← Chapters

လမ်းပြကြယ်

Vol. 11 Ch. 153

လမ်းပြကြယ်

Vol. 11 Ch. 153

သူတို့သုံးယောက် ရဲတိုက်ထဲကို ရောက်သွားတဲ့ အချိန်မှာတော့..သူတို့က နောက်ထပ်စိန်ခေါ်သူတွေဖြစ်တယ် ဆိုတဲ့ သတင်းက မပျံ့နှံ့သေးတာကြောင့် လူတွေ အများကြီး ရှိမနေခဲ့ပါဘူး..။ဖြတ်သွားဖြတ်လာ လူအနည်းငယ်သာ ရှိနေခဲ့တယ်..။သို့ပေမယ့် အရေအတွက်က တစ်မိနစ်တိုင်းမှာ မြင့်တက်လာနေခဲ့တာပါ..။

ဝင်ပေါက်ရဲ့ ရှေ့တည့်တည့်မှာ ရပ်နေပြီး..နစ်ဖီ ရဲ့ အမူအရာတွေက တည်ငြိမ်နေခဲ့တယ်..။သူမကြည့်ရတာ အတော်ကို လေးနက်နေခဲ့တာပါ..။တစ်ဖက်မှာတော့ ဆန်နီက စိတ်လှုပ်ရှားနေခဲ့ပါတယ်..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဘာတွေ ကြံစည်နေတာလဲ..။

သူတို့ရဲ့ စကားကို ဘယ်သူမှ မကြားနိုင်တာ သေချာအောင် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးမှ သူ တီးတိုးပြောလိုက်တယ်..။

"နင်က ဂန်လောင်ရဲ့ လူတစ်ယောက်နဲ့ တိုက်ခိုက်မှာတော့ မဟုတ်ပါဘူးနော်.."

ဘာလို့လဲဆိုတော့ ဒါက သတ်သေတာပါပဲ..။နစ်ဖီက ဘယိလောက်ပဲ ပါရမီ ရှိပြီး ထူးချွန်နေပါစေ..လုံလောက်တဲ့ ဝိဥာဥ် အမြုတေ တွေ စုပ်ယူမထားပဲ ဒီလူတွေကို နိုင်ဖို့ မလွယ်ကူပါဘူး..။ဒီလူတွေက ဒီနေရာကို မတော်တဆ ရထားကြတာမဟုတ်ပေ..။

သူတို့မှာလည်း..အရည်အချင်းတွေ ရှိကြပါတယ်..။

နစ်ဖီက သူ့ဘက်ကို လှည့်ပြီး ရိုးရိုးရှငိးရှင်း ပြောလိုက်တယ် .။

"နံရံတွေမှာ နားရှိတယ်..."

ဆန်နီ အံကို ကြိတ်ပြီး ပြန်တုန်ပြန်ဖို့ လုပ်လိုက်ပေမယ့် သူတို့ကို..အထဲခေါ်လာတဲ့ အစောင့်က စိုက်ကြည့်ပြီး ပြောလာခဲ့တယ်..။

"အထဲကို ဝင်လာခဲ့ အရူးတွေ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ပုံမှန်အတိုင်း လိုက်သွားတာကြောင့် ဆန်နီ နဲ့ ကတ်စီ တို့ဟာ ရွေးချယ်စရာ မရှိတော့ပေ..။

ခန်းမထဲမှာတော့ လူအုပ်အနည်းငယ် က ဝင်ပေါက်ကို လှမ်းကြည့်နေကြပါပြီ..။သူတို့ နစ်ဖီ ကို မြင်တဲ့ အချိန်မှာတော့ တီးတိုးပြောလာခဲ့ကြတယ်..။

"အဲတာ ဘယ်သူလဲ.."

"ငါ အရင်က မမြင်ဖူးဘူး.."

"အဲ့မိန်းကလေးက နည်းနည်း မထူးဆန်းနေဘူးလား..

အခြေအနေတစ်ခုလုံးက..ဂျူဘိုင်သေဆုံးခဲ့တဲ့ နေ့တုန်းကလောက်တော့ ခြိမ်းခြောက်မူ မရှိပါဘူး..။ရဲတိုက် အရှင်မပြောနဲ့..အရာရှိ အများစုကတောင် ဒီနေရာမှာ ရှိမနေခဲ့ပေ..။မုဆိုးတွေရဲ့ ခေါင်းဆောင် ဂျန်မာ တစ်ယောက်တည်းသာ..ဘာမှမရှိတဲ့ မဖြူရောင် ပလ္လင်ရဲ့အောက်က လှေကားထစ်တွေမှာ ထိုင်နေခဲ့ပါတယ်..။သူ့မျက်နှာမှာတော့ သုန်မုန်မူ အနည်းငယ် ရှိနေခဲ့တယ်..။

စိတ်သက်သာဖို့ကောင်းတာက ဟာရုလည်း ဒီမှာ ရှိမနေခဲ့ပေ..။

အစောင့်က သူတို့ကို အထဲခေါ်လာတဲ့ အချိန်မှာပဲ

ဂျန်မာ က မျက်မှောင်ကျုတ်ပြီး လှမ်းကြည့်လာခဲ့ပါတယ်..။

"ငါ ကြားတာတော့ မှန်ပါတယ်နော်..။မင်းတို့ထဲက တစ်ယောက်က အမှန်တရားအတွက် စိန်ခေါ်မူ လုပ်ချင်ကြတာလား.."

နစ်ဖီ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့မျက်လုံးထဲကို ကြည့်ကာ ..ပုံမှန်အတိုင်းဖြေလိုက်တယ်..။

"ဟုတ်တယ်.."

သူမရဲ့ တည်ငြိမ်ပြီး..စကားလုံးတွေကို တည့်တည့်ပဲ ပြောနေတဲ့ ပုံစံက..လွန်ခဲ့တဲ့ သုံးရက်က ဒေါသတကြီး ပြောခဲ့တဲ့ ဂျူဘိုင်နဲ့တော့ ဆန့်ကျင်ဘက်ပါပဲ..။

"ဒါက ဘာကိုဆိုလိုတာလဲတော့ နားလည်ပါတယ်နော် မိန်းကလေး..."

သူမက ကြောက်လန့်မူ မရှိတဲ့ပုံစံနဲ့ ဆက်ကြည့်နေပြီး ထပ်ပြောလိုက်တယ်..။

"သိတယ်.."

အရပ်ရှည်တဲ့ မုဆိုးက သက်ပြင်းချလိုက်ပြီး..

"နားထောင်...လူတိုင်းက အမှန်တရားအတွက် စိန်ခေါ်မူ လုပ်နိုင်တယ်ဆိုတာတော့ မှန်တယ်..။ဒါပေမဲ့ ကိုယ့်ရဲ့ အသက်ကို စွန့်ပစ်လိုက်တာက တကယ်ကို တုံးအတဲ့ကိစ္စတစ်ခုပဲ..။ဒီ လိုလုပ်ချင်းအားဖြင့် မင်းတို့ ခံစားကြရလိမ့်မယ်ဆိုတာ ငါသေချာပြောနိုင်တယ်..။ဒီတော့ နည်းနည်း အချိန်ယူပြီး ပြန်စဥ်းစားရင်ရော ဘယ်လိုလဲ.."

သူ့ရဲ့ အသံက သိပ်ပြီးတော့ မရင်းနှီးနေခဲ့ပေ..။အမှန်တော့..ဂန်လောင်ရဲ့ အရာရှိက သူမ အကြောင်းမဲ့သေသွားမှာကို ရိုးရိုးသားသား မမြင်ချင်တဲ့ပုံပါပဲ..။သို့ပေမယ့် သူ့စကားလုံးတွေက နားထဲကို မဝင်နိုင်ခဲ့ပေ..။နစ်ဖီက ခေါင်းကို အနည်းငယ်စောင်းပြီးပြောလိုက်တယ်..။

" မလိုတော့ဘူး.."

ဂျန်မာ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်တယ်..။

"ကောငိးပြီ ဒါဆိုလည်း ဆက်လုပ်ပေါ့..။မင်းက ဘယ်သူ့ကို စွပ်စွဲချင်နေတာလဲ.."

ဆန်နီကတော့ သိထားပြီးနေပါပြီ..။ဒါကြောင့် သူမပြောလာတဲ့ စကားကို မအံ့ဩခဲ့ပေ..။

"ငါက ..လမ်းပြ..အန်ဒီ ကို လာပြီး စွပ်စွဲတာ.."

ဂျူဘိုင်ကလည်း အန်ဒီ ရဲ့ ပြစ်မူကို လာပြီးစွပ်စွဲခဲ့ပေမယ့်..နောက်ဆုံးတော့ သေသွားရပါတယ်..။

လူအုပ်ထဲမှာ တီးတိုးသံတွေ ထွက်ပေါ်လာခဲ့ပြီး

ဂျန်မာလည်း မျက်တောင်ခတ်လိုက်တယ်..။မပျော်ရွှင်တဲ့ မျက်နှာ အမူအရာနဲ့သူပြောလိုက်ပါတယ်..။

"ငါ ပြီးခဲ့တဲ့ အခေါက်ကပြောပြီးပြီ..။ငါက မုဆိုးတွေနဲ့ လမ်းပြတွေရဲ့ခေါင်းစောင်ပဲ..။သူတို့တာဝန်ချိန်မှာ လုပ်ခဲ့တဲ့ ပြစ်မူတွေက ငါ့မှာတာဝန်ရှိတယ်..။ငါ့ကို စိန်ခေါ်ချင်တာသေချာလား ..ကလေး.."

ဆန်နီ အသက်တောင်မရူတော့ပဲ..နစ်ဖီ ရဲ့ နောက်စကားလုံးတွေကို စောင့်နေခဲ့ပါတယ်..။

လူအိုကြီးရဲ့ လေးလံတဲ့ လေသံရှေ့မှာတော့ သူမက မျက်နှာပျက်ယွင်းမူ မရှိခဲ့ပါဘူး..။သူမက အေးစက်တဲ့ အကြည့်တွေနဲ့ကြည့်ပြီးသား ခေါင်းခါယမ်းလိုက်တယ်..။

"ငါက..သူ အပြင်က လူငယ်လေးကို သတ်လိုက်လို့ လာပြီး စွပ်စွဲတာ မဟုတ်ဘူး..။ငါက သူ့ကို ခိုးမူနဲ့လာစွပ်စွဲတာပဲ..။အန်ဒီက လောင်းကစားလုပ်ရင်း ဝိဥာဥ် အမြုတေ အများကြီးရှုံးခဲ့ပေမယ့် ပေးဖို့ငြင်းဆန်ခဲ့တယ်..။ဒါက ခိုးယူတာပဲ..။ဒါက သူ့ရဲ့ သီးသန့်အချိန်မှာဖြစ်တာဆိုတော့..တာဝန်ချိန်မဟုတ်တဲ့အတွက် ရှင်နဲ့ မဆိုင်ဘူး.."

ဂျန်မာ ကတော့ အံ့ဩတဲ့ မျက်နှာအမူအရာနဲ့သူ့ကိုကြည့်နေခဲ့တယ်..။

ဆန်နီလည်း အတူတူပါပဲ..။

'ကောင်းပြီ ဒါက မထင်မှတ်ထားစရာပဲ..။တကယ်ကို ဥာဏ်ကောင်းပုံပေါက်တယ်..။နစ်က ဥာဏ်များလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ.."

အမဲလိုက်နေတဲ့အချိန်ကျူးလွန်တဲ့ အမူကနေ လောင်းကစားအမူ ပြောင်းလဲလိုက်တာကြောင့်..

အန်ဒီရဲ့ အနေအထားက လမ်းပြမဟုတ်တော့ပါဘူး..။ဒီနည်းနဲ့ သူမက တစ်ခြားအရာရှိတွေ ဝင်စွတ်ဖက်တာကို တားဆီးလိုက်တာပါ..။အနည်းဆုံးတော့ သူတို့ စကားကို သူတို့ တည်မယ်ဆိုရင်ပေါ့..။

သို့ပေမယ့် လမ်းပြတစ်ယောက်ဆိုတာကလည်း

ဂန်လောင် ရဲ့ အရာရှိတွေအောက်မှာ အဆင့်သိပ်မကွာပါဘူး..။

ပြီးတော့ ဂျန်မာကရော ဒီလို စိန်ခေါ်မူကို ခွင့်ပြုပေးမှာလား..။

သူ့မေးခွန်းကို ပြန်ဖြေလိုက်တဲ့အလား..အရပ်ရှည်တဲ့ မုဆိုးဟာ မယုံကြည်နိုင်စွာ ပြောလိုက်တယ်..။

"ဘာ..လောင်း..လောင်းကစား အကြွေးလား..။မင်းက..အီကို က မင်းကို လွှတ်လိုက်တာလား..."

နစ်ဖီ ခေါင်းခါယမ်းလိုက်တယ်..။

"မဟုတ်ဘူး..ငါ သူမကိုတောင် မတွေ့ဖူးဘူး.."

ခန်းမထဲက လူတွေကတောင် သူမကို ရူးသွပ်နေတဲ့လူတစ်ယောက်လို ကြည့်လိုက်ကြတယ်..။သြဇာကြီးတဲ့ အရာရှိလည်း အတူတူပါပဲ..။သူက ဒေါသအနည်းငယ်ထွက်လာပြီး ပြောလိုက်တယ်..။

"မင်းက အန်ဒီ အကြွေးတင်နေတဲ့လူကိုတောင် မသိပဲ သူ့ကိုယ်စား လာစိန်ခေါ်တာလား.."

နစ်က ဒီတိုင်း ပုခုံးတွန့်လိုက်တယ်..။

"တရားခံ ကို အပြစ်ပေးန်ိုင်ဖို့အတွက်က..နစ်နာသူကို သိဖို့ လိုအပ်သေးတာလား.."

ဂျန်မာ စိုက်ကြည့်နေရင်း..အခြေအနေတစ်ခုလုံးက ဟာသပဲ ဆိုတာကို နားလည်လိုက်တယ်..။

"...ဒါက လောင်းကစား အကြွေးပဲ..။ငါက အမြုတေတွေကို ပေးလိုက်မယ်..ပြီးရင် ငါတို့...."

သို့ပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဖြတ်ပြောလိုက်တယ်..။သူမရဲ့ အသံက အတော်လေးကို တည်ငြိမ်နေပါသေးတယ်..။

"ဒါက အမြုတေ ကြောင့်မဟုတ်ဘူး..။တရားမျှတမူအတွက်ပဲ..။ပြီးတော့ ဥပဒေ..။ဘာပဲဖြစ်ဖြစ် ဥပဒေဆိုတာက ဒီအမှောင်ကမ္ဘာထဲက တစ်ခုတည်းသော လမ်းပြကြယ်ပဲလေ..။သူ့ရဲ့ အလင်းမရှိရင် အမှောင်ထုပဲ ကြီးစိုးနေလိမ့်မယ်.."

သူမရဲ့ အသံက ခန်းမထဲမှာ ပဲ့တင်ထပ်လာတဲ့ အချိန်မှာတော့ ဂျန်မာရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။လွန်ခဲ့တဲ့သုံးရက်က ဂန်လောင်ပြောခဲ့တဲ့စကားကို ပြန်ပြောလိုက်တာကြောင့် သူ့မှာရွေးချယ်စရာ မရှိတော့ပါဘူး..။

ဘာပဲဖြစ်ဖြစ် ဒီတောင်းဆိုမူကိုငြင်းဆိုလိုက်တာက..ရဲတိုက်အရှင်ရဲ့ ဆန္ဒကို ငြင်းဆိုလိုက်တာပါ..။

"ဘယ်လောက် ဆိုးဝါးလိုက်လဲ..။သူမက ငါ့ဆီက သင်ထားခဲ့တာလား.."

မုဆိုးဖြစ်သူက နောင်တရစွာကြည့်လိုက်ပြီး..အချိန်အတော်ကြာမှာ အစောင့်ကို ပြောလိုက်တယ်..။

"အန်ဒီကို ဒီခေါ်လာခဲ့..။ဒီ တုံးအတဲ့ မိန်းကလေးကို သတ်ပြီးရင် သူနဲ့ငါ စကားအများကြီး ပြောရတော့မယ်လို့ အဲ့ခွေးသားကို ပြောထားလိုက်.."

ပြီးတာနဲ့ သူ နစ်ကို စိုက်ကြည့်ပြီးပြောလိုက်တယ်..။

"ပြီးတော့မင်း..နှုတ်ဆက်စကားပြောပြီး တိုက်ပွဲ အတွက်ပြင်ဆင်ထား..။အိုး ဟုတ်သားပဲ..မင်းနာမည်ဘယ်လိုခေါ်လဲ..။ငါတို့ကို ပြောပါဦး..။ဒီနည်းလမ်းနဲ့ အနည်းဆုံးမင်းကို မှတ်မိပေးနိုင်တယ်လေ.."

သူ့မျက်လုံးတွေကို စိုက်ကြည့်နေပြီးမှ နစ်ဖီဟာ အနည်းငယ် ငြိမ်သက်နေရာကနေ ပြန်ဖြေလိုက်တယ်..။

သူမရဲ့ ရှင်းလင်းတဲ့ အသံက ..ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ပါတယ်..။

"ငါက , အင်မော်တယ် မီးတောက် ကလန် ရဲ့ ပြောင်းလဲ နေတဲ့ကြယ်ပွင့်ပဲ..."

ရုတ်တရက် အားလုံးတိတ်ဆိတ်သွားခဲ့ပါပြီ..။

All Chapters