← Chapters

အခမဲ့ နေ့လည်စာ

Vol. 11 Ch. 156

အခမဲ့ နေ့လည်စာ

Vol. 11 Ch. 156

ပထမဆုံး အမဲလိုက်မူက အံ့ဩစွာပဲ သိပ်ပြီး ထူးခြားမူ မရှိခဲ့ပေ..။

အတွေ့အကြုံရှိတဲ့ လမ်းပြရဲ့ လမ်းပြမူ ၊ ဆန်နီရဲ့ အရိပ် အကူအညီတွေနဲ့ သူတို့က ကျရှုံးမူအဆင့် သားရဲတွေကို အေးအေးဆေးဆေး ရှောင်ရှားပြီး လိုချင်တဲ့ နေရာကို ရောက်နိုင်ခဲ့ကြပါတယ်..။အဲဒီရောက်တဲ့ အချိန်မှာတော့ သူတို့ ပုန်းအောင်းရင်း သူတို့ရဲ့ သားကောင်ထွက်လာဖို့ကို စောင့်ဆိုင်းနေခဲ့ပါတယ်..။

တိုက်ပွဲအတွက် ပြင်ဆင်မူကိုတော့ ဆွေးနွေးပြီးသားပါ..။အယ်ဖီက သားရဲအမျိူးအစား နဲ့ သူ့ရဲ့ အားသားချက် ၊ အားနည်းချက်ကို ပြောပြပြီးတဲ့ နောက်မှာတော့..နစ်ဖီက အလျင်အမြန်ပဲ မတူညီတဲ့ တာဝန်တွေကို ခွဲဝေပေးနိုင်ခဲ့ပါတယ်..။

အခြေအနေတွေက ဝင်္ကပါထဲက အတိုင်းပဲ သွားလိမ့်မယ်လိူ့ ဆန်နီ မျှော်လင့်ထားခဲ့ပေမယ့် အံ့ဩစွာပဲ အဲလို မဟုတ်ခဲ့ပါဘူး..။အရင်တုန်းက လိုပဲ နစ်ဖီက အရင် စွန့်စားကာ..နိုးထမူအဆင့် သားရဲကို မြှားခေါ်ခဲ့ပါတယ်..။သို့ပေမယ့် သူမကြောင့် ရလာတဲ့ အခွင့်အရေးကို အဆုံးသတ်ရတဲ့လူက ဆန်နီမဟုတ်ပဲ ကတ်စတာ ဖြစ်သွားခဲ့ပါပြီ..။

အမှန်တော့ ဒါက အဓိပ္ပါယ်ရှိပါတယ်..။ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကဏ္ဍ စွမ်းရည်က တိုက်ခိုက်ရေးမဟူတ်ပါဘူး..။အနည်းဆုံးတော့ တရားဝင်မဟုတ်ပေ..။ဒါကြောင့် ဒီတာဝန်ကို တိုက်ခိုက်ရေးမှာ အတော်လေး ထူးချွန်တဲ့ ကတ်စတာလို လူမျိုးကို ပေးလိုက်တာက အကြောင်းကျိုး ဆီလျော်ပါတယ်..။

ဒါတောင်မှ အကြောင်းပြချက် တစ်ချို့ကြောင့် ဆန်နီဟာ ဒေါသထွက်နေခဲ့တယ်..။သူ့ရင်ထဲမှာတော့ အစားထိုးခံလိုက်ရသလို ခံစားနေခဲ့ရတာပါ..။

သူ့ကိုယ်သူ ကလေးမဆန်ဖို့ တွန်းအားပေးရင်း ..ခါးသက်မူတွေကို မြိုချကာ တိတ်တဆိတ်သာ နေလိုက်တယ်..။

သားရဲကြီး ပေါ်လာတဲ့ အချိန်မှာတော့ အရာရာတိုင်းက ချောချောမွေ့မွေ့ပါပဲ..။နစ်ဖီ နဲ့ ကတ်စတာ က သားရဲကို ဒဏ်ရာမရပဲ အေးအေးဆေးဆေး အနိုင်ယူနိုင်ခဲ့တယ်..။သူတို့ရဲ့ အတူတကွ တိုက်ခိုက်မူက အားမစိုက်ထုတ်ရပဲနဲ့ကို ထူးထူးခြားခြား လိုက်ဖက်ညီနေခဲ့ပါတယ်..။ဒါကလည်း သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခြင်းခံခဲ့ရတဲ့ ဆက်ခံသူတွေ ကြောင့်ဖြစ်လောက်မှာပါ..။အခြေအနေတွေ မှားယွင်းသွားရင် ဝင်တိုက်ခိုက်ဖို့ တာဝန်ယူထားရတဲ့ ဆန်နီကတော့ လက်တစ်ချောင်းတောင် လှုပ်စရာ မလိုခဲ့ပေ..။

အယ်ဖီကတော့ မျက်မမြင်မိန်းကလေး အနားမှာရှိနေပြီး တစ်ခုခုလိုအပ်ရင် ကာကွယ်ပေးနိုင်ဖို့ စောင့်နေခဲ့တယ်..။အားလုံးပြီးဆုံးပြီးတဲ့နောက်မှာတော့ သူမ ရယ်မောလိုက်ပြီး..

"ဟားဟား...ငါ့အတွက်တော့ ဒီတစ်ခေါက်က ဘဝမှာ အလွယ်ကူဆုံး အစားအစာပဲ.."

အဖွဲ့ထဲမှာ အယ်ဖီရဲ့ ရာထူးကနည်းနည်းတော့ ထူးဆန်းပါတယ်..။တစ်ခြားလူတွေနဲ့ မတူပဲ သူမက အဖွဲ့ထဲကို တရားဝင်ပူးပေါင်းချင်တဲ့ ပုံမပေါ်ပေ..။အဲဒီအစား သူမက အလုပ်ခန့်ခံထားရတဲ့လူတစ်ယောက်လို သူတို့အဖွဲ့ကို လမ်းပြပေးပြီး လိုအပ်တဲ့ အချက်အလက်တွေ ပြောပေးတာမျိုးပဲ လုပ်ပါတယ်..။သူမက သူတို့နဲ့ ပုခုံးချင်းယှဥ်ပြီး တိုက်ခိုက်စရာလည်း မလိုအပ်ပေ..။

အိပ်မက်ဆိုးသားရဲကြီးသေဆုံးပြီး နောက်မှာတော့ သူတို့က အလျင်အမြန်အမဲဖြတ်ပြီး နေရာကနေ အသားတွေ အပြည့်နဲ့ ပြန်ထွက်ခွာလာခဲ့ကြတယ်..။ကြက်သွေးရောင် ထိပ်ဖျားရဲ့ အရိပ်က မြို့ထဲကို မကျရောက်ခင်မှာ သူတို့က တောင်ကုန်းရဲ့ အောက်ခြေကို ပြန်ရောက်လာခဲ့ကြပါတယ်..။

အဲ့အချိန်က တစ်စုံတစ်ခု မမျှော်လင့်ပဲ ဖြစ်ပေါ်ခဲ့ရတဲ့ အချိန်ပါပဲ..။ဒါက နစ်ဖီကြောင့် ဖြစ်ပေါ်ခဲ့တာပါ..။

မုဆိုး မိန်းကလေးကို..သူမရဲ့ ဝေစု ပေးပြီးတဲ့ နောက်မှာတော့..သူမက ဆန်နီ ၊ ကတ်စီ နဲ့ ကတ်စတာကို ကြည့်လိုက်တယ်..။ပြီးကာမှ ​​သူမက ပြောလာခဲ့ပါတယ်..။

"နင်တို့ရမယ့် ဝေစုကို ငါ့ကို အပ်စေချင်တယ်.."

'ဘာလဲ...ဒါက ဘာသဘောလဲ..'

