← Chapters

ခုနှစ်ယောက်ရဲ့ အလင်း

Vol. 11 Ch. 154

ခုနှစ်ယောက်ရဲ့ အလင်း

Vol. 11 Ch. 154

ဘာသာပြန် = စနိုးဝှိုက်

လူတိုင်း တိတ်ဆိတ်နေခဲ့တယ်..။ဒီစကားကြောင့်

ဂျန်မာတောင် အနည်းငယ် ကြောင်အသွားခဲ့ပါတယ်..။ခန်းမထဲမှာ ဘာတုန့်ပြန်မူမှ မရှိတာဆိုလို့ သူတို့ထက်အရင် ရဲတိုက်ကို စောရောက်နေတဲ့ ကတ်စတာ ပါ..။သူက အခုတော့ နစ်ဖီကို ရှုပ်ထွေးတဲ့ အမူအရာတွေနဲ့ ရပ်ကြည့်နေခဲ့ပါတယ်..။

သူမရဲ့နာမည်က တုန်လှုပ်ဖို့ ကောင်းတဲ့ အကြောင်းပြချက် နှစ်ခုကြောင့် အံ့ဩဖို့ကောင်းတာပါ..။

ပထမဆုံးအနေနဲ့..သူမက ..လူသားနာမည်နဲ့ မိတ်ဆက်တာ မဟုတ်ပဲ..နာမည်အစစ်အမှန်ကို ပြောခဲ့တာပါ..။လူသားမျိုးနွယ်တစ်ခုလုံးရဲ့ သမိုင်းကြောင်းမှာတောင် ပထမအိပ်မက်ဆိုးကနေ အစစ်အမှန်နာမည် ရခဲ့တဲ့ အိပ်စက်သူက လက်တစ်ဆုပ်စာလောက် ပဲ ရှိပါတယ်..။ပြောစရာမလိုအောင်ပဲ..ဒီမေ့ပျောက်ကုန်းမြေပေါ်က ဘယ်သူ့မှာမှ..အစစ်အမှန်နာမည် မရှိကြပေ..။

ဂန်လောင်တောင်မှ အစစ်အမှန်နာမည် မရှိပါဘူး..။

သို့ပေမယ့် နစ်ဖီမှာတော့ ရှိပါတယ်..။

...ပြီးတော့ ဆန်နီ မှာလည်းရှိပါသေးတယ်..။ဒါပေမဲ့ ဘယ်သူမှ ဒါကို သိစရာ မလိုအပ်ပေ..။

ဒုတိယ အနေနဲ့က သူမက ဆက်ခံသူအဖြစ် ကြေညာခဲ့တာပါ..။သို့ပေမယ့် သာမန် ဆက်ခံသူမဟုတ်ပဲ ဒဏ္ဍာရီလာ အင်မော်တယ် မီးတောက်ကလန် ရဲ့ ဆက်ခံသူပါ..။ဒီကလန် က လူသားမျိုးနွယ်တွေကို ရှေ့ဆက်ဖို့ အတွက် တွန်းအားပေးဖို့ တာဝန်ရှိခဲ့ပါတယ်..။ပထမဆုံးအနေနဲ့ ဒုတိယ ၊ တတိယ အိပ်မက်ဆိုးတွေကို အနိုင်ယူနိုင်ဖို့ပါ..။

ဒီအချက်အလက်တွေ စုပေါင်းလိုက်ရင်..အနက်ရောင်မြို့တော်ထဲမှာ..အုတ်အော်သောင်းနင်းတွေဖြစ်လာဖို့အတွက် လုံလောက်နေပါပြီ..။တကယ်လို့ ဒါသာ အမှန်ဆိုရင်..သူမက မေ့ပျောက်ကုန်းမြေပေါ်က ကယ်တင်ရှင်တစ်ယောက်လိုဖြစ်လာတော့မှာပါ..။

ရုတ်တရက် ..ကြမ်းတမ်းတဲ့ လမ်းပြကို စိန်ခေါ်တဲ့ သူမရဲ့ ရွေးချယ်မူက သိပ်ပြီး မထူးဆန်းတော့ပေ..။

ခန်းမထဲမှာ ရှိတဲ့ အိပ်စက်သူတွေရဲ့ အကြည့်တွေဟာ သိမ်မွေ့မူ ၊ မဝံ့ရဲမူ နဲ့ အားနည်းမူ တွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

ဒါက သူတို့ရဲ့ အသက်မဲ့နေတဲ့ မြေဆီလွှာပေါ်မှာ မျှော်လင့်ချက် မျိုးစေ့လေး..စိုက်ပျိုးလိုက်သလိုပါပဲ..။

မတော်တဆပဲ ဖြစ်ဖြစ် ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်

နစ်ဖီ ဟာ..သူမရဲ့ အကာအကွယ် အင်္ကျီကို အချိန်အတိအကျဝတ်ဆင်လိုက်တယ်..။များပြားလှတဲ့ အလင်းစက်ကလေးတွေက သူမရဲ့ ပတ်ဝန်းကျင်မှာတောက်ပနေခဲ့ပြီး..အဖြူရောင် အကာအကွယ်က သူမရဲ့ ကျတ်သရေရှိတဲ့ ခန္တာကိုယ်မှာ ကွက်တိ ပေါ်လာခဲ့ပါတယ်..။

လူတိုင်းရဲ့ မျက်လုံးတွေက သူမ ဆီမှာသာ ရှိနေခဲ့တယ်..။အကာအကွယ်ရဲ့ အပေါ်မှာတော့ ထောက်ပံ့နေတဲ့ ကြယ်ပွင့်လေးတွေဟာ..အဖြူရောင် သတ္တုပေါ်မှာ ထွင်းထုထားခဲ့ပါတယ်..။

"ဒီ...ဒီ သင်္ကေတ က.."

"ဒါက ကြယ်အလင်း အမှတ်အသားပဲ.."

"အမှတ်အသား ခုနှစ်ခု.."

ဆန်နီလိုပဲ ရဲတိုက်ထဲက တစ်ခြားလူတွေလည်း..ဒီ အမှတ်အသားနဲ့ရင်းနှီးကြပါတယ်..။ဒီအမှတ်အသားက ကြီးမားတဲ့ ရုပ်ထုကြီးတွေမှာသာမက ၊ မြို့ရဲ့ နံရံတွေ အနှံ့အပြားမှာလည်း..ထွင်းထုထားပါသေးတယ်..။

ဒါက တစ်ချိန်တုန်းက..ဒီကျိန်စာသင့်မြေကို အမှောင်ထုလွှမ်းမိုးမူကနေ တိုက်ဖျက်ပေးခဲ့တဲ့ သူရဲကောင်း ခုနှစ်ယောက်ကို ကိုယ်စားပြုတဲ့ ပုံပါပဲ..။

ဆန်နီ ဟာလည်း ..ချွေးစေးတွေ ပျံလာခဲ့တယ်..။

"သူမ ဘာတွေလုပ်နေတာလဲ..။ဒါတွေ အကုန်လုံးက တိုက်ဆိုင်မူလား..။ဒါမှမဟုတ် နစ်ဖီက အရာရာတိုင်းကို စီစဥ်ထားတာလား..။ဒီအရူးတွေက ဒီလိုခြိမ်းခြောက်မူတွေကို ဘယ်လိုတုန့်ပြန်မလဲဆိုတာကို သူမက မသိဘူးလား..။တကယ်လို့ သူတို့ရဲ့ ပါးစပ်ကသာ သူမကို ကယ်တင်ရှင်အဖြစ် အသံထွက်လာရင် ဂန်လောင်က မကြာခင် သူတို့ရဲ့ တံခါးကို လာခေါက်တော့မှာပါ.."

နစ်ဖီ ဘာပြောခဲ့တာလဲ..။သူမနောက်ကနေ လိုက်ပြီးသူတော်ကောင်းလို ဟန်ဆောင်ရမယ်လ်ို့ ပြောတာလား..။

ဆန်နီ သူမရဲ့နောက်ကျောကို ကြည့်နေခဲ့တယ်..။သူက ဘယ်လိုလုပ်ရမှာလဲ..။သူ့ ခန္တာကိုယ်တစ်ခုလုံးမှာ သူတော်ကောင်းနဲ့တူတာ ဆိုလို့ ဘယ်ဟာမှ မရှိပါဘူး..။

အဲ့အချိန်မှာပဲ..ဂျန်မာဟာ နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာခဲ့ပြီး..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို သေချာကြည့်လိုက်တယ်..။အစောတုန်းက..ဂရုမစိုက်မူ ၊ အထင်သေးမူတွေ ရှိနေတဲ့ သူ့ရဲ့ မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေ ရောက်လာခဲ့ပါပြီ..။

ဖြည်းညှင်းစွာပဲ မုဆိုးတွေရဲ့ ခေါင်းဆောင်ဟာ ပြုံးလိုက်တယ်..။

"အာ..ဒီလိုဆိုတော့လည်းတွေ့ရတာ ဝမ်းသာပါ..။မင်းမှာ ဒီလိုနာမည်ရှိတာ အံ့ဩစရာပဲ..။ဒီနာမည် ဘယ်လိုထားတာလည်းဆိုတာကိုတောင် သိချင်သွားမိတယ်.."

ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်က နားလည်ရ လွယ်ကူပါတယ်..။ဂျန်မာက နစ်ဖီ လိမ်ညာနေတယ်လို့ ပြောချင်တာပါ..။

.

ဒီလို ပြောလိုက်တာကြောင့် လူတိုင်းရဲ့ မျက်လုံးတွေကို ..အလင်းရောင်ပေးလိုက်သလ်ိုပါပဲ..။လူအများစူက သူတို့ရဲ့ မျှော်လုင့်ချက် အရိပ်အယောင်တွေ ပြန်လည် ပျောက်ဆုံးသွား ခဲ့တယ်..။အခုမှပဲ သူတိုရဲ့ မျက်နှာပေါ်မှာ အထင်သေးပြီး လှောင်ပြောင်မူတွေ ပြန်ရောက်လာခဲ့ပါတယ်..။

.

...ဒါတောင်မှ ..တစ်ချို့လူတွေက သူမကို တွေဝေမူတွေ ...ယုံကြည်မူတွေနဲ့ကြည့်နေကြပါသေးတယ်..။

.

ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ ဒါတွေကိူ တစ်ခုမှ မတုန့်ပြန်ခဲ့ပေ..။သူမက ပုံမှန်အတိုင်းပဲ တည်ငြိမ်နေခဲ့ပါတယ်..။

ဒါက သူမကို ဒီကမ္ဘာကြီးရဲ့ အညစ်အကြေးတွေ ၊စိတ်ပျက်မူတွေရဲ့ အထက်မှာ ရှိနေသလိုတောင် ထင်နေရတယ်..။

မကြာခင်မှာပဲ..လမ်းပြ အန်ဒီကတော့ ခန်းမထဲကို ရောက်လာခဲ့ပါပြီ..။

***

လမ်းပြဟာ သာမန်အရပ်လောက်သာရှိပြီး..ကျစ်လစ်တဲ့ ခန္တာကိုယ်နဲ့ စူးရှတဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်..။သူ့ ခေါင်းမှာတော့ ပသိုင်းမွှေးတွေ ရှိနေပြီး သူ့ပုံစံက ခန်းမထဲက လူတွေထက် အသက်ပိုကြီးနေသလိုပါပဲ..။အန်ဒီက အသက် ၂၄ နှစ်ဝန်းကျင်လောက် ရှိနေခဲ့ပါပြီ..။

သူ့ပုံစံက ကျွမ်းကျင်ပြီး ရက်စက်တဲ့ တိုကိခိုက်ရေးသမားတစ်ယောက်နဲ့တူပါပဲ..။လမ်းပြတွေ အားလုံးက လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေပါ..။ပြီးတော့ သူလည်း အတူတူပါပဲ..။အန်ဒီကို မုန်းတီးကြတဲ့ လူတွေတောင်မှ သူ့ကို ကြောက်လန့်မူ ၊ လေးစားမူ တွေနဲ့ကြည့်နေကြပါသေးတယ်..။

ခန်းမထဲမှာတော့..အန်ဒီဟာ နစ်ဖီီကို တစ်ချက်ကြည့်လိုက်ပြီး..အဖြူရောင်ပလ္လင်ရဲ့ အောက်ခြေနားကို လျောက်လာခဲ့တယ်..။ပြီးတာနဲ့ သူက မုဆိုးတွေရဲ့ ခေါင်းဆောင််ကို တလေးတစား အရိုအသေပေးလိုက်ပါတယ်..။

"ကျွန်တော်ရောက်ပါပြီ.."

ဂျန်မာသူ့ကို သုန်မုန်နေတဲ့ အမူအရာနဲ့ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"ငါ မင်းကို ဘာလို့ခေါ်လိုက်တယ် သိတယ်မလား.."

လမ်းပြဟာ ပြုံးလိုက်ပြီး..

"စုန်းမ တစ်ယောက်က ကျွန်တော်ကို စိန်ခေါ်ခဲ့တာလား..။ကောင်းတယ်..ပြီးခဲ့တဲ့ တစ်ခေါက်က ဟာရု ကို ပျော်ခွင့်ပေးလိုက်ရတာကို စိတ်မကောင်းဖြစ်နေခဲ့တာ..."

လူအုပ်ထဲမှာ ဒေါသတကြီး တီးတိုးပြောသံတွေ ထွက်လာခဲ့တယ်..။သို့ပေမယ်ပ သူတို့ရဲ့ အမုန်းတရားတွေကို အပြင်ကို ထုတ်မပြောရဲခဲ့ကြပါဘူး..။

ဂျန်မာရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့တယ်..။သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ အန္တရာယ်များတဲ့လေသံနဲ့ ပြောလိုက်ပါတယ်..။

"ပျော်စရာလား..။မင်းက ပျော်စရာလို့ပြောလိုက်တာလား..။ကောင်းပြီ အန်ဒီ..တကယ်လို့ မင်းဘဝမှာ ပျော်စရာတွေ ရှားပါးနေတယ်ဆိုရင်လည်း ငါ့ကို ပြောသင့်တာပေါ့..။မင်း ဒီ မိန်းကလေးကို သတ်ပြီးရင် ပျော်စရာအစစ်အမှန်က ဘာလဲဆိုတာကို ငါမင်းကို ပြပေးမယ်.."

ဒီလို ပြောပြီးတာနဲ့ သူက လက်ဟန်ပြပြီး အစောင့်ကို တိုက်ခိုက်မူ စတင်ခိုင်းဖို့ အချက်ပေးလိုက်တယ်..။အန်ဒီ မျက်မှောင်ကျုတ်လိုက်ပေမယ့်..တစ်ဖက်လှည့်လိုက်ပြီး နက်မှောင်တဲ့ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်..။

ဆန်နီ နဲ့ ကတ်စီတို့ဟာ ဘေးကို ဖယ်ပေးလိုက်ကကတယ်..။အခုချိန်မှာတော့..ခန်းမထဲမှာ လူတော်တော်များများရောက်နေကြပါပြီ..။

လူတိုင်းက လမ်းပြကို ကြောက်လန့်မူတွေနဲ့ကြည့်နေပြီး နစ်ဖီကိုတော့ မျှော်လင့်ချက်တွေနဲ့ကြည့်နေခဲ့ကြတယ်..။တစ်ချို့ကတော့ တိုက်ပွဲကို အပျော်လာကြည့်ကြတာပါ..။သူတို့အတွက်ကတော့ ဘယ်သူသေတာ ရှင်တာပ ပြသနာ မရှိပေ..။အများစုကတော့ အပြင်ဘက်က မိန်းကလေး ရှင်သန်နိုင်မယ်လို့ မယုံကြည်ကြပါဘူး..။

တစ်ခြားလူတွေကတော့ အန်ဒီ အပြစ်ပေးခံရတာကို မြင်ချင်နေကြပါတယ်..။သူတို့တောင်မှ နစ်ဖီ သေဆုံးရမယ်လို့ ယုံကြည်နေကြပုံပါပဲ..။သူတို့က သူမ မသေခင် ဒီခွေးသားကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ပဲ မျှော်လင့်နေကြတာပါ..။

ဖြစ်နိုင်တာက ဆန်နီ ၊ ကတ်စီ နဲ့ ကတ်စတာ တို့ပဲ ရလာဒ်က အများထင်ထားသလိုဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သိထားကြလောက်ပါတယ်..။

အချိန်ကို ဆွဲမနေတော့ပဲ အန်ဒီဟာ သူ့ရဲ့လက်နက်ကို ထုတ်ယူပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ဆီကို လျောက်လာခဲ့တယ်..။သူ့လက်ထဲမှာတော့..သင်တုန်းဓားက သာမန်အချိန်တွေထက်ကို ပိုပြီး ထက်ရှ နေခဲ့ပါတယ်..။

.

ဒီပုံစံအတိုင်းဆိုရင် ကြယ်အလင်းအကာအကွယ်တောင် ဒီဓားသွားကို မတားဆီးနိုင်လောက်တာကို ဆန်နီ ခံစားလိုက်ရတယ်..။

လမ်းပြရဲ့ လှုပိရှားမူတွေကတော့ သိမ်မွေ့ပြီး စဥ်းလဲနေခဲ့တယ်..။ဒါက နှစ်ပေါင်းများစွာကြာအောင် သားရဲတွေ လူသားတွေနဲ့ တိုက်ခိုက်ဖူးခဲ့တဲ့ အတွေ့ကြုံရင် တိုက်ခိုက်ရေးသမားတစ်ယောက်ပါ..။သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခုရှိနေခဲ့ပြီး..မျက်လုံးတွေကတော့ သွေးဆာလောင်မူတွေ ပြည့်နေခဲ့ပါတယ်..။

သို့ပေမယ့် နစ်ဖီက တည်တည်ငြိမ်ငြိမ်ရပ်နေခဲ့ပြီး သူ အနားကပ်လာတာကို ဓားမထုတ်ပဲနဲ့တောင်ကြည့်နေခဲ့တယ်..။

'သူမ ဘာလုပ်နေတာလဲ..။ဟာရု လို အတုခိုးချင်နေတာလား..'

ခြေလှမ်းအနည်းငယ် အကွာကို ရောက်လာတဲ့ အချိန်မှာတော့ လူတိုင်းက အသက်တောင် မရူနိုင်ကြတော့ပါဘူး..။ရုတ်တရက် အန်ဒီက မယုံနိုင်လောက်တဲ့ အရှိန်နဲ့ ရှေ့ကို တက်လာခဲ့တယ်..။သူ့ရဲ့ ခွန်အားက သန်မာလွန်းတာကြောင့် ခြေထောက်အောက်က ဖုန်မှုန့်တွေတောင် လေထဲကို လွင့်ပျံလာခဲ့ပါတယ်..။

ဆန်နီ လက်သီးကို ဆုပ်ထားခဲ့တယ်..။

'....သူမ ဘာလုပ်ဖို့...'

ထက်ရှတဲ့ ဓားသွားက သူမကို ခုတ်ပိုင်းသွားဖို့ စက္ကန့်ပိုင်းအလိုမှာပဲ..နစ်ဖီဟာ ရုတ်တရက် ဘေးဖက်ကို တိမ်းရှောင်လိုက်ပြီး ..သူမလက်ထဲမှာ ဓားရှည်တစ်လက်ပေါ်လာခဲ့ကာ လွှဲခုတ်ချလိုက်ပါတယ်..။

လမ်းပြရဲ့ မျက်လုံးက ပြူးကျယ်သွားခဲ့တယ်..။

...ထာဝရ..။

ရန်သူထက်ပိုမြန်တဲ့ အရှိန်နှုန်းနဲ့ ဓားရှည်တစ်လက်က လေထဲမှာပဲ ပေါ်လာခဲ့ပြီး..အန်ဒီရဲ့လည်ပင်းကို ခုတ်ပိုင်း..သူ့ ဦးခေါင်းကို ပုခုံးထက်ကနေ ပြုတ်ကျလာစေခဲ့ပါတယ်..။

လမ်းပြရဲ့ လည်ပင်းကနေ သွေးတွေ တလဟော ထွက်လာခဲ့ပြီး သူ့ရဲ့ ဦးခေါင်းပြတ် က အဖြူရောင် ပလ္လင်ရဲ့ အောက်ခြေနားကို လိမ့်ကျသွားခဲ့တယ်..။

ခန်းမထဲမှာတော့ အောက်စီဂျင်တွေ ပြတ်တောက်သွားခဲ့ပါပြီ..။

အားလုံးက တိတ်ဆိတ်နေခဲ့ပြီး..အန်ဒီရဲ့ ခန္တာကိုယ်က အဖြူရောင် မာဗယ်ကျောက်ပြားပေါ်ကို လဲကျသွားခဲ့တယ်..။

လူတိုင်းက နစ်ဖီကို မယုံကြည်နိုင်မူတွေနဲ့ ကြည့်နေခဲ့ကြတာပါ..။အိပ်စက်သူ တွေ ၊ အစောင့်တွေနဲ့ ဂျန်မာကိုယ်တိုင်ပါပဲ..။

အရိုးသားဆုံးပြောရရင် ဆန်နီတောင် အနည်းငယ်ကြောင်အနေခဲ့တယ်..။ဒါ​ပေါ့ ပြောင်းလဲနေတဲ့ကြယ်ပွင့် နိုင်မယ် ဆိုတာကို သိထားပြီးသားပါ..။သို့ပေမယ့် သူမက ရဲတိုက်ရဲ့ ကြောက်စရာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ လမ်းပြကို တစ်ချက်တည်း သတ်လိုက်မယ်လို့ မထင်ထားခဲ့ပေ..။

သူမရဲ့ ဓားကို သိမ်းလိုက်ပြီး အေးစက်တဲ့ အမူအရာနဲ့ပဲ..နစ်ဖီဟာ ဦး​ခေါင်းပြတ်ဆီကို လျောက်သွားလိုက်တယ်..။ပြီးတာနဲ့ သူက ဦးခေါင်းကို ဆံပင်ကနေ ဆွဲကိုင်ပြီး..မုဆိုးတွေရဲ့ ခေါင်းဆောင်ကို ကြည့်လိုက်ပါတယ်..။

ယင်းနောက် သူမက ယဥ်ကျေးတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပြီး..

"...တွေ့ရတာ ဝမ်းသာပါတယ်..."

All Chapters