ပြောင်းလဲမူ လေထု
Vol. 11 Ch. 157
အဲ့နေ့ပြီးကတည်းက အခြေအနေတွေက လျင်လျင်မြန်မြန်ပဲ ရွေ့လျားနေတာကြောင့် ဆန်နီကိုတောင် လမ်းပျောက်စေပါတယ်..။ဒါက လက်ရှိ ပြင်းထန်းတဲ့ အင်အားတစ်ခုက..သူ့ကို အရှေ့ကို ဆွဲခေါ်သွားသလိုပါပဲ..။ဒီအရာကို နှေးကွေးအောင် လုပ်ဖို့ရော..ပြောင်းလဲဖို့ရော သူ့ဆီမှာ အင်အားမရှိပေ..။သူတစ်ခုကို ပြောင်းလဲဖို့လုပ်ရင် နောက်တစ်ခုက ဖြစ်လာပြီး..သူ့ကို အကူညီမဲ့စေပါတယ်..။
ဒါက မကြောက်လန့်ဖို့အတွက် အတော်ခက်ခဲတာပါ..။နောက်ဆုံးတော့ သူက နောက်မှာကျန်ခဲ့ပါပြီ..။
ပထမဆုံးအမဲလိုက်ပြီး..ဝေစုအများစုကို မျှဝေပြီးတဲ့နောက်မှာ နစ်ဖီက သူတို့ကို အမဲလိုက်ဖို့ နောက်ထပ် အကြိမ်အနည်းငယ် ..ခေါ်သွားခဲ့တယ်..။အရာအားလုံးက ချောချောမွေ့မွေ့ မဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ ပြန်လာနိုင်ခဲ့ကြပါတယ်..။အခေါက်တိုင်းမှာလည်း..သူမက အယ်ဖီကို ဝယ်စုပေး ၊ သူတို့စားသောက်ဖို့ အနည်းငယ်ချန်ပြီးတာနဲ့ အကုန်လုံးကို အပြင်ဘက်က လူတွေဆီ ဝေပေးခဲ့တာပါ..။
သူ့တို့ စားဖို့ ဝေစုက အနည်းငယ်ပဲ ရှိတော့တာကြောင့်..တစ်လ တစ်ခါ ၊ နှစ်ခါ အမဲလိုက်ရမယ့် အစား တစ်ရက်ခြားစီ အမဲလိုက်နေခဲ့ရပါတယ်..။သူတို့က ဘာလို့ ဒီလို မလိုလားအပ်တဲ့ စွန့်စားမူတွေကို လုပ်နေရတာလဲ ဆိုတာကို ဆန်နီ နားမလည်နိုင်တော့ပေ..။
ပြောစရာရှိတာက..သူက စွန့်စားမူတွေ သိပ်မလုပ်ရပါဘူး..။နစ်ဖီနဲ့ ကတ်စတာ အကူညီအနည်းငယ် လိုအပ်တဲ့ အချိန်ကျမှ သူက ဝင်ပြီး တိုက်ခိုက်ရတာပါ..။သူက အချိန်အများစုကို အယ်ဖီ ထောက်လှမ်းတာကိုပဲ ကူညီနေရပါတယ်..။
မုဆိုးမိန်းကလေးရဲ့ အသိပညာ တွေနဲ့ သူ့ရဲ့ အရိပ် ပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့ သူတို့က အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ သားရဲကို တွေ့ရတာ အရမ်းကို ရှားပါးပါတယ်..။ဒါက တစ်ခြား မုဆိုးအဖွဲ့တွေထက် စာရင် သူတို့ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုပါ..။ဂန်လောင်ရဲ့ အဖွဲ့တောင် သူတို့ကို မယှဥ်နိုင်လောက်ပါဘူး..။
မကြာခင်မှာပဲ..သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်သတင်းက ကျော်ကြားလာခဲ့တယ်..။သူတို့က လူသစ်တွေနဲ့ လုံးဝ မတူတော့ပါဘူး..။အဲဒီအစား လူတွေက သူတို့က အသန်မာဆုံး အမဲလိုက်သူတွေအဖြစ် မှတ်ယူလာခဲ့ကြပါတယ်..။အများစုက..ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့သူ့ရဲ့ အဖွဲ့တွေက ရဲတိုက်က မုဆိုးတွေထက်တောင် သာလွန်တယ်လို့ မှတ်ယူထားခဲ့ကြပါတယ်..။
နစ်ဖီက ..အန်ဒီကို သတ်ပြီးကတည်းက..အကြောက်လန့် ကင်းတဲ့ တိုက်ခိုက်ရေးသမား အဖြစ်လူသိများနေခဲ့တာပါ..။အယ်ဖီကတော့ ဆင်းရဲသားရပ်ကွက်မှာ အတော်ဆုံး မုဆိုးအဖြစ် အစောကတည်းက သိထားကြပါတယ်..။ရုပ်ရည်ချောမောပြီး စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ကတ်စတာက အလျင်အမြန်ပဲ လူတွေရဲ့ လေးစားမူကို ရရှိလာခဲ့တယ်..။သူ့ရဲ့ ကျွမ်းကျင်မူတွေရော ..အပြုအမူတွေရောက လုံးဝကို အပြစ်ပြောစရာ မရှိပါဘူး..။
သူတို့သုံးယောက်က မုဆိုးအဖွဲ့ရဲ့ အဓိက အဖွဲ့ဝင်တွေ အဖြစ်သုံးသပ်ခံရပြီး..ကတ်စီ နဲ့ ဆန်နီ တို့ကိုတော့..အကူတွေ အဖြစ်သာ သိထားကြတာပါ..။နစ်က အပြင်သွားပြီး အသားတွေ ဝေတဲ့ အခါတိုင်း ကတ်စီကို ခေါ်သွားတာကြောင့် လူတွေက ကတ်စီကိုလည်း ချစ်ခင်ကြပါတယ်..။ပြီးတော့ သူမရဲ့ ချိုသာပြီး လှပတဲ့ ပုံစံက တစ်စုံတစ်ယောက်ကို သဘောမကျစေဖို့ မဖြစ်နိုင်ပါဘူး..။
တစ်ဖက်မှာတော့ ဆန်နီ ကို ဘယ်သူမှ ဂရုမစိုက်ကြပေ..။အနက်ရောင်မြို့တော်ထဲက ဘယ်မွန်းစတားကိုမှ သူက မသတ်တာကြောင့် ..သူ့ကိုဘာမှမဟုတ်တဲ့ အကူ အဖြစ်သာ မှတ်ယူထားခဲ့ကြပါတယ်..။
သူတို့က သူ့ရဲ့ တည်ရှိမူကိုတောင် မမှတ်မိကြပေ..။
ဆန်နီက မထင်မရှားနေရတာကို သဘောကျတယ် ဆိုပေမယ့်လည်း ..အသိအမှတ်ပြုမခံရတဲ့ အတွက် တိတ်တဆိတ် ဒေါသထွက်မိပါတယ်..။သူ ဘယ်လောက်သန်မာ လဲဆိုတာကို ဘယ်သူမှ သတိမထားမိတာက ကောင်းမွန်တဲ့အရာပါ..။ဒါတောင်မှ လူတိုင်းက ကတ်စတာရဲ့ တည်ရှိမူကို သဘောကျ အာရုံစိုက်နေပြီး သူ့ကို လျစ်လျူရူထားတာကို မြင်ပြီး တစ်စုံတစ်ခု ကို ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို သတ်ချင်စိတ်ဖြစ်မိလာပါသေးတယ်..။
အထူးသဖြင့် နစ်ဖီက အချိန်အများစုက ဒီ ခန့်ညားတဲ့ဆက်ခံသူနဲ့ အချိန်ကုန်နေခဲ့လို့ပါပဲ..။သူတို့က အတူတူ ကောင်းမွန်စွာ အလုပ်လုပ်နေကြတာပါ..။
သူ့ရဲ့ စိတ်ထဲကို ဒီလို ခြိမ်းခြောက်မူတွေ ကြီးစိုးလာတဲ့ အချိန်ဆိုရင် ဆန်နီက..အဝေးကို ထွက်သွားပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ သူ့ရဲ့ ကြွက်သားတွေ နာကျင်လာတဲ့ အထိ ကိုယ်ခံပညာ လေ့ကျင့်လေ့ရှိပါတယ်..။ပုံမှန်အားဖြင့်တော့ သန်းခေါင်းယံ အမြုတေကို လေထဲမှာ ဝေ့ယမ်းနေတာက သူ့စိတ်ကို တည်ငြိမ်စေပါတယ်..။သူက ဓားပညာကို နေ့တိုင်း နေ့တိုင်းလေ့ကျင့်နေခဲ့တယ်..။အနည်းဆုံးတော့ ဒါက သူထိန်းချုပ်နိုင်တဲ့ အရာပါပဲ..။
....ဒါပေါ့ ဆန်နီ က လုံးဝ စိတ်သက်သာရာရသွားတာမျိုးတော့ မရှိပေ..။သူက တစ်နေ့ထက် တစ်နေ့ ပိုပို စိတ်ပူလာခဲ့တာပါ..။
ဘာလို့လဲဆိုတော့ တစ်ခြားအရာတွေလည်း ပြောင်းလဲလာခဲ့လို့ပါပဲ..။
အမဲလိုက်ပြီးတိုင်းမှာ..ပြောင်းလဲနေတဲ့ကြယ်ပွင့်က နေထိုင်သူတွေကို အစားအသောက်ပေးပါတယ်..။အစကတော့ ဒီလူတွေက သူမကို ကျေးဇူးတင်မူတွေ နဲ့သာ ဆက်ဆံပေမယ့် နောက်ပိုင်းမှာတော့ ရိုသေကျိုးနွံမူတွေပါ ရှိလာခဲ့တယ်..။ပထမဆုံးနေ့က သူတို့ မျက်လုံးထဲမှာတွေ့ခဲ့တဲ့ အလင်းရောင်က ပိုပိုပြီး တောက်ပလာခဲ့ပါပြီ..။
တစ်ချို့လူတွေက ..သူမကို နတ်သမီး အဖြစ်တင်စားပြီး သူတော်စင် နစ်ဖီ လို့တောင် ခေါ်ဝေါ်လာခဲ့ကြတယ်..။သို့ပေမယ့် ဆန်နီကတော့ ဒီစကားလုံးတွေကရိုးဖြောင့်မူ မရှိဘူးလို့ ခံစားနေခဲ့ရပါတယ်..။
ဒီ စကားလုံးတွေက အရမ်းကို အန္တရာယ်များတာပါ..။လူတွေ အများကြီးက နစ်ဖီကို ကယ်တင်ရှင်လို့ သတ်မှတ်လေလေ ..ဂန်လောင်တုန့်ပြန်ဖို့ နီးကပ်လာလေလေပါပဲ..။သမိုင်းကြောင်းအရဆိုရင်လည်း ဘုရင်တွေက..ကယ်တင်ရှင်တွေကို ဘယ်တော့မှ သက်ညှာမပေးခဲ့ပါဘူး..။
ဒီအရာတွေ ထဲမှာမှ တူညီတဲ့မေးခွန်းက ဆန်နီ ဆီကို ဆက်တိုက်ရောက်လာနေခဲ့တယ်..။
ဒါတွေ အကုန်လုံးက မတော်တဆလား ဒါမှမဟုတ် နစ်ဖီက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား..။
အချိန်တွေ ကုန်လာတာနဲ့ အမျှ လူတွေ အများကြီးက သူတို့ အဖွဲ့ကို လာရောက်ပူးပေါင်းလာခဲ့တယ်..။သူတို့က မုဆိုးတွေ မဟုတ်ကြပဲ..အပြင်ဘက်ကနေ လာပူးပေါင်းကြတဲ့ လူငယ်လေးတွေပါ..။သူတို့က အမဲလိုက်ကနေ ပြန်ရလာတဲ့ အသားတွေကို စနစ်တကျ ကိုင်တွယ်ကြပြီး ကတ်စီ အသားတဲ့အခါမှာကူညီပေးတာတွေ၊ တစ်ခြား အသုံးဝင်မယ့် အရာတွေကို ကူလုပ်ပေးကြပါတယ်..။
မကြာခင်မှာပဲ..အိမ်ငယ်လေးထဲမှာ သူတို့တွေနဲ့ပဲ ပြည့်နေခဲ့တယ်..။သူတို့ရဲ့ နာမည်တွေကိုတောင် ဆန်နီ မသိတော့ပါဘူး..။ဒါက နေ့ရက်တိုင်းမှာ လူသစ်တွေ ထပ်ထပ် ရောက်လာသလိုတောင် ဖြစ်နေခဲ့တာပါ..။ပိုပြီး ဆိုးတာက ဒီလူတွေက သူ ဘယ်သူလဲ ဆိုတာကို မသိကြပေ..။တစ်ခါ မဟုတ် နှစ်ခါမဟုတ် သူတို့က ရင်းနှီးတဲ့ အပြုံးတွေနဲ့ လာမေးလေ့ရှိကြပါတယ်..။
"မင်းက လူသစ်လား.."