ဆန်နီ မေးခွန်း မေးဖို့ အခွင့်အရေး မရခင်မှာပဲ ကတ်စီ က ပြုံးပြီး ဖြေပြီးနေပါပြီ..။

"သေချာတာပေါ့ နစ်.."

ကတ်စတာ ခနလေးတောင် တွေဝေမနေပဲ အနည်းငယ် အရိုသေပေးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဆန္ဒရှိသလိုလုပ်ပါ မိန်းကလေး နစ်ဖီ.."

ဆန်နီ အံကိုကြိတ်ထားခဲ့တယ်..။အခုချိန်မှာ မေးခွန်းထုတ်ရင် သူက ငတုံးတစ်ယောက်လို ဖြစ်နေတော့မှာပါ..။အထူးသဖြင့် သူက အယ်ဖီကို သူ့အရိပ် ခနငှားတာက လွဲလို့ ဘာမှမလုပ်ခဲ့လို့ပါပဲ..။အမှန်တကယ် အသက်ကို စွန့်စားခဲ့ရတဲ့ လူတွေက နစ်ဖီ နဲ့ ကတ်စတာ တို့ပါ..။

"ကောင်းပြီလေ.."

နစ်ဖီ သူတို့ကို ခေါင်းညိမ့်ပြလိုက်ပြီး အဖြူရောင်လမ်းအတိုင်းလျောက်သွားလိုက်တယ်..။

သူတို့ ဆင်းရဲသားရပ်ကွက်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူမက ကျန်ရှိနေသေးတဲ့ သားရဲ အသားတွေကို နှစ်ပိုင်းခွဲလိုက်ပါတယ်..။သေးငယ်တဲ့ အပိုင်းကိုတော့ သူမက ကတ်စီကို ကမ်းပေးလိုက်တယ်..။တစ်ခြား ကြီးမားတဲ့ အပိုင်းကိုတော့..သူတို့ရဲ့ အိမ်ငယ်လေးရဲ့ ရှေ့က အဖြူရောင် ကျောက်တုံးရဲ့ အပေါ်မှာ..ထားထားလိုက်ပါတယ်..။

အယ်ဖီကတော့ သိချင်စွာပဲ ကြည့်နေခဲ့တယ်..။ပြီးတော့ သူတို့ကို ပြန်လာတာကို ကြိုဆိုနေကြတဲ့ နေထိုင်သူ တွေလည်း ဒီအတိုင်းပါပဲ..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..

"နင်ဘာတွေ လုပ်နေတာလဲ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူ့ကိုကြည့်ပြီး ကတ်စီလက်ထဲက အသားကို ညွှန်ပြလိုက်တယ်..။

"ဒီဟာက ငါတို့အတွက် အာဟာရပဲ..။နောက်တစ်ခေါက် အမဲမလိုက်ခင် အထိ ငါတို့ ဒါကို စားသောက်ကြမယ်.."

လူအုပ်ထဲက တစ်ယောက်က အော်ပြောလိုက်တယ်..။

"ကျန်တာတွေကရော..။ပြန်ရောင်းပေးမှာလား..။စျေးနှုန်းက ဘယ်လိုလဲ.."

အပြင်ဘက်က မုဆိုးတွေက သူတိူ့ရဲ့ ဝေစုတွေကို ပြန်ရောင်းလေ့ ရှိကြပါတယ်..။ဒီက လူတွေက အဲလိုနေထိုင်စားသောက်ကြတာပါ..။ဒီအစားအသောက်တွေက..ပစ္စည်းတွေ ၊ ဝန်ဆောင်မူ တွေ ဒါမှမဟုတ် အမြုတေ တွေနဲ့ လဲလှယ်လို့ရပါတယ်..။

နစ်ဖီဟာ စုဝေးနေတဲ့လူတွေဘက်ကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။အားလုံးတိတ်ဆိတ်သွားမှအေးစက်တဲ့ လေသံနဲ့ပြောလိုက်ပါတယ်..။

"ငါတို့ အမဲလိုက် အဖွဲ့က ဘယ်အသားကိုမှ ရောင်းသွားမှာ မဟုတ်ဘူး.."

