နှုတ်ဆက်မူ
Vol. 11 Ch. 164
ကတ်စတာ..က သူ့အတွက် ..ရေတွေ ၊ အဝတ်အစား တွေနဲ့..အတွင်းခံ အင်္ကျီတွေပါ ယူလာပေးခဲ့တယ်..။
ဆန်နီက သူ့ရဲ့ သွေးတွေကို ဆေးကြောနေတဲ့ အချိန်မှာ ဂုဏ်ယူရတဲ့ ဆက်ခံသူက ဟတ်ပါရဲ့ အလောင်းကို ထောင့်ဘက်ကို ဂရုတစိုက်ပို့လိုက်ပါတယ်..။ပြီးတာနဲ့ ရေမှော်တွေ အောက်ကို ဖုံးထားကာ ကြမ်းပြင်ပေါ်က သွေးတွေကို ရနိုင်သလောက် သုတ်လိုက်တယ်..။
ဒီလိုနဲ့..အိမ်ငယ်လေးထဲက မတော်တဆမူက သိပ်ပြီး မသိသာတော့ပါဘူး..။ဒါပေါ့ နည်းနည်း အလေးထားပြီး ကြည့်လိုက်တာနဲ့..ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာက ပေါ်လာမှာပါ..။
ဒီလိုတွေ လုပ်နေတုန်းမှာပဲ..ကတ်စတာက ပြောလိုက်တယ်..။
"ဒီအလောင်းကို..ရှင်းပစ်ဖို့က..ပလက်ဖောင်းကနေ ..လွင့်ပစ်လိုက်ဖို့ပဲ..။ကံကောင်းချင်တော့ ဒါက လမ်းပေါ်မှာဖြစ်နေတာ မဟုတ်ဘူးလေ..။ဒါပေမယ့် ဒီလိုဆိုရငိတောင်မှ ..ဘယ်သူကမှ သိပ်ပြီး အာရုံစိုက်မှာမဟုတ်ဘူး..။အထူးသဖြင့် လူတွေက အနက်ရောင်မြို့တော်ထဲမှာ အမြဲတမ်း သေဆုံးနေကြတာလေ..။အထူးသဖြင့်..မြို့ပြင်ဘက်မှာနေကြတဲ့လူတွေပဲ.."
သူက ရပ်တန့်ပြီးမှ ဆက်ပြောလိုက်တယ်..။
"ဒါပေမဲ့ ငါတို့ ဒီလိုမလုပ်နိုင်ဘူး..။ဘာလို့လဲဆိုတော့ ဟတ်ပါ က သာမန် လမ်းဘေးက ကြွက်တစ်ကောင်မဟုတ်ဘူး..။သူက ရဲတိုက်ရဲ့ အရှင်အတွက် အလုပ်လုပ် နေတဲ့ လူတစ်ယောက်ပဲ..။အစောင့်က သူ့ရဲ့သေဆုံးမူကို..စိတ်ဝင်စားလာပြီး..မင်းနဲ့ မိန်းကလေး နစ်ဖီ ကို ပြသနာရှာလိမ့်မယ်..။ဒီတော့..ငါတို့က သူ့ကို လုံးဝ လက်စဖျောက်ဖို့ လိုအပ်တယ်..။ဒါက လွယ်ကူမှာမဟုတ်ဘူး.."
ဆန်နီ ..သူ့ကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။
"ဘာတွေ များ ခက်ခဲလို့လဲ..။ငါသူ့ရဲ့ ခန္တာကိုယ်ကို သယ်ပြီး..အပျက်အဆီးထဲကို ပစ်ချထားခဲ့လိုက်လို့ရတယ်..။အခုက ညဘက်ရောက်နေတာ..။ဘယ်သူမှ မြင်လိုက်မှာတောင် မဟုတ်ဘူး..."
ကတ်စတာ ခေါင်းခါယမ်းလိုက်ပြီး..
"ရဲတိုက်အစောင့်တွေက လမ်းပေါ်ကို နေ့ရော ညရော စောင့်ကြည့်နေကြတာ..။မင်း သတိထားခံရမှာပဲ..။ဒါပေါ့ တစ်စုံတစ်ယောက်က သူတို့ စောင့်ကြည့်တာကို တားဆီးထားပေးရင်တော့ အဆင်ပြေမှာပေါ့.."
သူ သက်ပြင်းချလိုက်ပြီး..
"ဒါက ..စျေးပေါမှာ မဟုတ်ပေမယ့် ငါ ဖြစ်လာအောင်တော့ ဖန်တီးပေးလို့ရတယ်..။မနက်ဖြန်နေဝင်ပြီးရင် မင်း ဒီအလောင်းကို အပြင်ကို သယ်ထုတ်ပြီး ပြန်လာဖို့ တစ်နာရီ အချိန်ရမယ်..။စိတ်မကောင်းပါဘူး..ငါ ဒီထက်ပိုပြီး အချိန်မဖန်တီး ပေးနိုင်ဘူး..။ဒီကိစ္စကတင် ငါ့ရဲ့ ဝိဥာဥ်အမြုတေ နည်းနည်းကို ကုန်စေလိမ့်မယ်.."
သူ့ပြောတဲ့ လေသံက ..ဒီ ခန့်ညားတဲ့ လူငယ်လေးက သူ့အပေါ်ကို ဘယ်လောက်တောင် စိုးရိမ်ပေးနေလဲ လို့ ထင်ရပါတယ်..။သို့ပေမယ့် အမှန်တကယ်က ဆန်နီ အပေါ်မှာ သူ ဘယ်လောက်တောင် အကြွေးတင်နေသလဲ ဆိုတာကို သတိပေးနေတာပါ..။
တကယ်လို့ ဒီလို အချက်ပေးတာကသာ မလုံလောက်ရင် သူက အနာဂတ်မှာ ဟတ်ပါ ဘယ်လိုသေသွားသလဲ ဆိုတဲ့ လျိုဝှက်ချက်နဲ့ ခြိမ်းခြောက်လာပါလိမ့်မယ်..။
ကတ်စတာ ..သူ့ရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တယ်..။
ဆန်နီ နက်မှောင်စွာ ပြုံးလိုက်ပြီး..
"ဒါဆို..ငါက အဲ့အချိန်ထိ ဘာလုပ်နေရမှာလဲ.."
ဆက်ခံသူက ပုခုံးတွန့်လိုက်ပြီး..
"ပုံမှန်အတိုင်းပဲ နေပြီး..ဘယ်သူနဲ့မှ စကားမပြောနဲ့..။မင်းက အမြဲတမ်းတစ်ယောက်တည်း နေတတ်တယ်လေ..။မင်းကို ဘယ်သူမှ သံသယဖြစ်မှာမဟုတ်ဘူး.."
ပြီးတဲ့ နောက်မှာတော့ သူခနလောက် တွေးပြီး ထပ်ပြောလိုက်တယ်..။
"အိုး..။ဒီ....ဘယ်သူမှ ဒီထဲကို ဝင်မလာလောက်ဘူး..။ဟတ်ပါက ရဲတိုက်ထဲမှာ နေလာတာအတော်ကြာတော့ လူတွေက သူ့ရဲ့ မတည်ရှိမူကို သတိမထားမိကြလောက်ဘူး..။လတ်တလော သူက သတင်းပို့ထားတော့ အစောင့်တွေလည်း သိမှာမဟုတ်ဘူး..။ငါတို့အဆင်ပြေလောက်ပါတယ်.."
ဆန်နီ သူ့ကို ထူးဆန်းစွာကြည့်နေခဲ့တယ်..။
"ဘာလဲ..."
သူ ခေါင်းခါယမ်းလိုက်ပြီး..
"မဟုတ်ဘူး...။မင်း အလောင်းတွေ ဘယ်လောင်တောင် ဖျောက်ခဲ့ဖူးတာလဲ ဆိုတာကို ငါတွေးနေတာ.."
ကတ်စတာ မျက်မှောင်ကျုတ်လိုက်ပြီး..
"တကယ်တော့ ဒါက ပထမဆုံးအကြိမ်ပဲ..။အမှောင်မြို့တော်ထဲမှာ..သတ်ထားတဲ့အလောင်းကို လူမြင်ကွင်းထဲမှာ ထားထားတာက ပိုတောင် ကောင်းသေးတယ်လေ..!
အဓိပ္ပါယ်ရှိတယ်..။တစ်ခြားလူတွေ မင်းကို လာရှုပ်ဖို့ နှစ်ခါစဥ်းစားသွားအောင် ဘာလို့ အလောင်းကို ဖျောက်နေတော့မှာလဲ..။
လူသတ်မူ နဲ့ပတ်သက်လာရင် ဆန်နီက ..လူသစ်သာသာပဲ ရှိနေပါသေးတယ်.။သူက ဆက်ခံသူတွေနဲ့ နှိုင်းယှဥ်လို့ မရသေးပေ..။
ဒီလိုနဲ့..သူတို့က သနားစရာ တဲစုတ်လေးကို ထားခဲ့ပြီး အိမ်ငယ်လေးဆီကို ပြန်လာခဲ့လိုက်ကြတယ်..။သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြတာကြောင့်..ဆန်နီ သူ့အခန်းထဲကိုသာ တိတ်တဆိတ် ပြန်လာခဲ့ပါတော့တယ်..။
သူ အိပ်ယာပေါ်မှာ လဲလျောင်းနေပေမယ့်..နစ်ဖီရဲ့ အစီစဥ်တွေ ၊ ဟတ်ပါ သူ့လက်ထဲမှာ သေတဲ့ ကိစ္စတွေကြောင့်..ဒီည အိပ်ပျော်မှာမဟုတ်လောက်ဘူးလို့ ထင်ထားခဲ့တာပါ..။
သို့ပေမယ့်..သူ့ရဲ့ မသိစိတ်က အရမ်းကို ပင်ပန်းနွမ်းနယ်နေတာကြောင့်..သူ့ ခေါင်းကို ခေါင်းအုံးပေါ်ချလိုက်တာနဲ့ အိပ်ပျော်သွားခဲ့ပါတယ်..။
***
မနက်ခင်းရောက်တဲ့ အချိန်မှာတော့..နေထိုင်သူတွေက..အိမ်ငယ်လေးထဲကို အလျင်စလို ဝင်လာတဲ့ အသံကြောင့် ဆန်နီ လန့်နိုးလာခဲ့တယ်..။
ကောင်းပြီ..သူတို့က ဘာတွေလုပ်စရာ ရှိလို့လဲ..။တကယ်လို့ အတင်းသာ တွန်းထိုးနေကြရင် သူ့ကိုတောင် လာထိနိုင်ပါတယ်..။
သို့ပေမယ့်..အနီးနားမှာတော့ ဘယ်သူမှ ရှိမနေခဲ့ပေ..။
အတော်ကြာအောင် တွေဝေနေပြီးကာမှ သူ ခါတိုင်းနေတွေလို လုပ်ဖို့သာ ဆုံးဖြတ်လိုက်တယ်..။သူ့အခန်းထဲကနေထွက်ပြီး အပြင်ဘက်မှာ မျက်နှာသစ်ဖို့ လုပ်လိုက်ပါတယ်..။
နစ်ဖီ ရဲ့ အကူအညီလေးတွေကတော့..ခါတိုင်းလိုပဲ သူ့ကို နှုတ်ဆက်တာ..လျစ်လျူရူတာတွေလုပ်နေခဲ့ပါတယ်..။သူတို့ ရဲ့ အပြုံးလေးတွေ ရင်းနှီးပြီး ဖော်ရွေနေခဲ့တယ်..။
ဘယ်သူ့မှ သူ့ကို နှစ်ခါပြန်မကြည့်ခဲ့ပေ..။
ထူးဆန်းစွာပဲ..ဆန်နီ အပြင်ကို ရောက်တာနဲ့ ကောင်းကင်ထက်ကို ကြည့်လိုက်တယ်..။
ဘာအရာကမှ မပြောင်းလဲခဲ့ပေ.။အရာရာတိုင်းက မနေ့ကလိုပဲ ရှိနေတုန်းပါပဲ..။
ဘယ်လိုလုပ်..ဘယ်လိုဖြစ်နိုင်မှာလဲ..။
သူက တစ်စုံတစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်ခဲ့ပေမယ့်..ဘယ်သူမှ ဂရုစိုက်ကြတဲ့ပုံ မပေါ်ပါဘူး..။ကမ္ဘာကြီးက ဟတ်ပါ မပါလည်း ရွေ့လျားနေခဲ့ပြီး..လူငယ်တွေ မျက်လုံးထဲက နာကျင်မူတွေ ၊ ထိပ်လန့်မူတွေကလည်း မပြောင်းလဲပေ..။
အစောင့်တွေကတောင် သူတို့ရဲ့ သူလျို ပျောက်သွားတာကို သတိမထားမိကြပါဘူး..။
ဆန်နီ သူ့မျက်နှာကို ပွတ်လိုက်ပြီး..နာကျင်မူတွေကို ဖုံးကွယ်လိုက်တယ်..။သူ့ရဲ့ ခေါင်းကတော့ ဆိုးဆိုးဝါးဝါး နာကျင်နေခဲ့ပါပြီ..။
'တကယ်လို့ သူတို့ ဂရုမစိူက်ရင် ..ငါက ဘာလို့ ဂရုစိုက်ရမှာလဲ..။မေ့ထားလိုက်တော့ အရူး...&
သို့ပေမယ့် သူကတော့ ဂရုစိုက်နေတုန်းပါ..။ဘာလို့လဲ ဆိုတော့ ဒီအခြေအနေက သူ အမြဲတမ်း တွေးနေမိတဲ့ သူ့ရဲ့ သေဆုံးတဲ့ပုံစံ နဲ့ဆင်တူနေလို့ပါ..။
သူ ကွယ်ပျောက်သွားရင်တောင်မှ ဘယ်သူတစ်ဦးတစ်ယောက်မှ သူတည်ရှိနေခဲ့မူကို ဂရုစိုက်ကြမှာမဟုတ်ပေ..။
'သနားစရာပဲ '
ဆန်နီ အထဲကို ပြန်ဝင်သွားပြီး ဆိုဖာပေါ်မှာ ထိုင်ကာ..နံရံကို ကြည့်နေခဲ့တယ်..။
ဆန်နီ အချိန်အများစုကို ဒီမှာသာ ထိုင်နေပြီး..ခနတာမျှသာ..သန်းခေါင်းယံ အမြုတေ နဲ့ ထွက်ပြီး လေ့ကျင့်တဲ့ ပုံ ဟန်ဆောင်နေခဲ့တယ်..။သူလေ့ကျင့်နေတဲ့ အချိန်မှာ..နစ်ဖီက သူ့ရဲ့ လှုပ်ရှားမူတွေကို မျက်မှောင်ကျုတ်ပြီး..ကြည့်နေတာ တွေ့လိုက်ရတယ်..။သို့ပေမယ့် စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူမရဲ့ မပြီးဆုံးနိုင်တဲ့ အလုပ်တွေကိုသာ ပြန်လုပ်နေခဲ့ပါတယ်..။
'မရှိတာပဲ ကောင်းတယ်..။ကတ်စတာ နဲ့ စကားသွားပြောပြီး ငါ ဂရုစိုက်မလား ဆိုတာ ကြည့်လိုက်လေ..'
ရုတ်တရက် ဒေါသထွက်လာမူက ဆန်နီကို အံ့ဩသင့်စေခဲ့တယ်..။
ကောင်းပြီ..အနည်းဆုံးတော့ တစ်နေ့လုံး စိတ်မပါလက်မပါ ဖြစ်နေတာထက် စာရင်တော့ ပိုကောင်းပါသေးတယ်..။
'ငါ့စိတ်တွေက လတ်တလော ဘာဖြစ်နေတာလဲ..&
သူ မျက်မှောင်ကျုတ်ကာ ဓားကိုပြန်သိမ်းလိုက်ပြီး အခန်းထဲကို ပြန်လာခဲ့ပါတယ်..။
သိူ့ပေမယ့် တစ်စုံတစ်ယောက်က သူ့ကို စောင့်နေခဲ့တယ်..။အဲတာက ကတ်စီ ပါ..။
မျက်မမြင်မိန်းကလေးက သစ်သားတုတ်ချောင်းလေးကို ကိုင်ပြီး..တံခါးပေါက်ကို ကျောပေးထားခဲ့ပါတယ်..။သူမရဲ့ မျက်နှာကတော့ ခါတိုင်းလိုပါပဲ..။
ဆန်နီရဲ့ နှလုံးခုန်သံက မြန်လာခဲ့တယ်..။
'သူမ..သူမက သိသွားတာလား..'
အားတင်းကာ ပြုံးလိုက်ပြီး သူက တက်ကြွတဲ့လေသံနဲ့ပြောလိုက်တယ်..။
"အိုး..ဟေး ကတ်..တစ်ခုခုလိုလို့လား.."
သူမက သူ့ဘက်ကို လှည့်လိုက်ပြီး ခနလောက်တွေဝေကာ ပြုံးလိုက်တယ်..။သ်ို့ပေမယ့် သူမရဲ့ အပြုံးက တစ်ခုခု လွဲမှားနေခဲ့ပါတယ်..။
ဒါက သူ့လိုပဲ အားတင်းပြီး ပြုံးထားနေရသလိုပါပဲ..။
မျက်မမြင်မိန်းကလေးက ..ပြောလိုက်တယ်..။
"ဟင်အင်..ဘာမှ ထူးခြားတာ မရှိပါဘူး.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
' သူမ ဒီနေ့ဘာဖြစ်နေတာလဲ..'
အဲ့အချိန်မှာတော့ ကတ်စီ လက်ကို မြောက်ပြီး သူ့ရဲ့ ပုခုံးကို ကိုင်လာခဲ့ပါတယ်..။
"ဟင့်အင်..တကယ်တော့..ငါက နင့်အတွက် လက်ဆောင် လာပေးတာ.."
သူ မျက်ခုံးပင့်တင်လိုက်ပြီး..
"လက် ..လက်ဆောင်လား..."
သူမ ခေါင်းညိမ့်လိုက်တယ်..။ခနအကြာမှာတော့ အလင်းရောင် တစ်ခုက သူမရဲ့ ခန္တာကိုယ်ကနေ သူ့ဆီကို စီးဝင်လာခဲ့ပါတယ်..။
ဆန်နီ တုန်ခါသွားခဲ့တယ်..။
[ သင်က မှတ်သားမူတစ်ခု ရရှိပါပြီ ။ အဆုံးမရှိ တဲ့စမ်းချောင်း..]
ဒါက.. ။သူမရဲ့ လှပတဲ့ ဖန်ပုလင်းက အဆုံးမရှိတဲ့ ရေပမာဏ တွေ ပါဝင်တာမဟုတ်ဘူးလား..။
သူမက ဘာလို့ ငါ့ကို ပေးရတာလဲ..။
"ငါ့ကို ဘာလို့ ရုတ်တရက်ကြီး လက်ဆောင်လာပေးရတာလဲ..."
သူမက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သိမ်မွေ့ကာ ခေါင်းခါယမ်းလိုက်တယ်..။
"ငါ ပေးချင်လို့ပေါ့..။ဘာဖြစ်လို့လဲ..။ငါတို့အတွက် ဒီလောက်လုပ်ပေးပြီးတာတောင်..ငါက နင့်ကို တစ်ခုခု ပေးလို့ မရဘူးလား.."
ဆန်နီ တွေဝေသွားခဲ့တယ်..။
"ပေးလို့ရတယ်လေ..။ငါက မထင်မှတ်ထားခဲ့တာပါ.."
ကတ်စီက သူ့ရဲ့ ပုခုံးကို ညှစ်လိုက်ပြီး ခံစားချက်မဲ့စွာပဲ အတော်ကြာအောင် ထူးထူးဆန်းဆန်းနေနေခဲ့တယ်..။ပြီးတဲ့အခါမှ သူမက အကြည့်လွှဲလိုက်ပြီး ပေါ့ပါးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
"ငါတို့ မကြာခင် ပြန်တွေ့ကြမယ် ဆန်နီ..."
' ထူးဆန်းတယ် '
သူက သူမရဲ့ လက်ကို ပုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားခဲ့တယ်..။
"ဒါပေါ့..တွေ့ကြမယ်လေ..။ငါက ဘယ်ကို သွားရမှာလဲ..။ဒီအိမ်ငယ်လေးထဲမှာ ငါတို့က အမြဲတမ်း တွေ့နေရမှာကို..."
သူမ လက်ကို ဖြည်းညှင်းစွာ ဖယ်ပြီး ရယ်မောလိုက်တယ်..။
"အင်း..နင်ပြောတာမှန်တယ်..ဒါပေါ့။ငါ..ငါ သွားတော့မယ်.."
ဒီလိုပြောပြီးတာနဲ့..သူမ တစ်ဖက်ကို လှည့်ပြီး တံခါးဆီကို ဦးတည်သွားခဲ့တယ်..။
ဆန်နီ သူမရဲ့ နောက်ကျောကို ကြည့်နေရင်းက..
"ကောင်းပြီလေ..တာ့တာ.."
'သူမ ဘာတွေဖြစ်နေတာလဲ..'
တံခါးနားရောက်တဲ့ အချိန်မှာတော့ ကတ်စီ ခနလောက် အေးခဲနေခဲ့တယ်..။သူမက နောက်ကိုပြန်လှည့် မကြည့်ပဲ..အနည်းငယ်တွေဝေပြီးကာမှ တိတ်တဆိတ်ပြောလိုက်ပါတယ်..။
"နှုတ်ဆက်ပါတယ် ဆန်နီ..."