← Chapters

ပထမဆုံး လူခေါ်ယူမူ

Vol. 11 Ch. 155

ပထမဆုံး လူခေါ်ယူမူ

Vol. 11 Ch. 155

#ဘာသာပြန် = စနိုးဝှိုက်

သူတို့ရဲတိုက်ကနေ ထွက်ခွာလာတော့ အန်ဒီ ရဲ့ ဦးခေါင်းကနေ သွေးတွေ စီးကျနေတုန်းပါပဲ..။နစ်ဖီက သူ့ရဲ့ ဆံပင်ကနေ ကိုင်ဆွဲထားပြီး သူမရဲ့ အမူအရာကတော့ မပြောင်းလဲခဲ့ပေ..။ကြည့်ရတာတော့ ခေါင်းပြတ်ကို သယ်ရတာကလည်း သူမရဲ့ အမူအရာကို ပြောင်းလဲအောင် မစွမ်းဆောင်နိုင်တဲ့ပုံပါပဲ..။

ရုတ်တရက် ဆန်နီဟာ ..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို တစ်ခြားလူတစ်ယောက်လို မြင်လိုက်ရတယ်..။သူမကို စိုးရိမ်ထိပ်လန့်ခဲ့တာ သူ့အတွက် ကြာပြီ ဆိုပေမယ့် အခုတော့ သူ စတင်ပြီး သိချင်လာခဲ့ပါပြီ..။

သူမက အရင်က လူဘယ်လောက်တောင် သတ်ခဲ့တာလဲ...။

တစ်ခြားလူတွေရဲ့ မျက်နှာအမူအရာတွေကလည်း ထိပ်လန့်မူတွေပြည့်နေခဲ့တယ်..။အခြေအနေတွေကို မြင်တွေ့ခဲ့ရတဲ့ လူတွေက နစ်ဖီကို နတ်သမီးတစ်ပါးလ်ိုကြည့်နေခဲ့ကြတာပါ..။တစ်ချို့လူတွေကတော့ သူမကို ကြောက်စရာ နတ်ဆိုး တစ်ပါးလို မှတ်ယူထားကြပါတယ်..။

'သူမ တစ်ချက်တည်းနဲ့ အသက်တွေ ဘယ်လောက်တောင် နှုတ်ယူခဲ့လဲ သိချင်မိတယ်..။အများကြီးဖြစ်ရမယ် ဟုတ်တယ်မလား..'

သို့ပေမယ့်..ဒီလူတွေက ရဲတိုက်အတွင်းထဲက လူတွေပါ..။ရဲတိုက်အပြင်ဘက်မှာ ရှိနေတဲ့လူတွေရဲ့ တုန့်ပြန်မူတွေက ပိုပြီးတောင် ပြင်းထန်ပါသေးတယ်..။သူတို့ထဲကလူတစ်ယောက်က ရှေးဟောင်း ခံတပ်ထဲကို ဝင်သွားပြီး..လမ်းပြတစ်ယောက်ရဲ့ ခေါင်းကို ယူပြီးပြန်ထွက်လာတာကို ဘယ်တုန်းကမှ မမြင်ခဲ့ဘူးပေ..။အခုချိန်မှာတော့ သူတို့အားလုံးက ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ တိတ်တဆိတ်ကြည့်နေခဲ့ကြပါတယ်..။

ဒီအရာတွေက ဆန်နီကို မသက်မသာဖြစ်နေစေခဲ့တယ်..။

နစ်ဖီက သူမ ဒီလူတွေရဲ့ ရင်ထဲမှာ ဘယ်လိုမုန်တိုင်းမျိုးထည့်ပေးလိုက်တာလဲ ဆိုတာကိုတောင် သိရဲ့လားဆိုတာကိုတောင် မသိတော့ပါဘူး..။ဒီလို ခံစားချက်မျိုးဆိုတာက အန္တရာယ်များပြီး ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါတယ်..။တကယ်လို့ သူမသာ မသိဘူးဆိုရင် အခြေအနေတွေက အဆိုးဘက်ကို ဦးတည်သွားတော့မှာပါ..။

...သို့ပေမယ့် သူမက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ် ဆိုရင် ပိုပြီးတော့တောင် ဆိုးဝါးပါသေးတယ်..။နစ် က ဒီလို သက်ရောက်မူရှိတဲ့ ကြိုးကိူင်မူတွေ ၊ အကွက်ချမူတွေကို တကယ်လုပ်နိုင်တာလား..။ဒါက သူမရဲ့ အစီစဥ်တွေလား..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ဒီဘက်ခြမ်းကို ဆန်နီလည်း သေချာမသိတော့ပေ..။

သေချာတွေးကြည့်ရင် သူလည်း သူမအကြောင်းကို သေချာတော့မသိပါဘူး..။

ဒီသံသယစိတ်တွေကြောင့်..သူတို့က အယ်ဖီ ရဲ့ အိမ်ငယ်ရှေ့ကို ရောက်လာတာတောင် ဆန်နီ သတိမထားမိခဲ့ပါဘူး..။ဆန်နီ ကောင်းကင်ပေါ်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ နေက ကြက်သွေးရောင် ထိပ်ဖျားရဲ့နောက်မှာ ရောက်နေခဲ့ပါပြီ..။

နစ်ဖီ ကတိပေးထားတဲ့ အတိုင်း အခုက ညနေခင်းပါပဲ..။

' ကြောက်စရာပဲ..'

မုဆိုးမိန်းကလေး..ဟာ သူတို့ တံခါးမခေါက်သေးခင်မှာပဲ..စိတ်ရှုပ်တဲ့ အမူအရာနဲ့ တံခါးကိူဖွင့်လာခဲ့တယ်..။

"ဒီဟာက ဘာအသံတွေလဲ..။မိန်းကလေးတစ်ယောက်က...တစ်ရက်လေးတောင်..."

သူတို့သုံးယောက်ကို သတိထားမိလိုက်ပြီး သူမ အေးခဲသွားခဲ့တယ်..။

သေချာတောင်ကြည့်မနေတော့ပဲ နစ်ဖီက အန်ဒီရဲ့ ဦးခေါင်းကို အယ်ဖီရဲ့ ခြေထောက်နားဆီ ပစ်ချပေးလိုက်ပါတယ်..။

"ငါတို့ အခု စကားပြောလို့ရပြီလား.."

သေခြင်းအနိဋဿဌာရုံ ကို မြင်လိုက်ရတာကြောင့် မုဆိုးမိန်းကလေးရဲ့ မျက်လုံးတွေကျဥ်းမြောင်းသွားခဲ့တယ်..။သူမရဲ့ မျက်နှာက နက်မှောင်သွားခဲ့ပါတယ်..။

ခနအကြာမှာ သူမက ပြောလာခဲ့တယ်..။

"အထဲဝင်ခဲ့ကြ..."

***

တံခါး ပိတ်ပြီးသွားတာနဲ့ အယ်ဖီက ဒေါသတကြီး တီးတိုး​မေးလာခဲ့တယ်..။

"ဘယ်လို သောက်ကျိုးနဲတွေ လုပ်လာခဲ့တာလဲ မင်းသမီး လေး..."

နစ်ဖီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်..။ပြီးတာနဲ့ သူမက ရိုးသားစွာ နားလည်နိုင်မူတွေနဲ့ မေးလိုက်ပါတယ်..။

"နင်က ငါ့ရဲ့ ခွန်အားကို သက်သေပြစေချင်တာ မဟုတ်ဘူးလား.."

မုဆိုးမိန်းကလေးက..သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။သူမတိတ်ဆိတ်နေတာကြောင့် နစ်ဖီက မျက်တောင်အနည်းငယ် ခတ်ပြီး ထပ်ပြောလိုက်ပါတယ်..။

"အ်ိုး..အဲဒီခေါင်းပိူင်ရှင်က..."

"ဘယ်သူ့ခေါင်းလဲ ဆိုတာ ငါသိတယ်..။နင် ဘယ်ကနေ ရလာခဲ့တာလဲ..."

ဆန်နီ သက်ပြင်းချလိုက်ပြီး အားတင်းပြုံးကာ ဝင်ပြောလိုက်ပါတယ်..။

"အိုး စကားမစပ် ..နင်က အနက်ရောင်မြိူ့ထဲမှာ နောက်ဆုံးသိတဲ့လူတောင်ဖြစ်နိုင်တယ်..။ဒါပေမဲ့ နင့်ရှေ့မှာ ရပ်နေတာက အင်မော်တယ်မီးတောက်ကလန်ရဲ့ ပြောင်းလဲနေတဲ့ကြယ််ပွင့်ပဲ..။အမှန်တရားရဲ့ ချန်ပီယံ ကြီးပေါ့..။သူမက ရဲတိုက်ထဲဝင်သွားပြီး လူတိုင်းရဲ့ အကြည့်အောက်မှာပဲ အဲ့ခွေးသားရဲ့ ခေါငိးကို တစ်ချကိတည်း ဖြတ်လာခဲ့တာ..။အခုလောက်ဆို လူတွေက ဒီအကြောင်းကိူပဲ ပြောနေလောက်ပြီ.."

သူ့ အသံက ကျေနပ်အားရမူတွေ ပျောက်ဆုံးနေခဲ့တယ်..။တကယ်တော့ ဆန်နီက..ကျိန်ဆဲချင်စိတ်တွေကို မနည်းထိန်းထားရတာပါ..။

ဘာလို့..ဘာလို့ ငါသွားတဲ့နေရာတိုင်းကို ပြသနာက လိုက်လာနေရတာလဲ..။

အဲ့အချိန်မှာ အယ်ဖီက မျက်တောင်အနည်းငယ် ခတ်လိုက်ပြီး သူတို့ကို ထူးဆန်းတဲ့ အမူအရာနဲ့ကြည့်လိုက်ပါတယ်..။

'ဒါအမှန်ပဲ..။မင်း ထွက်ပြေးနိုင်တုန်း ပြေးပေတော့..'

ယင်းနောက် သူမ အကြည့်က်ို လွှဲလိုက်ပြီး

"အ်ိုး...အိုး ဘုရားရေ..။နင်တို့ တကယ်ပဲ..။ဒါက မင်းသမီးလေးပဲ..။ငါ သူတို့ရဲ့ မျက်နှာတွေကို တကယ် မြင်ချင်မိတယ်.."

ဆန်နီ သူမကို ပါးစပ်အဟောင်းသားနဲ့ကြည့်လိုက်တယ်..။ဒါက သူထင်ထားတဲ့ တုန့်ပြန်မူ လုံးဝမဟုတ်ပါဘူး..။

'ရူးနေပြီ..သူတို့ အကုန်ရူးနေကြပြီ..။ငါက အရူးတွေကြားထဲနေနေရတာပဲ..'

အယ်ဖီ ရယ်မောပြီးတဲ့ နောက်မှာတော့ သူမက ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို နက်မှောင်စွာကြည့်လိုက်တယ်..။

"...ကောင်းပြီ နင့်ရဲ့အရည်အချင်းကို သက်သေပြပြီးပြီ..။ဒါပေမဲ့ နင်တို့ သိသင့်တာ ရှိသေးတယ်..။ငါ ဂန်လောင်ရဲ့ အဖွဲ့ကို ဝင်ဖို့ ငြင်းဆန်ခဲ့တုန်းက ..ဂန်လောင်က သူ ငါ့ကို မရရင် ဘယ်သူမှ မရစေရဘူးလို့ ပြောခဲ့တယ်..။အဲ့ကတည်းက ငါ့ကို ဖိတ်ခေါ်တဲ့ အဖွဲ့တိုင်းက နောင်တရပြီး အဆုံးသတ်ခဲ့ရတာချည်းပဲ..။ငါ့ကို လမ်းပြအဖြစ် ရွေးချယ်လိုင်ရင် သူနဲ့ ဆန့်ကျင်ဘက်ကို ရောက်သွားလိမ့်မယ်..။နင်တို့ လုပ်ချင်တာ သေချာရဲ့လား.."

ဒီတော့ သူ့မှာလည်း ဇာတ်လမ်းတွေရှိတာပေါ့..။သူမက တစ်ကိုယ်တော် အမဲလိုက်နေရတာ အံ့ဩစရာမရှိတော့ပေ..။

တိတ်ဆိတ်မူကို ဖြိုခွင့်ပြီး ဆန်နီ အရင်ပြောလိုက်တယ်..။သူ့အသံကတော့ ခါးသက်ပြီး မသက်မသာဖြစ်နေခဲ့ပါတယ်..။

"ငါ ပြောချင်တာက..အဲတာကို စိုးရိမ်ဖို့ နဲနဲ နောက်ကျနေပြီ မဟုတ်ဘူးလား..။အဲလိုမထင်ဘူးလား.."

***

နောက်တစ်ရက် မနက်ခင်းမှာတော့ သူတို့ အမဲလိုက်ဖို့ ပြင်ဆင်ခဲ့ကြတယ်..။ဆင်းရဲသားရပ်ကွက်မှာ နေထိုင်သူတစ်ချို့က သူတို့ကို မျှော်လင့်ချက်တွေ အပြည့်နဲ့လာကြည့်နေခဲ့ကြပါတယ်..။

အခုချိန်မှာတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့် က လမ်းပြ အန်ဒီ ရဲ့ခေါင်းကို ဖြတ်လိုက်တဲ့ သတင်းဟာ သူရဲကောင်းပုံပြင်တစ်ပုဒ်လို ပျံ့နှံ့နေခဲ့ပါပြီ..။အခု ဒီလူတွေက နစ်ဖီကို သူတို့မျက်လုံးနဲ့ ကိုယ်တိုင်လာကြည့်ကြတာပါ..။

သူတို့က ကြယ်အလင်းအကာအကွယ်နဲ့ ထွင်းထုထားတဲ့ သင်္ကေတတွေကိုလည်း စိတ်ဝင်စားကြပါသေးတယ်..။ရိုးရှင်းတဲ့ ကြေးခွံသားရဲခေါင်းဆောင်ရဲ့ မှတ်သားမူက ဒီအနက်ရောင်မြို့တော်ထဲက လူတွေကို သက်ရောက်နိုင်လိမ့်မယ်လိူ့ ဘယ်သူထင်ထားမှာလဲ..။

ဆန်နီကတော့ ဒီအတွက် မပျော်ရွှင်ခဲ့ပေ..။

မနေ့က ညနေ အိမ်ငယ်လေးကို ပြန်ရောက်တော့ သူ နစ်ဖီကို မေးခွန်းအနည်းငယ် မေးဖို့ အခွင့်ရေးရခဲ့ပါသေးတယ်..။သို့ပေမယ့်..သူက အများစုကို စိတ်ထဲမှာသာ သိမ်းထားပြီး ခံစားချကိတွေကို ဘယ်လိူထုတ်ဖော်ရမလဲ မသိခဲ့ပေ..။အဆုံးမှာတော့ သူက လမ်းပြကို ဘယ်လိုသတ်ခဲ့တာလဲ ဆိုတာသာ မေးလိုက်မိတယ်..။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖြေကတော့ ရိူးရှင်းပါတယ်..။သူမက ပုခုံးတွန့်လိုက်ပြီး..

" လှည့်စားမူ အမွေအနှစ် တစ်ခုပဲ.."

.

သူတို့ အားလုံး အဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ အသံတစ်ခုကြောင့် လှည့်ကြည့်လိုက်ကြတယ်..။အပြင်ဘက်က နေထိုင်သူတွေဟာ ဘေးကိုဖယ်ပေးလိုက်ကြပြီး လူငယ်လေးကို လမ်းလျောက်ဖို့ နေရာပေးလိုက်ကြပါတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

'သူက ဘာလာလုပ်တာလဲ..'

ကတ်စတာက သူတို့နဲ့ မီတာအနည်းငယ် အကွာမှာ ရပ်လိုက်ပြီး ယဥ်ကျေးစွာပြုံးလိုက်တယ်..။

"မိန်းကလေး နစ်ဖီ ..မုဆိုးမိန်းကလေး အသီနာ ၊ ကတ်စီယာ ၊ ဆန်နီ..။အားလုံး ကောင်းသောမနက်ခင်းပါ..။ငါ , ဟန်လီ ကလန် ရဲ့ ကတ်စတာက မင်းတို့ရဲ့ မုဆိုးအဖွဲ့နဲ့ ပူးပေါင်းချင်ပါတယ်..။ငါ့ကို ခွင့်ပြုပေးနိုင်မလား.."

လူတိုင်းခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီ ဒီဆက်ခံသူကို မကြိုက်ပေမယ့် ဒီလိုလူမျိုးသူတို့ဘက်မှာ ရှိနေတာက..ကံကောင်းမူကြီးပါ..။ကတ်စတာ လို ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားမျိုးက နေရာတိုင်းမှာ တွေ့နိုင်တာမဟုတ်ပါဘူး..။

ဘေးနားကလည်း တီးတိုးပြောဆိုမူတွေ ရှိနေခဲ့တယ်..။ရဲတိုက်ထဲက စစ်သည်တစ်ယောက်က အပြင်ဘက်က မုဆိုးအဖွဲ့နဲ့လာပြီး ပူးပေါင်းတာကို သူတို့ အတော် အံ့ဩနေကြတာပါ။ပြီးတော့ ဒီတစ်ယောက်ကလည်း..အံ့ဩဖို့ကောင်းတဲ့ ဂုဏ်သတင်းတွေ ရှိနေပါသေးတယ်..။

အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာမှ ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပုခုံးတွန့်ပြီးပြောလိုက်တယ်..။

" နင် ဆန္ဒရှိရင်ပေါ့..."

ဒီလိုနဲ့ ဂုဏ်ယူရတဲ့ ဟန်လီ ကလန်ရဲ့ ဆက်ဆံသူက သူတို့ မုဆိုးအဖွဲ့ရဲ့ ငါးယောက်မြောက် အဖွဲ့ဝင်ဖြစ်လာခဲ့ပါပြီ..။ဝင်္ကပါထဲမှာ အတူတူဖြတ်သန်းနေရင်းကနေ သူတို့မှာ အဖွဲ့ဝင်အသစ်တွေရောက်လာတဲ့ခံစားချက်က ထူးဆန်းပါတယ်..။သို့ပေမယ့် ဒါက ဖြစ်ရိုးဖြစ်စဥ် တစ်ခုပါပဲ..။

မင်းက ဘာတွေမျှော်လင့်နေတာလဲ ဆန်နီ..။တစ်သက်လုံး မင်းတို့ သုံးယောက်ပဲ ဖြစ်နေလိမ့်မယ်လို့ ထင်နေတာလား..။

'ငတုံးပဲ...'

အိပ်စက်သူ ငါးယောက်ဟာ..အပြင်ဘက် ဆင်းရဲသားရပ်ကွက်ကို ကျောခိုင်းပြီး..အဖြူရောင်ကျောက်တုံးလမ်းကနေ တဆင့် ကျိန်စာသင့်အပျက်အဆီးတွေ ဆီကို ဦးတည်လိုက်ကြပါတယ်..။

...ဒီလိုနဲ့ ..အနက်ရောင်မြို့တော်ထဲက လူသားတွေရဲ့ ကံကြမ္မာကတော့ သတ်မှတ်ပြီးသွားခဲ့တယ်...။

အဆုံးသတ် အချိန်တွေက ရောက်လာခဲ့ပါပြီ..။

All Chapters