အလင်းမှ ပျောက်ဆုံးသူ
Vol. 11 Ch. 162
ဆန်နီ ရှေ့ကို တိုးသွားပြီး ဟတ်ပါ ရဲ့ အားနည်းတဲ့ ခန္တာကိုယ်ထဲကို ..ဓားကို ထပ်ထိုးသွင်းလိုက်တယ်..။သစ်သား စားပွဲဟာ အရှိန်ကြောင့် ဘေးဘက်ကို လွင့်စင်သွားပြီး နံရံနဲ့ ထိသွားတာနဲ့..တစ်စစီ ပျက်ဆီးသွားခဲ့တယ်..။သူ့ရဲ့ လက်တစ်ဖက်ကတော့..လူငယ်လေးရဲ့ မျက်နှာကို ဖိထားပြီး သူ့ပါးစပ်ကနေ ဘာအသံမှ မမြည်တာ သေချာအောင် လုပ်ထားခဲ့ပါတယ်..။
ဟတ်ပါ ရဲ့ နာကျင်မူတွေ၊ ကြောက်လန့်မူတွေ ပြည့်နက်နေတဲ့ မျက်လုံးတွေကတော့ ဆန်နီကို မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ပါတယ်..။
...ဘာလို့လဲ...
သူ့လက်ပေါ်ကို နွေးထွေးတဲ့ သွေးတွေ စီးဆင်းလာတာကို ခံစားရင်း ဆန်နီဟာ..နောက်ဆုံးမှာတော့ အားနည်းချက်ရဲ့ လွှမ်းမိုးလာမူကို လက်လျော့လိုက်ပါတော့တယ်..။
သူက အက်ကွဲတဲ့ လေသံနဲ့ ကြားနိုင်ယုံလောက်ပဲ တီးတိုးပြောလာခဲ့တယ်..။
"အလင်းမှ ပျောက်ဆုံးသူ...ငါ..ငါက..အလင်းမှ..ပျောက် ဆုံး ...သူ ပဲ..."
ဟတ်ပါ ရဲ့ တုန်ရီနေတဲ့ လက်တွေက သူ့မျက်နှာပေါ်ကို ရောက်လာပြီး သွေးတွေ ပေကျံစေခဲ့တယ်..။သူက အားနည်းစွာပဲ ဆန်နီကို အဝေးဆီ တွန်းဖယ်ဖို့ လုပ်နေခဲ့ပေမယ့် သူ့ရဲ့ လက်မောင်းတွေမှာ ခွန်အားတွေ မရှိတော့ပါဘူး..။
ဆန်နီ လူငယ်လေး ကို အောက်ကို ဖိလိုက်ပြီး သူ့ရဲ့ ဓားကို လှည့်လိုက်ကာ အမြန်ပြီးဆုံးသွားစေဖို့သာ ဆုတောင်းနေခဲ့ပါတယ်..။
'ငါ့ကို မကြည့်ပါနဲ့...ကျေးဇူးပြုပြီး ငါ့ကို မကြည့်ပါနဲ့'
နောက်ဆုံးတော့..ဟတ်ပါရဲ့ ကြောက်လန့်ပြီး မေးခွန်းထုတ်နေတဲ့ မျက်လုံးတွေက အသက်မဲ့သွားခဲ့ပါပြီ..။လူငယ်လေးရဲ့ အင်္ကျီပေါ်ကနေ တဆင့် နှလုံးခုန်သံ ရပ်သွားတာကို ဆန်နီ သတိထားမိလိုက်တယ်..။ဟတ်ပါ တကယ် သေဆုံးတာ သေချာအောင် အတည်ပြုပြီးကာမှ သူက ဓားကို ပြန်ဆွဲထုတ်လိုက်ပါတယ်..။
' အိုး ဘုရားရေ..'
ဒီစကားတွေကို ရေရွတ်ချင်ခဲ့ပေမယ့် အခိုက်အတန့်ရဲရဲ့ အသံက နားထဲကို ဝင်လာခဲ့ပါတယ်..။
[ သင်က အိပ်စက်သူ ဟတ်ပါ ကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်ပိုသန်မာလာခဲ့ပါပြီ ]
နာကျင်စွာ ရှုံ့မဲ့နေတဲ့ အလောင်းကို ဆန်နီ ဘေးဘက်ဆီကို တွန်းပို့လိုက်ပါတယ်..။ယင်းနောက်..သူ ကြမ်းပြင်ပေါ်ကို အားနည်းစွာ လဲချလိုက်ပြီး မျက်နှာကို သုတ်လိုက်တယ်..။အခုမှပဲ သူ့ရဲ့ ခန္တာကိုယ်မှာ သွေးတွေ ပေကျံနေတာကို သတိထားမိလိုက် ပါတယ်..။
'ငါ သူ့ကို သတ်လိုက်တယ်..။ငါ လူသားတစ်ယောက်ကို သတ်လိုက်တယ်..'
ထူးဆန်းတဲ့ ခံစားချက်က ဆန်နီ ဆီမှာ ကိန်းအောင်းနေခဲ့ပါတယ်..။ကျောက်တုံးတွေ ပေါ်မှာထိုင်လိုက်ရင် သူ သတ်ခဲ့တဲ့ လူငယ်လေးရဲ့ အလောင်းကို ကြည့်ကာ အတွေးတွေကို စုစည်းဖို့ ကြိုးစားနေခဲ့ရတယ်..။အတော်ကြာပြီးကာမှ သူ နောက်ဆုံးတော့ ကျော်ဖြတ်နိုင် သွားခဲ့ပါတယ်..။
'အရမ်းများတယ်...ဒါက အရမ်းများတယ်..'
ဒါတွေ အကုန်လုံးက သူ့အတွက် အရမ်းကို များပြားလှတာပါ..။သူက ဘာလို့ ဒါတွေကို ကျော်ဖြတ်နေရတာလဲ..။အစေခံ ခရီးတန်း ၊ မေ့ပျောက်ကုန်းမြေ ၊ ပြောင်းလဲနေတဲ့ကြယ်ပွင့် ၊ ပြီးတော့ အခု ဟတ်ပါ ပါ..။ဒီလို အိပ်မက်ဆိုးတွေကို ကျော်ဖြတ်ရဖို့ အတွက် သူက ဘယ်လို အကုသိုလ်တွေကို ကျူးလွန်မိခဲ့တာလဲ..။သူက တကယ်ပဲ သေဆုံးခဲ့ပြီး..ငရဲတွေကြားထဲမှာ..ပိတ်မိနေခဲ့တာလား..။
' ..သောက်ရေးမပါတာ..။သူက ထိုက်တန်တယ်..'
ဆန်နီ အံကိုကြိတ်ထားပြီး..သူ့အတွေးတွေ ကို အာရုံစိုက်ဖို့ ကြိုးစားထားခဲ့ပါတယ်..။
'မင်းက ဘာလို့ နောင်တရနေရတာလဲ..။ဒီ ခွေးသားက မင်းကို ဂန်လောင် ဆီမှာ ရောင်းစားတော့မှာလေ..။သူက မင်းကို သတ်မယ့်လူကို ကူညီပေးနေတာ..။ပြီးတော့ မင်းတစ်ယောက်တည်းမဟုတ်ဘူး..။နစ်ဖီရော..ကတ်စီ ရော..'
သူဘယ်လောက်ပဲ..ဟတ်ပါ ကို သတ်သင့်တယ်လို့ စဥ်းစား စဥ်းစား..သူ ဒါကို လက်မခံနိုင်ခဲ့ပေ..။ဒီသနားစရာ သူလျိုကို ဖြေရှင်းဖို့ နည်းလမ်းတွေက
သန်းပေါင်းများစွာ ရှိနေပြီးသားပါ..။
'လုပ်စမ်းပါ..ဒီမှာ ဘယ်သူမှ ရှိနေတာ မဟုတ်ဘူး..။ဘာလို့ မင်းကိုယ်မင်း တစ်ခါလောက် ရိုးရိုးသားသား မပြောတာလဲ..။ဒီတိုင်း ဝန်ခံလိုက်စမ်းပါ..။မင်းက ကြောင်သူတော် တစ်ယောက် မဖြစ်လာရဲ ဘူးလား..။
ဆန်နီ မျက်နှာ ရှုံ့မဲ့ပြီး အံကိုကြိတ်ထားခဲ့တယ်..။
'ပြောလိုက်စမ်းပါ..'
သူ ပါးစပ်ကို ဖွင့်ပြီး..တီးတိုးပြောလိုက်တယ်..။
'ငါ သူ့ကို သတ်လိုက်တာက ရှင်သန်ချင်လို့ပဲ..။ငါသူ့ကို သတ်လိုက်တာက..လွယ်ကူလို့ပဲ..'
ပြီးတော့ ဒီီလိုနဲ့ပဲ သူက ခံစားချက် ပိုကောင်းမွန်သွားခဲ့ပါတယ်..။
ဘာများ ထူးခြားနေလို့လဲ..။ဒါက လူသတ်မူ ဖြစ်နေပြီးပြီလေ..။
သူက နစ်ဖီကို ကူညီပြီး လူပေါင်းရာချီသတ်ဖို့တောင် စီစဥ်ပေးနေခဲ့သေးတာပါ..။
ဒီအခြေအနေကို တွေးမိလိုက်တာကြောင့် ဆန်နီ ရယ်မောတော့မယ့် အနေအထားကိုထိန်းထားရတယ်..။
သူ ဆူညံတဲ့ အသံတွေကို မဖြစ်ပေါ်စေချင်ပါဘူး..။စားပွဲကို ဖျက်ဆီးမိတာကတင် အမှားတစ်ခုဖြစ်နေပြီးပါပြီ..။တစ်ယောက်ယောက်က ဆူညံနေလို့ လာကြည့်ရင် ဘယ်လိုလုပ်မလဲ..။
ဒါဆို ဆိုးဝါးသွားပါလိမ့်မယ်..။
ဟုတ်တယ်...သူ ဒီအလောင်းကို ဘယ်လိုလုပ်ရမလဲ..
အဖြေကို စဥ်းစားရမယ့် အစား ဆန်နီ ရှေ့ကို တိုးပြီးသား အလောင်းကို ထပ်လှိမ့်လိုက်ပါတယ်..။
..သူ အတော်ကြာအောင် ထိုင်နေအပြီးမှာတော့ အခန်းတံခါးက ပွင့်သွားခဲ့တယ်..။
ပြီးတော့ တံခါးဝမှာ ရပ်နေတဲ့လူက ကတ်စတာက လွဲပြီး ဘယ်သူမှ မဖြစ်နိုင်တော့ပါဘူး..။
အံ့ဩတဲ့ မျက်နှာအမူအရာနဲ့ ဂုဏ်ယူရတဲ့ ဆက်ခံသူက မြင်ကွင်းထဲကို ရောက်လာခဲ့တယ်..။အခန်းထဲမှာတော့..ကျိုးပဲနေတဲ့ စားပွဲ ၊ လေထဲမှာ သင်းပျံ့နေတဲ့ အရက်နံ့ ၊ ဓားဒဏ်ရာ ရှိနေတဲ့ အလောင်းတစ်လောင်း နဲ့အတူ ဆန်နီ ဟာ ဒူးထောက်လျက်သား ရှိနေခဲ့ပါတယ်..။သူ့ရဲ့ လက်နဲ့ မျက်နှာတွေမှာတော့ သွေးတွေ နေရာ အနှံ့ပါပဲ..။
'အိုး နိုး...'
'ဒါက..ဒါက မဟုတ်ဘူး.."
သို့ပေမယ့် သူ့စိတ်ထဲက ဘယ်စကားလုံးမှ အပြင်ကို ထွက်မလာခဲ့ပေ..။သူဘာပဲပြောပြော အခြေအနေက ကောင်းမွန်သွားမှာ မဟုတ်ပါဘူး..။
သူ့ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ကတ်စတာ ဟာ ထိပ်လန့်တဲ့ အသံနဲ့ ပြောလာခဲ့တယ်..။
"ဆန်နီ မင်းဘာလုပ်ခဲ့တာလဲ.."
***
ဆန်နီ မျက်တောင်ခတ်ပြီး ခန့်ညားတဲ့ လူငယ်လေးကို စိုက်ကြည့်လိုက်ပါတယ်..။အတော်ကြာပြီးတဲ့ နောက်မှာမှ သူ ပြန်ဖြေလိုက်တယ်..။
"မင်း ဘယ်လိုထင်လို့လဲ ငါ ဒီခွေးသားလေးကို သတ်လိုက်တာလေ.."
သူ့ အသံက အေးဆေးတည်ငြိမ်နေခဲ့တယ်..။ဆန်နီရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားနေရလဲ ဆိုတာက အရေးမကြီးပါဘူး..။ကတ်စတား ရဲ့ ရှေ့မှာတော့ သူ့ရဲ့ အားနည်းချက်ကို ထုတ်ပြလို့ မဖြစ်ပေ..။
သူက ဟန်လီကလန်က ဆက်ခံသူကို နည်းနည်းလေးတောင် မယုံကြည်ပါဘူး..။သူနဲ့ ပတ်သက်ပြီးလည်း အမြဲတမ်းမှားယွင်းနေတယ်လို့ ခံစားရပါတယ်..။
ဒီတော့..တကယ်လို့ သရုပ်ဆောင်ရတာ ဝါသနာပါတယ်ဆိုရင် အခုက အချိန်ကောင်းပါပဲ..။ဆင်းရဲသားရပ်ကွက်က လူတွေလို မဟုတ်ပဲ..ကတ်စတာက ဆန်နီက အသုံးမဝင်တဲ့လူ မဟုတ်ဘူးဆိုတာကို သိထားပြီးသားပါ..။သူတို့သုံးယောက် ..နတ်ဆိုးကို အတူ တိုကိခိုက်ခဲ့တဲ့ ညကတည်းက သူက သိထားခဲ့တာပါ..။
"သတ်တာ...မင်းဘာလို့ သူ့ကို သတ်တာလဲ.."
ဆန်နီ မတ်တတ်ရပ်ပြီး ပုခုံးတွန့်လိုက်တယ်..။
"သူက မေးခွန်းတွေ အရမ်းမေးနေလို့လေ.."
ကတ်စတာ တစ်ခုခု ပြောချင်ပေမယ့် အံ့ဩပြီး ပါးစပ်ပြန်ပိတ်သွားခဲ့တယ်..။အတော်ကြာပြီးကာမှ သူက ရုတ်တရက် မျက်မှောင်ကျုတ်လိုက်ပြီး..
"ဘယ်လို မေးခွန်းမျိုးလဲ.."
သူ့ကြည့်ရတာ တစ်ခုခုကို နားလည်သွားသလိုပါပဲ..။
..သေချာတွေးကြည့်ရရင် သူက ဒီမှာဘာလုပ် နေတာလဲ...။
"အိုး သိတဲ့ အတိုင်းပဲလေ..။ငါက နစ်ဖီနဲ့သိလား..သူမရဲ့ စွမ်းရည်ကဘာလဲ..။အစစ်အမှန်နာမည်ကို ဘယ်လိုရခဲ့တာလဲ အဲလိုမျိုးတွေ..."
ကတ်စတာကို တုန့်ပြန်ချိန်တောင် မပေးပဲ ဆန်နီဟာ သူ့ရဲ့ လက်တွေကို ရေမှော်တွေနဲ့ သူတ်လိုက်တယ်..။
"တကယ်တော့ ဒီငနဲ..ဟတ်ပါ က..တီဆိုင် ပို့လိုက်တဲ့ သူလျိုပဲ..။ငါက သူ ရဲတိုက်အရာရှိကို သတင်းပို့နေတာ တွေ့လိုက်တယ်..။
ကတ်စတာ တိတ်ဆိတ်နေပြီးမှ တိတ်တဆိတ်မေးလိုက်ပါတယ်..။
"မင်းမှာ ဒီအတွက် သက်သေရှိလား.."
ဆန်နီ သူ့ကို စိုက်ကြည့်ကာ မျက်ခုံးပင့်တင်လိုက်ပြီး..
"..ငါ့ စကားလုံးတွေက သက်သေအဖြစ် မလုံလောက်ဘူးလား..."
သူ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့တယိ..။
'ကောင်းပြီ ငါ ကတ်စတာကိုရော သတ်လိုက်ရမလား..'
ဒီလိုအခြေနေဖြစ်လာရင် သူ သတ်နိုင်ပါ့မလား..။
သေချာတော့ မသိပါဘူး..။
"ဘာလို့လဲ ငါ့ကို မယုံဘူးလား.."
ဆိုးတယ် ဆိုးတယ်..အခြေအနေက တကယ်ကို ဆိုးတယ်..။ကတ်စတာရဲ့ နောက်ထပ် စကားက ဆန်နီ ပြသနာ တက်မှာလား မတက်ဘူးလား ဆိုတာ မူတည်နေပါပြှီ..။ပြီးတော့သူက ဘာမှ တတ်နိုင်မှာမဟုတ်ပါဘူး..။
စိုးရိမ်မူ ၊ မသက်မသာဖြစ်မူ တွေနဲ့ သူ ကတ်စတာကိုကြည့်နေခဲ့တယ်.။
ဂုဏ်ယူရတဲ့ ဆက်ခံသူဟာ ခနလောက်တွေးပြီးကာမှ အထဲကို ဝင်ပြီး ..တံခါးကို ပြန်ပိတ်လိုင်တယ်..။
"မဟုတ်ဘူး ငါမင်းကိုယုံတယ်..။တကယ်တော့ ငါလည်း ဒီကောင်လေးကို သံသယဖြစ်နေတာ..။ဒါကြောင့် မင်းတို့နှစ်ယောက်တည်း တစ်နေရာကိုသွားတော့ ငါလိုက်လာခဲ့တာ..။ဒါပေမဲ့ ဆန်နီ..တစ်ခြား..တသ်ခြားလူတွေက ဒီလိုထင်ကြမှာ မဟုတ်ဘူး.."
သူ လေထုကို အနံ့ခံပြီး တည်ငြိမ်စွာပြောလိုက်တယ်..။
"ပြောရတာတော့ စိတ်မကောင်းပါဘူး ဒါပေမဲ့မင်းက ဒေါသကြီးတယ်လို့ လူသိများကြတယ်လေ..။အရက်ပါ ထည့်ပြီး ပေါင်းထည့်တာရယ် ၊ ဟတ်ပါ ရဲတိုက်နဲ့ဆက်သွယ်တာကို သက်သေ မရှိတာရယ် ဆိုရင် အခြေနေ သိပ်မကောင်းတာကို မြင်နိုင်တာပဲ..။
'သောက်ပိုတွေ...'
ဆန်နီ တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့တယ်..။ဒီအရာက ဘယ်အထိသွားနေလဲ ဆိုတာကို မြင်နေခဲ့ပါပြီ..။
"ဒီတော့ မင်း ဘယ်လိုလုပ်မှာလဲ..."
ကတ်စတာ သူ့ ပုခုံးကို ကိုင်လိုက်တယ်..။ယင်းနောက်လေးနက်တဲ့ အသံနဲ့ပြောလိုက်ပါတယ်..။
"ဘာရှိရဦးမှာလဲ..။ဒါပေါ့ ငါ ဒီအရာတွေကို ဖုံးကွယ်ဖို့ကူညီပေးမယ်..။ငါတို့က ရဲဘော်ရဲဖက်တွေပဲ..။ဒါပေမဲ့ ဆန်နီ ..ငါတို့ဒီမှာလုပ်တာကို ဘယ်သူမှမသိစေနဲ့..။အထူးသဖြင့် မိန်းကလေး နစ်ဖီပဒ..။ဒါက ဒါက ငါတို့ရဲ့ လျိုဝှက်ချက်ဖြစ်ရမယ်..။ဟုတ်ပြီလား.."
သူ ဒါကို ပြောပြီးတာနဲ့ ဆန်နီရဲ့ မျက်လုံးတွေကိုကြည့်ကာ ပြုံးပြလိုက်ပါတယ်..။