အံ့ဩဖွယ်ရာ တွေ့ရှိချက်
Vol. 11 Ch. 159
သူ့စိတ်ထဲ စနိုးစနောင့် ဖြစ်နေပေမယ့်..ဒီ အမဲလိုက်မူက အရာအားလုံးကို ပြောင်းလဲစေခဲ့လိမ့်မယ်လို့ ဆန်နီ လုံးဝ မထင်ထားခဲ့ပေ...။သူက အောက်ကို ဆင်းသွားလိုက်ပြီး..ထွက်ခွာဖို့ ပြင်ဆင်လိုက်တယ်..။သို့ပေမယ့် ထူးဆန်းစွာပဲ မုဆိုးအများကြီးရှိနေတာကြောင့် စိတ်ချသလို ခံစားလိုက်ရပါတယ်..။
ပုံမှန်မဟုတ်တဲ့ မုဆိုးအဖွဲ့က နေ့လည်အချိန်မှာ စတင်ပြီး ထွက်ခွာလာခဲ့ကြတယ်..။သူတို့အားလုံးပေါင်းဆိုရင် အယောက် ၂၀ ဝန်းကျင်လောက်ရှိပြီး ..ကျဥ်းမြောင်းတဲ့ လမ်းတွေ ကြားထဲမှာ ဂရုတစိုက်သွားလာနေခဲ့ကြတာပါ..။အယ်ဖီကတော့ လမ်းပြခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး ဆန်နီက သူမကို ကူညီပြီး ရှေ့ကို ကူကြည့်ပေးနေခဲ့တယ်..။
ဒီ အစီစဥ်က တည့်တိုးဆန်ပြီး ရှင်းလင်းပါတယ်..။သ်ို့ပေမယ့် အိပ်မက်ကမ္ဘာထဲမှာ ဘယ်အရာကမှ လုံခြုံတယ်ဆိုတာ မရှိပေ..။လူတိုင်းက အဆိုးဆုံးကို ကြိုတင်ပြင်ဆင်ထားကြရတာပါ..။
ပြီးတော့ မကြာခင်မှာပဲ သူတို့ရဲ့ ကြောက်လန့်မူက ရောက်လာခဲ့တယ်..။
.
သူတို့ရဲ့ ပန်းတိုင်ကို မရောက်ခင်မှာပဲ..ရုတ်တရက် အသံတစ်ခုက အယ်ဖီကို အေးခဲသွားစေခဲ့တယ်..။သူမက အားလုံးကို ရပ်တန့်ဖို့ အချက်ပြလိုင်ပြီး သုန်မုန်တဲ့ မျက်နှာ အမူအရာနဲ့မြူထဲကို စိုက်ကြည့်နေခဲ့ပါတယ်..။တစ်ခုခု ဆိုးဝါးတာ ဖြစ်တော့မှာကို ခံစားမိတာကြောင့် ဆန်နီဟာ သူ့အရိပ်ကို ပြန်ခေါ်လိုက်ပြီး ကတ်စီ အနားကို တိုးသွားလိုက်တယ်..။သူ့ရဲ့လက်ကတော့ လေထဲမှာပေါ်လာတဲ့ သန်းခေါင်ယံ အမြုတေကို ကိုင်ထားဖို့ အဆင်သင့်ပြင်ထားခဲ့ပါတယ်..။
အချိန်ခနလောက် အရာရာတိုင်းက တိတ်ဆိတ်သွားခဲ့တယ်..။ပြီးတာနဲ့ အယ်ဖီက ရုတ်တရက် မျက်လုံးပြူးကျယ်သွားခဲ့ပြီး..
"လူစုခွဲကြ..."
