အင်အား..
Vol. 11 Ch. 165
အဲ့နေ့ရဲ့ ကျန်တဲ့အချိန်မှာတော့..ဆန်နီဟာ ဘာမှလုပ်စရာ မရှိတော့ပဲ..နေဝင်ဖို့ အချိန်တွေကိုသာ ရေတွက်နေခဲ့ရတယ်..။ညရောက်လာတဲ့ အချိန်မှာတော့..သူက မတော်တဆ ဖြစ်ခဲ့တဲ့ နေရာကို ပြန်သွားပြီး အမှောင်ထုအောက်မှာ..အလောင်းကို အပျက်ဆီး ဆီကို သယ်သွားရမှာပါ..။
'ဘယ်လိုလုပ် ဒီလိုတွေဖြစ်လာတာလဲ ..'
သူ့ရဲ့ အခန်းကျဥ်းလေးထဲမှာထိုင်ရင်း နံရံကို ကြည့်ကာ စောင့်ဆိုင်းနေခဲ့တယ်..။မကြာခင်မှာပဲ..ညအချိန်ကြီး..အနက်ရောင်မြို့တော်ထဲကို သွားရမယ်ဆိုတဲ့ ကြောက်စိတ်က သူ့စိတ်ထဲကို နေရာယူလာခဲ့တယ်..။
လူတွေက..ညအချိန်မှာ စွန့်စားပြီး တောင်ကုန်းကနေမထွက်ခွာကြပါဘူး..။ကြယ်မရှိတဲ့ ဟင်းလင်းပြင်တစ်ခုလုံးမှာ..အလင်းရောင် သေးသေးလေး တစ်ခုက မရေမတွက်နိုင်တဲ့..သားရဲတွေကို ဆွဲဆောင်နိုင်ပါတယ်..။မရေမတွက်နိုင်တဲ့ ကြောက်လန့်စရာတွေက မြို့ရဲ့ လမ်းကြားတွေထဲမှာ လျောက်သွားနေကြတာပါ..။
အရူးတစ်ယောက်ပဲ..ညဘက်ကြီး..အပျက်အဆီးတွေ ကြားထဲကို သွားပါလိမ့်မယ်..။
...ဒါပေါ့ အနက်ရောင် မြို့တော်ထဲမှာ အရူးတွေ အများကြီးပါပဲ..။
အနည်းဆုံးတော့..ဆန်နီက ဘာအလင်းရောင်မှ မလိုအပ်ခဲ့ပေ..။ရဲတိုက် အနားဝန်းကျင်က နေရာတွေမှာအန္တရာယ် အများစုကို ဘယ်လိုရှောင်ရှားရမလဲ ဆိုတာကိုလည်း သူ သိထားမိပါသေးတယ်..။ဒီရက်သတ္တပတ် တွေအတွင်း အယ်ဖီ ဆီက သင်ယူထားမူ တွေက အလဟဿ မဖြစ်ပေ..။
'ငါ အဆင်ပြေမှာပါ..'
အရိပ်တွေက နေရာတိုင်းမှာ ရှိနေတာကြောင့် အနည်းဆုံးတော့ သူ့ရဲ့ စွမ်းရည်နဲ့ ထွက်ပြေးလွတ်မြောက်နိုင်မယ် ဆိုတာ ယုံကြည်ပါတယ်..။
ဒါတောင်မှ မိနစ်တွေ ကုန်ဆုံးသွားတိုင်း သူ့ရဲ့ ..နှလုံးသားထဲမှာ ပိုပိုပြီး အေးစက်လာခဲ့တယ်..။ကြက်သွေးရောင် အရိပ်ကြီး ကျလာတဲ့ အချိန်မှာတော့..သူက ရင်တုန်လာခဲ့ပြီး အံကိုကြိတ်ထားခဲ့ပါတယ်..။
'ဒါက အချိန်ကျရောက်တော့မယ် '
သို့ပေမယ့်..နေ့မဝင်ခင်အချိန်လေးမှာပဲ နောက်ထပ် မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်က သူ့ရဲ့ အခန်းရှေ့ကို ရောက်လာခဲ့တယ်..။
ဆန်နီ ကို သေချာကြည့်နေပြီးမှ..နစ်ဖီက မတ်တတ်ထဖို့ လက်ဟန်ပြလိုက်တယ်..။
"ငါ နဲ့ လိုက်ခဲ့..."
ဆန်နီ နှလုံးခုန်သံ မြန်သွားခဲ့ပါတယ်..။
'သူမ..သူမက ဘာလိုချင်တာလဲ '
အဖမ်းခံရမှာကို ကြောက်နေတဲ့ စိတ်ကို ကျော်ဖြတ်ပြီး သူ ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်နောက်ကနေ လိုက်သွားခဲ့တယ်..။
သူတို့နှစ်ယောက်က..ဆင်းရဲသားအိပ်ယာရဲ့ လူသူကင်းရှင်းတဲ့ နေရာအထိ ..လျောက်သွားနေခဲ့ပါတယ်..။နစ်ဖီ ကတော့ တိတ်ဆိတ်နေခဲ့ပြီး သူရှိနေတဲ့ နေရာကိုတောင် မကြည့်ခဲ့ပေ..။သူက ခါတိုင်းလိုပဲ တွေဝေနေခဲ့တယ်..။
သို့ပေမယ့် ဆန်နီကတော့..ထိန်လန့်နေတဲ့ အခြေအနေကို မသိသာအောင် ထိန်းနေခဲ့ရပါတယ်..။တစ်လမ်းလုံးမှာ သူက အတွေးတွေ များပြားနေခဲ့တယ်..။
'ဟိုခွေးသား ကတ်စတာက ..သူမကို အကုန်ပြောလိုက်တာလား..'