ဘယ်သူမှ တုန့်ပြန်ဖို့ အချိန်မရခင်မှာပဲ သူမက ဘေးနားကို ရွေ့ကာ အသားပုံကြီးကို ညွှန်ပြပြီး ..ပြောလိုက်တယ်..။

"အဲဒီအစား ငါတို့က အလကားပေးသွားမှာ..."

***

အပြင်ဘက် အိမ်ယာထဲမှာတော့ အကုန်လုံး တိတ်ဆိတ်သွားခဲ့တယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို မျှော်လင့်ချက်တွေနဲ့ လာရောက် ကြည့်ရူကြတဲ့ လူတွေဟာ..အခုတော့ မယုံကြည်မူတွေ ၊ သံသယတွေနဲ့ ကြည့်လာခဲ့ကြပါတယ်..။

အတော်ကြာပြီးကာမှ တစ်စုံတစ်ယောက်က အော်လိုက်တယ်..။

"မင်းတို့က ဘယ်လို လှည့်ကွက်မျိုးကို ကစားချင်နေတာလဲ..။ဒီက လူတွေက ဆာလောင်နေကြတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်..ရှက်သင့်တယ်နော်.."

နစ်ဖီ လက်ပိုက်ထားရင်းကနေ မျက်မှောင်ကျုတ်ပြီး ပြန်ဖြေလိုက်တယ်..။

"ဘာလှည့်စားမူမှ မရှိဘူး..။ဒီမှာရှိနေတဲ့လူတိုင်းက ..စားသောက်ဖို့ အတွက် ဝေစု အသားအနည်းငယ်ကို ရလိမ့်မယ်.."

အစောက သူမကို စွပ်စွဲတဲ့လူငယ်လေးက ရယ်မောလိုက်ပြီး..

"နင်က ဘာလို့ အလကားပေးနေတာလဲ..။ငါတို့ကို အရူးတွေများ ထင်နေတာလား.."

ဆန်နီ လည်း ဒီမေးခွန်းကိုပဲ မေးနေမိတာပါ..။သူကလည်း..နစ်ဖီ ရဲ့ ရူးမိုက်တဲ့ သူတော်ကောင်း အလုပ်ကို မကြာခန ဟာသလုပ်မိပေမယ့် သူမက တကယ် မတုံးအ ဘူးဆိုတာကိုတော့ သိထားပါတယ်..။သူမ လုပ်တဲ့ အရာတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်ဆိုတာက ရှိစမြဲပါ..။ဒီအကြောင်းပြချက်တွေက တစ်ခါတစ်လေ သူ့အတွက်တောင် ရူးမိုက်လွန်းပါတယ်..။

သူမ ဘာတွေလုပ်နေတာလဲ...။

အဲ့အချိန်မှာပဲ နစ်ဖီဟာ အေးစက်တဲ့ အကြည့်တွေနဲ့ စူးစိုက်ကြည့်လိုက်ပြီး..ဒေါသသံတစ်ချို့နဲ့ ပြောလာခဲ့တယ်..။

"...ဘာလို့လဲ..။ငါက လူသားမဟုတ်ဘူးလား..။နင်တို့ရော လူသား မဟုတ်ဘူးလား..။ဒီကျိန်စာသင့် နေရာကြီးမှာ လူသားတစ်ယောက်က တစ်ခြားလူသားတစ်ယောက်ကို ကူညီဖို့အတွက် အကြောင်းပြချက်လိူသေးတာလား..."

သူမရှေ့ကို ခြေတစ်လှမ်းတိုးပြီး..လူအုပ်ကြီးကို ကျောချမ်းစေတဲ့အထိ ကြည့်လိုက်တယ်..။

"ငါက ရှက်ရမှာလား..။မဟုတ်ဘူး ကိုယ့်ကိုကို ဘာလဲဆိုတာ မေ့နေတဲ့ နင်တို့ကသာ ရှက်သင့်တာ..။ငါတို့က လူသားတွေပဲ..တိရစ္ဆာန်တွေ မဟုတ်ဘူး..။အစစ်အမှန် ကမ္ဘာမှာပဲဖြစ်ဖြစ် အိပ်မက်ကမ္ဘာမှာပဲ ဖြစ်ဖြစ် ငါတို့က လူသားတွေပဲ.."

သူမရဲ့ စကားတွေက..အဖြူရောင် ကျောက်တုံးတွေကြားထဲမှာ လေထုနဲ့ရောပြီး ပဲ့တင်ထပ်သွားခဲ့ပါတယ်..။

"တကယ်လို့ ဗိုက်ဆာနေတယ် ဆိုရင် အခုပဲ ရှေ့ကို လာပြီး..အစာကို လာယူကြ.."

နေထိုင်သူတွေဟာ ..တိမ်းညွတ်မသွားခဲ့ကြသေးပေ..။သို့ပေမယ့် သူတို့ရဲ့ ဆာလောင်မူတွေက သူတို့ရဲ့ စိုးရိမ်မူတွေထက် ပိုပြီး သန်မာနေခဲ့တယ်..။မကြာခင်မှာသူတို့ထဲက တစ်ယောက်က ရှေ့ကို ထွက်လာပြီး အသားအပိုင်းအစ တစ်ခုကိုယူကာ နစ်ဖီကို ကြည့်ပြီး အမြန်ပြန်ထွက်သွားခဲ့ပါတယ်..။

တစ်ခြားလူတွေက ဒီလူဘာမှမဖြစ်တာမြင်ပြီး ပိုမို ရဲတင်း လာခဲ့ကြတယ်..။အဝတ်စုတ် တွေကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတွေ ၊ မိန်းမငယ်လေးတွေဟာ မသေမသပ် တန်းစီလိုက်ကြပါတယ်..။ပြီးတာနဲ့ တစ်ယောက်ပြီး တစ်ယောက် ရှေ့ကို တိုးကာ အသားလာယူလိုက်ကြတယ်..။ပြီးတာနဲ့ ပြန်ပြီးတောင်းခံရမှာစိုးရိမ် တာကြောင့် အမြန်ပဲ ထွက်သွားခဲ့ကြပါတယ်..။

ဖြည်းဖြည်းချင်းဆိုသလိုပဲ..သူတို့ရဲ့ မျက်နှာပေါ်မှာ အလင်းရောင် အသစ်က ပေါ်ထွက်လာခဲ့ပါပြီ..။ဒါက နစ်ဖီ သူမရဲ့ နာမည်အစစ်အမှန်ကို ရဲတိုက်ထဲမှာကြေညာတုန်းက ..ကျန်တဲ့လူတွေရဲ့ မျက်လုံးထဲမှာ ပေါ်လာတာ ခံစားချက်အတိုင်းပါပဲ..။

ဒါက မျှော်လင့်ချက်တွေ ၊ ယုံကြည်မူတွေ ပေါက်ဖွားလာတဲ့ အခြေအနေ ပုံစံမျိုးပါ..။

နက်မှောင်နေတဲ့ မျက်နှာအမူအရာနဲ့ ရဲတိုက်ဂိတ်ပေါက်ကနေ သူတို့ကို စောင့်ကြည့်နေတဲ့ သေးငယ်တဲ့ အရိပ်ကို ဆန်နီ တွေ့လိုက်ရတယ်..။

သူတို့အားလုံးက လူသားတွေလို့ နစ်ဖီ ပြောလိုက်တာက မှန်ကန်တဲ့ အရာပါ..။သို့ပေမယ့် သူမ မှားနေတာလည်း ရှိပါသေးတယ်..။

ဘာလို့လဲဆ်ိုတော့ လူသားတွေက သားရဲတွေဖက်ပိုပြီး ဆိုးဝါးလို့ပါ..။

....လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို သူ

လုံးဝ သဘောမကျပေ..။

All Chapters