...ဒါပေါ့ ဒီခွေးသားတွေက ကတ်စီကိုတော့ ဘယ်တော့မှ ဒါမျိုး သွားမမေးကြပါဘူး..။
ဆန်နီဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်အိမ်မှာ တစ်စိမ်းတစ်ယောက်လို ဖြစ်လာတာကို ခံစားလာခဲ့ရတယ်..။ဒီ ခံစားချက်က ခံစားလို့ မကောင်းလှပါဘူး..။ယုံကြည်မူနည်းပါးလာစေ တာကိုတော့ ပြောစရာတောင် မလီုတော့ပေ..။
ပိုပြီးဆိုးတာက ဒီလူသစ်တွေက သူ့ကို တကယ်ပဲ သက်သောင့်သက်သာ မဖြစ်စေအောင် လုပ်ကြပါတယ်..။သူတို့က ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကူညီပေးနေကြတာလား..၊ နောက်လိုက်တွေလား ဆိုတာကိုလည်း သူ မသိတော့ပေ..။
သူတို့က သစ္စာရှိမှာလား သစ္စာဖောက်မှာလား...။
...တစ်ညမှာတော့..ကတ်စီရဲ့ လှုပ်နှိုးမူကြောင့် သူ ရုတ်တရက် နိုးလာခဲ့တယ်..။မျက်မမြင် မိန်းကလေးကတော့ တီးတိုးပြောနေခဲ့ပါတယ်..။
"ဆန်နီ ထတော့..."
ခနကြာပြီးတဲ့ နောက်မှာတော့ သူ က မတ်တတ်ထရပ်ပြီး သန်းခေါင်ယံ အမြုတေကို ထုတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။အပြင်ဘက်ကနေ လာနေတဲ့ အလင်းရောင်ကြောင့် နစ်ဖီလည်း နိုးနေပြီ ဆိုတာကို ပြောပြနေခဲ့ပါတယ်..။
ဂန်လောင်လား...တစ်ယောက်ယောက် သစ္စဖောက်တာလာ...။
"ဘာဖြစ်လို့လဲ.."
ကတ်စီက ဖယောင်းတိုင်ကို လက်နဲ့ ကာထားပြီး စ်ိုး
ရိမ်စွာပြောလိုက်တယ်..။
"တစ်ခုခု..တစ်ခုခု လမ်းမကနေ လာနေတယ်..။ငါ အဲတာကို အိပ်မက်မက်တယ်.."
"အိပ်မက်ဆိုး သားရဲတစ်ကောင်လား..'