သူမရဲ့ စကားအသံထွက်လာတာနဲ့..အတွေ့ကြုံရှိတဲ့ မုဆိုးတွေက နေရာအနှံ့ကို ခွဲထွက်သွားလိုက်ကြပါတယ်..။ဆန်နီဟာ ကတ်စီရဲ့လက်မောင်းကို ဆွဲလိုက်ပြီး ဘေးကို တရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်..။
ယင်းနောက် ကြီးမားတဲ့ အရာကြီးတစ်ခုက သူတို့အစောက ရပ်နေတဲ့ ကျောက်တုံးပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်..။ကံကောင်းချင်တော့ အယ်ဖီက အချိန်ကိုက် သတိပေးထားခဲ့တာကြောင့်..အများစုက တစ်ခြားနေရာကို ရောက်နေခဲ့ပါပြီ..။
သို့ပေမယ့်..လူတစ်ချို့က တုန့်ပြန်ဖို့နောက်ကျနေခဲ့တယ်..။သူတို့ရဲ့ အော်သံတွေက အရိုးကွဲကြေတဲ့ အသံတွေကြားထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်..။
ဆန်နီ ကျိန်ဆဲလိုက်တယ်..။
သူ့အရိပ်က အနားမှာ မရှိသေးတာကြောင့် ရွေးချယ်စရာ မရှိပဲ ဒီအတိုင်းပဲ တိုက်ခိုက်ရတော့မှာပါ..။သူဟသန်းခေါင်ယံ အမြုတေကို ထုတ်ယူလိုက်တယ်..။
တစိဖက်မှာတော့ လမ်းအလယ်က ကျောက်တုံးပေါ်မှာ ကြီးမားတဲ့သားရဲကြီးရောက်နေခဲ့ပါပြီ..။သူ့ရဲ့ အနက်ရောင် အမွေးတွေပေါ်မှာတော့ မုဆိုးတွေရဲ့ သွေးတွေက စွန်းပေနေခဲ့တယ်..။သူ့ရဲ့ ကြောက်စရာ နှုတ်သီးကြီးက ပွင့်နေပြီး..တက်ရှတဲ့သွားတွေကို မြင်နေခဲ့ရတယိ..။
ဆူးချွန် ဆတ်သား သားရဲ..။
ဆန်နီ ကြည့်နေတုန်းမှာပဲ..ဒီသားရဲကြီးရဲ့ ရှည်လျားတဲ့ အနီရောင်လျာကြီးက သူ့ခန္တာကိုယ်ပေါ်က သွေးတွေကို လျက်လိုက်တယ်..။
' လှုပိရှားတော့...'
ဆန်နီ ဓားကို ကျစ်နေအောင် ဆုပ်ထားရင်း သူ့အသက်အတွက် ..တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်..။
သူနဲ့ ကတ်စီ ရဲ့အသက်အတွက်ပါ..။
ပြီးတဲ့နောက်မှာတော့ အရာရာတိုင်းက အလျင်အမြန်ဖြစ်သွားခဲ့ပြီး..အဆုံးမရှိကြာသလိုလည်း ခံစားနေရပြန်ပါတယ်..။သူတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိနေခဲ့တယ် ။ဒါက..အဖွဲ့ငယ်လေးတွေ အဖြစ်စုဝေးပြီး အပျက်အဆီးတွေကြားထဲကို နောက်ဆုတ်မလား..ဒီနေရာမှာပဲ တိုက်ခိုက်ပြီး သားရဲကို မောင်းထုတ်မလားဆိုတာပါ..။ဆွေးနွေးနေစရာတောင်မလိုပဲ လူတိုင်းက ဒုတိယရွေးချယ်စရာကိုသာ ရွေးချယ်လိုက်ကြတယ်..။
ဘယ်လောက်ပဲ အန္တရာယ်များပါစေ..ရင်းနှီးတဲ့ ရန်သူက..မသိရသေးတဲ့ ရန်သူထက် ပိုပြီး ကောင်းမွန်ပါတယ်..။သူတို့နောက်ဆုတ်သွားရင် ဘယ်လို ရန်သူနဲ့ တွေ့မလဲ မပြောနိုင်ပါဘူး..။
ရှင်ကျန်နေတဲ့ မုဆိုးတွေဟာ..သားရဲကြီးကို ရှိသမျှ ခွန်အား အကုန်လုံးနဲ့ တိုက်ခိုက်နေခဲ့တယ်..။သူတို့ရဲ့ မှတ်သားမူ တွေကသားရဲကြီးရဲ့ အရည်ပြားကို ထိုးဖောက်ဖို့ အခွင့်အရေး မရှိပေမယ့် တိုက်ခိုက်မူ တစ်ခုချင်းစီတိုင်းက နာကျင်စေနေတုန်းပါ..။အကာအကွယ်တွေကို ထိုးဖောက်ပြီး ထိစေနိုင်တဲ့ စွမ်းရည် ရှိတဲ့လူတွေကလည်း သားရဲကြီး မခံနိုင်အောင် အစွမ်းကုန် တိုက်ခိုက်နေခဲ့တယ်..။
ဒါပေါ့ အိပ်စက်သူတွေရဲ့ ဘယ်စွမ်းရည်ကမှ ကျရှုံးမူ အဆင့် သားရဲကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့် သူတို့ရဲ့ တိုက်ခိုက်မူတွေသား လုံလောက်အောင် ကြမ်းတမ်းရင် ဒီသားရဲကြီး ဆုတ်ခွာသွားပြီး လွယ်ကူတဲ့ သားကောင်ကို ရှာဖို့ ဆုတောင်းနိုင်မှာပါ..။
သို့ပေမယ့် ဒီသားရဲကိုပဲ ဒေါသထွက်အောင် လုပ်မိရင်တော့ သူတို့ အများစုက သေရမှာပါပဲ..။ဒီအဆင့် သားရဲမျိုးတွေနဲ့ တိုက်ခိုက်ရတာက လောင်းကစားလုပ်နေရသလိုပါပဲ..။
စက္ကန့်အနည်းငယ် ကြာတဲ့အထိ အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိနိုင်ခဲ့ပေ..။သားရဲကြီးက သူတို့ရဲ့ တိုကိခိုက်မူတွေကို အေးအေးဆေးဆေး ကာကွယ်ပြီး ပြန်တိုက်ခိုက်နေနိုင်ပါတယ်..။သူ့ရဲ့ ဆူးချွန်တစ်ခုက မုဆိုးတစ်ယောက်ရဲ့ အကာအကွယ်ကို ထိုးဖောက်ဝင်သွားပြီး..နောက်တစ်ယောက် ကို ခြေသည်းတွေနဲ့ တစ်စစီ ခြေမွဖို့ လုပ်လိုက်တယ်..။သ်ို့ပေမယ့် ကတ်စတာ ရဲ့လျင်မြန်တဲ့ အရှိန်ကြောင့် ကယ်တင်နိုင်ခဲ့ပါတယ်..။
ဆန်နီကတော့ အနောက်မှာ ကတ်စီကို ကာကွယ်ရင်း..သူ့အရိပ်ပြန်လာတာကို စောင့်နေခဲ့တယ်..။ဒါမှ ဒီသားရဲကြီးတိုက်ခိုက်တာကို ခံနိုင်ဖို့ အခွင့်အရေး ရှိမှာပါ..။
....သို့ပေမယ့် အဆုံးမှာတော့ အယ်ဖီက ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်..။
သူမက လက်နက်ကို ထုတ်ယူပြီး ရှေ့ကို တက်သွားခဲ့တာပါ..။ဆန်နီဟာ သူမရဲ့ အရည်ပြားအောက်က ကြွက်သားတွေ အမြောင်းလိုက်ကို မြင်နေခဲ့ရတယ်..။သူမ ပြေးလွှားနေတဲ့ အချိန်မှာ ခန္တာကိုယ်တစ်ခုလုံး ခွန်အားတွေ ပေါက်ကွဲထွက်လာသလိုပါပဲ..။သူမ တိုက်ခိုက်လိုက်တဲ့ ခွန်အားက တောင်တစ်လုံး ပေါက်ကွဲ ထွက်လာဖို့တောင် လုံလောက်ပါတယ်..။
သူမ လက်နက်ရဲ့ ထိပ်ဖျားက သားရဲရဲ့ ရင်ဘတ်ကို ထိုးဖောက်နိုင်ခဲ့ပြီး သွေးတွေ တလဟော စီးဆင်းလာခဲ့တယ်..။သားရဲကြီးဟာ အော်ဟစ်လိုက်ပြီး မုဆိုးမိန်းကလေးကို လက်သည်းနဲ့ပြင်းထန်စွာ ပြန်ကုတ်လိုက်တယ်..။
အယ်ဖီ ရဲ့ ဘယ်ဘက်လက်မှာ ကြီးမားတဲ့ ဒိုင်းကာကြီးပေါ်လာခဲ့ပါတယ်..။သူမရဲ့ ဖိနပ်တွေကို မြေကြီးထဲကို နစ်ဝင်အောင်လုပ်ပြီး ကြမ်းတမ်းတဲ့ ရိုက်ချက်ကို ခုခံဖို့ကြိုးစားလိုက်တယ်..။သူမ ခြေထောက်အောက်က ကျောက်တုံးက အက်ကွဲသွားခဲ့ပေမယ့် မုဆိုးမိန်းကလေးကတော့ နေရာမှာ ရပ်နေနိုင်တုန်းပါပဲ..။
သူမ သွေးတစ်ဗွက်အန်လိုက်ပြီး..ရူးသွပ်စွာပြုံးကာ သူမရဲ့ လက်နက်ကို လှည့်ပြီး သားရဲကို ဒဏ်ရာ ပိုပြင်းထန်အောင်လုပ်လိုက်တယ်..။
ကျရှုံးမူ အဆင့်သားရဲကတော့ ဒီလို ပုရွတ်ဆ်ိတ် ဆီက ပြင်းထန်တဲ့ ခုခံစွမ်းအားတွေ ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တဲ့ပုံပါပဲ..။ပြင်းထန်တဲ့ နာကျင်မူတွေ အတွက်တော့ ပြောစရာတောင်မလိုတော့ပေ..။ယင်းနောက် သူက တောင်ပံတွေကို ခတ်လိုက်ပြီး..ဘေးနားက မုဆိုးတွေကို နောက်ကို လွင့်စင်စေကာ..သေဆုံးနေတဲ့ မုဆိုးအလောင်းတွေကိုသာ ကောက်ပြီးပျံသန်းသွားခဲ့ပါတယ်..။
မကြာခင်မှာတော့ ဒီသားရဲကြီးရဲ့ အရိပ်ကို ကောင်းကင်မှာ အစက်အပျောက်အဖြစ်သာ မြင်နေရတော့တယ်..။နောက်မှာကျန်နေခဲ့တာကတော့...သွေးစီးကြောင်းတွေ ၊ ကျောက်တုံးအပိုင်းအစတွေ နဲ့ ညဥ်းတွားနေတဲ့ လူသားတွေပါ..။
တစ်နည်းအားဖြင့် သူတို့ ရှင်သန်နိုင်ခဲ့ပါပြီ...ကောင်းပြီ..သူတို့ထဲက အများစုပါ..။
အယ်ဖီဟာ သူမရဲ့ ဒိုင်းကာကို ပြန်သိမ်းလိုက်ပြီး အောက်ကို ကြည့်လိုက်တယ်..။
"ချီးပဲ..ငါ့လက် ကျိုးပြီးထင်တယ်.."
မုဆိုးမိန်းကလေးဟာ..ပါးစပ်မှာသွေးတွေနဲ့အတူ ရယ်မောလိုက်ပြီး သူမရဲ့လက်နက်ပေါ်ကို ပင်ပန်းစွာ မှီနေလိုက်တယ်..။
ဆန်နီ သူမကို ချီးကျူးစကားပြောချင်ပေမယ့် စိတ်ထဲမှာ တစ်ခုခုကို ပြန်မှတ်မ်ိလ်ိုက်ပါတယ်..။
ရုတ်တရက် အယ်ဖီရဲ့လက်နက်ကိုကြည့်ပြီး သူ အေးစက်သွားခဲ့တယ်..။သူမ တိုက်ခိုက်တာ တစ်ခါမှ မမြင်ဖူးတာကြောင့် ဆန်နီ သူမရဲ့ မှတ်သားမူကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပါ..။
ဒါက လှံတစ်ချောင်းပဲ..။ကြေးနဲ့ ပြုလုပ်ထားတဲ့ လှပတဲ့ ရှေးဟောင်း လှံတစ်ချောင်း..။
သူ့ စိတ်ထဲမှာတော့ အချက်အလက် အပိုင်းအစတွေ စုဝေးလာခဲ့ပါပြီ..။
ပြီးတာနဲ့ အကုန် ပေါက်ကွဲထွက်လာခဲ့တယ်..။
...ဒါမှမဟုတ် အနည်းဆုံး အဲလိုခံစားလိုက်ရတာပါ..။
ဘာလို့လဲဆိုတော့ ဆန်နီ နောက်ဆုံးတော့ အနာဂတ်ကို နားလည်သွားခဲ့လို့ ပါပဲ..။