← Chapters

အတိတ်

Vol. 11 Ch. 163

အတိတ်

Vol. 11 Ch. 163

ဆန်နီဟာ ကတ်စတာကို ပြုံးပြီး ကြည့်နေခဲ့တယ်..။သူ့ရဲ့ တည်ငြိမ်တဲ့ အပြုံး..အေးဆေးတဲ့ အသံကလွှဲလို့ ..ချောမောတဲ့ ဆက်ခံသူ ဘာလုပ်ချင်နေလဲ ဆိုတာကို သူသိပါတယ်..။

ဘာပဲဖြစ်ဖြစ် သူက မြို့ပြင်မှာ ကြီးပြင်းလာခဲ့တာပါ..။

ကတ်စတာရဲ့..'ငါ မင်းကို ကူညီမယ် ' လို့ ပြောလိုက်တာက...

တကယ်တော့ ' ငါ မင်းကို အကြွေးတင်သွားပြီ ' လို့ဆိုလိုတာပါ..။

ဘာလို့လဲဆိုတော့ စက်ဆုပ်ဖို့ကောင်းတဲ့ လျိုဝှက်ချက်ကို ထိန်းသိမ်းပေးရတာထက်..ပိုကောင်းတဲ့ လွှမ်းမိုးမူ ဆိုတာ မရှိတော့ပါဘူး..။သူ့ကို အခုလို ကူညီလိုက်တဲ့ အရာက..တန်ကြေးတစ်ခု ပြန်ပြီး ပေးဆပ်ရပါလိမ့်မယ်..။

ဒါပေမဲ့ ဆန်နီမှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ..။သူက တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ ကတ်စတာကို သတ်လိုက်တာ မဟုတ်ရင်..ငြင်းဆန်နိုင်စရာ မရှိတော့ပါဘူး..။

ထပ်ပြောရရင် ကတ်စတာ ပြောတဲ့ အရာက ဖြစ်လာတော့မှာပါ..။ဆန်နီသာ အသက်ရှင်နေသေးသ၍ မျှော်လင့်ချက်ရှိမှာဖြစ်ပြီး အခြေအနေတွေကို ပြောင်းလဲနိုင်ပါလိမ့်မယ်..။

သူက ဒီအခြေအနေကိုပဲ ရှေ့တစ်လှမ်းရှေ့တိုးဖို့ လိုအပ်နေခဲ့တာပါ..။

ဆန်နီ အားတင်းကာ ပြုံးလိုက်ပြီး..

"ကျေးဇူးပါ ကတ်စတာ..ငါ ..ငါ ဒီဟာကို မမေ့ပါဘူး.."

ယင်းနောက်..အောက်ဘက်မှာ သွေးတွေများစွာ ထွက်ပြီး လဲလျောင်းနေတဲ့..အလောင်းကို ကြည့်လိုက်တယ်..။သူ့မျက်နှာက တည်ငြိမ်နေခဲ့ပေမယ့်..အနည်းငယ် တော့ ကျောချမ်းသွားခဲ့ပါတယ်..။

"ဒီတော့ ငါတို့ ဘာလုပ်ကြမလဲ..."

ဂုဏ်ယူရတဲ့ ဆက်ခံသူက ခနလောက်တွေးပြီးမှ ပြောလိုက်တယ်..။

"အရေးကြီးတာ အရင်လုပ်ရမယ်..တစ်စုံတစ်ယောက်က..မင်းကို ဒီလိုပုံစံနဲ့ မြင်သွားလို့ မရဘူး..။ဒီမှာ ခနလောက် စောင့်နေလိုက်..။မင်း ကိုသန့်ရှင်းရေး လုပ်ဖို့ တစ်ခုခု..ယူလာခဲ့ပေးမယ်..."

ဆန်နီ သက်ပြင်းချလိုက်တယ်..။သူက ဟတ်ပါ ရဲ့ အနားမှာ ဆက်ပြီး မနေချင်တော့ပေမယ့် ကတ်စတာ ပြောတာ မှန်ပါတယ်..။သွေးတွေ ပေကျံနေတုန်း လျောက်သွားတာက အကြံကောင်းမဟုတ်ပေ..။

"ပြီးရင်ရော ဘယ်လိုလုပ်ရမှာလဲ.."

ကတ်စတာ တွေဝေပြီးကာမှ..

"ပြီးတော့ ငါတို့ ဒီအလောင်းကို ရှင်းဖို့လိုအပ်တယ်..။ဒါပေမဲ့ ရဲတိုက်ရဲ့ အစောင့်တွေမမြင်ပဲ ဒါကို လုပ်ဖို့ဆိုတာက လွယ်ကူမှာမဟုတ်ဘူး..။ဒါပေမဲ့ စိတ်မပူနဲ့..ငါ တစ်ခုခုကို တွေးမိထားတယ်..။ဒီတိုင်း ငါ ပြန်လာတာကိုသာ စောင့်နေလိုက်.."

ဒီ ဆက်ခံသူ ကို ယုံကြည်လို့ ရလားဆိုတာကို ဆန်နီ တွေဝေနေခဲ့တယ်..။သူက လူအုပ်ကြီးနဲ့ အတူ ပြန်လာရင်ရော ဘယ်လိုလုပ်မလဲ..။ဒါပေမဲ့ မဟုတ်ဘူး..။

ဆန်နီကို သူ့ အိပ်ကပ်ထဲမှာ ထည့်ထားတာက စွန့်ပစ်လိုက်တာထက် ကတ်စတာ အတွက်ပိုပြီး အကျိုးရှိမှာပါ..။

ဒါတောင်မှ ဒီ ခန့်ညားတဲ့ လူငယ်လေး..ထွက်သွားတာကို သူ့ရဲ့ အရိပ်နဲ့ လိုက်ကြည့်နေခဲ့ပါသေးတယ်..။

အလောင်းကောင်ကို ဘေးနားမှာ ထားပြီး..ဆန်နီ သက်ပြင်းချကာ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်တယ်..။သူက တကယ်ကို ပင်ပန်းနေခဲ့ပါပြီ..။

ညအချိန်က အပျက်အစီးတွေထဲမှာ ကြီးစိုးနေပြီး ..အရာရာတိုင်းကို အမှောင်ထုကသာ ကြီးစိုးနေခဲ့တယ်..။ဒါပေါ့..သူကတော့ ဒီ ခံစားချက်မဲ့နေတဲ့ အလောင်းကောင်ကြီးကို ဘေးနားမှာ မြင်နေရတုန်းပါပဲ..။ပထမဆုံးအနေနဲ့..သူ့မျက်လုံးတွေက အမှောင်ထဲမှာ မမြင်နိုင်ဖို့ကို ဆန်နီ ဆုတောင်းလိုက်မိတယ်..။

ဟတ်ပါ ရဲ့ မျက်လုံးတွေကတော့ ပွင့်နေတုန်းဖြစ်ပြီး သူ့ကို စွပ်စွဲတဲ့ အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်..။

'ငါ...ငါကတော့ မင်းအကြောင်းကို စိတ်ထဲမှာ တစ်သက်လုံး စွဲနေတော့မယ်ထင်တယ်..။အဲလိုဖြစ်နိုင်လား.."

ဝိဥာဥ် ပင်လယ်ထဲကို ကြည့်နေစရာတောင် မလိုပဲ..သူ့သတ်လိုက်တိုင်းပေါ်လာတဲ့ အရိပ်စစ်တပ်ထဲမှာ အရိပ်တစ်ခု ပေါ်လာပြီဆိုတာကို သိနေခဲ့တယ်..။

သူ လုပ်နိုင်တာဆိုလို့ စောင့်နေဖို့ပါပဲ..။

အချိန်တွေက ဖြည်းဖြည်းချင်းကုန်သွားခဲ့တယ်..။

ကတ်စတာကတော့ ဘယ်သူရဲ့ အာရုံစိုက်မူကိုမှ မရယူပဲ..လိုအပ်တာတွေကို စုဆောင်းနေခဲ့တယ်..။သူက တစ်ခြားလူတွေရဲ့ မျက်လုံးနဲ့ သူ့ရဲ့ အာရုံစိူက်မူတွေကို လိုချင်တဲ့ လူတွေနဲ့ စကားပြောတာကို ရှောင်ရှားဖို့ လိုအပ်ပါတယ်..။အဲ့အချိန်မှာတော့ ကတ်စီတောင်မှ သူ့ကို စကားပြောနေခဲ့တယ်..။

"ဟေး..ကတ်စတာ..။နင် ဆန်နီကို တွေ့သေးလား.."

သူတို့ရဲ့ ဝေးတဲ့ အိမ်ငယ်လေးတစ်ခုရဲ့ ကြမ်းပြင်မှာတော့ ..ဆန်နီဟာ..ခါးသက်စွာပြုံးပြီး..ဒီဆက်ခံသူ ဘယ်လို အကြောင်းပြချက်ပေးမလဲ ဆိုတာကို နားထောင်နေခဲ့တယ်..။

အတော်ကြာပြီးကာမှ..သူ့အတွေးတွေက လွင့်ပြယ်သွားခဲ့ပါတယ်..။သူက အပြင်ဘက်မှာ ကျောက်တုံးတွေ ပေါ်ကို မိုးစက်တွေ ကျနေတဲ့ အသံတွေကို နားထောင်နေခဲ့တယ်..။မိုးရေတွေက သူ့ စိတ်ခံစားချက် မကောင်းတဲ့ အချိန်တိုင်း ရွာချလေ့ရှိတာပါ..။

မ်ိုးရေ တွေကြောင့် ဆန်နီ အတိတ်ကိုတောင် ပြန်မြင်ယောင်လိုက်မိပါတယ်..။

နစ်ဖီ နဲ့ မတူတာက..သူက ရိုးရှင်းတဲ့ မိသားစု နောက်ခံကနေ လာခဲ့ပါတယ်..။သူ့ရဲ့ ဇာတ်လမ်းက ကပ်ဆိုး ဆိုတာထက်..သာမန်မျှလောက်ပဲ ရှိတာပါ..။သေအံ့ဆဲဆဲ ကမ္ဘာမှာ..ကံဆိုးတဲ့လူတွေ ရှိတတ်တဲ့ သာမန် ဇာတ်လမ်းလေး တစ်ခုပါပဲ..။

ဆန်နီရဲ့မိဘတွေက ချို့တဲ့တဲ့ အလုပ်သမားတွေပါ..။သူတို့က ဆင်းရဲပေမယ့် ချို့ချို့တဲ့တဲ့တော့ မနေကြရပေ..။သူ့ရဲ့ အဖေက မြို့ရဲ့ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှာ အလုပ်လုပ်ပါတယ်..။သူ့အမေကတော့ လေသန့်ရှင်းရေး စစ်စတန် ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်..။သူတို့နှစ်ယောက်ရဲ့ ဝင်ငွေကို ပေါင်းမှ..မြို့ပြင်မှာ နေထိုင်ဖို့အတွက် လုံလောက်ရုံပဲ ရှိခဲ့တာပါ..။

လအတော်ကြာပြီး ဆန်နီ လေးနှစ်ကို ရောက်တဲ့ အချိန်၊ သူ့ရဲ့ ညီမလေး ရိမ်း ကို မွေးဖွားတဲ့ အချိန်မှာတော့..သူ့အဖေက လုပ်ငန်းခွင်မှာ မတော်တဆမူကြောင့် သေဆုံးသွားခဲ့ရပါတယ်..။နောက်သုံးနှစ်ကြာတဲ့ အချိန်မှာတော့..သူ့အမေကပါ သေဆုံးသွားခဲ့တယ်..။သူမလို စက်ရုံ အလုပ်သမားတွေက..မကြာခန ဖျားနာကြပြီး..ကြမ်းတမ်းတဲ့ အခြေအနေတွေကြောင့် သေဆုံးကြပါတယ်..။ဒါကလည်း ရှားပါးနဲ့ ဖြစ်စဥ်တစ်ခုတော့ မဟုတ်ပေ..။

ဆန်နီ နဲ့ ရိမ်းကတော့..အစိုးရ ထိန်းသိမ်းစောင့်ရှောက်ရေး ကျောင်းကို ပို့တာ ခံလိုက်ရတယ်..။သူ့ရဲ့ ညီမက ငယ်ရွယ်ပြီး ချစ်ဖို့ ကောင်းတာကြောင့် ခပ်မြန်မြန်ပဲ မွေးစားခံခဲ့ရပါတယ်..။သို့ပေမယ့် ဆန်နီက အသက်ကြီးပြီး အပြုအမူပိုင်း ပြသနာ ရှိနေတာကြောင့် သူ့ကို လူပေလူတေ တစ်ယောက်ဖြစ်လာစေခဲ့တယ်..။အိမ်ကို လွမ်းဆွတ်မူကို အချိန်အကြာကြီး တောင့်ခံပြီးတဲ့ နောက်မှာတော့..သူက အပြင်က်ို ထွက်ပြေးနိုင်ခဲ့ပြီး မြို့ပြင်မှာ ဘယ်လို ရှင်သန်ရမလဲ ဆိုတာကိုပါ သင်ယူနိုင်ခဲ့ပါတယ်..။

လမ်းကြားတွေမှာတော့ ..သူ့လ်ိုမျိုး..နောက်တစ်ရက် နေထွက်တာကိုမြင်ရဖို့ လုပ်နိုင်သမျှ အကုန်လုပ်နေရတဲ့ ကလေးတွေ အများကြီးပါပဲ..။သို့ပေမယ့် ဒါတောင်မှ သူတို့ အကြာကြီး မရှင်သန်နိုင်ကြပါဘူး..။တကယ်ကို ထူးခြားတဲ့ သားရဲတစ်ကောင်က ပဲ အဲဒီမှာ ရှင်သန်နိုင်ပါလိမ့်မယ်..။

ဆန်နီက ဒီလို သားရဲတစ်ကောင်ပါ..။

သူက တစ်ဖက်မှာ ကံကောင်းခဲ့ပြီး ၊ တစ်ဖက်မှာလည်း ဥာဏ်ကောင်းခဲ့ပါတယ်..။သို့ပေမယ့် သူ ရှင်သန်နိုင်ခဲ့တာက..ပန်းတိုင်တစ်ခု ရှိခဲ့လို့ပါပဲ..။ဆန််နီက သူ့ညီမလေးကို မတွေ့မချင်း သေဖို့ မစဥ်းစားခဲ့ပေ..။

တစ်နည်းအားဖြင့် သူ့ညီမလေးက သူလာကယ်တာကို စောင့်နေတယ်လို့ပဲ ကိုယ့်ကိုကို သိမ်းသွင်းထားခဲ့တာပါ..။တစ်နေ့ မှာ သူတို့က ပျော်စရာကောင်းပြီး..နွေးထွေးတဲ့ မိသားစုလေးတစ်ခု ကျိန်းသေ ပြန်ဖြစ်ကြရပါလိမ့်မယ်..။ဒီ ပန်းတိုင်က ..သူ့ကို အမြဲတမ်း ရှင်သန်နေနိုင်အောင်..လမ်းပြပေးခဲ့တယ်..။

ဒါပေါ့ အဆုံးသတ်ကတော့ မကောင်းခဲ့ပါဘူး..။

ဒီ သောက်ကျိုးနဲ ကမ္ဘာကြီးက ဘယ်တုန်းကမှ မကောင်းခဲ့ပေ..။

အလောင်းကောင်နဲ့ စင်တီမီတာ အနည်းငယ် အကွာအဝေးမှာ ထိုင်နေရင်း ဆန်နီ ရယ်မောကာ..မျက်နှာကို ပွတ်လိုက်တယ်..။

ပျော်ရွှင်စရာ အဆုံးသတ် ဆိုတာက ရှိရော ရှိရဲ့လား။

' ဟိုခွေးသားက ဘာလို့ အဲလောက်တောင် ကြာနေတာလဲ...'

တကယ်တော့ ကတ်စတာ ဘယ်မှာလဲ ၊ ဘာလုပ်နေလဲ ဆိုတာကို သူ အတိအကျ သိနေပြီးသားပါ..။

လတ်တလောမှာ သူက လက်ကို မြှောက်ပြီး ဟတ်ပါ ရဲ့ အိမ်တံခါးကို ဖွင့်ဖို့ လုပ်နေခဲ့ပါတယ်..။

ဆန်နီ ကြမ်းပြင်ကနေ ကြိုးစား မတ်တတ်ရပ်လိုက်ပြီး..ပြန်လည်တွေးတောနေမိတာတွေကို ..ဖယ်ထုတ်လိုက်တယ်..။

အတိတ်ကို သတိရနေတော့ရော ဘာများ ထူးမှာမို့လို့လဲ..။

သူ ဒီနေရာမှာ ရှင်သန် ရပါဦးမယ်..။

All Chapters