ဘာလုပ်ရမလဲ ဆိုတာကို သိနေတာကြောင့် ဆန်နီ ခေါင်းညိမ့်ပြလိုက်ပြီး သူမရဲ့ ပုခုံးကို ညှစ်ပြီး နှစ်သိမ့်ကာ နစ်ဖီ ဆီကို လျောက်သွားလိုက်တယ်..။
သူတို့ရဲ့ အိမ်ငယ်လေးက..ရပ်ကွက်ရဲ့ အစွန်ဘက်..ဝင်ပေါက်လမ်းရဲ့ဘေးနားမှာ ရှိနေတာကြောင့် ရွေးချယ်စရာ မရှိပဲ တိုက်ခိုက်ကြရပါလိမ့်မယ်..။
အဲဒီညက သူတို့သုံးယောက်ဖြစ်တဲ့ ..နစ်ဖီ ၊ ဆန်နီ နဲ့ ကတ်စတာ တို့သာ ရှိနေခဲ့တယ်..။အပေါ်ကို တက်လာနေတဲ့ နတ်ဆိုးကို သူတို့က ဆီးကြိုတိုက်ခိုက်ပြီး ရပ်ကွက်ဆီကို မလာနိုငိအောင် ထားဆီးထားခဲ့ပါတယ်..။
မနက်ခင်း လူတွေနိုးလာတဲ့ အချိန်မှာတော့ သူတို့က အဖြူရောင်ကျောက်တုံးတွေပေါ်က လက်သည်းရာတွေ ၊ လူသားသွေး နဲ့ မွန်းစတားသွေးတွေကို တွေ့လိုက်ရတယိ..။
သူတို့က ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပင်ပင်ပန်းပန်း ဓားကို မှီနေတာလည်း တွေ့လိုက်ရပါတယ်..။
အိမ်ငယ်ရဲ့ နံရံကို မှီပြီးထိုင်နေတဲ့ ဆန်နီဟာ လည်း အသက်ကို ပြင်းပြင်းရူပြီး သူမကို ကြည့်နေခဲ့တယ်..။
..ဂန်လောင်ကို ဘာလို့ အနိုင်ယူလိူ့ မရတာလဲဆိုတာကို သူ နစ်ဖီကို ပြောပြတဲ့ အချိန်မှာ ..သူက ဒီနေရာက အသက်နဲ့ပတ်သက်တဲ့ ရူ့ထောင့်တွေ အားလုံးက သူ့ရဲ့ ထိန်းချုပ်မူအောက်မှာ ရှိနေလို့လို့ ပြောခဲ့ပါတယ်..။ဒါတွေက အစားအသောက် ၊ လုံခြုံမူ ၊ မျှော်လင့်ချက် ၊ ကြောက်ရွံ့မူနဲ့ သူ့ရဲ့ ခွန်အားတွေပါ..။
အခု ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူတို့က အစားအသောက် ပေးထားသလို ၊ အပြင်ဘက် အိပ်ယာတွေကိုလည်း အကာအကွယ်ပေးထားပါသေးတယ်..။သူမက မျှော်လင့်ချက်ကိုတောင် ပေးထားခဲ့တာပါ..။
နစ်ဖီက ရဲတိုက်ထဲက လမ်းပြကို သတ်လိုက်ပြီးကတည်းက သူတို့ရဲ့ ရင်ထဲမှာ နစ်ဖီကို ကြောက်ရွံ့မူတွေ ရှိနေကြပါတယ်..။
ကျန်ရှိနေတာဆိုလို့ ခွန်အားပါပဲ..။
နောက်ဆုံးတော့ သူ့စိတ်ထဲမှာလေးလံ နေတဲ့ မေးခွန်းရဲ့ အဖြေကိုရသွားခဲ့တယ်..။
အရာအားလုံးက တိုက်ဆိုင်မူ မဟုတ်ပါဘူး..။အပြင်ဘက် အိပ်ယာက အဆောက်အဦး ရွေးတာကနေ စတင်ပြီး ..အစားအသောက်ဝေတာတွေ အားလုံးက နစ်ဖီရဲ့ ထူးဆန်းတဲ့ အစီစဥ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ..။သူမဘာလုပ်နေလဲ ဆ်ိုတာကို သူမ ကောင်းကောင်းသိပါတယ်..။
ဒါပေမဲ့ သူမ ဘာလို့ ဒါတွေလုပ်နေတာလဲ..။သူမရဲ့ နောက်ဆုံးရည်ရွယ်ချက်က ဘာလဲ...။
မသက်မသာနဲ့ပဲ ဆန်နီဟာ နစ်ဖီကို စိူက်ကြည့်လိုက်ပြီး အနာဂတ် မှာ ဖြစ်လာမယ့် အရာတွေကို စိတ်ဝင်စား နေခဲ့ပါတယ်..။