← Chapters

စိန်ခေါ်မှု စစ်စစ်

Vol. 7 Ch. 101

စိန်ခေါ်မှု စစ်စစ်

Vol. 7 Ch. 101

Child of light (ကျန်းကုန်း)

Volume 4: Chapter 11 – A Proper Challenge

မူကျီသာ ဒီလောက် အစွမ်းမထက်ရင် သူ့ကို နှောက်ယှက်မယ့် ကျောင်းသားတွေ မနည်းလောက်ဘူး။

ဒုတိယမြောက် ရည်းစားစာကို ကောက်ဖို့ အောက်ထပ်ကို ခပ်မြန်မြန်ပြေးဆင်းသွားလိုက်တယ်။ ပြန်ရောက်တော့ မူကျီကို ချိုကြည့်ကြည့်ပြီးမှ ဝင်ထိုင်တာ။ ပြီးတော့မှ ပထမ စာတုန်းကလိုပဲ ဒုတိယစာလေးကို သေချာခေါက်ပြီး သိမ်းလိုက်တယ်။

လောလောဆယ် ကျုပ်သူကို ဥပေက္ခာ ပြုထားလိုက်တယ်။ ကျုပ်ကြိုးစားအားထုတ်ထားတာကို ဘယ်လိုမျိုး တန်ဘိုးထားရမလဲဆိုတာ သူမသိဘူးပဲ။ ကျုပ် သူနဲ့ ကစားနေမိတာလား။ မဖြစ်နိုင်ဘူး။ ဒါကို နောက်နေ့မှ စဉ်းစားတော့မယ်။ ဒီနေ့တော့ ထိပ်သီး တစ်ယောက်ယောက်နဲ့ ပညာဖလှယ်ချင်နေတယ်။ ကျုပ်ဘယ်သူ့ကို ရွေးရင်ကောင်းမလဲ။

‘ကျုပ်ရဲ့ မထမအကြိမ် စိန်ခေါ်ပွဲက နံပတ်(၁)နဲ့ဆိုရင် ကျုပ်က ဇာတ်ထုပ်ကပြရမယ့် လူပြက်တစ်ယောက်ဖြစ်သွားမှာ။ အဲလိုသာဆို တော်တော် ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သွားလိမ့်မယ်။ နံပတ်(၂)က အစ်ကိုကြီး ဟိုင်ရီ၊ သူ့ကိုတော့ ရန်မစချင်သလို ခံစားနေမိတယ်။ နံပတ်(၃)က မူကျီ။ သူ့ကိုသာ စိန်ခေါ်မိလိုက်ရင် သူ့ကို လိုက်ဖို့ အခွင့်အရေးရှိပါအုံးမလား။ မဖြစ်သေးဘူး။ ကျုပ်ရဲ့ ကြီးကျယ်ခန်းနားတဲ့ အစီအစဉ်ကြီးတစ်ခုအတွက် သူ့ကို စိန်ခေါ်လို့ လုံးဝမဖြစ်ဘူး။ နံပတ်(၄) ရီမိသားစုက ဆက်ခံသူ။ ဟုတ်တယ် သူပဲ ဖြစ်ရမယ်။ မာခယ့်ကို ကူပြီး လက်စားချေပေးရာလဲ ရောက်တယ်။ ဟား ဟား။ ဟိုင်ယွဲ့သာ သူ့ရည်းစားကို အနိုင်ယူနေတာ မြင်လိုက်ရင် ဘယ်လိုများဖြစ်သွားလိမ့်မလဲ တွေးမိလိုက်သေးတယ်။ မာခယ့်အတွက် အခွင့်အလမ်းကောင်း တစ်ခုတောင် ဖန်တီးပေးနိုင်လောက်သေးတယ်။ ကောင်းတယ်။ ဒါ ကျုပ်ရွေးချယ်မှုပဲ။’

ကျုပ် တွေးရင်း တွေးရင်းနဲ့ ရယ်ချင်စိတ်တောင် မထိန်းနိုင်ဖြစ်သွားတယ်။ ဘေးကနေ ကျုပ်ကို ကြည့်နေတဲ့ မူကျီတောင်မှ….

“အခု ဘာတွေ ကြံနေပြန်ပြီလဲ”

ကျုပ် အကြားအာရုံတွေက အရမ်းကောင်းတယ်လေ။ ကျုပ် သူ့ကို ကြည့်ပြီး..

“ကျောင်းဆင်းချိန်ကျ တွေ့ရမှာပေါ့”

တစ်နေ့တာ အတန်းချိန်တွေ မြန်မြန်ပဲ ပြီးသွားပြီ။ ကျောင်းဆင်း ခေါင်းလောင်းသံကြားတာနဲ့ အခန်းထဲကနေ ပင်မကျောင်းဆောင်ကို ချက်ချင်း ပြေးသွားလိုက်တယ်။ အသက်ပြင်းပြင်းရှူပြီး..

“ဖုန့်လျန့်ရီ…… ငါ့နာမည် ကျန်းကုန်းပါ။ ငါမင်းနဲ့ စိန်ခေါ်ယှဉ်ပြိုင်ဖို့ ရောက်လာတာ။ ဒီအသံကြားရင် ကျောင်းကွင်းအလယ်ကို လာခဲ့ပါ။ ငါမင်းကို အဲ့မှာ စောင့်နေမယ်”

အဆောက်အဦးထဲကနေ ကြည်လင် ပြတ်သားတဲ့ အသံတစ်သံ ကြားလိုက်ရတယ်ဗျ။

“ကောင်းပြီ။ ငါလက်ခံတယ်”

အောင်မြင်သွားပြီ။ ဟား ဟား။ ကျုပ် ကွင်းထဲကို အမြန်ပြေးပြီး ပြိုင်ဖက်လာတဲ့အချိန် ကွင်းလယ်မှာ စောင့်နေလိုက်တယ်။

ကျုပ်ခန္ဓာကိုယ် အခြေအနေကို အရင်ဆုံးစစ်ကြည့်လိုက်တယ်။ ကျုပ်မှော်စွမ်းအင်နဲ့ စိတ်စွမ်းအားတွေ အထွတ်အထိပ်မှာ ရှိနေတယ်။ ဖုန့်လျန့်ရီ ကျုပ်လိုပဲ မှော်သခင်ကြီး အဆင့်တော့ မရောက်လောက်ဘူး အမြင်နဲ့ ကျုပ်ကိုယ်ကျုပ် လုံးဝယုံကြည်ချက်တွေ ပြည့်နေပြီ။

စောစောက အော်သံ တော်တော်လေး ထိရောက်သသွားတယ်ထင်တယ်။ အချိန် ခနလေးနဲ့ ကျောင်းသားတွေ ဝိုင်အုံလာကြတော့တာ။

“ဘယ်သူလဲဟ။ ငါလဲ တစ်ခါမှ မမြင်ဖူးသေးဘူး။ သူ ဖုန့်လျန့်ကို စိန်ခေါ်ရဲတာလား”

“နောက်ဆုံး စိန်ခေါ်ပွဲပြီးကတည်းက ထိပ်သီး (၁၀)ယောက်ကို စိန်ခေါ်သူ မရှိခဲ့တာတောင် တော်တာ် ကြာနေပြီ။ ဒီပွဲ စိတ်လှုပ်ရှားဖို့ ကောင်းမယ့်ပုံပဲ”

“သူနိုင်လောက်ပမလား။ ရုပ်လေးက မဆိုးပေမယ့် သူ့မှော်စွမ်းအား အခြေအနေတော့ ငါတို့လဲ သေချာမသိဘူး”

ပတ်ဝန်းကျင်မှာတော့ ကျောင်းသားတွေ အချင်းချင်း တွတ်ထိုးနေကြပြီ။‌ေမာခယ် လူအုပ်ကြီးကို ဖြတ်ပြီး ကျုပ်စီပြေးလာတယ်။ ပြီးတော့ တိုးတိုးလေးနဲ့..

“အစ်ကိုကြီး မင်းဘာလို့ ဖုန့်လျန့်ရီကို စိန်ခေါ်နေရတာတုန်း”

“ဘာလို့ စိန်မခေါ်နိုင်ရမှာလဲဟ။ ငါသူ့ကို စိန်ခေါ်တာ မင်းအတွက်ပဲလေ။ မင်းကို ကူပြီး လက်စားချေပေးချင်တာလေ။ အဲဒါ ဆိုးနေလို့လား”

မာခယ် ပတ်ဝန်းကျင်ကို ကမန်းကတန်း လှည့်ပတ်ကြည့်လိုက်သေးတယ်။

“အစ်ကိုကြီး။ ဒီတစ်ခါတော့ ငါဒုက္ခရောက်အောင် လုပ်လိုက်မိပြီဟ။ မင်း ဖုန့်လျန့်ရီကို စိန်ခေါ်တာ ငါ့အကြံလို့ ဟိုင်ယွဲ့ သေချာပေါက် ထင်မိတော့မှာ။ အခုဆို သူငါ့ကို ပိုမုန်းလာတော့မယ်ကွာ”

ကျုပ် ခန္ဓာကိုယ်ကို ခပ်မတ်မတ်လေး ပြင်လိုက်ပြီး ရယ်လိုက်တယ်။

“အခု ငါဘာလုပ်သင်တယ်လို့ မင်းထင်လဲ။ အခု စိန်ခေါ်ပွဲကနေ လက်ရှောင်လိုက်မယ်လို့ မင်းထင်လား။ ပတ်ပတ်လည်မှာ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကို မြင်လား။ စိန်ခေါ်ပြီး လက်ရှောင်သွားရင် ဒီကျောင်းမှာ ငါဆက်နေလို့ရတော့မှာ မဟုတ်ဘူး။ ဖြစ်တာက ဖြစ်သွားပြီ။ အခြေအနေကိုသာ အေးအေးဆေးဆေး စောင့်ကြည့်ရတော့မှာပဲ။ ဟိုင်ယွဲ့ မင်းကို မကြိုက်ဘူး။ သူမင်းကို ပိုမုန်းသွားရင် ပိုတောင်ကောင်းသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါ မင်းအပေါ် သူထားတဲ့ အထင်ကြီးမှုတွေ ပိုနက်ရှိုင်းသွားအောင် ကူညီရာတောင် ရောက်သေး။”

“အစ်ကိုကြီး။ မင်းဘာတွေလျှောက်ပြောနေတာတုန်း”

ဒီအချိန်မှာပဲ ဖုန့်လျန့်ရီ ရောက်လာတယ်။ သူ့ရည်းစား ဟိုင်ယွဲ့လဲ ဘေးက ကပ်လို့။

ဟိုင်ယွဲ့ ဒေါသတကြီးနဲ့…

“နင်ရူးနေလား။ နင် ဘာလို့ ဖုန့်လျန့်ကို စိန်ခေါ်ရတာလဲ။ သူနင့်ကို ဘယ်တုန်းက စော်ကားဖူးလို့လဲ။ နင့်မှာ တကယ် အရည်အချင်းရှိရင် ထိပ်သီးဖြစ်တဲ့ စစ်ဝါမင် ကိုဘာလို့ စိန်မခေါ်တာလဲ”

ကျုပ်လဲ သူ့ကို ကူကယ်ရာမဲ့ ပြုံးပြလိုက်ပြီး..

“ဘာဖြစ်နေတာလဲ။ နင့်ရည်းစား ငါ့ကို ရှုံးသွားမှာ ကြောက်နေတာလား။ နင် သူ့ကို မယုံဘူးလား”

ဟိုင်ယွဲ့ ပြန်ပြောကာနီးလေးမှာ မာခယ်ဝင်ပြီး ရှင်းပြလိုက်တယ်။

“ဟိုင်ယွဲ့ … ကျန်းကုန်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူးဟ။ အဆင့်တစ်ခု ရချင်တာပဲ ရှိတာ”

ဒေါသတကြီး ဖြစ်နေတဲ့ ဟိုင်ယွဲ့ မာခယ့်ကို ကြည့်ပြီး …

“ဒါ ဒါ နင်ပဲ။ နင် မြှောက်ထိုးပင့်ကော်ကောင်။ နင်အရမ်း ရွံဖို့ကောင်းတယ်။ လက်လျှော့လိုက်တော့။ ငါဟိုင်ယွဲ့ နင့်လို ရွံစရာကောင် တစ်ယောက်ကို ဘယ်တော့မှ မျက်စိမကျသေးဘူး။ ဟွင့်”

မာခယ် မျက်နှာကြီး ချက်ချင်း နီရဲသွားတယ်။ ကျုပ် သူ့ပခုံးကို ပုတ်ပြီး…

“ဒီထက်ပိုပြီး ဒုက္ခရောက်အောင် ထပ်မလုပ်နဲ့တော့။ ဟိုဘေးမှာ သွားရပ်နေလိုက်”

ဟိုင်ယွဲ့ မာခယ့်အပေါ် လေးစားမှု လုံးဝမရှိတာက ကျုပ်ကို တော်တော်လေး ဒေါသထွက်စရာ ဖြစ်သွားတယ်။

ဟိုင်ရှင်းလဲ ပြေးလာပြီး ဟိုင်ယွဲ့ကို ဆွဲခေါ်လိုက်တယ်။

“အစ်မ ငါတို့တွေ သူတို့နှစ်တိုက်တာ ခွင့်ပြုပေးသင့်တယ်။ ဒီပွဲက ရပ်ပစ်ဖို့ ဘယ်လိုမှ မရတော့ဘူး”

အဲ့စကားပြောပြီးတာနဲ့ ကျုပ်ကို စိုးရိမ်တဲ့ အကြည့်တွေနဲ့ အကြာကြီး ကြည့်နေတယ်။

ဖုန့်လျန့် တည်ကြည်တဲ့အသံနဲ့..

“မင်းမှော်ပညာတွေ အရမ်းအားကောင်းတယ်လို့တော့ ဟိုင်ယွဲ့ဆီက ငါကြားထားတယ်။ ငါ့ကို အလင်းပြပေးစမ်းပါအုံး။ လူတိုင်း ကျေးဇူးပြုပြီး နေရာတစ်ခု ဖန်တီးပေးပါ။ ဟိုင်ယွဲ့ ငါအဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး ကွင်းထဲကနေ ထွက်သွားလိုက်တော့”

နောက်ဆုံးတော့ ဖုန့်လျန့်နဲ့ ကျွန်တော် ကွင်းအလယ်မှာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြတယ်။

“ကျောင်းသားအားလုံး ကျေးဇူးပြုပြီး ယှဉ်ပြိုင်ပွဲကနေ မတော်တဆဖြစ်မှုတွေ ကာကွယ်နိုင်အောင် မီတာ(၅၀၀) အကျယ်လောက် နေရာချန်ပေးကြပါ”

သက်တန့်လို အရောင်အသွေးစုံ မှော်ပညာတစ်ခု ဖုန့်လျန့်နဲ့ ကျုပ်ကို အလယ်မှာထားမီး မီတာ(၅၀၀)လောက် အကျယ်ထိ ဖုံးလွှမ်းသွားတယ်။

ကျုပ် ဖုန့်လျန့်ကို သတ္တိရှိရှိ ပြဿနာရှာထားမှ ကျုပ်တို့ ညီအစ်ကိုတွေဟာ အနိုင်ကျင့်လို့ လွယ်တဲ့အထဲမပါဘူးဆိုတာ သူသိသွားမှာလေ။

သူအရင်ဆုံး လှုပ်ရှားဖို့အတွက် ကျုပ်လက်ဟန်အချက်ပေးလိုက်တယ်။

“ကဲ စကြစို့။ မင်းတို့ ရီမိသားစု ထူးခြားတဲ့ မှော်မန္တန်တွေ ငါကို တွေ့ကြုံခံစားခွင့် ပေးစမ်းပါ”

“ငါ ဘာတစ်ခုမှ လျှိုထားမှာမဟုတ်ဘူးနော်။ တိုက်ပွဲစကြတာပေါ့။ လွတ်လပ်သောလေ ငါ့အမိန့်နာခံလော့၊ ပြင်ထန်တဲ့ လေဆင်နှာမောင်းတစ်ခု ဖန်တီးလော့”

လေဆင်နှာမောင်တစ်ခု သူ့ရှေ့မှာ ပေါ်လာတယ်။

‘သူဘာလုပ်နေပါလိမ့်။ ဘာလို့များ ကျုပ်ကို မတိုက်သေးတာလဲ။ ကျုပ်က မန္တန်တွေ ရွတ်နေဖို့ မလိုတော့ဘူလေ။ ဒါကြောင့် သိပ်ပြီး စိတ်မရှည်ချင်တော့ဘူး။’ ဘာတွေ ဆက်ဖြစ်လာမလဲလို့ ဆက်ကြည့်နေဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

“လွတ်လပ်သောလေ ငါ့အမိန့်နာခံလော့၊ ပြင်ထန်တဲ့ လေဆင်နှာမောင်းတစ်ခု ဖန်တီးလော့”

“လွတ်လပ်သောလေ ငါ့အမိန့်နာခံလော့၊ ပြင်ထန်တဲ့ လေဆင်နှာမောင်းတစ်ခု ဖန်တီးလော့”

......

‘ဒါဆို သူဘာလုပ်နေပါလိမ့်။ အချိန်တိုလေးအတွင်းမှာ ဖုန့်လျန့် လေဆင်နှာမောင်းလေး (၉)ခု ဖန်တီးပြီးသွားပြီ။

“အဲ့ လေဆင်နှာမောင်းလောက်က ငါ့ကို ဖိအားပေးနိုင်မှာမဟုတ်ဘူးနော်။ ဘယ်နှကြိမ်ဖြစ်ဖြစ် အလကားပဲ။ ကျေးဇူးပြုပြီး မင်းမှော်အစွမ်းတွေ ဖြုန်းတီးနေတာ ရပ်လိုက်ပါတော့”

“တကယ်လား…. ပြင်းထန်သော လေဆင်နှာမောင်း၊ မင်းရှေ့က အရာအားလုံးကို ဖြိုခွဲဖျက်ဆီးဖို့ မင်းစွမ်းအားတွေ ထုတ်လွှတ်လိုက်စမ်း”

သူရွတ်ပြီးတာနဲ့ အလယ်တန်းအဆင့် လေဆင်နှာပေါင်းက တကယ်ကြီး ရွေ့သွားပြီး အချင်းချင်း ထိစပ်သွားရော။ သဲတွေ ကျောက်တုံးတွေလဲ လွင့်ပျံ့သွားကုန်ရော။ နောက်ဆုံး လေဆင်နှာမောင်း (၉)ခုစလုံးကနေ လေဆင်နှာမောင်းကြီး တစ်ခုဖြစ်အောင် ပေါင်းသွားတယ်။ ပတ်ဝန်းကျင်လေထုတောင် လေဟာနယ်ဖြစ်သွားတဲ့ပုံပဲ။ လေဆင်နှာမောင်းကြီးက အဓိကနေရာရောက်မှ ပေါက်ကွဲထွက်သွားပြီ။

‘ဒါ တော်တော်ဆိုးတာပဲ။ ဒါ လေတွေကို ပေါင်းစပ်ခြင်း မှော်ပညာတစ်မျိုးပဲ။ တော်တော်လေး အစွမ်းထက်ပြီး မထင်မှတ်ဘဲ အဆင့်မြင့်မန္တန်အဆင့်ကိုတောင် ရောက်သွားနိုင်တယ်။သ ဖုန့်လျန့်လဲ ဒီလောက်ထိ မရိုးရှင်းဘူးထင်တယ်။

အချိန် အတိုင်းအတာတစ်ခုရအောင် အလင်းဒိုင်းကာကို ကပျာကယာချလိုက်တယ်။

“ကြီးမြတ်သော အလင်းဒြပ်စင်၊ မင်းရဲ့ ကြီးကျယ်ခမ်းနားသော စွမ်းအားတွေ ငါ့ကို ခနလေး ငှားပေးပါအုံး။ အဆုံးအစမရှိ အလင်းရောင်သည် ကမ္ဘာမြေတစ်ခုလုံးကို ထွန်းလင်းလိုက်စမ်းပါ။ တောက်ပသော အင်ပါယာ”

မဆုတ်စတမ်း ပြန်တိုက်ဖို့ ကျုပ်ရွေးလိုက်ပြီ။

============= (*^*)=============

အပိုင်း(၁၀၂)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters