မမြင်ရတဲ့ သူ
Vol. 11 Ch. 158
အပြင်ဘက် အိမ်ယာ မှာတစ်လလောက်နေပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ ဒီကမ္ဘာကြီးက သူနဲ့ ဘယ်နေရာမှာမှ မသက်ဆိုငိသလိုပဲ နိုးထလာခဲ့တယ်..။တူညီရင်းနှီးတဲ့ ခံစားချက်က သူ့ဘဝရဲ့ အချိန်တော်တော်များများမှာ ရှိနေခဲ့တာပါ..။အခုတော့ အချိန်အတော်ကြာအောင် ပျောက်ကွယ်ပြီးကာမှ သူ့ဆီကို ပြန်ရောက်လာခဲ့ပါပြီ..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူက ကျဥ်းမြောင်းတဲ့ အိပ်ယာပေါ်ကနေ ထကာ..ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ဝတ်ဆင်လိုက်ပါတယ်..။ကျောက်တုံး အိမ်ငယ်လေးကတော့ ဆူညံသံတွေနဲ့ ပြည့်နေခဲ့တယ်..။မနက်စာ ကနေ ထွက်လာတဲ့ ရနံ့က မွှေးပျံ့နေခဲ့ပါပြီ..။
သူ့ အခန်းထဲကနေ ထွက်လာလိုက်တာနဲ့ နစ်ဖီ ရဲ့ အကူတွေက ဟိိုဟိုဒီဒီ အလုပ်ရှုပ်နေကြတာကို တွေ့လိုက်ရတယ်..။သူတို့ထဲက တစ်ချို့ကတော့ သူ့ကို နှုတ်ဆက်ကြပြီး တစ်ချို့က မနှုတ်ဆက်ကြပါဘူး..။သူလည်း ဒီလူတွေကို ဂရုမစိုက်တော့ပဲ..အပြင်ကို ထွက်ပြီး မျက်နှာသစ်ကာ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်တယ်..။
မေ့ပျောက်ကုန်းမြေရဲ့ အညိုရောင် ကောင်းကင်ကြီးကတော့ ခါတိုင်းပုံစံမျိုးပဲ ရှိနေဆဲပါ..။ဒီငရဲလို နေရာမျိုးကို ဘယ်လိုအရာကမှ ပြောင်းလဲ မပေးနိုင်ပါဘူး..။
သူ ပြန်လှည့်လာတဲ့ အချိန်မှာတော့ ရင်းနီးတဲ့ ပုံရိပ်တစ်ခုက အိမ်ငယ်လေးရဲ့ တံခါးနားမှာ ရပ်နေတာကို သူတွေ့လိုက်ရပါတယ်..။
သူ ပြန်တွေးကြည့်လိုက်တဲ့ အချိန်မှာတော့..ဒါက ကြောက်လန့်နေပုံရတဲ့ ရဲတိုက်က ဧည့်ကြိုလေးဆိုတာကို မှတ်မိလိုက်တယ်..။သူ့ရဲ့ အဝတ်အစားကတော့ မသပ်မရပ်ဖြစ်နေပြီး ခါတိုင်းထက် ပို ပိန်ပါးနေခဲ့တာပါ..။
လူငယ်လေးကြည့်ရတာ ကောင်းမွန်တဲ့နေ့ရက်တွေ ကုန်ဆုံးသွားပုံပါပဲ..။
'သူက ဒီမှာ ဘာလုပ်နေတာလဲ..'
အနားကို ကပ်လာပြီး ဆန်နီ လူငယ်လေးကို မေးလိုက်တယ်..။
"အာ...ဟတ်ပါ ဟုတ်တယ်မလား..။မင်း ဒီကို ဘယ်လိုရောက်နေတာလဲ..."
ဟတ်ပါ ဟာ သူ့ကို စိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်တယ်..။
"အိုး..ဆန်းလပ်စ်...ဒါက ..အာ...တွေ့ရတာ ဝမ်းသာပါတယ်..."
ဆန်နီသူ့ကို အတော်ကြာအောင် ကြည့်နေပြီးကာမှ မေးလိုက်တယ်..။
"သူတို့က မင်းကို ရဲတိုက်ကနေ နှင်ထုတ်လိုက်တာလား.."
ဟတ်ပါရဲ့ မျက်နှာက မှိုင်ကျသွားခဲ့ပါတယ်..။သူ အောက်ကို ငုံ့ကာ တိတ်ဆိတ်နေပြီးကာမှ တီးတိုးပြောလာခဲ့တယ်..။
"ငါက အခကြေးငွေ ထပ်ပြီးမပေးနိုင်တော့ဘူးလေ..။ဒီတော့..ဟုတ်တယ်...သူတို့ ကန်ထုတ်လိုက်တယ်လို့ ထင်တာပဲ.."
ယင်းနောက် သူတွေဝေစွာကြည့်လိုက်ပြီး အားနည်းတဲ့ အသံနဲ့ ပြောလာခဲ့တယ်..။
"ငါ...ငါကြားတာတော့ ဒီမှာ အစားအသောက်တွေ ပေးတယ်တဲ့..."
ဆန်နီ သူ့ကို နှစ်သိမ့်စွာ ပြုံးပြလိုက်ပြီး..
"သေချာတာပေါ့..။ပုံမှန်အားဖြင့် ငါတို့က အမဲလိုက်ပြီးတိုင်း အသားတွေကိုဝေလေ့ ရှိတယ်..။ဒါပေမဲ့ မင်းက အခု ဗိုက်ဆာနေတာဆိုရင် ငါတို့ တစ်ခုခု လုပ်ပေးလို့ ရတယ်လေ..။ဒီတိုင်း.. ဟို မိန်းကလေး..အာ ..ဆံပင်အနီရောင် နဲ့ တစ်ယောက်ကိုသာ ပြောလိုက်..။သူမက မနက်စာတွေကို စီစဥ်ပေးတာ... အဲလို ထင်တာပဲ..."
ဟတ်ပါ ပြုံးလိုက်တယ်..။အားနည်းတဲ့ မျှော်လင့်ချက်လေးက သူ့ မျက်လုံးတွေထဲမှာပေါ်လာခဲ့ပါတယ်..။
"တကယ်လား..သူတို့က ငါ့ကို အခမဲ့ပေးမှာလား.."
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
"ဘာလို့ မပေးရမှာလဲ..။အခု ငါတို့မှာ အစားအသေုက် လုံလုံလောက်လောက် ရှိတယ်..။အဲဒီ ယောက်ျားလေးတွေ ၊ မိန်းကလေးတွေက ..ဒီမှာအမြဲတမ်းရှိနေကြတာ..။သူတို့က ဧည်သည်တွေ လို...ထားလိုက် ဒါက အရေးမကြီးဘူး..။သူတို့က ကျေးဇူးတင်လို့ ငါတို့ကို ကူညီပေးနေကြတာ..အဲလို ထင်တာပဲ..။မင်း အလကားစားရတာ စိတ်မကောင်းဖြစ်နေရင်လည်း တစ်ခုခု လိုအပ်တာ ကူလုပ်လိုက်လေ..။ဒါက ရဲတိုက် မဟုတ်ပေမယ့် ဒီမှာနေရတဲ့ဘဝကလည်း မဆိုးပါဘူး.."
လူငယ်လေးကို အထဲကို ခေါ်သွားပြီး မီးဖိုဆီကို လမ်းပြပေးကာ ဆန်နီ သက်ပြင်းချလိုက်တယ်..။
ရဲတိုက်ထဲက လူတွေတောင်မှ သူတို့ဆီကို ရောက်လာနေကြပါပြီ..။တကယ်လို့ ဒီတိုင်းသာ ဆက်ဖြစ်နေမယ် ဆိုရင် သူ့ရဲ့ အခန်းကိုလည်း တစိမ်းတွေနဲ့ မျှပြီးသုံးရပါတော့မယ်..။ဘယ်လိုဟာသလဲ..။
ခန်းမ ထဲကို ဝင်သွားလိုက်တဲ့ အချိန်မှာတော့ နစ်ဖီ နဲ့ ကတ်စတာ တို့က နောက်လာမယ့် အခေါက် အမဲလိုက်ဖို့အတွက် ဆွေးနွေးနေခဲ့ကြတယ်..။ဒီမနက်ခင်းမှာတော့ တစ်ခြားမုဆိုးအဖွဲ့တွေက မုဆိုးတွေပါ သူတို့ကို ဝန်းရံထားခဲ့ပါတယ်..။သူတို့အဖွဲ့က ကြီးကြီးမားမား အမဲလိုက်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး အဲဒီနေ့က ဒီနေ့ပါပဲ..။
'သူတို့က...ငါမပါပဲ အစီစဥ် ဆွဲနေကြတာလား.."
သူ့ရဲ့ မကျေနပ်မူကို ဖုံးကွယ်ရင်း ဆန်နီ မုဆိုးတွေဆီကို လျောက်သွားကာ နှုတ်ဆက်လိုက်တယ်..။ကတ်စတာက ပြုံးပြခဲ့ပြီး နစ်ဖီကတော့ ခေါင်းသာ ညိမ့်ပြခဲ့ပါတယ်..။တစ်ခြားမုဆိုးတွေက သူ့ကို တစ်ချက်သာကြည့်လိုက်ကြပြီး သိပ်အလေးမထားကြပေ..။
'အရူးတွေ...မင်းတို့ရှေ့မှာ ဘယ်သူရပ်နေတာရော သိကြလား..'
ဒီလို ကလေးအတွေးတွေနဲ့ သူ့ကိုယ်သူ နှစ်သိမ့်ရင်း ဆွေးနွေးနေတာတွေကို နားထောင်နေခဲ့တယ်..။မုဆိုးတွေထဲက တစ်ယောက်ကစကားပြောလာခဲ့ပါတယ်...
"မီးပြတိုက်ရဲ့ တောင်ဘက်က တကယ်ကို ရွေးချယ်မူကောင်းပဲ..။ဒါပေမဲ့ အဲဒိီမှာနေတဲ့ နိုးထမူ အဆင့်သားရဲက တကယ်အကြားအာရုံ ကောင်းတယ်..။သူတို့ အရေအတွက် အများကြီးကို တိုက်ခိုက်ရရင် လွယ်မှာမဟုတ်ဘူး.."
အရင်လတွေမှာပဲ သူတို့ရဲ့ အိမ်ငယ်လေးက ပြောင်းလဲနေခဲ့ပါပြီ..။အပြင်ဘက်က လက်သမားပညာရှငိတွေရဲ့ အကူအညီနဲ့ သူတို့က..သူတို့က တိစ္ဆာန်အရိုးတွေကို နံရံတွေမှာ အလှဆင်ထားခဲ့တယ်..။ဒီနေရာကို သေသပ်ပြီး လှပအောင် ပြင်ဆင်ထားခဲ့တာပါ..။
ဒီရက်ပိုင်းတွေမှာတော့ ဒီအိမ်ငယ်လေးက..ရပ်ကွက်တစ်ခုလုံးရဲ့ ဌာနချုပ်လိုပါပဲ..။နံရံပေါ်မှာတော့ အနက်ရောင် မြို့တော်ရဲ့ မြေပုံကို ကပ်ထားခဲ့ပြီး အသုံဝင်တဲ့ အမှတ်အသားတွေလည်း ပြထားခဲ့ပါသေးတယ်..။
လတ်တလောမှာတော့ မုဆိုးက တစ်နေရာကို ညွှန်ပြနေခဲ့တယ်..။
"ဒီ အချက်ပြထားတဲ့ နေရာက ပိုကောင်းလိမ့်မယ်..။ဒီနေရာတွေမှာ သွေးမိစ္ဆာတွေ နေကြတာလေ..။ဒီရက်တွေမှာ သူတို့က ဆောင်းခိုကြတာဆိုတော့ တကယ်လ်ို့ တစ်ကောင် ၊ နှစ်ကောင်သာ ရှာတွေ့ရင်..."
ကတ်စတာ ခေါင်းခါယမ်းလိုက်တယ်..။
"အဲဒီနေရာက ..ထူးဆန်းတဲ့သားရဲတွေ နေတဲ့နေရာနဲ့ အရမ်းနီးနေတယ်..။ဒီသားရဲတွေ ဘယ်လောက်ကြမ်းတမ်းလဲဆိုတာကို ငါတို့ အကုန်လုံး သိထားကြတယ်လေ..။မီးပြတိုက်ရဲ့တောင်ဘက်က ပိုကောင်းတယ်လို့ ထင်နေတုန်းပဲ..။ငါတို့ အကြားအာရုံကောင်းတဲ့ မွန်းစတားတွေကို တစ်ခုခုနဲ့ မြှားခေါ်ရမယ် ထင်တယ်..."
ဆန်နီဟာ ရုတ်တရက် သူ ကူညီနိုင်တဲ့အရာ ရသွားတာကြောင့် ဝင်ပြောလိုက်တယ်..။
"အာ...ငါ့ အသံတွေ ဖန်တီးနိုင်တဲ့ ဘဲလ်...."
သို့ပေမယ့် သူ့အသံက တစ်ခြားလူတွေရဲ့ ဆွေးနွေးမူ အောက်မှာသာ နစ်မြုပ်သွားခဲ့ပါတယ်..။ဘယ်သူကမှ သူပြောတာကို အလေးမထားခဲ့ပေ..။
ရှက်ရွံ့စွာပဲ ဆန်နီ အသက်ကို ရူသွင်းလိုက်ပြီး ခနလောက် စောင့်ကာ ထပ်ပြောလိုက်တယ်..။
"တကယ်လို့..ငါ့ရဲ့ အသံတွေ ထုတ်လွှင်နိုင်တဲ့ မှတ်သားမူ ကို..အသုံး...."
သို့ပေမယ့် အဲ့အချိန်မှာပဲ ကတ်စတာက အကြံဥာဏ်ကောင်းတစ်ခု ရလာခဲ့တယ်..။လူတိုင်းက ဆန်နီကို ကျောပေးပြီး ကတ်စတာ ပြောတာကိုသာ နားထောင်နေကြပါတယ်..။ဒီလူတွေက သူ့ကို မမြင်နေရတဲ့ အတိုင်းပါပဲ..။
'ဘာလဲ...ဘယ်လို သောက်ကျိုးနဲ မျိုးလဲ '
ဆန်နီဟာ တစ်မိနစ်လောက် ...ရှက်ရွံ့မူ ၊ ဒေါသထွက်မူ ၊ တုံးအမူ စတဲ့ ခံစားချက်တွေနဲ့အတူ မတ်တတ်ရပ်နေခဲ့တယ်..။ပြီးတာနဲ့ သူက ဒီတိုင်း ပြန်လှည့်ထွက်လာခဲ့ပါတယ်..။
သူ အိမ်ငယ်လေးရဲ့ ခေါင်းမိုးပေါ်ကို တက်ပြီး ..နေလုံးကြီး မြင့်တက်လာတာကိုသာ ထိုင်ကြည့်နေလိုက်တယ်..။အတော်ကြာပြီးတဲ့ နောက်မှာမှ ဆန်နီ သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ သူ့အရိပ်ကို အောက်ဘက်ဆီ ပြန်ပို့လိုက်ပါတယ်..။
သူ ထင်ထားသလိုပဲ ..သူမရှိတော့တာကို ဘယ်သူမှ သတိမထားမိကြပေ..။သိပ်ပြီး မအံ့ဩစွာပဲ ဆန်နီက အရိပ်ကို အိမ်ငယ်လေး ဝန်းကျင်ကို လျောက်သွားခိုင်းပြီး နစ်ဖီ ရဲ့ ဆန်းကျယ်တဲ့ အကြံအစည်ကို အကောင်အထည် ပေါ်ပေးနေကြတဲ့လူတွေကို ကြည့်လိုက်ပါတယ်..။
လူတိုင်းက ခွန်အားတွေ စိတ်အားထက်သန်မူတွေနဲ့ပြည့်နေကြတာပါ..။
ဘာလို့ သူတစ်ယောက်တည်း အသားမကျ ဖြစ်နေရတာလဲ...။
ရဲတိုက်ထဲကနေ ရောက်လာတဲ့ ဟတ်ပါ တောင်မှ သူငယ်ချင်း တစ်ချို့ရနေခဲ့ပါပြီ..။သူက လတ်တလောမှာ ဆံပင်အနီရောင် နဲ့ မိန်းကလေးကို ကူညီပေးနေခဲ့ပါတယ်..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
တစ်ခုခု....ဟတ်ပါက တစ်ခုခုတော့ မူမမှန်ဘူး..။ဘယ်ဟာလဲ ဆိုတာကို မသိပေမယ့် ဒီလူငယ်လေးက သိပ်တော့ မူမမှန်ပါဘူး..။
စိတ်ညစ်နေတာတွေကို မေ့ထားလိုက်ပြီး ဆန်နီ ဒီလူငယ်လေးကိုသာ အာရုံစိုက်ထားလိုက်တယ်..။ဟတ်ပါကတော့ လူသစ်တွေ ရောက်လာရင် လုပ်တဲ့အရာတွေကိုပဲ လုပ်နေခဲ့တာပါ..။လူတွေကို ကူညီတယ် ...နာမည်တွေကို မေးတယ်..မေးခွန်းတွေကိုမေးတယ်...အမဲလိုက်အဖွဲ့အလုပ်လုပ်ပုံတွေကို မေးနေခဲ့တယ်..။သူ့ကြည့်ရတာ အိမ်ငယ်လေးမှာ အတော်လေးကို နေချင်နေတဲ့ပုံပါပဲ..။ဒါက နားလည်ပေးလို့ရပါတယ်..။
သို့ပေမယ့် တစ်ခုခုက မှားနေဆဲပါ..။
ဆန်နီရဲ့ သံသယတွေက..တစ်နာရီကြာပြီးနောက် အိမ်ငယ်လေးကနေ အပြင်ကို ထွက်သွားတဲ့ အချိန်မှာသေချာသွားခဲ့ပါတယ်..။အရိပ်က သူ့နောက်လိုက်ကြည့်နေတဲ့ အချိန်မှာ ဒီလူငယ်လေးက ဘယ်သူမှ မမြင်တာသေချာအောင်လုပ်ပြီး လမ်းကြားတစ်ခုထဲကို ဝင်သွားတာ တွေ့လိုက်ရတယ်..။လမ်းကြားထဲက အမှောင်တစ်နေရာမှာတော့လူတစ်ယောက်က သူ့ကို စောင့်နေခဲ့ပါတယ်..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ဒီလူက ရဲတိုက်အစောင့်တွေထဲက ရာထူးမြင့်တဲ့လူတစ်ယောက်ပါ..။
'ဒီတော့ အခြေအနေက ဒီလိုပေါ့..'
အစောင့်ကတော့ ဟတ်ပါကို စိုက်ကြည့်ပြီး မရင်းနှီးတဲ့လေသံနဲ့မေးလိုက်တယ်..။
"အခြေနေကောင်းလား..."
ဟတ်ပါကတော့ ကြောက်ရွံ့မူတွေ စိုးရိမ်မူတွေနဲ့ အကြည့်ကို လွှဲထားခဲ့ပါတယ်..။
"ဟုတ် ဟုတ်ကဲ့ပါ...ဆရာပြောသလို လုပ်လိုက်တော့ သိပ်မခက်ခဲပါဘူး.."
အစောင့်က ပြုံးလိုက်တယ်..။
"ကောင်းတယ်..ကြည့်ရတာ မင်းက ရဲတိုက်ကို တကယ်ပြန်လာချငိနေတာပဲ.."
ဟတ်ပါ သူ့ကို တောက်ပနေတဲ့ အကြည့်တွေနဲ့ကြည်လိုက်တယ်..။
"တကယ်လား...ကျွန်တော်ပြန်လာနိုင်မှာလား..။ကျွန်တော်မှာ ပေးစရာ အမြုတေ မရှိရင်တောင်မှလေ..."
ရဲတိုက် အစောင့်ရဲ့ အပြုံးက ပျောက်ကွယ်သွားခဲ့တယ်..။
"အချက်အလက်တွေ စုပြီးသွားရင် မင်းပြန်လာလို့ရပြီ..။အဲအချိန်ကျရင် ငါကိုယ်တိုင်ရဲတိုက်ကို ခေါ်သွားမှာ မို့လို့ အခကြေးငွေ ပေးဖို့ကို စိတ်ပူစရာ မလိုတော့ဘူး..။ဒါပေမဲ့ မှတ်ထားပါ..။သူတော်စင် နစ်ဖီ အပါအဝင်သူတို့အဖွဲ့ရဲ့ အရာရာတိုင်းကို သိချင်တယ်..။သူတို့ရဲ့ စွမ်းရည်တွေ ၊ အားနည်းချက်တွေ။သူတို့ ဘယ်လိုလက်နက်တွေ အသုံးပြုလဲဆိုတာပါ သိချင်တယ်..နားလည်လား.."
ဟတ်ပါ ဖြူဖျော့သွားခဲ့ပြီး...
"ဒါပေမဲ့ ဆျာ..။ဒီလို အရာတွေက သိဖို့မလိုဘူးလေ..။အထူးသဖြင့် ကျွန်တော့်လို အစေခံက ဘာသိမှာလဲ.."
အစောင့်က မျက်မှောင်ကျုတ်လိုက်ပြီး..
"ပင်မ အဖွဲ့ဝင်ထဲက နှစ်ယောက်ကို သိတယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား..။ဒါကြောင့် မင်းကို ဒီအခွင့်အရေး ပေးခဲ့တာပဲ..။မင်းငါ့ကိုလိမ်ခဲ့တာလား ကောင်လေး..."
လူငယ်လေးဟာ အမြန်ငြင်းဆန်လိုက်တယ်..။
"မ..မဟုတ်တာ..။ကျွန်တော် သူတို့ကို သိပါတယ်..။တကယ်တော့ သူတို့အဖွဲ့က ထောက်လှမ်းသူနဲ့တောင်စကားပြောပြီးပြီ..။သူက ကျွန်တော် သူငယ်ချင်းပဲ.."
အစောင့်ရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့ပြီး..
"ဒါဆို ဘာက ပြသနာဖြစ်နေတာလဲ..။အဲ့အရူးနဲ့သာ စကားပြောလိုက်..။သူ့လို အရူးတွေက နည်းနည်း အာရုံစိုက်ပေးလိုက်တာနဲ့..မင်းကို အကုန်ပြောပြလိမ့်မယ်..။ဒီ အသုံးမဝင်တဲ့ကောင်က မနာလိုမူတွေ အပြည့်နဲ့ လျောက်သွားနေမှာကို ငါပြောရဲတယ်..။သူ့ကိုသာ နည်းနည်းလောက် လေးစားပြလိုက်..။သူ ပါးစပ်ပိတ်နိုင်မှာမဟုတ်ဘူး.."
ဟတ်ပါ ခေါင်းညိမ့်လိုက်တယ်..။အတော်ကြာပြီးကာမှ သူ မသေချာမူတွေနဲ့ မေးလိုက်ပါတယ်..။
"ဆျာ..သူတို့ကို နာကျင်စေမှာလား..။သူတို့က..သူတို့က လူကောင်းတွေပါ..."
အစောင့်က နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးကာမှ လှောငိပြောင်တဲ့အသံနဲ့ပြောလိုက်တယ်..။
"အဖြေကို သိနေတာကို ဘာလို့မေးနေတာလဲ.."
ဒီစကားတွေကို ကြားပြီး ဟတ်ပါ ဟာ အရာရာကို နားလည်လိုက်တဲ့အလား မျက်နှာသုန်မုန်ပြီး ငြိမ်ကျသွားခဲ့တယ်..။
...သို့ပေမယ့် သူ မငြင်းဆန်ခဲ့ပါဘူး..။
'ခွေးသား..မင်းစောင့်နေလိုက်...'
ဆန်နီ ဒီ သွေးကြောင်တဲ့လူငယ်လေးကို ရိုက်နှက်ပြီး အိမ်အပြင်ကို ကန်ထုတ်ဖို့ စီစဥ်ထားပေမယ့် ခေါ်သံတစ်ခုကို ကြားလိုက်ရတယ်..။
ဒါက အယ်ဖီပါ..။
"ဟေး..အရူး..အိပ်နေတာလား..။ဆင်းလာခဲ့ အမဲလိုက်သွားတော့မယ်.."
သူ့အရိပ်က အမြင်ကို ရုတ်သိမ်းလိုက်ပြီး ဆန်နီဟာ အရပ်ရှည်တဲ့ မုဆိုးမိန်းကလေးကို ကြည့်လိုက်တယ်..။ယင်းနောက် သူ့အရိပ်ကို ပြန်ခေါ်ကာ သက်ပြင်းချလိုက်ပြီး..
"ငါ ပြန်လာမှ သူနဲ့ စာရင်းရှင်းရမယ်..'
...သို့ပေမယ့် ပြန်ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီက ဘာတစ်ခုမှကို မလုပ်ချငိတော့ပါဘူး..။