← Chapters

ပြန်လှည့်လို့ မရတဲ့ အခြေအနေ

Vol. 11 Ch. 161

ပြန်လှည့်လို့ မရတဲ့ အခြေအနေ

Vol. 11 Ch. 161

ဟတ်ပါ ဟာ သူ့ကို အပြုံးလေးနဲ့ ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့..ဟန်ဆောင်တဲ့ ရင်းနှီးမူတွေ ၊ စိုးရိမ်မူတွေ ၊ ကြောက်ရွံ့မူတွေ ရှိနေခဲ့ပါတယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် ဆန်နီ သူ့မျက်နှာပေါ်က အပြုံးကို ..ကြမ်းကြမ်းတမ်းတမ်းသာ ပယ်ဖျက်လိုက် ချင်မိပါတယ်..။

'လူလိမ်ကောင်...'

လက်ရှိအခြေအနေမှာတော့ သူက ခံစားချကိတွေကို ထိန်းသိမ်းဖို့ ခဲယဥ်းနေခဲ့တယိ..။သူ့မျက်နှာမှာ တစ်ခုခု ပေါ်သွားတဲ့အလား ဟတ်ပါ က မျက်တောင်ခတ်ပြီး နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တယ်..။သို့ပေမယ့် အဆုံးမှာတော့ ရဲတိုက်ကို ပြန်သွားချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒတွေကသာ အနိုင်ယူသွားခဲ့ပါတယ်..။သူ ဆက်နေဖို့ တွန်းအားပေးထားပြီးမှ တွေဝေစွာ ပြောလိုက်တယ်..။

"ဒီ မနက်က အိမ်ထဲကို ခေါ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ချင်လို့ပါ..."

ဆန်နီ လူငယ်လေးကို ကြည့်လိုက်တယ်..။နေညိုရီ အချိန်မှာတော့ သူ့ရဲ့ဖြူဖျော့တဲ့ မျက်နှာက အမှောင်ထဲမှာ ဖုံးလွှမ်းနေခဲ့ပါတယ်..။နောက်ဆုံးမှာတော့ သူ ပြန်ဖြေလိုက်တယ်..။

"အင်း ငါတို့ စကားပြောလို့ရပါတယ်.."

'စဥ်းစားစမ်း ဆန်နီ စဥ်းစားစမ်း..'

သို့ပေမယ့် သူ့ရဲ့ စိတ်ထဲမှာတော့ဘာမှ မစဥ်းစားနိုင်တော့ပေ..။သူ့ရဲ့ သိစိတ်တွေက အနာဂတ်ကို ကြိုသိပြီးကတညိးက ထိပ်လန့်မူ ပင်လယ်ထဲမှာ မျောပါနေခဲ့ပါပြီ..။ကျန်နေခဲ့တဲ့ သိစိတ် အသေးအဖွဲ လေးတွေကလည်း မနာခံတော့ပါဘူး..။

ဆန်နီ လက်တစ်ဖက် မြှောက်ပြီး သူ့ မျက်နှာကို ပွတ်လိုက်တယ်..။

'သူက စပိုင်ပဲ..။သူက ဂန်လောင် ငါတို့ကို သတ်ရလွယ်ကူအောင်ဒီကို ရောက်နေတာ..။ဘာလုပ်သင့်လဲ..'

မနက်တုန်းက..ဟုတ်တယ်..ဟတ်ပါ က အစောင့်ကို သတင်းပို့နေတာကို ဆန်နီ မြင်ခဲ့ပါတယ်..။သူက ဒီလူငယ်လေးကို ရိုက်နှက်ပြီး အိမ်ထဲက ကန်ထုတ်ချင်ပေမယ့်..ဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်များ ဖြစ်နေမလား..။

အကောင်းဆုံးကတော့ သူလျိုကို မဖမ်းပဲ မှားယွင်းတဲ့အချက်အလက်တွေ ပေးလိုက်ဖို့ပါပဲ..။ဟုတ်တယ် ဒါက အကောင်းဆုံးနည်းလမ်းပဲ..။စပိုင်တစ်ယောက် ဖြစ်ချင်ခဲ့တာကြောင့် သူ ဒီအရာတွေကို ကောင်းကောင်းသိပါတယ်..။

သို့ပေမယ့် ဟတ်ပါကို ဘယ်လို လှည့်ဖျားရမှာလဲ..။ဆန်နီက ..လျိုဝှက်ချက်တွေ အများကြီး သိထားပြီး လိမ်ညာလို့ မရတဲ့ လူတစ်ယောက်ပါ..။

ဒါပေမဲ့ သူက ..လှည့်ဖျားတဲ့ နေရာမှာလည်း ကျွမ်းကျင်နေပါသေးတယ်..။ဒီတော့...

