← Chapters

သတင်းပေးရန် အိမ်ပြန်ခြင်း

Vol. 7 Ch. 105

သတင်းပေးရန် အိမ်ပြန်ခြင်း

Vol. 7 Ch. 105

Child of light (ကျန်းကုန်း)

Volume 4: Chapter 15 - Returning Home to Report

“ပြည်တွင်းစစ် ဖြစ်လောက်တဲ့အထိအောင် တော်တော်ဆိုးဆိုးဝါးဝါး မဖြစ်လောက်ဘူးမို့လား”

ကျုပ် မာခယ့်ကို ကြည့်လိုက်မိတယ်။ သူလဲ ကျုပ်လို တုန်လှုပ်သွားတာပဲ။ လက်ရှိအခြေအနေက ဘာမှရှင်းရှင်းလင်းလင်း မသိဘူးလေ။

“ဘာလို့မဖြစ်နိုင် ရမှာလဲ။ လက်ရှိ အင်အားကြီး(၃)ခုစလုံးသ သူတို့စစ်တပ်တွေ ပြင်နေကြတယ်။ ဒီတော့ သူတို့တွေ ပြည်တွင်းစစ် စကြတော့မှာ”

“စစ်ပွဲတွေဆိုတာ ရက်စက်မှုတွေနဲ့ ပြည့်နေတာ။ စစ်ပွဲသာ တကယ်ဖြစ်လာရင် အခံရဆုံးက သာမန်ပြည်သူတွေဖြစ်လိမ့်မယ်။ ပြီးတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန် နိုင်ငံတော် အုပ်ချုပ်ရေးပိုင်း သိသိသာသာ အားနည်းသွားမှာ။ ဒါဆိုရင် (၃)နိုင်ငံ ဟန်ချက်ညီနေတာတွေအပေါ် သေချာပေါက် သက်ရောက်မှုရှိလာလိမ့်မယ်”

“ဝိုး…. နင် ဒီလောက်ထိ ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိလိမ့်မယ် ထင်မထားမိဘူး။ နင် ငါတို့ ရှင်းမိသားစုနဲ့ ပူးပေါင်းရင် အကောင်းဆုံး ဖြစ်လိမ့်မယ်။ နင့်မှော်စွမ်းအားနဲ့သာဆိုရင် နင့်မိသားစုကိုပါ အထွတ်အထိပ်ရောက်အောင် လုပ်နိုင်မှာ သေချာတယ်ဟ”

မာခယ် စိုးရိမ်တကြီးနဲ့..

“နင့်ညီမနဲ့ ဖြစ်နေတဲ့ ပြဿနာအောင် မဖြေရှင်းရသေးဘူးဆိုတော့ လောလောဆယ် နင့်အကြံ ခနလောက်တော့ မေ့ထားသင့်တယ်ထင်တယ်။ ဟုတ်တယ်မို့လား ကျန်းကုန်း ငါတို့တွေ ဒီနေရာမှာတင် ရပ်သင့်ပြီထင်တယ်”

“ဟွင့်.. ငါ့ညီမက ပြဿနာမရှိပါဘူး။ ငါလဲ ဂရုစိုက်မနေဘူး။ သဘောတူမလား မတူဘူးလားဆိုတာပဲ ပြော။ အဘိုးကို တိုက်ရိုက် မေးပစ်လိုက်မှာပေါ့”

ဟိုင်ရှင်းဆိုတာ ရှင်းမိသားစုရဲ့ အမွေခံတွေထဲက တစ်ယောက်ဆိုတော့ မိသားစုထဲမှာ သူ့အဆင့်အတန်းကလဲ တော်တော်မြင့်တယ်လေ။ သူသာ ကျုပ်ကို သူ့မိသားစုထဲဝင်နိုင်ဖို့ ထောက်ခံလိုက်တာနဲ့ အောင်မြင်နိုင်တဲ့ အခွင့်အရေးက တော်တော် မြင့်သွားမှာ သေချာတယ်လေ။

“မဟုတ်သေးဘူး။ မေ့ထားလိုက်အုံး။ ငါခြေချုပ်မမိချင်သေးဘူး၊ လွတ်လွတ်လပ်လပ်နေရတာပဲ ကြိုက်တယ်။ ပြီးတော့ ငါက ရီမိသားစုကိုလဲ စော်ကားမိထားသေးတယ်လေ။ နင့်မိသားစုနဲ့ ပူးပေါင်းလိုက်ရင် မိသားစုကြီး (၂)ခုကြားမှာ ပဋိပက္ခတွေ ဖြစ်မှာမဟုတ်ဘူးလား”

“နင်ပြောတာလဲ မှန်တာပဲ။ ဒါပေမယ့် ငါ့ကမ်းလှမ်းချက်ကတော့ အမြဲအတည်ပဲနော်။ နင်စိတ်ပြောင်းသွားရင် ငါ့ကို ပြောဖြစ်အောင်ပြောရမယ်နော်။ နင် အေးအေးဆေးဆေး စဉ်းစားပေါ့။ငါသွားတော့မယ်”

“အစ်ကိုကြီး။ ကျေးဇူးတင်တယ်။ ဟိုင်ရှင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းတာ ငါ့ကြောင့်ဆိုတာ ငါသိတယ်။ ငါလဲ တကယ်ကို ဘာမှမသိတော့ဘူးကွာ”

“ဒါတွေ ပြောမနေနဲ့တော့။ ငါတို့က ညီအစ်ကိုတွေပဲလေ။ ဘာပဲဖြစ်ဖြစ် မင်းမိသားစုနဲ့လဲ ငါပတ်သက်မှာ မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် ဒီစစ်ကြီးလဲ ဖြစ်မလာလောက်ဘူးလို့ မျှော်လင့်မိတာပဲ။ ငြိမ်းချမ်းနေတာ မကောင်းလို့လား။ စည်းလုံးညီညွတ်နေမှပဲ ငါ တို့တွေ ဆက်ပြီးရှင်သန်နိုင်မှာလေ။ ငါ့ လေ့လာစွန့်စားတဲ့ ခရီးမှာတုန်းက မှော်မျိုးနွယ်တစ်စု ငါတွေ့ခဲ့ရတယ်။ သူတို့တွေက ငါတို့လူသားမျိုးနွယ်တွေအပေါ် အကောင်းမြင်စိတ်နဲ့ မကြည့်ဘဲ ငါတို့ကို ပျောက်ကွယ်သွား စေချင်နေတာ။ ငါတို့သာ ပြည်တွင်းစစ် ထဖြစ်လိုက်မယ်ဆိုရင် ငါတို့ကို ကျူးကျော်ဖို့ သူ့တို့အတွက် အကောင်းဆုံး မဟာအခွင့်အရေးကြီး မဟုတ်ဘူးလား”

“မှော်မျိုးနွယ်လား။ အစ်ကိုကြီး မင်း မှော်မျိုးနွယ်နဲ့ တွေ့ဖူးတာလား”

“အေးလေ။ ဘာဖြစ်လို့လဲ”

“ဒါ တကယ့် အရေးကြီးကိစ္စပဲ။ အဖေ့ကို ချက်ချင်းအကြောင်းကြားမှ ရမယ်။ မှော်မျိုးနွယ်တွေ ငါတို့ကို ကျူးကျော် လာနိုင်တယ် ဆိုတဲ့ သတင်းက အရမ်းအရေးကြီးတယ်ကွ”

“မင်း ဒီလောက် သဲထိတ်ရင်ဖို ဖြစ်နေဖို့ မလိုပါဘူးဟ။ ဟုတ်ပြီလား”

“ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။ မှော်မျိုးနွယ်တွေက ငါတို့ အရှေ့ဘက်တိုက်ကြီးကို ဝင်ဖို့အတွက် ငါတို့မသိနိုင်တဲ့ နည်းလမ်းကို သုံးလာတာဖြစ်ရမယ်။ ဒါ ငါတို့ လူသားမျိုးနွယ်စုတွေအပေါ် ကပ်ဆိုးဆိုက်တော့မယ်ဆိုတာ သက်သေပဲ။ ဒီသတင်းက အရမ်းအရေးကြီးတယ်ကွ”

ကျုပ်လဲ ခေါင်းကုတ်ရင်း မှော်မျိုးနွယ် မင်းသမီးလေးရဲ့ ခမ်းနားလွန်းတဲ့ အလှတရားကိုတောင် ပြန်သတိရလိုက် မိသေးတယ်။

“မှော်မျိုးနွယ်တွေက အရမ်း ကြောက်စရာကောင်းတယ်လို့တော့လဲ မဟုတ်ပါဘူးကွာ။ သူတို့တွေလဲ ငါတို့လိုပဲ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြတာပဲကို။ မင်းက ဘာလို့ တစ္ဆေသရဲနဲ့ တွေ့ရသလို ဖြစ်နေတာတုန်း”

“မှော်မျိုးနွယ်တွေက ငါတို့ လူသားတွေနဲ့ မတူဘူးကွ။ သူတို့တွေက ငါတို့လူသားမျိုးနွယ်တွေအားလုံးရဲ့ ဘုံရန်သူတွေ”

“ကောင်းပြီလေ။ မင်းနဲ့ ဆက်မငြင်းချင်တော့ဘူး။ မင်းလုပ်ချင်ရာသာလုပ်ကွာ။ ငါတို့တွေ စားသောက်စရာတွေကို မြန်မြန် ပြီးအောင် အရင်ဖြတ်လိုက်ကြစို့။ အဆောင်ပြန်ပြီး အနားယူချင်နေပြီကွ”

အဲ့နေ့မှာပဲ မာခယ် သူ့အဖေဆီကို အရေးကြီးသတင်းပို့ဖို့အတါက် ကျောင်းကနေ အိမ်ပြန်သွားတယ်။

နောက်တနေ့ စာသင်ချိန်မှာ မူကျီအတွက် နောက်ထပ် စာတစ်စောင် ရေးလိုက်တယ်။ စာကြောင်းတော့ နည်းပါတယ်။ ‘မနေ့က နင့်အဖြေကို ငါ့အတွက် အရမ်းဝမ်းသာစရာပဲ။ ငါ နင့်ကို မေးချင်တာက ငါတို့နှစ်ယောက် အတူတူရှိလို့ မဖြစ်နိုင်ဘူးလို့ နင်ထင်နေတာဆိုတော့ နင့်ကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး။ ငါ နင့်ကို ချစ်တာတော့ ဘာမှ တားလို့မရနိုင်ဘူး။ နင် ငါ့အပေါ် အရမ်း အေးစက်နေပေမယ့် တကယ်တော့ နင်က အရမ်းကြင်နာတတ်တဲ့ သူဆိုတာ ငါသိတယ်။ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးလေး တစ်ခုလောက် ပေးပါလား။ ငါနင့်ကို ထာဝရ ကာကွယ်သွားမယ်လို့ ကတိပေးပါတယ်ဟာ’ စာရေးနေတဲ့အချိန် လက်စားချေဖို့ဆိုတာ လုံးဝကို မစဉ်းစားမိတော့ဘူး။ မူကျီ ရိုးသားတဲ့ အမူအရာတွေက အရမ်းချစ်ဖို့ကောင်းတယ်။ ကျုပ် သူ့ကို တကယ်ကြီး ချစ်မိသွားတာရော မဖြစ်နိုင်ဘူးလား။ မဟုတ်သေးပါဘူး။ မဖြစ်နိုင်ဘူး။ သူ့ကို လက်စားချေရမယ်ဆိုတာ မမေ့ဖို့ ကိုယ့်ကိုကိုယ် ပြန်သတိပေးလိုက်ရသေးတယ်။

ကျုပ် သူ့ကို စာပေးပြီးတဲ့အခါကျ..

“ငါ့ကို ဘာမှ မေးမနေနဲ့။ ငါတို့တွေ အတူတူနေလို့မဖြစ်နိုင်ဘူး။ နင့်ကိုလဲ ငါဘယ်တော့မှ စိတ်ယိုင်လာမှာမဟုတ်ဘူး။ လက်လျှော့လိုက်စမ်းပါဟာ။ ဟိုင်ရှင်းက နင့်ကို ချစ်နေတာလေ။ သူက နင့်ရွေးချယ်ဖို့ အသင့်တော်ဆုံးတစ်ယောက် ပဲ”

သူ့ စာကိုဖတ်ပြီးတော့ မရိုးမရွနဲ့ သူ့ကို စိုက်ကြည့်နေမိလိုက်တယ်။ သူလဲ ကျုပ်ရဲ့ အကြည့်နွေးနွေးကို ခံစားမိလို့ထင်တင် ကျုပ်ကို ပြန်ကြည့်လာတယ်။

“ငါ့ကို အကြောင်းပြချက်လေး တစ်ခုလောက် ပေးပါလား”

အဲလို တိုးတိုးလေး ကပ်မေးလိုက်တဲ့အချိန်မှာ ကျုပ်နှလုံးသားက တကယ်ကို တဆစ်ဆစ်နဲ့ နာကျင်လာတာဗျ။

မူကျီ သူ့မျက်လုံးထဲမှာ ရှုတ်ထွေးနေတဲ့ အမူအရာနဲ့ပဲ..

“ဘာမှ မမေးစမ်းပါနဲ့ဟာ… ဟုတ်ပြီလား”

သူ့ပုံစံက အရမ်း အေးစက်စက်နိုင်တဲ့ပုံဆိုပေမယ့် တကယ်ကို နူးညံ့သိမ်မွေ့လွန်းတယ်ဗျာ။ ကျုပ်နှလုံးသားတွေ ခုန်လာတယ်။ အေးစက်ပေမယ့် အရမ်း နူးညံ့လွန်းတဲ့ လက်ကလေးကို ကိုင်ကြည့်ဖို့အတွက် ရုတ်တရက် ကျုပ်လက်လှမ်းမိလိုက်တယ်။ သူ့လက်ကို ထိလိုက်တာနဲ့ သူတော်တော် တုန်လှုပ်သွားလိုက်တာများ ခုံပေါ်ကနေတောင် ပြုတ်ကျလုမတတ်ပဲ။

ဒီအချိန်မှာပဲ လက်ရှိ စာသင်ပေးနေတဲ့ တာဝန်ကျ မှော်ဆရာက ဝင်နှောက်ယှက်လာတယ်..

“ကျန်းကုန်း မင်းဘာတွေလုပ်နေတာလဲ။ ဒါ စာသင်ချိန်နော်”

“ဆရာ မူကျီ ပိုးဟပ်ကို ကြောက်နေလို့ အကူအညီပေးလိုက်မိတာပါ”

မူကျီမျက်နှာ နီရဲနေပေမယ့် ဘာစကားတစ်ခွန်းမှ မပြောပဲ သူ့ဟာသူ ခေါင်းကြီးငုံ့နေလေရဲ့။

ဆရာအိုကြီး ကျုပ်ကို အပြစ်ရှာဖို့ ဘာအကြောင်းပြချက်မှ မရှိတော့ ဒေါသတကြီးနဲ့..

“နောက်တခါဆို ကြပ်ကြပ်သတိထား။ ကျောင်းသားတွေ အတန်းလဲ ပြီးခါနီပြီဆိုတော့ ငါဒါကိုသင်ပေးမယ်။ မှော်ပညာကို မနက်ဖြန် ဆန်စစ်စာမေးပွဲလုပ်မယ်။ ကျောင်းသားတိုင်း အမှတ်ကောင်းကောင်းရအောင် ကြိုပြင်ဆင်ပြီးမှ အတန်းကိုလာကြမယ်လို့ မျှော်လင့်ပါတယ်။ စတုတ္ထနှစ်ကို မရောက်နိုင်သေးတဲ့ သူတွေအတွက်လဲ အခွင့်အရေး ရှိတယ်နော်”

ပြောပြီးတော့ ကျုပ်ကို စိုက်ကြည့်နေပြန်ရော။

‘မဟုတ်သေးပါဘူး။ သေပါပြီဗျာ။ မနက်ဖြန်တဲ့လား။ ကျုပ်ဖြင့် အတန်းထဲမှာ သင်ခန်းစာတွေ ကောင်းကောင်းကို နားမထောင်မိသေးဘူးလေ။ မန္တန်ပညာရပ်တွေကို ဘယ်လိုများ သွားဖြေရမှာတဲ့တုန်း။ ဒါ မှော်ပညာ သုံးတာနဲ့ ပတ်သက်ပြီး စမ်းသပ်တာနဲ့တူမနေဘူး။ ခင်ဗျားကြီးဗျာ။ ဒီတစ်ခါတော့ မာခယ့်ကို အားကိုးရတော့မယ် ထင်တယ်’

ကျုပ် မူကျီနားကပ်ပြီး တိုးတိုးလေးနဲ့..

“နင် ငါ့ကို စိတ်မဆိုးဘူးမို့လား။ ငါတို့တွေ နေ့လည်စာ အတူတူစားရအောင်လေဟာ”

မူကျီ ပြန်မဖြေဘဲ စာရွက်တစ်ရွက်နဲ့ စာရေးပြီး ပြန်ပေးလာတယ်။

ကျုပ် စာကို ဖတ်ကြည့်လိုက်တော့..

‘ကျေးဇူးပြုပြီး ငါ့ကို စိတ်အနှောက်အယှက် မပေးပါနဲ့တော့။ ငါတောင်းပန်ပါတယ်။ အခုဆို တစ်ခန်းလုံးက ငါ့ကို ရယ်နေကြပြီ။ နောင်လဲ ငါ့ကို စာတွေ ထပ်မပေးပါနဲ့တော့’

သူ့စာဖတ်ပြီး စိတ်ထဲမှာ တုန်လှုပ်အေးခဲသွားမိတယ်။ ဒါပေမယ့် နီရဲနေတဲ့ သူ့မျက်နှာလေးကို သတိထားလိုက်မိတယ်။ သူ့မှာလဲ ကျုပ်နဲ့ပတ်သက်ပြီး ခံစားချက် တစ်ခုခုရှိနေတယ်ဆိုတာ ကျုပ်သိလိုက်တာပေါ့။ နေ့လည်စာ စားဖို့ ငြင်းလိုက်တာတောင် ကျုပ်မေ့သွားပါလေရော။ ကျုပ် အလွယ်ကူဆုံးကိုပဲ လုပ်တော့မယ်။ ဒါပေမယ့် တစ်နေ့တော့ နင်ငါ့ရင်ခွင်ထဲ ရောက်လာရမှာပါဟာ။

============= (*^*)=============

အပိုင်း( ၁၀၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters