← Chapters

သေခြင်းတရားရှေ့မှ ကျောင်းသား

Vol. 7 Ch. 103

သေခြင်းတရားရှေ့မှ ကျောင်းသား

Vol. 7 Ch. 103

Child of light (ကျန်းကုန်း)

Volume 4: Chapter 13 – A Student Facing Death

ပြိုင်ပွဲအတွက် လုပ်ထားတဲ့ တားမြစ်စည်း ပျက်ပျယ်သွားတာနဲ့ ပထမဆုံးပြေးဝင်လာတဲ့သူက ဟိုင်ယွဲ့ဗျ။ သူကျုပ်ကို မျက်ထောင့်နီကြီးတွေနဲ့ကြည့်ပြီး..

“နင်တော်တော်ရက်စက်တဲ့ကောင်ပဲ။ ဖုန့်လျန့်သာ သေသွားရင် နင့်ကိုပါ သူ့နဲ့အတူတူ သင်္ဂြိုလ်ပစ်မယ်။ သိမ်မွေ့သောရေ၊ ရေခဲတုံး သဏ္ဌာန်ဖွဲ့တည်ပြီး ငါ့ရန်သူအား တိုက်ခိုက်လော့”

ဖုန့်လျန့်ကို ကယ်ဖို့ ကျုပ်လက်ကျန်မှော်စွားအားတွေ သုံးလိုက်ပြီလေ။ သက်ပြင်းတစ်ချက်ချယုံပေါ့။ သူ့အသက်တော့ ကယ်နိုင်သွားပြီ။ ရေခဲတုံးကလဲ ပျံလာနေပြီ။ ကျုပ်ခန္ဓာကိုယ်ထဲမှာလဲ ဘာခွန်အားမှ မကျန်တော့တဲ့အတူတူ ရေခဲတုံးကြီးကို ထိုင်ကြည့်နေယုံပဲတတ်နိုင်တော့တယ်။ ကျုပ်ရင်ဘတ်ကို ဖောက်ဝင်တော့မယ့်အချိန် ဘယ်ကမှန်းမသိတဲ့ စွမ်းအားတစ်ခု ကျုပ်ခန္ဓာကိုယ်ကနေ ထွက်လာပြီး ကျုပ်ခန္ဓာကိုယ်ထဲကို တိုးဝင်ဖို့လုပ်နေတဲ့ ရေခဲတုံးကြီးကို တားဆီးနိုင်လိုက်တယ်။

ရေခဲတုံးကြီး တိုက်ခိုက်ချက်ကြောင့် ကျုပ် နောက်ကို လွှင့်ထွက်သွားတယ်။ တန်ပြန်သက်ရောက်အားတွေကြောင့် ကျုပ်ပါးစပ်ကနေ သွေးအံလိုက်ရတဲ့အထိပဲ။

“နင်ဘာလုပ်တာလဲ။ ကျန်းကုန်း ဖုန့်လျန့်ကို ကယ်နေတာ နင့်မမြင်ဘူးလား…”

မာခယ် ကျုပ်ရှေ့ကနေ ကာရင် လှမ်းအော်လိုက်တယ်။ ဟိုင်ယွဲ့ စောစောက ကျုပ်ကိုကြည့်သလိုမျိုး မာခယ်ကို ကြည့်ရင်း..

“နင်တို့အကုန်လုံး မကောင်းဆိုးဝါးတွေ”

သူပေါက်ကွဲပြီး ဖုန့်လျန့်ကို ပွေ့ခေါ်သွားလေရဲ့။

မာခယ်သက်ပြင်းချပြီး ကျုပ်ကို ကူတွဲထားရင်း..

“အစ်ကိုကြီး မင်းအဆင်ပြေလား”

“ငါ အသက်ရှင်ပါသေးတယ်ကွာ။ ဒါပေမယ့် ဟိုင်ယွဲ့ တော်‌တော်ရက်စက်တာပဲဟ”

“အခုအချိန်ကစပြီး ငါတို့တွေ ရန်သူဖြစ်လာတော့မယ်။ ဒီအခြေအနေကို ပြန်ပြင်ဖို့ ငါလဲ ဘာမှ လုပ်မပေးနိုင်ဘူးကွာ။ အစ်ကိုကြီး မင်းတကယ်ကို အရည်အချင်းရှိတာပဲကွ။ ဒီလိုမျိုး ခက်ခက်ခဲခဲ တိုက်ပွဲကြီး ပြီးယုံအခြေအနေမှာတောင် ခံစစ်အတွက် စွမ်းအားတွေ ကျန်သေးတယ်နော်။ မင်းအစွမ်းအစတွေကို ငါတော့ သဘောကျသွားပြီ”

ဟိုင်ရှင်း လျှောက်လာတော့ မာခယ်အလိုလို ကျုပ်ရှေ့က ကာထားတယ်။

ဟိုင်ရင်း မျက်လုံးတွေမှာ ရှုတ်ထွေးနေတဲ့ အရိပ်အယောင်တွေ အပြည့်နဲ့..

“ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးဟာ။ ကျန်းကုန်း ဒဏ်ရာကို ခနလောက်လေး ကြည့်ခွင့်ပေးပါလား”

မာခယ် လှည့်ကြည့်လို့ ကျုပ် ခေါင်းညိတ်ပြလိုက်မှ သူဖယ်ပေးလိုက်တယ်။

“သိမ်မွေ့သောရေ၊ သင့်ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားကိုသုံးပြီး ဒဏ်ရာတွေပျောက်ကင်းအောင် အပြီးတိုင် ကုသပေးလိုက်စမ်းပါ”

ရေဒြပ်စင်တွေ သူ့လက်ထဲကနေ စုစည်းလာပြီး အပြာနုရောင် ရေလုံးလေးတစ်ခု ကျုပ်ရင်ဘတ်ထဲကို ပျံသန်းဝင်လာတယ်။ ရင်ဘတ်ပေါ်က ဒဏ်ရာတွေ တဖြည်းဖြည်း သက်သာလာတဲ့အပြင် အတွင်းဒဏ်ရာတွေတောင် ပြန်ကောင်းလာတော့ ခန္ဓာကိုယ်ထဲက နာကျင်မှု တော်တော်များများ ပျောက်သွားတယ်။ နေလို့ ကောင်းသွားတာနဲ့အမျှ ခန္ဓာကိုယ်တစ်ခုလုံးကို အအေးဓာတ်တစ်ခု ဖြတ်စီးသွားတယ်။ ကျုပ်သုံးလိုက်တဲ့ မှော်စွမ်းအားတွေ ထုထည်ကြီးကြီးမားမား ဆုံးရှုံးထားတာဆိုတော့ အပြည့်အဝတော့ ဘယ်လိုလုပ်ပြန်ကောင်းနိုင်ပါ့မလဲ။

“ဟိုင်ရှင်း။ ကျေးဇူးပဲဟာ”

“ငါ့အစ်မနဲ့ နင့်ဆက်ဆံရေးက ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးဝါးသွားရတာလဲ။ ကျေးဇူးပြုပြီး ငါ့အစ်မကို အပြစ်မတင်လိုက်ပါနဲ့ဟာ။ သူ့ကိုယ်သူ ဘာတွေပြောမိမှန်း မသိအောင်ကို ဒေါသတွေ ကြီးနေတာဟ”

“သူ့ကို ဘာလို့ အပြစ်တင်ရမှာလဲ။ ငါသာ သူ့နေရာမှာဆိုရင် တုန့်ပြန်ချက်က ဒီထက်တောင် ဆိုးအုံးမယ်ထင်တာပဲ။ ငါအဆင်ပြေနေပြီဆိုတော့ နင့်အစ်မကို သွားကြည့်သင့်တယ်”

“ကျန်းကုန်း ကျေးဇူးတင်တယ်ဟာ။ ငါပြန်သွားကြည့်လိုက်အုံးမယ်။ နောက်မှ တွေ့ကြတာပေါ့”

“အင်း နောက်မှ တွေ့မယ်”

ဟိုင်ရှင်းရဲ့ ကျောပြင်ကိုကြည့်ရင်း မာခယ်က..

“အစ်ကိုကြီး ဟိုင်ရှင်းကတော့ မင်းအပေါ်မှာ ခံစားချက်တွေ တကယ်ကြီးရှိနေတဲ့ပုံပဲနော့။ အဲလိုမှမဟုတ်ရင် မင်းကို ဒီပုံစံမျိုး ဆက်ဆံမှာ မဟုတ်ဘူး”

“ပေါက်တတ်ကရ စကားတွေ ဒီမှာပဲ ရပ်လိုက်တော့။ အဆောင်ပြန်ဖို့ ငါ့ကို ကူတွဲပေးအုံး”

မာခယ် ကျုပ်ကို အဆောင်ထိရောက်အောင် လိုက်ပို့ပေးတယ်။

ကြည်လင်တောက်ပနေတဲ့ မျက်လုံးတစ်စုံ ကျုပ်တို့နောက်ကနေကြည့်ရင်းနဲ့..

“ နင်က ငါ့အတွက် ဖုန့်လျန့်ကို စိန်ခေါ်ခဲ့တာလား။ နင့်မှော်စွမ်းအားတွေ အရင်ကထက် ပိုသန်မာလာတယ်။ နင်ငါ့ကို တကယ်ချစ်တာရော သေချာရဲ့လား။ ငါနင့်ကို မုန်းချင်ပေမယ့် မုန်းလို့မရဘူး ဖြစ်နေတယ်။ နင်ဘာလို့များ ငါ့နှလုံးသားကို လာအနှောက်အယှက်ပေးနေရတာလဲဟာ။ ငါတို့တွေ အတူတူ လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီလိုဖြစ်မယ့်အစား ဟိုင်ရှင်းကိုပဲ နင်ရွေးသင့်တယ်”

ဒီစကားတွေ ရေရွတ်ပြီးတာနဲ့ သူလဲ ဆန့်ကျင်ဘက်အရပ်ကို လှည့်ထွက်သွားတယ်။ ကျုပ်ကတော့ အဲ့အသံတွေ မကြားနိုင်လိုက်ဘူးလေ။

အိပ်ဆောင်ကိုရောက်တော့…

“အစ်ကိုကြီး မင်းဘယ်လိုနေသေးလဲ”

“မာခယ်။ ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့ကွာ။ အဆင်ပြေလား”

“အစ်ကိုကြီး။ မင်ဘာလို့ ဒီလိုလုပ်လိုက်ရတာလဲကွာ။ မင် ဖုန့်လျန့်ကို စိန်မခေါ်ခင် ဘာလို့ငါနဲ့ မတိုင်ပင်ရတာလဲ။ အခုတော့ သူ့ကိုရဖို့ မျှော်လင့်ချက် မရှိတော့ဘူး။”‌ေ “အဲလိုအတွေးတွေ ရပ်လိုက်တော့။ ဟိုင်ယွဲ့ကို ဆက်ချစ်နေသရွေ့ ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဖုန့်လျန့်ကို ငါတိုက်ခဲ့တုန်းက သူနောက်ဆုံးသုံးလိုက်တဲ့ မန္တန်ကို မင်းမြင်လိုက်ရလား ကောင်းကင်နေစားခွေးလေ”

“ငါမြင်တယ်လေ ဘာဖြစ်လို့လဲ”

“အဲ့အချိန်တုန်းက ဒီကောင် တော်တော်လေး မကောင်းဆိုးဝါးဆန်တယ်လို့ မထင်မိဘူးလား။ တကယ်လို့ ဒီကောင့်မှာသာ ဒီလိုမျိုး မကောင်းဆိုးဝါးသွေးရှိနေတယ်ဆိုရင် ဟိုင်ယွဲ့ ဒီကောင်ကို လမ်းခွဲဖို့ အခွင့်အရေး ပိုကြီးသွားမယ်။ ငါ ဒီကောင့်ကို စိန်ခေါ်ရတာ အချက်(၃)ချက်ရှိတယ်ကွ။ ပထမ တစ်ချက်က မင်းကိုယ်စား လက်စားချေချင်လို့။ ဒုတိယအနေနဲ့ သူ့စွမ်းအား အစစ်အမှန်ကို သိချင်လို့။ တတိယအနေနဲ့ သူ့မှော်အစွမ်းကြောင့်ပဲ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာ ချို့ယွင်းချက်တွေ ဖော်ထုတ်ချင်လို့ကွ။ သူ့အားနည်းချက်တွေကို ငါသိရင် မင်း ဟိုင်ယွဲ့ကိုရဖို့ အခွင့်အရေး ပိုကြီးလာမယ်။ ငါပြောတာ သဘောပေါက်လား”

“တကယ်ကြီး သူတို့တွေ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင်တောင် သူငါ့ဘက် ယိမ်းယိုင်လာမယ် မထင်မိဘူးကွာ။ သူ့မှာ ငါထက်ပိုပြီး မုန်းတဲ့သူ မရှိတော့ဘူးကွ”

“တကယ်တမ်းကျ မင်းကို ဒီလောက်တောင် မုန်းတီးရတဲ့အတွက် တခြားတစ်ဖက်မှာ သကောင်းကွက်တွေ ရှိတယ်ကွ။ သူသာ မင်းကို ဥပေက္ခာပြုထားမယ်ဆိုရင်တော့ မင်းမှာ လုံးဝကို မျှော်လင့်ချက် မရှိတော့တာ။ သူမင်းကို မုန်းနေတဲ့အတွက် သူ့နှလုံးသားထဲမှာ မင်းအတွက် နေရာတစ်ခု ရှိနေတယ်ဆိုတာ အသေအချာပဲ။ လက်ရှိ အမုန်းတရားတွေကို အချစ်တွေဖြစ်အောင် ပြောင်းဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ အကောင်းဆုံး နည်းလမ်းကတော့ မင်းအားနည်းချက်တိုင်းကို ခွင့်လွင့်ပေးချင်စိတ်ရှိတဲ့ နေရာထိရောက်အောင် ရွှေ့ပေးနိုင်မယ့် တစ်ခုခု လုပ်ပစ်လိုက်ကွာ”

“အဲလိုမျိုးဖြစ်အောင် ငါဘာတွေ လုပ်ရပါ့မလဲ”

“မင်း တကယ်ကို အမှားခံလို့မရဘူးနော်။ မင်းကို ဘယ်လိုသင်ပေးရပါ့မလဲ။ အခွင့်အလမ်းတွေ အခွင့်အရေးတွေဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာကွ။ ကျောင်းမပြီးခင်စပ်ကြား ဟိုင်ယွဲ့ရဲ့ နှလုံးသားကို မပြောင်းလဲနိုင်ဘူးဆိုရင်တော့ မင်းတကယ်ကြီး သူ့ကို လက်လွှတ်ဆုံးရှုံးရတော့မှာ။ မင်းဘာလုပ်ချင်လဲ၊ ဘာလုပ်သင့်လဲဆိုတာ ကိုယ့်ဟာကိုယ် သေချာစဉ်းစားဖို့ လိုနေပြီ။ အခုတော့ ငါကျင့်ကြံမှ ရတော့မယ်ကွ။ ငါ့ မှော်စွမ်းအားတွေ တရားလွန် သုံးထားမိတာ”

“ကျေးဇူးပဲ အစ်ကိုကြီး။ ငါပြန်လာခဲ့မယ်။ မင်းအနားယူလိုက်အုံး”

မာခယ်သွားတော့မှ အသာလေး ပြန်ထိုင်လိုက်တယ်။ ဖုန့်လျန့်သုံးသွားတဲ့ မန္တန်ကို ပြန်စဉ်းစားနေမိလိုက်တယ်။ ‘ဒါ မှော်မျိုးနွယ်ရဲ့ ကျူးကန်သုံးတဲ့ မန္တန်နဲ့ တူတယ်ဆိုပေယ့် ကွဲပြားနေပြန်ရော။ ပိုဆိုးဝါးတယ်လို့ ခံစားနေမိတယ်။ ဖုန့်လျန့်ရီက ရီမိသားစုလေ၊ မှော်မျိုးနွယ်မှ မဟုတ်တာ။ ဒီကောင့်မှာ ထူးထူးခြားခြား လျှို့ဝှက်ချက် ရှိနေတဲ့ပုံပဲ။ နောက်မှ စုံစမ်းကြည့်ရအုံးမယ်”

မျက်လုံးတွေ မှိတ်ပြီး မှော်စွမ်းအားတွေ ပြန်စုဆောင်းဖို့ ခပ်မှိန်မှိန်ဖြစ်နေတဲ့ မှော်ရွှေအမြူတေလေးကို အာရုံစူးစိုက်လိုက်တယ်။ သမထ ထိုင်တဲ့ အဆင့်ကို ရောက်သွားတာနဲ့ အလင်းဓာတ်တွေ ရွှေအမြူတေကို ဖြည်းဖြည်းချင်း ပြန်ပြည့်လာစေတာပေါ့။

ကျုပ် အိပ်ယာက နိုးတော့ နေ့လည်ဘက်တောင် ရောက်နေပြီ။ နောက်တစ်နေ့ထိ ရောက်သွားတာနေမယ်။ အိပ်ယာက ထပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်တော့ တော်တော် ကောင်းနေပြီပဲ။ ကျုပ်မှော်စွမ်းအားတွေလဲ (၈၀)ရာခိုင်နှုန်းလောက် ပြန်ရနေပြီ။ ကျုပ်ရဲ့ မှော်စွမ်းအား စုဆောင်းတဲ့အရှိန်ကလဲ အရင်ကထက် ပိုသာပိုမြန်လာတဲ့ပုံ။ ဒါ နတ်ဘုရားဘုရင် ကျုပ်ခန္ဓာကိုယ်ကို ပုံသွင်းပြီး အရိုးတွေလဲလှယ်လိုက်တဲ့ ကိစ္စနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်။

ကျုပ်ဗိုက်က တဂွီဂွီ တဂွမ်ဂွမ် ဖြစ်နေတယ်။ ပြီးခဲ့တဲ့နေ့ ညပိုင်းကတည်းက ကျုပ်ဘာမှ မစားရသေးတာဆိုတော့ စားသောက်ဆောင်ကို သွားမှဖြစ်မယ်လို့ တွေးလိုက်မိတယ်။ မာခယ် ဘာလို့များ ကျုပ်ကို လာမတွေ့သေးပါလိမ့်။

============= (*^*)=============

အပိုင်း(၁၀၄)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters