နောက်ထပ် အသွားအပြန်
Vol. 11 Ch. 152
#ဘာသာပြန် = စနိုးဝှိုက်
အပြင်ဘက်မှာတော့ နေ့က မွန်းတည့်ချိန်ကို ကျော်လွန်နေခဲ့ပါပြီ..။နေဝင်ဖို့ အချိန်ကလည်း သိပ်မကျန်တော့တာကြောင့်..နစ်ဖီက အယ်ဖီရဲ့စိတ်ကို ပြောင်းလဲဖို့ ဘယ်လိုလုပ်မလည်း ဆ်ိုတာကို ဆန်နီ မသိသေးပေ..။သို့ပေမယ့် သူမရဲ့ မျက်နှာက ဆုံးဖြတ်ချက်ပြတ်သားမူတွေကို ကြည့်ရရင်တော့ သူမက လေထဲမှာလျောက်ပြောနေတာ မဟုတ်ပါဘူး..။သူမ တစ်ခုခု တွေးထားတာ ရှိလောက်မှာပါ..။
သူ တွေဝေနေခဲ့တယ်..။
"ဒီတော့..အခု ငါတို့ ဘယ်လို လုပ်ကြမလဲ.."
နစ်ဖီကတော့..သူမရဲ့မျက်လုံးထဲမှာ အဖြူရောင် မီးတောက်လေးတွေ ကခုန်နေရင်းနဲ့ သူ့ကို ကြည့်လိုက်ပါတယ်..။ယင်းနောက် သူမ တစ်ဖက်ကို လှည့်ပြီး ပြောလိုက်တယ်..။
"ငါ့နောကိလိုက်ခဲ့.."
ဒီလိုပြောပြီးတာနဲ့ သူမက ရဲတိုက် ဆီကို ဦးတည်ပြီး လျောက်သွားခဲ့တယ်..။
' ရဲတိုက်လား..ငါတို့က ဘာလို့ ရဲတိုက်ဆီကို သွားနေတာလဲ..'
မသက်သာမူ တွေနဲ့ အတူပဲ ဆန်နီဟာ ကတ်စီရဲ့ လက်မောင်းကို ကိူင်ကာ နစ်ဖီ ဆီကို အမြန်လိုက်လိုက်တယ်..။သူ ဒီလို လုပ်တဲ့အချိန်မှာ သူမက သူ့ခုံးနားကို ရောက်လာခဲ့ပြီး..
"အဲဒီ လမ်းပြအကြောင်း ငါ့ကို ပြန်ပြောပြပါဦး..။လွန်ခဲ့တဲ့ သုံးရက်က..လူသတ်တယ်လို့ စွပ်စွဲခံရတဲ့ တစ်ယောက်.."
သူမ မျက်မှောငိကျုတ်လိုက်ပြီး အဲဲ့နေ့က လူအကြောင်းကို ပြန်ပြောလိုက်ပါတယ်..။သူ ပြောလို့ ဆုံးခါနီး အချိန်မှာပဲ သူမက မေးလာခဲ့တယ်..။
"သူ့ရဲ့ စွမ်းရည်က ဘာလဲ.."
သူတွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"သူက ..သူ့လက်ထဲကို ရောက်လာတဲ့ လက်နက်တိုင်းကို ထက်မြက်အောင် လုပ်နိုင်တယ်..။ထက်မြက်လွန်းလို့ ကျောက်တုံးတွေ ၊ စတီးတွေကိုတောင် ခုတ်ဖြတ်နိုင်တယ်လေ..။ဒါကတကယ်ကို သန်မာတဲ့ တိုက်ခိုက်ရေး စွမ်းရည်ပဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ..
"သူ့အားနည်းချက်ကရော..."
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"အဲတာတော့ ငါလည်းမသိဘူး..။နင်သိတဲ့အတိုင်း လူတွေက သူတို့ရဲ အားနည်းချက်ကို ဖုံးကွယ်ထားကြတယ်လေ..။ဘယ်သူကမှ..သူတို့ရဲ့ အားနည်းချက်ကိုအယ်ဖီလို လျောက်ပြောနေမှာမဟုတ်ဘူး.."
သူ့ကို ကာကွယိပေးချင်နေပုံရတဲ့ ကတ်စီကလည်း ဝင်ပြီး ထောက်ခံလာခဲ့ပါတယ်..။
"ဆန်နီ ပြောတာ မှန်တယ် နစ်..။ငါတို့တောင်မှ သူ့ရဲ့ အားနည်းချက်ကို အခုထိ မသိသေးဘူးလေ..."
ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..သူ့မျက်နှာပေါ်က ခံစားချက်ကို မဖော်ထုတ်မိအောင်..မနည်းကြိုးစားနေခဲ့ရတယ်..။
ဒါပေါ့ ကတ်စီ ပြောတာက အမှန်တရားပါ..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ သူမက အားနည်းချက်တွေကို မျှဝေခဲ့ကြပေမယ့်..ဆန်နီကတော့ ဘာမှ ထုတ်မပြောခဲ့ပေ..။
'ဒါက အမှန်ပဲ..ဒါပေမဲ့ ငါတို့ တစ်ခြား အရာကို ပြောလို့ မရဘူးလား...'
နစ်ဖီ ခေါင်းညိမ့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။ကြည့်ရတာတော့ သူမစိတ်ထဲမှာ တစ်ခြားတစ်ခုခု ရှိနေသလိုပါပဲ..။
'ဟူး..'
မကြာခင်မှာပဲ သူတို့က ရဲတိုက်ရဲ့ ဝင်ပေါက်ကို ရောက်လာခဲ့ကြတယ်..။ဆန်နီကတော့ နစ်ဖီရဲ့ ရည်ရွယ်ချက်တွေကို တကယ်ပဲ ထိပ်လန့်မိပါတယ်..။
'သူမရဲ့ အစီစဥ်ကဘာလဲ..'
"အာ...နစ်...ငါတို့လာလုပ်ဖို့လိုသေးလဲ.."
သူမ ပုခုံးတွန့်လိုက်ပြီး မတူညီစွာ ပြောလိုက်တယ်..။
"နင်တို့ ဘာမှလုပ်စရာ မလိုဘူး..။ဒီတိုင်း ငါ့နောက်လိုက်ပြီးသာ..သူတော်ကောင်း ပုံစံ ပေါက်အောင် နေကြ.."
'သူတော်ကောင်း ပုံစံလား..။ဒါက ဘာကိုဆိုလိုတာလဲ..'
ရဲတိုက်ရဲ့ ဝင်ပေါက်မှာ စောင့်နေကြတဲ့ အစောင့်တွေကတော့ မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ သူတို့ကို တားဆီးလိုက်ပါတယ်..။
"ရပ်လိုက်..နင်တို့ဘာလို့ ရဲတိုက်ကို လာကြတာလဲ..။အခကြေးငွေ ပေးချင်လိူ့လား.."
"...ဒါမှမဟုတ် ..အခကြေးငွေပေးတာကို လိုချင်လို့လား..။ငါပြောတာကို သိတယ်ဟုတ်.."
သူတို့နှစိယောက်စလုံး က ဆန်နီကို သွေးဆူလာအောင် လုပ်ပြီး ရယ်မောနေခဲ့ကြတယ်..။
နစ်ဖီကတော့ သူတို့ကို တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်ပါတယ်..။
"ငါ အထဲကို ဝင်ချင်တယ်..။ဒါပေမဲ့ အခကြေးငွေ မပေးနိုင်ဘူး.."
ရယ်မောသံတွေက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်..။အစောင့်အကြပ်တွေက သူတို့ကို အန္တရာယ်များတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြပါတယ်..။
"နင် အသိစိတ်လွတ်သွားတာလား စုန်းမ..။အခကြေးငွေ မပေးရင် ဒီကိုဘာလာလုပ်တာလဲ..။ငါတို့ကို အချိန်လာဖြုန်းမနေနဲ့..."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ သူတို့ကို ခံစားချက်မဲ့စွာကြည့်နေခဲ့ပါတယ်..။ပြီးမှ သူမက မထူးခြားစွာ ပြောလိုက်တယ်..။
"ငါက ဒီကို အမှန်တရားအတွက် လာစိန်ခေါ်တာ.."
***
စက္ကန့် အနည်းငယ်ကြာပြီး နောက်မှာတော့ လူတိုင်းက တိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီရဲ့ ရင်ထဲမှာတော့ နှလုံးခုန်သံတွေ မြန်နေခဲ့ပါတယ်..။
'ရူးသွားပြီ..သူမ ရူးသွားပြီ..'
သို့ပေမယ့် မဟုတ်ပါဘူး..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က မရူးပေ..။ဆန်နီက သူမကို ရူးသွားပြီလို ပြောနေပေမယ့်..ဘယ်လိုအခြေအနေမျိုးမှာမဆိုး သူမက သွေးအေးနိုင်တယ် ဆိုတာကို သိထားပြီးသားပါ..။ဒါက သူမရဲ့ အန္တရာယ်များတဲ့လက်နက်ပါပဲ..။ဒါက ဒီနေရာမှာ သူမမြင်နိုင်တဲ့ အခွင့်အရေးကို သူမက မြင်နိုင်တယ်လို့ ဆိုလိုတာပါ..။
အနည်းဆုံးတော့ သူ ဒီလိုပဲ မျှော်လင့်မိပါတယ်..။
အဲ့အချိန်မှာပဲ အစောင့်တစ်ယောက်က မျက်မှောငိကျုတ်လိုက်ပြီး..
"နောကိနေတာ တော်လိုက်တော့ ကလေးမလေး..။အသက်ရှင်ချင်တယ်ဆိုရင် ပါးစပ်ကို ပိတ်ပြီး လစ်လိုက်တော့.."
နစ်ဖီကတော့ လှုပ်တောင်မလှုပ်ပေ..။အဲဒီအစား သူမပြောလိုက်တယ်..။
"ငါ နောက်နေတာမဟုတ်ဘူး.."
နောက်ထပ်အစောင့်တစ်ယောက်က သူမကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ဒီအပြင်က ကြွက်တွေက တကယ်ရူးသွားကြပြီပဲ ဟမ်..။ငါက လတ်တလော အဖြစ်အပျက်က သူတို့ကို သင်ခန်းစာ ရသွားမယ်ထင်တာ..ဒါပေမဲ့ ကြည့်ရတာတော့ အဲလို မဟုတ်လောက်ဘူး.."
သူ နှာခေါင်းရှုတ်လိုက်ပြီး..
"အမှန်တရား အတွက်စိန်ခေါ်မူက ဟာသမဟုတ်ဘူး..။ဒါက သေတဲ့အထိ တိုက်ခိုက်ရတာပဲ..။နင်က ရုပ်လေး လှပနေလိူ့ ဘယ်သူမှ သက်ညှာပေးမှာမဟုတ်ဘူး..။နားလည်ရဲ့လား.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခေါင်းညိမ့်လိုက်တယ်..။
အစောင့်ဟာ အရပ်ရှည်ရှည် မိန်းကလေးကို ကြည့်ပြီး အတော်ကြာအောင် စောင့်နေပါသေးတယ်..။ယင်းနောက် သူက မျက်နှာရှုတ်မဲ့ပြီး..
"ငါတို့ ဒီနေ့တော့ ပွဲတစ်ပွဲကြည့်ရတော့မယ် ထင်တယ်..။အာ..တကယ် နှမြောစရာပဲ..။မင်းရဲ့ အသွင်အပြင်နဲ့ဆိုရင် ရဲတိုက်ထဲမှာ အခကြေးငွေ မပေးပဲနဲ့တောင် နေလို့ရတယ်.."
သူခေါင်းခါယမ်းလိုက်ပြီး နောက်ကနေ လိုက်ဝင်လာဖို့ အချက်ပြလိုကိပါတယ်..။အနောက်က အစောင့်တွေကတော့ စိတ်လှုပ်ရှားနေခဲ့တယ်..။
လေတိုက်ခတ်မူကြောင့် အရိုးခေါင်းချိတ်ဆွဲထားတဲ့ သံကြိုးတွေ မြည်နေတာကို နားထောင်ပြီး ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ဟာ ရဲတိုက်ထဲကို ဝင်သွားခဲ့ကြတယ်..။
အတွင်းထဲမှာတော့ အရာရာတိုင်းက တစ်ထပ်တည်းပါပဲ..။ဟတ်ပါ တောင်မှ..စာရင်းစာအုပ်နဲ့ ခုံနောက်ဘက်မှာ ရှိနေတုန်းပါ..။ခြေသံတွေကိုကြားနေရတာကြောင့် သူက အပေါ်ကိုမော့ပြီး ကြည့်လိုက်တယ်..။
သူ့မျက်လုံးထဲမှာတော့ နားမလည်နိုင်မူ ၊ အံ့ဩမူတွေ ပေါ်လာခဲ့ပါတယ်..။
"အာ..ဆန်းလပ်စ် နဲ့ ကတ်စီယာလား..။နင်တို့ ဘာပြန်လာလုပ်ကြတာလဲ.."
ဆန်နီ သူ့ မျက်နှာကိုတောငိ ထိုးလိုက်ချင်မိတယ်..။
သူက ဒီလူငယ်လေးကို အနာဂတ်မှာ ပြန်တွေ့ကြမယ်လို့ နှုတ်ဆက်ခဲ့တာပါ..။သူပြောတဲ့ အနာဂတ်ဆိုတဲ့အရာက ကျိန်းသေပေါက် တစ်နေ့တည်းကို ဆိုလိုတာမဟုတ်ပေ..။
သူ့ခေါင်းထဲက အတွေးတွေကို မသိတဲ့ ဟတ်ပါ ဟာ ပြုံးလိုက်ပြီး..။
"အိုး..မင်းတို့ ကံကောင်းပြီး အမြုတေ တစ်ချို့ရခဲ့တာလား..။အဲတာနဲ့ ပြန်ရောက်လာခဲ့ကြတာပေါ့..။
ဆန်နီ အံ့ကိုကြိတ်ပြီး ၊ အားတင်းကာ အပြုံးတစ်ခု ဖန်တီးလိုက်ပါတယ်..။
"အာ..မဟုတ်ဘူး..အဲလိုမဟုတ်ဘူး.."