှန်ကန် တည်မြဲတဲ့ အရာ တစ်ခုမှ မရှိပါဘူး။ အားလုံးကို ပြောင်းလဲလို့ရပါတယ်။ ဒါကိုတော့ ကျွန်တော့အနေနဲ့ အခုထိ လေ့လာ စူးစမ်းနေတုန်းပါပဲ။ ဆရာမ ကျွန်တော် မေးခွန်းကို ဖြေလို့ပြီးပါပြီ”

ဆရာမ သူ့ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားသလိုပဲ။ သူတင်ပဲလားဆိုတော့ ကျောင်းသားတွေ အကုန်လုံးလဲ သူတို့နေရာမှာ တောင့်တောင့်ကြီးတွေ။ ကျောင်းကို လာတက်ခွင့်ရတဲ့ ကျောင်းသားတိုင်း ဉာဏ်ကြီးသူတွေ ဖြစ်မှာ သေချာတယ်ဆိုပေမယ့် ရှေးရိုးစွဲ မှော်ပညာဘောင်ထဲမှာ ပိတ်မိနေကြတာလေ။ ကျုပ် သရုပ်ပြ ရှင်းလင်းပြီးသွားတာနဲ့ အားလုံးက မှော်ပညာနဲ့ ပတ်သက်ပြီး ပညာအသစ်တစ်ခု ရလိုက်ကြသလို ခံစားရပေမယ့် အဲ့ဒီ ပညာရပ်အသစ်မှာ ဘာတွေ ဖြစ်ပျက်နိုင်မလဲဆိုတာတော့ အားလုံး မပြောနိုင်ကြပြန်ဘူး။ ဒါကြောင့်ပဲ သူတို့တွေကိုယ်စီ အတွေးကမ္ဘာထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် ဈာန်ဝင်နေကြလေရဲ့။

ကျုပ် ဘေးနားက မူကျီကို ကြည့်လိုက်မိတယ်။ သူလဲ တခြားသူတွေနဲ့ အတူတူပဲ။ အဟား။ ကျုပ်ဖြေရှင်းချက်က မဆိုးဘူးထင်တယ်။ ဒါကိုဆက်တွေးပြီး သူတို့ရဲ့ ‘အိပ်မက်ဘုရားသခင်’နဲ့ စစ်ခင်းဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။

============= (*^*)=============

အပိုင်း(၁၀၀)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters