← Chapters

ထိပ်သီး (၁၀)ယောက်

Vol. 7 Ch. 100

ထိပ်သီး (၁၀)ယောက်

Vol. 7 Ch. 100

Child of light (ကျန်းကုန်း)

Volume 4: Chapter 10 – The 10 Great Masters

အတန်းပြီးလို့ ခေါင်းလောင်းသံကြားမှ ကျုပ်နိုးလာတယ်။ မူကျီ သူ့နေရာမှာပဲ ပစ္စည်းတွေသိမ်းနေတုန်း ကျုပ်သူ့ကို ပြုံးပြပြီး..

“နင့်ကို ထမင်းလိုက်ကျွေးလို့ရမလား၊ ဒီနေ့ သင်ခန်းစာကရော ဘယ့်နှလဲ၊ ငါပြောတာတွေကို ဆရာမ နားမရှင်းဘူးထင်တယ်”

“နင်နဲ့ ဘယ်သူက အတူစားချင်နေလို့လဲ။ နင့်ကြောင့် ငါအစားအသောက် ပျက်သွားမှာပေါ့။ ပြီးတော့ နင်ပြောသမျှကလဲ အမှားတွေ။ ဆရာမက နင်နဲ့ စကားပြိုင်မလုချင်လို့ လွှတ်ထားတာ”

“ဘယ်နေရာမှာ မှားလို့လဲ။ ဒါတွေက ငါ အချိန်အကြာကြီး သုတေသန လုပ်ထားတဲ့ ရလဒ်တွေပါဟ။ နင့်ကို ထမင်းကျွေတာ ငါ့ကို ဘာလို့ကြောက်နေတာတုန်း။ အတူသွားစားရအောင်လေ”

မူကျီ အေးဆက်ဆက် အော်ပြီး ကျုပ်ကိုတောင် လှည့်မကြည့်ဘဲ ထွက်သွားပါလေရော။

နင့် ရုပ်ရည်က သာမန်ပဲကို ဘာလို့ ဒီလောက်ထိ ချေနေလဲမသိတော့ဘူး။ ကြည့်နေပါ ငါ နင့်ကို သေချာပေါက် ရအောင်လိုက်ပြမယ်။

ညစာ သွားမစားခင် အချိန်ရသေးတယ်ဆိုတော့ အဆောင်မျာ မာခယ်နဲ့ အလာပသလာပ ပြောရင်း မှော်ပညာတွေ သင်ပေးဖြစ်တယ်။ ညစာစပြီးတာနဲ့ လုပ်နေကျအတိုင်း သမထလေ့ကျင့်၊ ပြီးတော့ အိပ်။

အိပ်ယာနိုးတဲ့အချိန်ကျ အချိန်မရွေး ထုတ်သုံးနိုင်လောက်အောင်ကို ကျုပ်ခန္ဓာကိုယ်မှာ မှော်စွမ်းအားတွေက အပြည့်။

သွားရှာမလို့ပဲရှိသေး မာခယ်ရောက်လာရော။

“မာခယ် ငါနဲ့ လက်ရည်စမ်းကြမလား။ ငါလက်တွေ ယားနေလို့ကွ”

“အဲလို လုပ်စရာမလိုပါဘူးကွာ။ ငါ့မှော်အဆင့်က မင်းကိုမှ မမှီတာ ဘယ်လိုသွား လက်ရည်စမ်းမှာလဲ။ ပြီးတော့ မင်းအနိုင်ကျင့်တာလဲ ငါမခံချင်ဘူး။ မင်းတကယ် လက်ယားနေရင် အလွယ်လေးရယ်။ ကျောင်းရဲ့ ထိပ်သီး(၁၀)ယောက်ကို စိန်ခေါ်လိုက်ယုံပဲလေ”

“ကျောင်းရဲ့ ထိပ်သီး (၁၀)ယောက်လား။ အဲဒါ ဘာတွေတုန်း”

“ဒီကျောင်းမှာ အဆင့်သတ်မှတ်ချက် တစ်ခုရှိတယ်ကွ။ ကိုယ်ကိုကိုယ် အဆင့်သတ်မှတ်နိုင်တဲ့သူတွေက ကျောင်းရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေပဲ။”

“မင်းရော အဲ့ထဲပါလား”

“အင်း၊ ငါလဲပါတယ်။ အခုလက်ရှိတော့ ငါက နံပတ်(၅)ပေါ့”

မာခယ်လဲ အဆင့်ဝင်ပေမယ့် နံပတ်(၅)မှာပဲရှိသေးတယ်။ ဒီကျောင်းမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးဆိုတာ သိသာတာပဲ။ ဒါ ကျုပ်အနေနဲ့တော့ စိတ်ဝင်စားစရာပေါ့။

“ထိပ်သီး (၁၀)ယောက်မှာ ဘယ်သူတွေပါလဲ”

“နံပတ်(၁)က မြေမှော်ပညာအထူးပြုတဲ့ ပဉ္စမနှစ် ကျောင်းသားကွ။ သူတော်တော် အစွမ်းထက်တယ်။ မြေမှော်ပညာဆိုတာ ပုံမှန်ဆိုရင် ခုခံအား အရမ်းကောင်းတယ်ဆိုမယ်မယ့် တိုက်ခိုက်ဖို့ကျ မကောင်းဘူးဆိုတာ သိတယ်မို့လား။ ဒါပေမယ့် သူ့မှာ ခုခံစွမ်းအားတွေ ကောင်းယုံတင်မဟုတ်ဘူး တိုက်ခိုက်ရေးစွမ်းအားကလဲ မှန်းစလို့မရအောင်ကို ကောင်းတာကွ။ သူနဲ့ တိုက်ခိုက်ဖို့ တော်တော်ခက်တာကွ။ အရင်က ငါသူနဲ့ တိုက်ခဲ့ဖူးပေမယ့် သူ့ခံစစ်ကိုတောင် အကျော်နိုင်ခဲ့ဘူး။ အနည်းဆုံး မှော်သခင်အဆင့်မှာ ရှိလောက်တယ်။ မင်းသူ့ကို တိုက်ရိုက် စိန်ခေါ်သင့်တယ်ကွ။ မင်းသာနိုင်ရင် ဒီကျောင်းရဲ့ ထိပ်သီးဖြစ်ပြီပေါ့။ သူ့ကို စစ်ဝါမင် လို့ခေါ်တယ်ကွ”

“ကျန်တဲ့သူတွေကရော”

“နံပတ်(၂)ကတော့ မင်းသိထားတဲ့သူပဲ။ သူက အစ်ကိုကြီး ဟိုင်ရီလေ။ သူလဲ ထူးထူးခြားခြား ပါရမီရှင်ပဲကို။ အထက်တန်းမှော်ပညာကျောင်မှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ့ကိုယ်သူ မှန်မှန်ကြီး တိုးတက်အောင် လုပ်လာနိုင်တယ်ကွ။ သူ့မီးမှော်ဆို ငါ့ထက်တောင် နည်းနည်းပိုပြင်းထန်သေးတယ်။ ပုံမှန်အားဖြင့်တော့ ထိပ်သီး(၁၀)ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် စွမ်းအားကွာခြားချက် သိပ်မရှိဘူး။ နံပတ်(၃)ကရော ဘယ်သူထင်လဲ”

ဘယ်သူပါလိမ့်။ ကျုပ်သိတဲ့အထဲကပဲလား။ ဟိုင်ရှင်းဖြစ်နိုင်လောက်တယ်။ သူ့အရည်အချင်းက သူ့အစ်မ ဟိုင်ယွဲ့ထက် နည်းနည်းသာတယ်ဆိုတော့ သူ့ကိုပဲ အဖြေလို့ ကျုပ်ဆုံးဖြတ်မိလိုက်တယ်။

“ဟိုင်ရှင်းမို့လား။ သူ့ အကြွင်းမဲ့ အနှောက်အယှက်နဲ့ ရေနဂါးအော်သံက အရင်ကထက် ပိုအားကောင်းနေလောက်ပြီ”

“ဟိုင်ရှင်းက အဆင့်(၆)ကွ၊ ငါ့ထက်တောင် တစ်ဆင့်နိမ့်သေးတယ်”

“ဟိုင်ရှင်းမဟုတ်ရင် ဘယ်သူလဲကွ။ ဒါရီမိသားစု ထဲက မင်းရဲ့ အိပ်မက်မင်းသမီးလေး မဖြစ်နိုင်ဘူးလား”

ကျုပ်ပြောလိုက်တော့ မာခယ်အမူအရာပျက်သွားပေမယ့် ခေါင်းခါနေတုန်းပဲ။

“သူစွမ်းအား ကောင်းတယ်ဆိုပေမယ့် ငါ့ထက် တစ်ဆင့်မြင့်ပြီး နံပတ်(၄)မှာပဲရှိသေးတယ်”

“အာ.. ငါဘယ်လိုမှ မမှန်းတတ်တော့ဘူးကွ။ ငါသိတဲ့အထဲမှာတော့ အဲဒါအကုန်ပဲ။ မြန်မြန်ပြောကွာ။ နံပတ်(၃)က ဘယ်သူလဲ”

“နံပတ်(၃)ကို မင်းသိတယ်လေ။ တခြားဟုတ်ရိုးလား။ မင်းဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေး မူကျီမို ပေါ့”

“အာ.. သူဖြစ်နိုင်မယ်လို့ ထင်ကိုမထင်ခဲ့တာကွ။ သူ့ပုံကလဲ အဲလောက်အစွမ်းထက်မယ့်ပုံ မပေါ်ဘူးလေ။ ဒါမယုံနိုင်စရာပဲ”

“ဘာကြောင့် မယုံရတာတုန်းဟ။ မူကျီက တော်တော်နိမ့်တဲ့ လူတန်းစားက ဆင်းသက်လာတာဆိုပေမယ့် သူ့လေမှော်ပညာ ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ သူမှော်ပညာ ထိန်းချုပ်တဲ့အပိုင်းမှာ ငါ့ထက်တောင်ကောင်းသေး။ သူလဲ မှော်သခင်အဆင့်ဆိုတာ သေချာတယ်။ ထူခယ်ဖုန်း ကြောင့်သာမဟုတ်ရင် နံပတ်(၁)က သူဖြစ်ရမှာ။ ငါဒီကျောင်းကို စရောက်တုန်းက ကျောင်းသားသစ် ပြိုင်ပွဲမှာ သူ့ကို ရှုံးလိုက်တယ်ကွ။ ဒါနဲ့ ငါလဲ မကျေနပ်လို့ သူ့ကို ခနခန စိန်ခေါ်ပြီး တိုက်ခဲ့ပေမယ့် အမြဲတမ်း ငါပဲရှုံးခဲ့ရတာ။ အခုဆို သူနဲ့ မတိုက်ရဲတော့ဘူး။ မင်းသာ သူ့ကို စိန်ခေါ်ရင် ငါ့အတွက်လဲ လက်စားချေပေးတာနဲ့ အတူတူပဲ”

“အင်း မင်းမသိသေးတာက ဒီနေ့ ငါသူ့အတွက် ရီးစားစာ တစ်စောင်ရေးလာတယ်ကွ”

“ဘာလဲဟ။ မင်းတကယ်ကြီး သူ့အတွက် ရည်းစားစာ ရေးလာတာလား။ မူကျီက မှော်စွမ်းအားကောင်းပေမယ့် ရုပ်ရည်က သာမန်ပဲလေ။ သူက ကျောင်းမှာတော့ နာမည်ကြီး ရေခဲမင်းသမီးပဲကွ။ သူ့ကို လိုက်ဖို့ကြိုးစားတဲ့သူတွေအကုန်လုံး ဆိုးဆိုးဝါးဝါး နိဂုံးချုပ်သွားတာကြီးပဲ။ မင်းဘာလို့ သူကို ရွေးလိုက်ရတာတုန်း။ ဟိုင်ရှင်းကိုသာ ရွေးလိုက်စမ်းပါကွာ။ မူကျီတော့ မင်းအတွက် ရီးစားမဖြစ်ထိုက်ဘူးလို့ မြင်တယ်ကွာ”

ရီးစားစာရဲ့ နောက်ကွယ်က အကြောင်း မာခယ်ကို ရယ်ရယ်မောမောနဲ့ ပြောဖြစ်လိုက်တယ်။ ဒီတော့မှ မာခယ် သဘောပေါက်သွားပြီး လက်မထောင်ပြရော။

“အစ်ကိုကြီး။ အခုမင်းလုပ်လိုက်တဲ့ ဗျူဟာက တော်တော်ထူးခြားတယ်။ ငါတော့ သဘောကျသွားပြီဟေ့။ ဒါငါ့အတွက်လဲ လက်စားချေနိုင်တဲ့ နည်းလမ်းတစ်ခုပဲ။ အဟေး စိတ်မပူနဲ့၊ ဒီအကြောင်း ငါဘယ်သူ့ကိုမှ ပြန်မပြောဘူး စိတ်ချ”

“အတန်းသွားတက်ကြစို့ကွာ။ အတန်းချိန်ပြီးရင်တော့ ဘယ်သူ့ကို စိန်ခေါ်ရင်ကောင်းမလဲ ဆုံးဖြတ်တာပေါ့”

စာသင်ချိန်မှာတော့ ကျုပ် မနေ့ကအတိုင်းပဲ။ စာရွက်တစ်ရွက်ထုတ်။ အရူးအမူးရေး။

‘မူကျီရေ မင်းက ကျောင်းရဲ့ နံပတ်(၃)ဆိုတာ သိလိုက်ရတော့ တော်တော်လေး အံ့ဩသွားပြီ။ ငါ့စွမ်းအားတွေ နင်နဲ့ လိုက်ဖက်တယ်ဆိုတာ သက်သေပြနိုင်အောင် ကျောင်းရဲ့ ထိပ်သီး (၁၀)ယောက်ထဲက တခြားသူတွေကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကို အားပေးမှာလား။ အခုဆို နင့်ကို ငါ တဖြည်းဖြည်း ပိုပို ချစ်မိလာပြီ။( &*&^$%^%$#&*^$^&*%$*&^$^%$#)’

မနေ့ကအတိုင်းပဲ ကျုပ်စာရေးပြီးတာနဲ့ မူကျိကို ပေးလိုက်တယ်။ ကျုပ်ကို အေးစက်စက်ပြန်ကြည့်ပြီး ကျုပ်စာကို မယူဘူးဗျ။

‘နင် တော်တော် ပျင်းစရာကောင်းတာပဲ”

ကျုပ် ရီးစားစာ ထပ်ပေးဖို့ ကြိုးစားလိုက်တယ်။

“ဖတ်ကြည့်စမ်းပါဟာ။ ဒါအရေးကြီးတယ်ဟ။ မဖတ်မိရင် နင်နောင်တရလိမ့်မယ်နော်”

မူကျီ ကျုပ်ကို သေချာစိုက်ကြည့်ပြီးမှ စာကို ဖတ်လိုက်တယ်။ ကျုပ်ရေးထားတဲ့ စာတွေ ထိမိလွန်းတော့ သူ့မျက်နှာလေး နီရဲလာပါလေရော။ အခွင့်ကောင်းဆိုတော့လဲ ကျုပ် ဒီထက်ပိုပြီး လေးလေးနက်နက်ပုံစံလေး လုပ်ရအုံးမှာပေါ့။

ကျုပ်စာကို ပစ်စလက်ခတ်လုပ်ပစ်လိုက်တာတော့ တော်တော်လေး ဆိုးလွန်းတယ်ဗျာ။ စာရွက်ကို ဘောလုံးလေးလို လုံးချေလိုက်ပေမယ့် ဒီတခါ ကျုပ်ကို ပြန်မပေးဘူးဗျ။ ပြတင်းပေါက်ကနေ တန်းလွှင့်ပစ်လိုက်တော့တာ။

ကျုပ် ချက်ချင်း သူ့ကို တော်တော် စိတ်ဆိုးသွားတော့ ထရပ်ပြီး အော်ပစ်လိုက်တယ်။

“နင် ငါ့ကို လက်မခံနိုင်လဲ ရတယ်။ ဒါပေမယ့် ငါ့စာကိုတော့ လွှင့်ပစ်စရာမလိုပါဘူးဟ။ ငါ ဒီစာကို အရိုးသားဆုံး ရေးခဲ့တာဟ”

ကျုပ် ပေါက်ကွဲသားတော့ အခန်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါလေရော။

ဟိုက်။ ကျုပ် စာသင်ခန်းထဲမှာဆိုတာ သတိရလိုက်တယ်။ မူကျီဆို မျက်နှာလေး ဖြူလျော်ပြီး နှုတ်ခမ်းတွေတောင် တုန်နေပြီ။

ကထိကလျှောက်လမ်းပေါ်မှာရှိတဲ့ ဆရာမ စစ်လန်ယုက..

“ကျန်းကုန်း မင်းဘာလုပ်နေတာလဲ။ ဒီစာသင်ခန်းက မင်းရဲ့ အချစ်တွေ ဖွင့်ဟဖို့အတွက် စိတ်ကူးယဉ် ကမ္ဘာမဟုတ်ဘူးနော်”

“အာ.. ဟို. တောင်းပန်ပါတယ် ဆရာမ။ နောက်တခါ ကျွန်တော် ဂရုစိုက်ပါ့မယ်။ ဒါပေမယ့် စောစောက မူကျီ စာကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တော့ ကျောင်းသန့်ရှင်းရေးအတွက် သွားပြန်ကောက်ခွင့်လေး ပေးပါလားဗျ”

ဆရာမ စစ်လန်ယု ရယ်ရယ်မောမောနဲ့..

“သွား ကောက်ချေ။ မင်း တကယ့် မကောင်းဆိုးဝါးလေးပဲ”

============= (*^*)=============

အပိုင်း(၁၀၁)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters