← Chapters

ကောင်းကင်နေစားခွေး

Vol. 7 Ch. 102

ကောင်းကင်နေစားခွေး

Vol. 7 Ch. 102

Child of light (ကျန်းကုန်း)

Volume 4: Chapter 12 – Heavenly Sun Devouring Hound

ကျုပ် မြေပေါ်ကနေ တဖြည်းဖြည်းချင်းကြွတက်လာပြီး ကျုပ်ခန္ဓာကိုယ်မှာ အလင်းရောင်တွေနဲ့ တောက်ပလာတယ်။ ကျုပ် ခေါင်းမော့ထားလိုက်တယ်။ ကျုပ်အပေါ်ပိုင်း ဒန်တျန်ထဲက ရွှေအမြူတေကနေ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးကကို မှော်စွမ်းအင်တွေပြည့်လျှံသွားတဲ့အထိ တိုးလာစေတယ်ဗျ။ အချင်း (၅)မီတာလောက်ရှိတဲ့ အလင်းတိုင်တစ်ခု လုပ်ဖို့ စုဆောင်ပြီးတာနဲ့ ဖုန့်လျန့်ဆီကို ပစ်လွှတ်လိုက်တယ်။

“အလင်းမှော်ပညာ”

အနားမှာရှိတဲ့ ကျောင်းသားတွေ ရင်တထိတ်ထိတ်နဲ့ပေါ့။

အခုချိန် ကျုပ်မှော်စွမ်းအားတွေကြောင့် တောက်ပခြင်းအင်ပါယာက အရင်တုန်းကနဲ့ လုံးဝမတူတော့ဘူး။ ပြင်းထန်သော လေဆင်နှာမောင်းနဲ့ အလင်းအင်ပါယာ ထိပ်တိုက်တွေ့လိုက်တဲ့အခါ ဖုန့်လျန့်ရဲ့ မှော်စွမ်းအားတွေ မထင်မှတ်ဘဲ ပိုအားကောင်းလာတယ်။ ဒါ သူ့မန္တန်နဲ့ ပတ်သက်နေရမယ်ဗျ။

ကွင်းပြင်ပေါ်မှာ လေဆင်နှာမောင်းတစ်ခု စရွှေ့လာတယ်။ လေဆင်နှာမောင်း ကြောင့် ကျုပ်ခြေလှမ်း (၃)လှမ်းလောက် နောက်ပြန်ဆုတ်လိုက်ရတယ်။ ကုန်သွားတဲ့ လေတွေ ပြန်ပေါ်လာတယ်။

ဖုန့်လျန့် အဆင်ပြေပေမယ့် သူအံ့ဩသွားတယ်။

“မင်း ငါ့ရဲ့ ပြင်ထန်သောလေဆင်နှာမောင်းကို လွယ်လွယ်လေးနဲ့ ခုခံနိုင်သွားတာပဲ”

ကျုပ် ဖုန်တွေ ခါထုတ်လိုက်ရင်းနဲ့..

“တစ်ယောက်ယောက် ငါ့ကို အခုလို အနေအထားအထိ မလုပ်နိုင်တာ တော်တော်ကြာသွားပြီ။ မင်း အခုသုံးတဲ့ မှော်ပညာ တော်တော်ကောင်းတာပဲ။ ဒါမင်းရဲ့ အဓိက မှော်မန္တန်လား”

“ငါ့ လေဆင်နှာမောင်းက ပြောင်းပြန်လှည့်နေတာ။ နောက်ဆုံး စုပေါင်း လေဆင်နှာမောင်းက အရမ်းပြင်းထန်လာတဲ့ တိုက်စစ်စွမ်းအားရှိတယ်ကွ”

“မင်းရဲ့ မှော်စွမ်းအင်ထိန်းချုပ်နိုင်စွမ်း တော်တော် ကောင်းတာပဲ။ ကဲ ထပ်တိုက်ကြတာပေါ့။ မင်းမှာ နောက်ထပ် ထူးခြားတဲ့ မန္တန်တွေ ရှိ/မရှိ ငါသိချင်သေးတယ်။ ခုနက မန္တန်ထက် အားနည်းတဲ့ မန္တန်တွေတော့ အသုံးမဝင်ဘူးနော်”

“မင်းရဲ့ ပြိုင်ဖက်ကို သတိပေးနေတာကိုက စိတ်ဝင်စားစရာပဲ။ မင်းလိုပြိုင်ဖက်ကောင်းကို ရှာတွေ့ဖို့ တော်တော်ခက်တယ်ကွ။ ငါ့ရီမိသားစုရဲ့ မှော်မန္တန် မင်းကို ခံစားခွင့်ပေးလိုက်မယ်”

သူ့မျိုးရိုးစဉ်ဆက်မန္တန်ကို သုံးတော့မယ်ဆိုတာ ကြားလိုက်တော့ ဟိုအရင်တုန်းက ဟိုင်ရှင်းနဲ့ တိုက်ခိုက်ကြတုန်းက ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲဆိုတာ သတိရပြီး စိတ်ထဲမှာ နည်းနည်းကြောက်သွား မိတယ်။ ကျုပ် အကာအကွယ်တွေကို ချက်ချင်းမြှင့်လိုက်ပြီး မှော်စွမ်းအားတွေကို ညာလက်ထဲမှာ တိတ်တိတ်လေး စုစည်းနေလိုက်တယ်။

ဖုန့်လျန့် ခပ်မြန်မြန် အော်ပြီးတဲ့အခါ လေစီးကြောင်းနံရံကြီး (၆)ခု သူ့ရှေ့မှာ လျှပ်တပျက် ပေါ်လာတယ်။ ‘ပိုပိုပြီး အစွမ်းထက်တဲ့ မန္တန်အတွက် အရေအတွက် အများကြီးလုပ်ရတာ သေချာတယ်။ သူဘယ်လောက်ထိ သတိထားနေလဲဆိုတာ မြင်ရတာနဲ့တင် သူရွတ်နေတဲ့ မန္တန်က တန့်ပြန်တိုက်ဖို့ တော်တော်ခက်လိမ့်မယ်ဆိုတာ ကျုပ်သိနေတယ်’

ကျုပ် ညာလက်ကို ဝှေ့လိုက်တာနဲ့ အလင်းဓားကြီး က သူ့ခံစစ် လေနံရံတွေကို ခုတ်ချလိုက်တယ်။ ဖုန်လျန့် မျက်နှာအမူအရာ နည်းနည်းလေး ပြောင်းသွားတယ်။

“နေ့အလင်းသည် ကောင်းကင်၌ထွန်းလင်း၍ ကောင်းကင်ခွေး ဆင်းသက်လာစမ်း။ ခုခံဖို့ မဖြစ်နိုင်အောင် အရာအားလုံးကို မျိုချပြီး အဆုံးမဲ့ အမှောင်ထုဖြစ်စမ်း- ကောင်းကင်နေစားခွေး”

သူ့လေတံတိုင်းကို ကျုပ်အလင်းဓားနဲ့ ချိုးဖျက်ပြီးတာနဲ့ သူမန္တန်ရွတ်တာ ပြီးသွားပြီ။ ဖုန့်လျန့်မျက်နှာ အရောင်ဖျော့သွားတဲ့အမြင် ဆံပင်တွေ မည်းပြီး ဆန့်လာတယ်။ သူ့မျက်လုံးကနေ အလင်းရောင်တွေ လွှတ်နေသလိုပဲ။ ကျုပ်နားမလည်နိုင်တဲ့ စကားတွေ တစ်ခုပြီးတစ်ခု စရွတ်တော့တယ်။ မဟူရာ အနက်ရောင်တွေ သူ့ခန္ဓာကိုယ်ကို ဝန်းရံလာတယ်။

အလင်းဓားက သူ့ခေါင်းကို ထိလိုက်တာနဲ့ မဟူရာစွမ်းအားတွေက ဓါးကို ခပ်ကြမ်းကြမ်း ဖြတ်တောက်ပစ်လိုက်တယ်။ ထင်မှတ်မထားလောက်အောင်ပဲ အလင်းဒြပ်စင်တွေ ပျံ့သွားပြီး စွမ်းအားမထုတ်နိုင်တော့ဘူး။

‘ကျုပ် ကြောက်လိုက်တာ။ ဒါ ဘယ်လိုမှော်ပညာပါလိမ့်။ အမှောင်မျိုးနွယ်က ဝါးလုံးကြီးရဲ့ မှော်ပညာနဲ့ ဘာလို့များ ဒီလောက်တူနေလဲမသိဘူး။ ဖုန့်လျန့်က ရီမိသားစုက မဟုတ်ဘူးလား။ အမှောင်မှော်ပညာကို သူဘယ်လိုလုပ် သိနေပါလိမ့်’

ပွဲကြည့် ပရိသတ်ထဲက မူကျီ ထူဆန်းတဲ့အမူအရာနဲ့ ဖုန့်လျန့်ရဲ့ ပုံသဏ္ဌာန်ကို တော်တော် စိတ်ဝင်စားနေတယ်။

ဖုန့်လျန့်ရဲ့ ပတ်ပတ်လည်မှာ မဟူရာစွမ်းအားတွေ ထူထပ်သိပ်သည်းလာတယ်။

“ဒါ ငါတို့ရီမိသားစုရဲ့ ကောင်ကင်နေစာခွေး မန္တန်ပဲ။ ငါသိပ်မကြာခင်ကမှ မန္တန်အမွှေဆက်ခံခဲ့မိတာ ကံကောင်းတာပဲ။ မန္တန်ရဲ့ အဓိကအကျိုးသက်ရောက်မှုက မှော်ဒြပ်စင်တွေ အပါအဝင် အရာအားလုံးကို ဝါးမျိုနိုင်တာပဲ။ မင်းကတော့ ဒီမန္တန်အတွက် ပထမဆုံး စတေးခံ မဖြစ်လောက်ဘူးလို့ ငါမျှော်လင့်ရတာပဲ။ ဟား….ဟား…ဟား”

သူ့နောက်ဘက်ဆီက ဟိုင်ယွဲ့တောင် ပုံစံပြောင်းသွားတာကိုကြည့်ပြီး ထိတ်လန့်သွားလေရဲ့။ သူ့အနေနဲ့ အေးဆက်ဆက် မြင်ဖြူစီးသမားတွေနဲ့တောင် တွေ့ခဲ့ဖူးတာ။ အဲဒါတွေနဲ့ လုံးဝကွဲပြားခြားနားတဲ့ လူတစ်ယောက်နဲ့ တူနေတာကိုး။

သူ ရုတ်တရက် ပြောင်းလဲသွားတာကြောင့် ကျုပ်တောင် လုံးဝ အလန့်တကြားဖြစ်သွားပြီး..

“ဖြောင့်မတ်သော၊ နူးညံ့သိမ်မွေ့သော၊ နွေးထွေးသော၊ လေးနက်သော၊ တင်းကြပ်သော အလင်းရောင်များနဲ့ ပျက်စီးခြင်း အလင်းရောင်များ ကျေးဇူးပြုပြီး ကျုပ်နားမှာ စုဝေးလို့ မကောင်းမှုအားလုံးကို သုတ်သင်ပြီး ကမ္ဘာကြီးကို ကယ်တင်ဆောင်ကျဉ်းမယ့် အဆုံးမဲ့ အလင်းတန်းများ ဖြစ်လာလိုက်စမ်းပါ- အဆုံးမရှိ တောက်ပသော အလင်းတန်းများ”

ဒါ ကျုပ်ရဲ့ နောက်ဆုံး ဝှက်ဖဲဖြစ်တဲ့အပြင် သိပ်မကြာခင်ကမှ သိလာတဲ့ အဆင့်မြင့် မန္တန်တစ်ခုဗျ။

ဖုန့်လျန့်ရဲ့ မန္တန်ပြီးသွားပြီ။ သူစီကနေ ဆွဲဆွဲငင်ငင်ငိုသံကြီးတွေ ရုတ်တရက် ထွက်လာတယ်။ သူခန္ဓာကိုယ်ကို ဝန်းရံထားတဲ့ မဟူရာစွမ်းအားတွေ လွင့်ထွက်ရင်း ခွေးနက်ကြီးတစ်ကောင်လို ပုံသဏ္ဌာန်ပြောင်းပြီး ကျုပ်စီကို တည့်တည့် တိုးဝင်လာတယ်။

ကျုပ်ပတ်ဝန်းကျင်တစ်ခုလုံးမှာ အားပြင်းလွန်းတဲ့ ဖိအားတွေ လွှမ်းမိုးသွားတယ်။ ကျုပ်ခန္ဓာကိုယ်ထဲနေ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လာတယ်။ ဒါတွေက ကျုပ်ရဲ့ မှော်စွမ်းအားတွေကို တိုးမြှင့်ပေးနိုင်တဲ့ အထက်ပိုင်း ဒန်တျန်ထဲက အလင်းပေါက်ရွှေအမြူတေကြီးလေ။ ကျုပ်လုပ်နိုင်သမျှက ကျုပ်မှော်စွမ်းအားတွေ စုစည်းတဲ့အရှိန်ကို မြှင့်ဖို့အတွက် အဲလိုထုတ်လွှတ်လိုက်ရတာလေ။ ကျုပ်ပတ်ဝန်းကျင်ကနေ အလင်းတန်းတွေ ကျုပ်စီကို စုစည်းလာခဲ့ပြီ။ ကျုပ် ထိန်းချုပ်မှုအောက်မှာ ရွှေအမြူတေကနေ အချင်း(၁)မီတာလောက် နူးညံ့သိမ်မွေ့တဲ့ ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ပြီး ကောင်းကင်နေစားခွေးစီကို ပစ်လွှတ်လိုက်တယ်။

ကောင်းကင်နေစားခွေးက ရွှေရောင်အလင်းတန်းကို ဝါးမျိုဖို့ လေထဲမှာပဲ နှုတ်သီးကို အကျယ်ကြီးဖွင့်လိုက်တယ်။ ကျုပ်မှော်စွမ်းအားတွေ မြန်မြန်ဆန်ဆန်ကြီး လျော့ကျသွားတယ်လို့ ခံစားလိုက်ရတယ်။ ဖုန့်လျန့်ရဲ့ အခြေအနေလဲ သိပ်မကောင်းဘူး။ ကောင်းကင်နေစားခွေးက ရွှေရောင်အလင်းတန်းကို ဝါးမျိုလိုက်တာနဲ့ တပြိုင်နက်တည်း သူ့တစ်ကိုယ်လုံး တုန်တုန်ရင်ရင်နဲ့ သွေးတလုပ်အံလိုက်ရတယ်။ မန္တန်ကိုလဲ အထောက်အပံ့ပေးနေရသေးတာဆိုတော့ သူ့စွမ်းအင်တွေကို ခါးခါးသီးသီးသုံးရင်း ဆက်တောင့်ထားရတာပေါ့။ ပါးစပ်ကလဲ ကျုပ်တို့ နားမလည်နိုင်တဲ့ ဘာသာစကားတွေရွတ်ရင် ကောင်းကင်နေစားခွေးအတွက် မဟူရာစွမ်းအားတွေ ဆက်ပြီး ပို့နေလေရဲ့။

‘ဒီအတိုင်း ဆက်သွားလို့မဖြစ်တော့ဘူး။ ကျုပ်သာ သူ့မှော်စွမ်းအားတွေကို ဆက်ပြီး တောင်ခံထားလိုက်ရင် ကျုပ်စွမ်းအားတွေ တဖြည်းဖြည်းနည်းလာပြီး ကျုပ်မှော်စွမ်းအားကိုရော ကျုပ်ကိုပါ လုံးလုံးကြီး လွှမ်းမိုးသွားလိမ့်မယ်။ ကျုပ် အစွမ်းကုန်သုံးပြီး တိုက်ရတော့မှာပဲ’

ရွှေအမြူတေကနေ ရွှေရောင်အလင်းတန်းထုတ်ပြီး ကောင်းကင်စားခွေးရဲ့ နှုတ်သီးနားရောက်အောင် လုပ်ပြီး သူ့ကို အနိုင်ယူဖို့ ကြိုးစားခဲ့တာ လုံးဝ ကျရှုံးသွားပြီဆိုတာ တွေးမိလိုက်တယ်။ ကောင်းကင်နေစားခွေးရဲ့ ပါးစပ်ကြီးထဲမှာ ရွှေအမြူနေရဲ့ ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားတာနဲ့အမျှ ကျုပ် တော်တော် လန့်သွားတယ်။ ဒီတိုက်ကွက်မှာ ကျုပ်မအောင်မြင်ခဲ့ရင် ကျုပ်ဆုံးရှုံးသွားတဲ့ မှော်စွမ်းအားတွေအကုန် ပြန်ရရင်တောင်မှ အောင်နိုင်ခြေ နည်းသွားတော့မှာ။

လေထဲမှာရှိတဲ့ ကောင်းကင်စားခွေးကြီး တုန်ခါရင်း သူ့ရဲ့ ခွေးပုံသဏ္ဌာန် ပျောက်သွားတယ်။

“ဖျင်း………………”

ကောင်းကင်စားခွေးကြီး ပေါက်ကွဲသွားပြီး ခပ်မှိန်မှိန်လင်းနေတဲ့ ရွှေအမြူတေပဲ ကျန်ခဲ့တော့တယ်။ ကျုပ် ရွှေအမြူတေကို ပြန်ယူဖို့ လက်ကျန်မှော်စွမ်းအားတွေကို ချက်ချင်း သုံးလိုက်တယ်။ မှော်စွမ်းအားတွေ တော်တော်ကြီး သုံးလိုက်မိပေမယ့် ကံကောင်းစွာနဲ့ပဲ ရွှေအမြူတေလေး မထိခိုက်လိုက်ဘူး။

ဖုန့်လျန့် ထူးဆန်းတဲ့ အနူအရာနဲ့ ကျုပ်ကို အော်တော့တာ။ မကောင်းတော့ဘူး။ ဖုန့်လျန့် သွေးမှုန်တွေ ထွက်လာတယ်။ သူ့ ဒွါရ (၇)ပေါက်ကနေ သွေတွေ စီးကျပြီး မြေပေါ်ကို လဲကျသွားတယ်။

သူ့နားသွားဖို့အတွက် ကျုပ်ခရီးတို လေဟာနယ်ရွှေပြောင်းခြင်းကိုသုံးလိုက်တယ်။ စောစောတုန်းကတော့ ကျုပ်တကယ် သည်းမခံနိုင်ခဲ့တာ။ အဲလိုမှမဟုတ်ရင် ဒီမှော်ပညာရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရမှာ အသေအချာပဲ။

ကျုပ် သူ့ရှေ့မှာ ပေါ်လာတော့ သူ့ဆံပင်တွေ ပုံမှန်ပြန်ဖြစ်သွားပြီ။ လူကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ အနေအထားပဲ။ ကျုပ်လဲ သူ့အခြေအနေ တည်ငြိမ်သွားအောင် လက်ကျန်စွမ်းအားတွေနဲ့ အလင်းမှော်ပညာကို ချက်ချင်း သုံးပေးလိုက်တယ်။

============= (*^*)=============

အပိုင်း(၁၀၃)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters