အနာဂတ်
Vol. 11 Ch. 160
"ဟေး..ကောင်လေး အဆင်ပြေရဲ့လား.."
ဆန်နီ စက္ကန့် အနည်းငယ် ကြာပြီးကာမှ အယ်ဖီ ကို ဘာမှမရှိတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်..။
'အ..အင်း...။ငါ အဆင်ပြေပါတယ်..။ဒီ..ဒီတိုင်း တစ်ခုခုကို တွေးနေတာ.."
အယ်ဖီ သူ့ကို ထူးဆန်းသလို ကြည့်ပြီး ပုခုံးတွန့်လိုက်တယ်..။တစ်ခြားလူတွေကတော့ သူ့ကို အာရုံစိုက်ဖို့အတွက်..အလုပ်ရှုပ်လွန်းနေခဲ့ကြပါတယ်..။ခါတိုင်းလိုပဲ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး..။
ဆန်နီ တစ်ယောက်တည်းပဲ မြေကြီးပေါ်ကို ခေါင်းငိုက်စိုက်ထားပြီး ကြည့်နေခဲ့တယ်..။သူ့စိတ်ထဲမှာတော့ စကားတစ်ခွန်းကို ပဲ ထပ်ခါ ထပ်ခါ ပြန်ကြားယောင်နေခဲ့ပါပြီ..။
"လှံရှည်ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်က သားရဲတွေ ကြားထဲမှာ နစ်မြုပ်နေတယ်...ကြေးလှံရှည် ကိုင်ထားတဲ့ အမျိုးသမီး တစ်ယောက်..."
ဒါက သူတို့ ခရီးစတင်လာတုန်းက ခေါင်းပြတ်ရုပ်ထုကြီးပေါ်မှာ ကတ်စီ မြင်တွေ့ခဲ့တဲ့ အမြင်ပါ..။
ဒီအရာက အရမ်းထိပ်လန့်မို့ကောင်းတာကြောင့် သူမက ကျိန်စာသင့် ပင်လယ်ပြင်ထဲကို ခုန်ချမလိုတောင်ဖြစ်ခဲ့ပါတယ်..။
ဒါက ဆန်နီ မြင်သိထားတဲ့ အမြင်အာရုံ ပုံရိပ်တွေကို ချိတ်ဆက်ပေးနေပြီး..ဒီကြောက်စရာ အမြင်ရဲ့ ရည်ရွယ်ချက်ကို နားလည်စေခဲ့တယ်..။
သူ အဲဒီညက ကတ်စီ ပြောခဲ့တာတွေကိုတောင် ပြန်သတိရလိုက်တယ်..။
'ငါ လူသားရဲတိုက်ကို မြင်တွေ့ခဲ့ရပြန်ပြီ..။ဒီတစ်ကြမ်က ညဘက်ပဲ..။အထီးကျန်နေတဲ့ အလင်းရောင်က ကောင်းကင်မှာ တောက်ပနေတယ်..။သူ့ရဲ့ အလင်းရောင် အောက်မှာပဲ ရဲတိုက်ကြီးတစ်ခုလုံး ရုတ်တရက် မီးလောင်သွားခဲ့တယ်..။ခန်းမထဲမှာလည်း သွေးချောင်းတွေ စီးဆင်းနေပြီ..။ရွှေရောင် အကာအကွယ် အင်္ကျီ နဲ့ အလောင်းတစ်လောင်းက အဖြူရောင် ပလ္လင်ပေါ်မှာ ထိုင်နေတာကို တွေ့ရတယ်..။ကြေးလှံရှည်ကို ကိူင်ထားတဲ့ အမျိုးသမီးတစ်ယောက်က သားရဲတွေကြားထဲမှာ နစ်မြုပ်နေတယ်..။ပြီးတော့ လေးသည်တော်တစ်ယောက်က..ကောင်းကင်ကြီးဆီကို ပစ်ခွင်းနေခဲ့တယ်..."
တစ်ချိန်တည်းမှာပဲ ကတ်စီက ဒီမေ့ပျောက်ကုန်းမြေကြီးက ဝါးမြိုခံရပြီး ငရဲလို ပြောင်းလဲသွားတာတွေကို မြင်တွေ့ခဲ့ရတယ် ဆိုတာကို ဆန်နီ သေချာပြောနိုင်ပါတယ်..။သူမ ပထမ အမြင်က အမှောင်ထု ကျိန်းစာက တံဆိပ်တော်ခုနှစ်ခု ကနေ လွတ်မြာက်သွားတာကို ရည်ညွှန်းနေတာပါ..။ဒီတော့ သူက ..တစ်ခြား အမြင်တွေကိုလည်း အတိတ်က အဖြစ်အပျက်အဖြစ်ယူဆခဲ့ပါတယ်..။
သို့ပေမယ့်..အယ်ဖီ ရဲ့ လှံတံက သူမှားယွင်းသွားပြီ ဆိုတာကို ပြောနေခဲ့တယ်..။ကတ်စီ ရဲ့ အမြင်တွေက အတိတ်ကိုတင် မဟုတ်ပဲ အနာဂတ် အကြောင်းအရာတွေလည်း ပါဝင်နေပါသေးတယ်..။
သူတို့ရဲ့ အနာဂတ်..။
တုန်ရီစွာပဲ ဆန်နီ ခေါင်းကိုမော့ကာ သူမရဲ့စွမ်းရည်နဲ့လူတွေကို ကယ်တင်ပေးနေတဲ့ နစ်ဖီကိုကြည့်လိုက်တယ်..။သူမရဲ့ မျက်နှာက နာကျင်မူကြောင့် ရှုံ့မဲ့နေခဲ့ပါတယ်..။
ဒါတွေ အကုန်လုံးရှင်းလင်းသွားပြီ..။
သူမက ရဲတိုက်ကောင်းကင်မှ တောက်ပနေတဲ့ အထီးကျန်နေတဲ့ကြယ်ပွင့် ဖြစ်ပြီး..မီးတောက်တွေ ၊ သွေး စီးကြောင်းတွေကို ဖန်တီးခဲ့တဲ့သူပါ..။ဘာပဲဖြစ်ဖြစ် သူမရဲ့ နာမည်က ပြောင်းလဲနေတဲ့ကြယ်ပွင့်ပါ..။
ဒါမှမဟုတ် ..တစ်ခြားဘာသာ စကားနဲ့ ရေးမယ်ဆိုရင် ကံဆိုးမူ ကြယ်ပွင့်ဆိုလည်း ဟုတ်ပါတယ်..။
ပျက်ဆီးမူ ကြယ်ပွင်..။
ဆန်နီဟာ အချိန်အများစုကို ဂန်လောင် ဘာလုပ်မလဲဆိုတာကို တွေးပြီးကြောက်နေမိပေမယ့် အမှန်က နစ်ဖီ ရှေ့ဆက်ပြီး လုပ်မယ့်အရာကိုသာ ကြောက်ရမှာပါ..။အဖြူရောင် ပလ္လင်ပေါ်မှာ ရွှေရောင်အင်္ကျီနဲ့အလောင်းတစ်လောင် ရှိနေတယ်..။သူ ရဲတိုက်အရှင်ကို မြင်တာနဲ့ဘာလို့ မသိခဲ့ရတာလဲ..။ကတ်စီရဲ့ အမြင်အတိုင်းဆိုရင် ဂန်လောင်က သေရပါလိမ့်မယ်..။
အယ်ဖီက သားရဲ ပင်လယ်ထဲ နစ်မြုပ်နေတဲ့တစ်ယောက်ပါပဲ..။လေးသည်တော်က ဘယ်သူလဲ ဆန်နီ မသိသေးပေမယ့်..သူတို့မကြာခင်တွေ့ရမယ် ဆိုတာ သေချာပြောနိုင်ပါတယ်..။
အတူ သေတဲ့အချိန်မှလည်း ဖြစ်နိူင်ပါတယ်..။
နစ်ဖီကို ဆန်းကျယ်တဲ့ ပန်းတိုင်တစ်ခုက လွှမ်းမိုးထားတယ် ဆိုတာကို သူ သိထားပြီးသားပါ..။ဒီ ပန်းတိုင်က ဘာလဲဆိုတာတော့ သူမသိပေ..။သို့ပေမယ့် ဒီမေ့ပျောက်ကုန်းမြေ ပေါ်မှာ မဟုတ်တာတော့ သေချာပါတယ်..။ဒါကို အောင်မြင်ဖို့ဆိုရင် ပြောင်းလဲနေတဲ့ကြယ်ပွင့်က ..အစစ်အမှန်ကမ္ဘာကို ပြန်သွားဖို့ လိုအပ်မှာပါ..။
ဒါကြောင့် သူမက ရှေ့ဆက်ဖို့ဆိူရင် လုံးဝကို မတုန်လှုပ်ပါဘူး..။ရှေ့ဆက်လို့ ရလာမယ့် နာကျင်မူတွေကိုလည်း တောင့်ခံဖို့ အဆင်သင့်ပါပဲ..။နစ်ဖီက သူမ ဆန္ဒတွေ ပြည့်ဖို့ဆိုရင် ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပါတယ်..။
သူမ သူ့ကို ပထမဆုံးနေ့မှာ ပြောခဲ့တဲ့ စကားတွေကို ပြန်အမှန်ရလိုက်တယ်..။အခုမှ ဒီနောက်ကွယ်မှာ တစ်ခြား အဓိပ္ပါယ်တွေ ရှိနေသေးတာကို သူ သိလိုက်တယ်..။
"ငါတို့ ပြန်ဖို့ လမ်းရှာကြတာပေါ့..။ဘာတွေပဲ လုပ်ရလုပ်ရ...ငါတို့ လုပ်ကြမယ်.."
ဘာတွေပဲ..လုပ်ရလုပ်ရ လုပ်ကြမယ်...
ဒီ မေ့ပျောက်ကုန်းမြေက ထွက်ခွာမယ့် တစ်ခုတည်းသော နည်းလမ်းက ကြက်သွေးရောင် ထိပ်ဖျားပါ..။ဒီ ထွက်ပေါက်ကို ရောက်နိုင်ဖို့ ဘယ်အိပ်စက်သူကမှ မမျှော်လင့်နိုင်ခဲ့ပေ..။ဒီဟာကို ကြိုးစားဖို့ စစ်တပ်တစ်ခု လိုပါတယ်..။ဖြစ်နိုင်တာက အလောင်းတွေကို ကျော်ဖြတ်ပြီးမှသာ ကံကောင်းတဲ့ တစ်ယောက်နှစ်ယောက်က ကျိန်စာသင့်နေရာကနေ ကျော်ထွက်နိုင်မှာပါ..။
သို့ပေမယ့် နစ်ဖီမှာ တပ်ဖွဲ့ မရှိပေ..။
...အခုထိပေါ့....
ဒီလိုလုပ်ဖို့ဆိုရင် သူမက ဂန်လောင်ကို သတ်ပြီး ရဲတိုက်ကို သွေးချောင်းစီး အောင် လုပ်ဖို့ လိုအပ်ပါတယ်..။ဒါမှသာ သူမက ကျန်ရှိနေသေးတဲ့ အိပ်စက်သူတွေကို ..ကိုယ့်ကိုကို သတ်သေမယ့် နေရာဆီသွားဖို့ သွေးဆောင်နိုင်မှာပါ..။ဒီဟာကြောင့် ဒီလူတွေ အများကြီး သေကြလိမ့်မယ် ဆိုတာကို သိနေတာတောင်မှ ပါပဲ..။
စိတ်မှန်တဲ့ ဘယ်သူမဆို သူမနောက်ကို လိုက်မှာမဟုတ်ပေ..။
'သူတို့ မလိုက်လောက်ပါဘူး ဟုတ်တယ်မလား..'
သူတို့အဖွဲ့ဝင်တွေဖြစ်လာကြတဲ့ လူငယ်လေးတွေရဲ့ မျက်နှာကို ဆန်နီ မှတ်မိပါသေးတယိ..။သူတို့ရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက် အလင်းရောင်လေးတွေ တောက်ပနေခဲ့တာပါ..။သူတို့ အားအကိုးမိဆုံးလူက နစ်ဖီ ပါပဲ...မဟုတ်ဘူး နစ်ဖီမဟုတ်ဘူး..။အင်မော်တယ် မီးတောက် ကလန်ရဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ကိုပါ..။
သူတို့ရဲ့ ကိုယ်ပိုင်နတ်သမီး...
သူတို့ အခုတောင် ရူးနေကြပြီလား....
နောက်ဆုံးတော့ သူက နစ်ဖီရဲ့ အစီစဥ် အစိတ်အပိုင်းတိုင်းကို နားလည်သွားခဲ့တယ်..။
ငွေရောင်ဆံပင်နဲ့ မိန်းမလှလေးကို ကြည့်ရင်း ဆန်နီ ကြက်သီးထသွားခဲ့ပါတယ်..။
ပြီးတော့..ရှေးဖြစ်ဟော ရဲ့ နောက်ဆုံးအပိုင်း ရှိနေပါသေးတယ်..။
***
အိမ်ပြန်တဲ့လမ်းမှာတော့ ဆန်နီက အိပ်မက်ထဲရောက်နေသလို ခံစားနေရတယ်..။သိလိုက်ရတဲ့ ပမာဏက သူ့အတွက် အတော်ကို များပြားတာပါ..။သူ့ စိတ်တွေက အားနည်းနေပြီး တစ်စစီ ပျက်ဆီးတော့မယ့် အတိူင်းပါပဲ..။
ဒီလို အံ့ဩသင့်တဲ့ ခံစားချက်မျိုး သူဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ..။ဒါက သူ့ရဲ့ အမြုတေကိုတောင် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလိုက်သလိုပါပဲ..။
ဆန်နီ တကယ်ကို ကြောက်လန့်နေခဲ့တယ်..။ြ
'မင်းရဲ့ ခံစားချက်တွေ နဲ့ အချိန်ကုန်မခံနဲ့..။ဒါက ခံစားချက်တွေအတွက် အချိန်ကောင်းမဟုတ်ဘူး..။မင်းက ဒီအရာတွေ မင်းအပေါ်ဘယ်လိုသက်ရောက်မလဲ ဆိုတာကို စဥ်းစားပြီး အားသာချက် အဖြစ်ယူရမယ်..'
ဘာပဲဖြစ်ဖြစ် ဘာတွေကြောက်စရာရှိလို့လဲ..။ဒါက လူတွေ အများကြီး သေရုံပဲ..။သူတို့ရဲ့ အသက်က မင်းနဲ့ ဘာဆိုင်လို့လဲ...။
ဟုတ်တယ် ..မင်း အသက်ရှင်ကျန်ခဲ့သ၍ ဒါက အမြတ်ရလိုက်တာပဲ..။မင်းက လွန်ခဲ့တဲ့ ရက်တွေမှာ ဂန်လောင်က တစ်ခုခု လုပ်မှာကို ကြောက်နေခဲ့ရတာမလား..။ကောင်းပြီ..အခု ဂန်လောင် သေမယ်ဆိုတာကို မင်းသိထားပြီးပြီလေ..။ပြသနာရှငိး သွားပြီ..။
တစ်ဘဝလုံး ဒီငရဲမှာ နေထိုင်ရတော့မယ်လို့ ထင်နေခဲ့တာမလား..။ကောင်းပြီ..အခု မသေချာတော့ဘူး..။ရှေးဖြစ်ဟောရဲ့ နောက်ဆုံးအပိုင်းက....
အားလုံး အဆင်ပြေတယ်..။အရင်ကထက် ပိုအဆင်ပြေတယ်..။
...သူဘယ်လောက်ပဲ..အကြောင်းကျိုး ဆီလျော်အောင် တွေးတွေး ကြောက်လန့်နေတဲ့ စိတ်ကို မပယ်ဖျောက်နိုင်ခဲ့ပါဘူး..။
***
နေဝင်ချိန်နီးလာတဲ့ အခါမှာတော့ သူက အခန်းငယ်လေးထဲကနေ ကျောက်တုန်းပလက်ဖောင်း အဆုံးကိုထွက်ခွာလာခဲ့တယ်..။သူဘယ်မှာရှိနေလဲ ဆိုတာ ဘယ်သူမှ ဂရုမစိုက်တာကြောင့် ခနလောက် ပျောက်ကွယ်သွားဖို့ဆ်ိုတာ မခက်ခဲပေ..။
တစ်စုံတစ်ခုက ..ဆန်နီကို စိတ်အနှောက်ယှက် ဖြစ်နေစေတာကိုလည်း ဘယ်သူမှ သတိမထားမိပါဘူး..။ကတ်စီ တစ်ယောက်တည်းသာ တစ်ခုခု သတိထားမိပုံရတာပါ..။
ပြီးတော့ ကတ်စတာပါ..။သူက လွတ်လွတ်လပ်လပ် နေပုံရပေမယ့်..နစ်ဖီနဲ့ ထိတွေ့တဲ့ လူတိုင်းကို သိမ်းငှက်လို စောင့်ကြည့်နေခဲ့ပါတယ်..။
အဲ့ခွေးသား...
ကျောက်တုန်း ပလက်ဖောင်း အစွန်းကိုရောက်တော့ ဆန်နီဟာ အမှောင်ထု ရောက်လာတော့မှာကြောင့်အိမ်တွေထဲကို ပြေးဝင်နေကြတဲ့ ..ဆင်းရဲသားရပ်ကွက်က လူတွေကို ကြည့်လိုက်တယ်..။သူ့နှလုံးသားထဲကို အေးစက်မူတွေ ဝင်လာခဲ့ပါတယ်..။
'ဒီလူတွေ...ဒီလူတွေ အကုန်သေကြတော့မယ်..'
နစ်က သူတို့ကို သတ်တော့မှာ...။
...သူက သူမကို ကူညီပေးချင်ရဲ့လား...။
အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီ ရယ်မောလိုက်တယ်..။အခြေအနေတစ်ခုလုံးက အတော်ဆိုးဝါးပြီး ရယ်စရာ ကောင်းပါတယ်..။ထပ်ပြောရရင် သူ ကိုယ်တိုင်က တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်တဲ့လူလို့ ထင်ထားခဲ့ပေမယ့် ဒါက သူ့လိုလူ အတွက်တောင် လက်ခံဖို့ခက်ခဲနေခဲ့တာပါ..။
သူ့ ခေါင်းကို ဆုပ်ကိုင်ပြီး ဆန်နီ ညဥ်းတွားလိုက်တယ်..။
"ငါ ဘာလုပ်ရမှာလဲ..."
အဲ့အချိန်မှာပဲ ခြေသံတွေက သူ့ရဲ့ အာရုံစိုက်မူကို ဆွဲခေါ်သွားခဲ့တယ်..။သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဆင်းရဲသားရပ်ကွက်က ပုံရိပ်တစ်ခုက သူ့ဆီကို လျောက်လာနေခဲ့ပါတယ်..။
ဆန်နီ မျက်မှောက်ကျုတ်လိုက်ပြီး..
' အိုး ဟုတ်သားပဲ..။ဒီ ငနဲ...ငါ သူ့ကို တောင် မေ့နေတာပဲ...'
ဟတ်ပါ ဟာ ခြေလှမ်းအနည်းငယ်မှာ ရပ်တန့်ပြီး ပြုံးပြလိုက်တယ်..။
"ဆန်းလပ်စ် ...အာ..ငါတို့စကားပြောကြမလား.."