အမဲလိုက်ဖို့ ဦးတည်ခြင်း
Vol. 11 Ch. 151
#ဘာသာပြန် = စနိုးဝှိုက်
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့ သူတို့ဟာ..လက်လုပ် အိမ်လေး ဆီကို ရောက်လာခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အိမ်ငယ်လေးလိုပဲ..ဒီဟာကလည်း အပျက်အဆီးထဲက အနက်ရောင် ကျောက်တုံးတွေနဲ့ တည်ဆောက်ထားခဲ့တာပါ..။ဒါက အတော်လေးကို ခိုင်ခံ့ပြီး ကျန်တဲ့ အိမ်ငယ်လေးတွေထက် ပိုမိုပြီးကောင်းမွန်အောင် ဆောကိထားခဲ့ပါတယ်..။
တိရိစ္ဆာန် ဦးခေါင်းတစ်ခုကိုလည်း သူ့ရဲ့ အိမ်တံခါးမှာ ချိတ်ဆွဲထားခဲ့သေးတယ်..။သူတို့ နှာဖူးမှာတော့ စူးရှတဲ့ လက်နက်တစ်မျိုးနဲ့ ထိုးခွဲထားပါသေးတယ်..။
အရိုးခေါင်းကို ကြည့်လိုက်ပြီး နက်ဖီ ရှေ့ကို တစ်လှမ်းတိုးကာ..တံခါးကို ခေါက်လိုက်တယ်..။သို့ပေမယ့် ဘာတုန့်ပြန်မူမှ မရှိခဲ့ပေ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..
"သူမက အိမ်မှာ မရှိဘူးထင်တယ်.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြန်မဖြေနေတော့ပဲ တံခါးဆီကို သွားကာ သူမရဲ့ လက်သီးနဲ့ ထုလိုက်တယ်..။ပထမဆုံး ထုရိုက်မူက နူးညံ့ပေမယ့် နောက်အကြိမ် အနည်းငယ်မှာတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ အရိုးခေါင်းတောင် ပြုတ်ကျလာခဲ့ပါတယ်..။
အိပ်ငိုက်ပြီး..စိတ်ရှုပ်သွားတဲ့ အသံက အထဲက နေထွက်ပေါ်လာခဲ့တယ်..။
"ငါ ကျိန်ဆိုတယ်..နင်တို့ဘယ်သူပဲ ဖြစ်ဖြစ်..သားရဲတစ်ကောင်ဖြစ်တာ ပိုကောင်းလိမ့်မယ်.."
ခနကြာပြီးနောက်မှာတော့..ဆန်နီဟာ တံခါးနားကို ကပ်လာတဲ့ ခြေသံတွေကို ကြားလိုက်ရပါတယ်..။တံခါးမဖွင့်ခင်မှာပဲ..နက်ဖီက ရုတ်တရက် ပြောလာခဲ့တယ်..။
"ဆန်နီ ဟိုဘက်လှည့်နေ.."
သူမရဲ့ အလျင်စလို ပြောတဲ့ အသံကြောင့် သူ အမြန်ပဲ တစ်ဖက်ကိုလှည့်လိုက်တယ်..။
"နင့်ရဲ့ အရိပ်ရောပဲ.."
' ဘာတွေဖြစ်နေတာလဲ..။ငါတို့ ပြသနာ ရှာမိပြီလား.."
သူ တစ်ဖက်ကို လှည့်နေရင်းနဲ့..တံခါးပွင့်လာတဲ့ အသံကို ကြားလိုက်ရပါတယ်..။
"ဘယ်လို သတ္တဝါ မျိုးက...အိုး...နင်ပဲ.."
နစ်ဖီ အံကြိတ်နေတဲ့ အသံကို သူကြားနေရသလိုပါပဲ..။စက္ကန့်အနည်းငယ်ကြာပြီး တဲ့နောက်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြောလိုက်တယ်..။
" ...မှတ်သားမူကို ဝတ်လိုက် အယ်ဖီ ..ကျေးဇူးပြုပြီး."
'ခနလေး..ဘာလဲ...%'
ဘာလို့ သူမက..အိုး...
အိုး...
သူ ပြန်လှည့်လို့ ရတဲ့ အချိန်မှာတော့..အယ်ဖီ ရဲ့ ဆွဲဆောင်နိုင်စွမ်းက ပျောက်ကွယ် မသွားသေးပါဘူး..။သူမက ..အောက်ပိုင်းကိုလည်း ဘာမှသေချာမဝတ်ထားသေးပေ..။
"ဒီမှာ..အဆင်ပြေပြီလား..."
မုဆိုးမိန်းကလေးက သူ နောက်ဆုံးအကြိမ် မြင်ခဲ့ရတဲ့ အတိုင်း..အရပ်ရှည် ၊ သန်မာ ပြီး ဖြတ်လတ် နေတုန်းပါပဲ..။အကာအကွယ်တွေ..၊ တစ်ခြား သံချပ်ကာ မပြားတွေ မရှိတာကြောင့် သူမရဲ့ သံလွင်ရောင် အရည်ပြားကို ပိုပြီး မြင်နေရပါတယ်..။
"ဒီတော့ နင့်တို့ အတူပြန်လာကြတာပေါ့.. ဟင်..။သူတို့နှစ်ယောက်ရဲ့ သန့်ရှင်း ၊ သပ်ရပ် နေပုံကို ကြည့်ရရင် ရဲတိုက်ထဲမှာ အတော်အဆင်ပြေလာကြပုံရတယ်.."
ဆန်နီ ဟာ ကတ်စီကိုကြည့်ပြီး တည်ကြည်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"သိပ်တော့ မထူးခြားပါဘူး..။နင်ပြောသလိုပဲ..အဲဒီပတ်ဝန်းကျင်က..ကောင်းပြီ..အသားကျဖို့ လေ့ကျင့်ရမယ် ထင်တာပဲ.."
အယ်ဖီ ပြုံးလိုက်ပြီး..
"ပြောတာ ကောင်းတယ်..။ဘာပဲဖြစ်ဖြစ် ငါ ဘာကူညီပေးရမလဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ တံခါးကို ရွှေ့လိုက်ပြီး..
"ငါတို့ အထဲကို ဝင်လာလို့ ရလား.."
မုဆိုးမိန်းကလေးဟာ..ပြန်ကြည့်ပြီး ပုခုံးတွန့်လိုက်တယ်..။
"ကောငိးပြီလေ ..ဘာလို့ မရရမှာလဲ.."
အိပ်ငယ်လေး အထဲမှာတော့ ကျဥ်းပြီး နွေးထွေးနေခဲ့ပါတယ်..။ထောင့်တစ်နေရာမှာတော့ ကြီးမားတဲ့ သိုးမွေးတွေ အပုံလိုက်ရှိနေပြီး အယ်ဖီရဲ့ အိပ်ယာ အဖြစ် အသုံးပြုတဲ့ ပုံပါပဲ..။ပထမကြည့်ရင်တော့ ခမ်းနားပုံဖြစ်နေပေမယ့်..သေချာကြည့်မှ ဒါက သားရဲတွေရဲ့ အလောင်းကနေ ရလာတဲ့ သိုးမွှေးတွေမှန်းသိလိုက်ရပါတယ်..။
သူမြင်ဖူးသမျှ ထဲမှာ ဒီအိပ်ယာကတော့ သိုးမွှေး ပေါပေါသီသီ အသုံးပြုထားတာပါပဲ..။
ပြီးတော့..ဒီသိုးမွှေးတွေကြားထဲမှာ ဘယ်လို အိပ်နေမလဲ ဆိုတာကို တစ်စုံတစ်ယောက်က မြင်ယောင်ကြည့်နိုင်ပါတယ်..။
' အတွေးတွေကို သန့်ရှင်းအောင်ထား ဆန်နီ ..အာရုံစိုက် '
ဒီမှာတော့ မီးဖို..၊ စားပွဲ နဲ့ သစ်သားထိုင်ခုံတစ်လုံးပါ ရှိနေခဲ့တယ်..။ပြီးတော့ သေတ္တာနှစ်လုံးလည်း ရှိနေပါသေးတယ်..။ကျန်တဲ့နေရာမှာတော့ အပျက်အဆီးထဲမှာ နှစိပေါင်းများစွာ အမဲလိုက်ခဲ့တဲ့ မုဆိုးမိန်းကလေးရဲ့ ရှားပါး စုဆောင်းမူတွေ ရှိနေခဲ့တာပါ..။
သူတို့ သုံးယောက် ထိုင်ပြီးတဲ့နောက်မှာတော့ အယ်ဖီ ဟာ သိုးမွှေးအိပ်ယာ ဆီကို ပြန်သွားလိုက်ပြီး မေးလိုက်တယ်..။
"ဒီတော့ ဘာတွေ အရေးကြီးလို့ ငါ့ဆီကို မနက်အစောကြီး လာနှိုးကြတာလဲ.."
' မနက်အစောကြီးလား..။အခုက နေ့လည်ရောက်နေပြီလေ..'
နစ်ဖီ ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"နင်က ငါတို့နဲ့ တွေ့တဲ့ နေ့ပြီးကတည်းက အမဲမလိုက်ရသေးဘူးမလား.."
အယ်ဖီ သန်းဝေလိုက်ပြီးမှ ဖြေလိုက်တယ်..။
"ဟင့်အင်..ငါ့ရဲ့ အစားအစာတွေ ကုန်သွားမှ အပျက်အဆီးတွေထဲကို အမဲလိုက်ထွက်ရမှာ..။ဒါက တစ်ရက် နှစ်ရက် အတွင်းမှာဖြစ်မယ် ထင်တယ်.."
ဟင်..ဘယ်လိုတုန်း..။အဲ့သားရဲတွေဆီကနေ ရခဲ့တဲ့ အသား ပမာဏက သာမန်လူတစ်ယောက်ကို လအနည်းငယ်လောက် စားခိုင်းထားဖို့တောင် လုံလောက်တယ်လေ..။ဒါတွေက ကုန်သွားပြီလား..။ဒီ မုဆိုးမိန်းကလေးက ဘယ်လောက်တောင် စားနေတာလဲ..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခေါင်းညိမ့်လိုက်ပြီး..
"နင် ဘယ်အချိန်...ငါတို့နဲ့လာပြီး.. လမ်းပြ လုပ်ပေးမလဲ..."
'ကောင်းပြီ..သူမက တကယ် သွယ်ဝိုက်မပြောတတ်ဘူးပဲ...'
အကြောင်းပြချက်တစ်ချို့ကြောင့်..နစ်ဖီက ဒီလောက်အထိ တည့်တည့်ပြောလိမ့်မယ်လို့ ဆန်နီ မထင်ထားခဲ့ပေ..။ဒီ စကားပြောဆိုမူက အစစ်အမှန် ရည်ရွယ်ချက်ကို ရောက်ဖို့ အတော်ကြာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ..။
အယ်ဖီ သူတို့ကို စိုက်ကြည့်နေပြီးကာမှ ကျယ်လောင်စွာ ထရယ်မောလိုက်တယ်..။
"အာ ဒီတစ်ခုက တကယ်ကောင်းတယ်..။နင်တို့ကလည်း ငါ့ကို ကလေးထိန်း ဖြစ်စေချင်နေကြတာလား.."
သူမ ရယ်မောနေတာ ရပ်တန့်သွားတဲ့ အချိန်ကြမှ ခေါင်းခါယမ်းလိုက်ပြီး..
"အပြစ်ပြုတာတော့ မဟုတ်ဘူး ကလေးတို့..။ဒါပေမဲ့ နင်တို့က မနေ့တစ်နေ့ကမှ အမှောင်မြို့တော်ထဲကို ရောက်လာတာ..။နင်တို့က အစိမ်းသက်သက်ပဲ ရှိနေသေးတယ်..။ဒီနေရာက အကောင်းဆုံး မုဆိုးတွေက ငါ့ကို လမ်းပြအဖြစ် လာကမ်းလှမ်းတာတောင် အကုန်လုံးကို ငြင်းပယ်ခဲ့တယ်လေ..။ဘာလို့လဲ သိလား.."
နစ်ဖီ ခေါင်းညိမ့်ပြီး လေးနက်တဲ့ အသံနဲ့ပြောလိုက်တယ်..။
"မုဆိုးအများစုက သူတို့ အမဲလိုက်ထားတာကို ဝေစုနဲ့ခွဲဝေကြတယ်..။မုဆိုးတစ်ယောက်ဆီက အစိတ်အပိုင်းတစ်ခုစီ ရကြပြီး ကျန်တာကို ရောင်းစားကြတယ်လေ..။ဒါပေမယ့် နင့်ရဲ့ အားနည်းချက်ကြောင့် နင်ကတော့ ဒီလို လုပ်လို့ မရဘူး..။နင်က ရနိုင်သလောက် အာဟာရ အကုန်လုံးကို လိုအပ်တယ်..။နင့်မှာ အဖွဲ့ဝင် ပိုများလေလေ ..ဝေစုက ပိုနည်းလာလေလေပဲ..။ဒီတော့ နင်က တစ်ယောက်တည်း အမဲလိုက်ပြီး..ရလာတဲ့ အသားတွေကိုလည်း ပြန်ရောင်းချတာတွေ မလုပ်ဘူး.."
အယ်ဖီ ပြုံးလိုက်ပြီး..
"တစ်ယောက်ယောက်တော့ အိမ်စာ လုပ်လာတာကို သိလိုက်ပြီ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ သူမပြောနေတာကို သိပ်ဂရုမစိုက်ပဲ ဆက်ပြောလိုက်တယ်..။
"ငါတို့က ဒီပြသနာကို...ဖြေရှင်းဖို့..."
သို့ပေမယ့် မုဆိုးမိန်းကလေးက သူမကို ဖြတ်ပြောလိုက်ပါတယ်..။
"တော်လိုက်ပြီ...ခန့်မှန်းတာကောင်းပေမယ့် နင်မှားတယ်..။ငါ သူတို့ အကုန်လုံးကို ငြင်းလိုက်တာ ဒါကြောင့် မဟုတ်ဘူး.."
နစ်ဖီ အံ့ဩစွာပဲ မျက်တောင်ခတ်လိုက်တယ်..။အတော်ကြာပြီးကာမှ စိတ်ရှုပ်ထွေးစွာပဲ မေးလိုက်ပါတယ်..။
"ဒါဆို ဘာလို့လဲ.."
အယ်ဖီ ရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး..
"ဘာလို့လဲ ဆိုတော့ သူတို့တွေက အားနည်းလို့ပဲ..။သူတို့ တစ်ယောက်ချင်းစီတိုင်းက အားနည်းကြတယ်..။သူတို့ထဲ အသန််မာဆုံးကတောင် အားနည်းတယ်..။ဘာလို့လဲ သိလား.."
သူမရဲ့ တောက်ပ နေတဲ့ မျက်လုံးထဲမှာ နက်မှောင်တဲ့ အပြုံးတစ်ခုကို မြင်နေရပါတယ်..။
"သူတို့ အားနည်းတာက..ဂန်လောင်က သူ့ထိန်းချုပ်မူအောက်မှာ မရှိတဲ့ သန်မာမူကို ဘယ်တော့မှ ခွင့်မပြုပေးလို့ပဲ..။ဒီတော့ ငါက နင်တို့ရဲ့ လမ်းပြဖြစ်လာမှာ မဟုတ်ဘူး..။စိတ်မကောင်းပါဘူး မင်းသမီးလေး.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ဒီအဖြေကြောင့် အံ့ဩနေတာ သိသာပါတယ်..။သူမကတစ်ခုခုပြောချင်ပေမယ့် ပါးစပ်ပိတ်ပြီး ပြန်စဥ်းစားနေခဲ့ပြန်တယ်။
သူမက ဝင်္ကပါ ခရီးစဥ်တစ်လျောက်လုံးသူမရဲ့ စကားပြောစွမ်းရည်ကို ဘယ်လောက်ပဲ လေ့ကျင့်ခဲ့ပါစေ..အခုပြောနေတဲ့ စကားပြောဆိုမူကတော့ အတော်ကို ခက်ခဲနေပါသေးတယ်..။
အတော်ကြာအောင်တိတ်ဆိတ်နေတာကြောင့် ဆန်နီ ရုတ်တရက် တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်တယ်..။
"သူက နင့်ကိုတော့ ခွင့်ပြုထားတာပဲ.."
အယ်ဖီက သူ့ကို ကြည့်ကာ ပြုံးလိုက်ပေမယ့် ဘာမှ တော့ ပြန်မပြောခဲ့ပါဘူး..။
နောက်ဆုံးတော့ နစ်ဖီက စကားလုံးရှာတွေ့သွားခဲ့ပါပြီ..။
"ငါတို့က လူသစ်တွေဖြစ်နိုင်ပေမယ့် အားနည်းတဲ့လူတွေ တော့ မဟုတ်ဘူး..။ငါတို့နှစ်ယောက် ၊ ဆန်နီ နဲ့ငါက ဝင်္ကပါထဲမှာ နိုးထမူအဆင့် သားရဲ ဒါဇင်ပေါင်းများစွာကို သတ်လာခဲ့တာ.."
မုဆိုးမိန်းကလေးဟာ ထပ်ပြီး ဖြတ်ပြောလိုက်တယ်..။
"ဒါက အမှန်ဆိုရင်တောင် အဲဒါက အဲဒီမှာပဲ..။အနက်ရောင်မြို့တော် ထဲက အခြေအနေတွေက ကွာခြားတယ်..."
သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်..။တစ်ယောက်ရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ရှိနေပြီး နောက်တစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ ခေါင်းမာတဲ့ မီးတောက် တစ်ခု ရှိနေခဲ့ပါတယ်..။
' အိုး ငါ ဒါကို မကြိုက်ဘူး..'
သိသာစွာပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ထပ်ပြောလာခဲ့တယ်..။
"ဒီတော့ ငါတို့ရဲ့ သန်မာမူကို သက်သေပြနိုင်ရင် စဥ်းစားပေးမှာလား..."
အယ်ဖီ ရယ်မောလိုက်ပြီး..
"သောက်ကျိုးနဲ..နင်က ဒါကို လွယ်ကူသလို ပြောနေတာပဲ။လူအတော်များများက အပျက်အစီးတွေအနားကိုတောင် ခြေမလှမ်းနိုင်ကြဘူးဆိုတာ သိကြလား..။တကယ်လို့ နင်တို့ ဒီငရဲမှာ နှစ်အနည်းငယ်လောက် ရှင်သန်နိုင်မယ် ဆိုရင်တော့ ငါတို့ စကားပြောလို့ရပြီ..."
နစ်ဖီသူမကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြုံးကာ ပြောလိုက်တယ်..။
"ငါတို့ ညနေကြမှ ပြောကြတာပေါ့..။ဒါဆို နင်စိတ်ပြောင်းသွားလိမ့်မယ်..."