"ဆန်းလပ်..."

ဆန်နီ လန့်သွားပြီး လူငယ်လေးကို ကြည့်လိုက်တယ်..။

"ဆောရီး..အာ..ငါ ဒီနေ့ အမဲလိုက်ပြီးတော့ နည်းနည်းပင်ပန်းနေတာ..။မင်းက စကားပြောချင်တာလား.."

စိတ်သက်သာရာရသွားတဲ့ ဟတ်ပါက ပြန်ပြုံးလိုက်ပြီး..

"မင်း သိတဲ့ အတိုင်းက ငါက မင်းငါ့အပေါ်လုပ်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ချင်နေတာလေ..။ငါ ရဲတိုကိကနေ ထွက်လာတုန်းက ငါနဲ့အတူ အထူးပစ္စည်းတစ်ခု ပါလာခဲ့တယ်..။ငါက ဒါကို မင်းနဲ့ မျှဝေချင်နေတာ.."

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

"အထူး ပစ္စည်းလား.."

'ငါ ဘာလုပ်မလဲ ဆိုတာ သိသင့်တယ်..။သူ့ကို အမှန်တရား နဲ့ အလိမ်အညာ ရောပြောပြီး..မနက်ကျရင် နစ်ဖီကို တင်ပြရမယ်.."

အဲ့အချိန်မှာတော့ ဟတ်ပါ က စိတ်အားထက်သန်စွာ ခေါင်းညိမ့်လိုက်ပြီး..

"အဲတာက အရက်ပုလင်းပဲ..။လတိုင်းမှာ ဥယျာဥ်က ပညာရှင်တွေက အနည်းငယ်စီ ရောင်းချတယ်လေ..။တစ်ပုလင်းရဖို့က အတော်ခက်ခဲပေမယ့် ငါက ကံကောင်းခဲ့တယ်..။မင်း လာပြီး စမ်းကြည့်ချင်လား..။ငါ နေတဲ့နေရာက ဒီနားလေးတင်..."

ဆန်နီ ခနလောင် စိတ်ပျံ့လွင့်သွားပေမယ့်..အားတင်းပြီး အာရုံစိုက်လိုက်တယ်..။ဟတ်ပါ ဘာတွေ ပြောနေတာလဲ..။ပညာရှင်...အရက်...ကံကောင်းတာ..

'...ဘာလို့ ငြင်းရမှာလဲ...'

ဟတ်ပါ..ခေါင်းညိမ့်လိုက်ပြီး လူငယ်လေးကို ရှေ့ကနေ လမ်းပြဖို့ အချက်ပြလိုက်ပါတယ်..။

သူတို့ တစ်ခြားနေထိုင်သူတွေရဲ့နေရာတွေကို ကျော်ဖြတ်ပြီးတာနဲ့ ဟတ်ပါ နေတဲ့ နေရာကိုရောက်လာခဲ့တယ်..။ဆန်နီကတော့ အကူညီမဲ့စွာပဲ သူ့ဘေးနားမှာ အလောင်းတွေ လမ်းလျောက်နေသလို ခံစားနေရပါတယ်..။

ဒီလူတွေ အများစုက သေနေပြီးကြပါပြီ..။သူတို့က ဒါကို မသ်ိကြသေးတာပဲ ရှိပါတယ်..။

...ဒါပေမဲ့ သူက သိပြီးပြီ..။

ဟတ်ပါ ရဲ့ အိမ်ငယ်လေးက တစ်ခြားလူတွေရဲ့ နေရာထက်တောင်ပိုဆိုးပါသေးတယ်..။ဒီမှာက သစ်ဆွေးတွေကြောင့် အပေါက်တွေ ရှိနေပြီး လေအေးတွေကလည်း တိုကိခတ်နေပါသေးတယ်..။အထဲမှာတော့ ရေမှော်တွေရယ် သစ်သားစားပွဲတစ်လုံးရယ်ကလွဲလို့ ဘာမှ မရှိပါဘူး..။ဒီ အိပ်စက်သူက ဘာလို့ ရဲတိုက်ထဲပြန်ချင်တာလဲ ဆိုတာကို ဆန်နီ နားလည်ပေးနိုင်ပါတယ်..။

အနည်းဆုံးတော့ ဒီမှာ တံခါးတစ်ချပ်ရှိနေပါသေးတယ်..။

အထဲရောက်တဲ့ အခါမှာတော့ ဆန်နီက အနည်းငယ် ရှက်ရွံ့တဲ့ပုံစံနဲ့ ဆန်နီကို သစ်သားစားပွဲဆီ ဖိတ်ခေါ်လိုက်တယ်..။ပြီးတာနဲ့ သူက ရေမှောတွေအောက်မှာရှိနေတဲ့ ပုလင်းနဲ့ ဖန်ခွက်ကို ရတနာ တစ်ခုလိုထုတ်ယူလိုက်ပါတယ်..။ဘယ်ကမှန်းမသိတဲ့ ဓားတစ်ချောင်းတဲ့ ဟတ်ပါ က ပုလက်းရဲ့ အဖုံးကို ဖွင့်ပြီး ဓားကို စားပွဲပေါ်ပြန်တင်ထားလိုက်တယ်..။ပြီးတာနဲ့ အဖြူရောင် အရည်တွေကို ခွက်ထဲကို လောင်းထည့်လိုက်ပ့တယ်..။

"ဒီမှာ..."

သူ ခွက်ကို ဆန်နီဆီကမ်းပေးပြီး ပြောလိုက်တာပါ..။

ဆနိနီ အရက် ကို လက်ခံလိုက်ပြီး သူ့ရဲ့ ထူးဆန်းတဲ့ ရနံ့ကို ရူကြည့်လိုက်တယ်..။မြို့ပြင်ဘက်က လူတွေ အများကြီးက..အရက်တွေ သောက်ကြ ၊ ဆေးတွေ သုံးပြီး သေဆုံးကြတာကို သူ မြင်တွေ့ခဲ့ရပါတယ်..။ကံကောင်းချင်တော့..သူက စိတ်ကို ပျံ့လွင့်စေမယ့် အရာတွေကို မလုပ်ခဲ့ပေ..။ပြီးတော့ အချိန်အတော်ကြာတဲ့အထိ..ကိစ္စတစ်ခုကို မလုပ်ရသေးခင် သူ့ကိုယ်သူ မသေအောင်နေခဲ့ပါတယ်..။

ဒါကြောင့်ပဲ ဆန်နီက အရက်နဲ့ မရင်းနှီးပဲ ဖြစ်နေခဲ့တာပါ..။

သူ အရက်ခွက်ကို နှုတ်ခမ်းဆီကို မြှောက်တင်လိုက်ပြီး တစ်ချိုင့်တည်း သောက်လိုက်တယ်..။သိမ်မွေ့တဲ့ နွေးထွေးမူ တစ်ခုက သူ့ခန္တကိုယ်ထဲကို စီးဝင်သွားပြီး..စိတ်သက်သာရာ ရစေခဲ့ပါတယ်..။

'...စိတ်ဝင်စားဖို့ကောင်းသားပဲ...'

သိပ်တော့ မဆိုးပါဘူး..။

ဟတ်ပါ အလျင်အမြန်ပဲ နောက်တစ်ခွက်ကို ထည့်ပေးလိုက်တယ်..။

"ငါ အခုတစ်ခေါက် အမဲလိုက်တဲ့အကြောင်းကို ကြားသေးတယ်..။ဘုရားရေ..မင်းတို့က ဆူးချွန် ဆတ်သား နဲ့ တွေ့တာတောင် ရှင်သန်နိုင်ခဲ့ကြတာလား..။ဒါက တကယ်ကြောက်စရာပဲ.."

ဆန်နီ ခနလောက် တွေဝေပြီးကာမှ ပုခုံးတွန့်လိူက်ပြီး

"ငါက ဒီတိုင်း နောက်မှာပဲ ရပ်ကြည့်နေခဲ့တာ.."

လူငယ်လေးဟာ..ခေါင်းခါယမ်းလိုက်တယ်..။

"ဒါတောင်မှ..မင်းက အံ့ဩဖို့ကောင်းတုန်းပဲ..။ငါကြားတာကတော့..မင်းက မိန်းကလေး နစ်ဖီ နဲ့ အစကတည်းက ဝင်္ကဘာထဲမှာ နှစ်လကြာအောင် ရှင်သန်ခဲ့တာဆို..။ဒါအမှန်ပဲလား.."

သူက တကယ်ကို ဆိုးဝါးတဲ့ သရူပ်ဆောင်တစ်ယောက်ပါ..။ဆန်နီက ဟတ်ပါ ကို သူလျိုမှန်း မသိထားရင်တောင်..သူ့ရဲ့ ပုံစံအရ တစ်ခုခု မှားယွင်းနေတာကို ခံစားမိပါလိမ့်မယ်..။သို့ပေမယ့်..ဒါတွေကို မသိချင်ယောင်ဆောင် နေဖို့ကတော့ အလွယ်လေးပါပဲ..။

'ငါ့လို ကြွက်တွေက နည်းနည်းလောက် လေးစားပြလိုက်တာနဲ့ အကုန်လုံးကို ထုတ်ပြောပြမယ်ပေါ့..ဟင်'

အရက်ရဲ့အရှိန်ကောင်းလာတာကြောင့် ဆန်နီ ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး..

"အိုး..ဟုတ်တယ်..တကယ်တော့..ငါ့ကြောင့်သာ မဟုတ်ရင် သူမက အစောကတည်းက သေနေလောက်ပြီ..။သူမကို ငါ အကြိမ်ဘယ်လောက်တောင် ကယ်တင်ခဲ့လဲ ဆိုတာကိုရော သိရဲ့လား.."

ဒီအရာကတော့ သေချာ စီစဥ်ထားခဲ့တာပါ..။ဟတ်ပါ ကို မှားယွင်းတဲ့ အချက်အလက်တွေ ပေးပြီး သူ့ကို မနာလိုအောင် လုပ်ရပါလိမ့်မယ်..။သို့ပေမယ့် နောက်ဆက်တွဲ စကားလုံးတွေက သူ့ပါးစပ်က အလိုလို ထွက်လာခဲ့တယ်..။

အံသွားကို ကြိတ်ထားရင်း သူ ရုတ်တရက် တီးတိုးရေရွတ်လိုက်မိတာပါ..။

"...ပြီးတော့ ဘာအတွက်လဲ..။ဟမ်..ဒီအတွက်လား..။ဒါက ဖြစ်လာလို့ မရဘူးလေ..။ဘယ်လို ဖြစ်လာနိုင်မှာလဲ..."

ယင်းနောက် ဆန်နီ ခေါင်းကို ကိုင်ပြီး အားတင်းပြီး ရယ်မောလိုက်ပါတယ်..။

'မကောင်းတော့ဘူး...ငါ ဘာတွေပြောမိနေတာလဲ '

အရက်ကြောင့်..အမှားတွေ လုပ်မိတယ်လို့ ထင်ပြီး ဟတ်ပါက ပိုမို ရဲတင်းလာခဲ့တယ်..။

"မင်း မိန်းကလေး နစ်ဖီ နဲ့ အတူတူ အများကြီး တိုက်ခိုက်ဖူးမှာပဲ.."

ဆန်နီ ခေါင်းက်ို ငုံ့ထားပြီးသာ ပြန်ဖြေလိုက်တယ်..။

"အင်း.."

လူငယ်လေးဟာ ခနလောက် တွေဝေနေပြီးကာမှ သိချင်စွာ ​မေးလိုက်ပါတယ်..။

"ဒီတော့...မင်း သူ့ရဲ့ စွမ်းရည်ကို မြင်ဖူးမှာပေါ့.."

မင်း ရန်သူရဲ့ စွမ်းရည်ကို လေ့လာ ၊ အားနည်းချက်ကို လေ့လာ ၊ သူတို့ရဲ့ အမူအကျင့်တွေကို လေ့လာ..။ဒါက မင်းသူတို့ကို သတ်နိုင်မယ့် နည်းလမ်းပဲ..။

ဟတ်ပါ ကို ကြည့်နေရင်းမှ..ဆန်နီ ရုတ်တရက် သူနဲ့ နစ်ဖီ ရဲ့ ပထမဆုံး..တိုက်ပွဲ ပြီးဆုံးတဲ့ အချိန်ကို ပြန်သတိရသွားခဲ့တယ်..။အဲဒီတုန်းက သူမက သေဆုံးနေတဲ့ ကြေးခွံသားရဲရဲ့ အားနည်းချက်တွေကို ရှာဖွေခိုင်းခဲ့တာပါ..။

ဒါက ဒီနည်းတဲ့ အိပ်စက်သူ အခု လုပ်နေတဲ့ အရာပါပဲ..။

"သေချာတာပေါ့..။အဲတာက ကုသဖို့အတွက် သုံးလို့ရတယ်..'

ဟတ်ပါရဲ့ မျက်လုံးတွေက အရောင်တောက်လာခဲ့တယ်..။

"ဒီတော့ သူမက ကုသသူပေါ့..။ဒါပေါ့..မိန်းကလေး နစ်ဖီက ဒီလို စွမ်းရည်မျိုးနဲ့ တကယ်လိုက်ဖက်တယ်..။ကောင်းပြီ...လူတိုင်းက သူမ နတ်သမီးဆိုတာကို သိနေတာပဲ.."

'ကောင်းတယ် '

သူ့ရဲ့ ပထမ ပန်းတိုင်က အောင်မြင်သွားပြီ..။ဆန်နီဟာ နစ်ဖီရဲ့ စွမ်းရည်က ..ကုသသူ ဆိုတာကို ဟတ်ပါယုံကြည်အောင် ပြောနိုင်ခဲ့ပါတယ်..။ဒါပေါ့..ဆင်းရဲသား ရပ်ကွက်မှာ တစ်ခြား သူလျိုတွေလည်း ရှိနေနိုင်ပါသေးတယ်..။ဒီနေ့ သူမကုသပေးခဲ့တဲ့ စွမ်းရည်တွေကိုပါ ပေါင်းစပ်လိုက်ရင် သူမကို တကယ်ပဲ..ကုသသူ တစ်ယောက်အဖြစ် ယုံကြည်ကြတော့မှာပါ..။ဂန်လောင်နဲ့ သူ့လူတွေက ပြောင်းလဲနေတဲ့ကြယ်ပွင့်..မှာ..တိုက်ခိုက်ရေး စွမ်းရည် မရှိဘူးလို့ ထင်မှတ်ထားကြပါလိမ့်မယ်..။

သူမရဲ့ မီးတောက်တွေက တိုက်ခိုက်ရေးရော၊ ကုသရေး မှာပါ..သုံးလို့ရတယ် ဆ်ိုတာ ဘယ်သူက ထင်မှတ်ထားမှာလဲ..။

အဲ့အချိန်မှာတော့..ဟတ်ပါ ဟာ ခွက်ထဲကို အရက်လောင်းထည့်ပေးလိုက်ပြီး..

"စကားမစပ် ..ငါ အမြဲတမ်း မေးချင်နေခဲ့တယ်..။မိန်းကလေး နစ်ဖီ ..က ဘယ်လို အစစ်အမှန်နာမည် ရခဲ့တာလဲ ဆ်ိုတာကို မင်းသိလား.."

သူ့ရဲ့ စိတ်အခြေအနေကြောင့်ပဲ ဖြစ်ဖြစ် ၊ အရက်ကြောင့်ပဲ ဖြစ်ဖြစ် ၊ အလေးမထားလို့ပဲ ဖြစ်ဖြစ် ဆန်နီဟာ ဒီအဖြေ ပြောကြားဖို့ကို သေချာ မစဥ်းစားခဲ့ပေ..။

" ငါ ရခဲ့သလိုပဲ..ဖြစ်မှာပေါ့..."

ယင်းနောက် သူ အေးခဲသွားခဲ့တယ်..။

' ချီးပဲ မင်း...'

သူက ဟတ်ပါရဲ့ စိတ်ထဲကို နစ်ဖီအကြောင်း အချက်အလက် မှားယွင်းစွာ ထည့်ပေးဖို့ စိတ်လောနေတာကြောင့် သူ့ရဲ့ ..စစ်မှန်တဲ့ လျို့ဝှက်ချက်ကို မေ့သွားခဲ့ပါတယ်..။

' ငတုံး ငတုံး ငတုံး...'

ဆန်နီ သူ့ မျက်နှာပေါ်မှာ ထိပ်လန့်မူကို မပြပဲ..အကြည့်ကို လွှဲကာ ရယ်မောလိုက်ပြီး..ဒီစကားကို ဟာသ တစ်ခု အဖြစ်သာ ဖန်တီးလိုက်ပါတယ်..။

ကံကောင်းချင်တော့ ဟတ်ပါက သူပြောတာကို ယုံကြည်သွားခဲ့တယ်..။သူလည်း ရယ်မောလိုက်ပြီး ဆန်နီကို တောက်ပတဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်..။

သို့ပေမယ့်..သူ့ရဲ့ နောက်ထပ် စကားလုံးတွေက ဆန်နီကို အေးစက်တဲ့ ထိပ်လန့်မူတွေထဲမှာ နှစ်မြုပ်လိုက်သလိုပါပဲ..။ဒါက သူ့ခြေထောက်အောက်မှာ ငရဲ တံခါးတွေ ပွင့်သွားသလိုတောင် ခံစားလိုက်ရတာပါ..။

အတူတူလိုက်ပြီး ကစားချင်သလိုပဲ..လူငယ်လေးက ရယ်မောပြီး ပြောလိုက်တယ်..။

"အိုး..ဒါပေါ့ ဒါပေါ့...အရှင် ဆန်းလပ် ..။အရှင့်ရဲ့ နာမည် အစစ်အမှန်ကရော ဘယ်လို ခေါ်ပါသလဲ.."

ဆန်နီ သူ့ကို စိုက်ကြည့်ပြီး ..ပြုံးနေတဲ့ အပြုံးတွေက အေးခဲသွားခဲ့ပါပြီ..။

'တွေးစမ်း တွေးစမ်း...မင်း ဘယ်လို ရှောင်ထွက်မလဲ..'

သို့ပေမယ့်..ရှောင်ထွက်ဖို့ နည်းလမ်းမရှိပေ..။အနည်းဆုံးတော့..ဘယ်နည်းလမ်းကိုမှ သူ မတွေ့တော့ပါဘူး..။သူ ဖမ်းမိသွားခဲ့ပါပြီ..။

ရင်းနှီးတဲ့ ဖိအားတစ်ခုက သူ့စိတ်ထဲကို ဝင်လာခဲ့တယ်..။ဖြည်းညှင်းစွာပဲ..ဆန်နီရဲ့ မျက်နှာက ဖြူဖျော့လာခဲ့ပါတယ်..။

ဟတ်ပါ ကတော့ ပြုံးနေရင်းပဲ အဖြေကို ပြန်စောင့်နေခဲ့တယ်..။သူ့ မျက်နှာကတော့ ပင်ပန်းမူတွေ ၊ ကြောက်လန့်မူ တွေ ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ် သူက အားနည်းပြီး သနားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ..။

ဖိအားကနေ နာကျင်မူတွေ အဖြစ် အစားထိုးလာခဲ့ပြီး ဆန်နီ ရဲ့ ခန္တာကိုယ်ကို တုန်ရီလာစေခဲ့တယ်..။

ဘာလို့လဲ..ဘာလို့ သူက ဒီမေးခွန်းကို မေးရတာလဲ..

သို့ပေမယ့် ဒါက နောက်ကျသွားခဲ့ပါပြီ..။ဖြစ်ပျက်ပြီးခဲ့တဲ့ အရာတွေကို ပြန်ပြီး ပြောင်းလဲလို့ မရတော့ပေ..။

ချောင်ပိတ်ခံလိုက်ရတဲ့ သားရဲတစ်ကောင်လိုပဲ ဆန်နီ တစ်ခုတည်းကိုသာ တွေးနိုင်တော့တယ်..။

နောက်ဆုံးတော့ ဟတ်ပါက တစ်ခုခုမှားယွင်းနေတာကို ခံစားမိပြီး မျက်လုံးပြူးကျယ်လာခဲ့တယ်..။

" ဆန်း..."

....ဘယ်လို ရှင်သန်နိုင်မလဲ..။

နာကျင်မူက အကန့်အသတ်အထိ လွှမ်းမိုးလာပြီး အဖြေကို ပေးဖို့ တွန်းအားပေးလာတဲ့ အချိန်မှာပဲ..ဆန်နီ ရုတ်တရက် ရှေ့ကို တက်ကာ..ဓားကိုကောက်ကိုင်ပြီး ..သနားစရာ လူငယ်လေးရဲ့..နှလုံးသား တည့်တည့်ကို ထိုးစိူက်လိုက်ပါတယ်..။

All Chapters