နောက်ဆုံးတော့ သူတို့ပြောနေတာကို ဘယ်သူမှ မကြားနိုင်လောက်တဲ့ လမ်းကြား တစ်နေရာအထိ ရောက်လာခဲ့တယ်..။ဒီနေရာမှာတော့ ဘာမှရှိမနေခဲ့ပဲ..နေ့ဝင်ဆည်းဆာ ရဲ့ ကြက်သွေးရောင် အလင်းရောင်သာ ရှိနေခဲ့ပါတယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို မျက်မှောင်ကျုတ်ပြီး ကြည့်လာခဲ့တယ်..။ဆန်နီ သူမရဲ့ အကြည့်ကို မြင်တာနဲ့ ပြုံးပြလိုက်ပါတယ်..။သူက စီရင်ချက်ချမယ့် တရားသူကြီးနဲ့..အာဏာ ပါးကွက်သား ကို တွေ့နေရသလို ခံစားနေခဲ့ရတယ်..။
"ငါ ဒီနေ့ နင်ဓားသိုင်းကျင့်နေတာကို ငါတွေ့တယ်..။နင့်ရဲ့ လှုပ်ရှားမူတွေက..အားနည်းပြီး ဦးတည်ချက်မဲ့နေတာပဲ..။နင့်ကြည့်ရတာ..ပြတ်သားမူတွေ ပျောက်ဆုံးနေသလိုပဲ..။နင်ဘာတွေ တွေးနေတာလဲ "
ဆန်နီ ဖြည်းဖြည်းချင်း အသက်ကို ရူထုတ်လိုက်တယ်..။
ဒီတော့..ဒီအကြောင်းပေါ့..။သူမ တစ်ခုမှ မသိထားခဲ့ပါဘူး..။သူမရဲ့ တည်ရှိမူကပဲ ဒီတိုင်း သူ့စိတ်ထဲမှာ..ကသောင်းကနင်းတွေ ဖြစ်ပေါ်စေနေခဲ့တာပါ..။
သူ စိတ်သက်သာရာရသင့်ပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့်..ဒေါသထွက်လာခဲ့တယ်..။
ခါးသက်တဲ့ အပြုံးနဲ့အတူပဲ သူ အဝေးကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်..။
"လူသတ်တာ..ငါ လူသတ်တာကို ပြန်တွေးနေတာ.."
နစ်ဖီ ဟာ တိတ်ဆိတ်နေပြီး သူ ရှင်းပြတာကို စောင့်နေခဲ့ပါတယ်..။ဆန်နီ အတော်ကြာအောင် ငြိမ်နေပြီးကာမှ အေးစက်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"ကိုယ်ခံပညာရဲ့ အနှစ်သာရက သတ်ဖြတ်တာ လို့ နင်တစ်ခါက ပြောခဲ့သေးတယ်မလား..."
သူမ ခေါင်းညိမ့်ပြလိုက်တယ်..။
သူ ..သူမကို ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်..။
"ကောင်းပြီ..နင်က သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး ဘာလို့ လောက်အထိ သိနေရတာလဲ နစ်..ဟင်..။နင် အန်ဒီရဲ့ခေါင်းကို မျက်တောင်တစ်ချက်မှ မခတ်ပဲ ဖြတ်ခဲ့တဲ့ နေ့ကတည်းက မေးချင်နေတာ..။နင်က ငါတို့အကုန်လုံးက သားရဲတွေ မဟုတ်ဘူး လူသားတွေ လို့ တောင် ဟောပြောခဲ့သေးတယ်လေ..။အန်ဒီကရော ..လူသား မဟုတ်ဘူးလား..."
သူမ က သုန်မုန်နေခဲ့ပြီး..
"အဲတော့ ဒီကိစ္စအတွက်ပေါ့..."
ဆန်နီ အံကို ကြိတ်လိုက်တယ်..။
"ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်..."
နစ်ဖီ ဟာ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။အဲ့အချိန်မှာပဲ..သူမက ..လက်တစ်ဖက်ကို မြှောက်ပြီး လည်ပင်းကို ပွတ်လိုက်ပါတယ်..။နောက်ဆုံးမှာတော့ သူမ ပြောလိုက်တယ်..။
"ငါက လူတွေ အများကြီးကို သတ်ခဲ့တာ မဟုတ်ဘူး..။လူတွေ အများကြီးကသာ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ကြတာ..."
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
"ဘာလို့ နင့်ကို သတ်ချင်ကြတာလဲ.."
သူမ ပြုံးလိုက်ပြီး...
"ဘာလို့လဲ ဟုတ်လား..။တကယ်တော့ အကြောင်းပြချက်တွေ အမျိုးမျိုး ရှိကြတယ်..။ငါ့မိသားစုက တစ်ချိန်တုန်းက အင်အားကြီးခဲ့တယ် ဆိုတာ မှတ်မိတယ်မလား..။ဒါပေမဲ့ အင်အား ဆိုတာက..အန္တရာယ်အများဆုံး အရာပဲ ဆန်နီ..။နင်က ရန်သူတွေ မ ဖန်တီး ပဲနဲ့ အထွတ်အထိပ်ကို မရောက်နိုင်ဘူး..။ပြီးတော့ မင်းရဲ့ အင်အားတွေ မရှိကြတော့တဲ့ တစ်နေ့မှာလည်း အဲဒီရန်သူ တွေက ကျန်ရှိနေဦးမှာပဲ.."
သူမရဲ့ မျက်နှာကို အဝေးဆီလှည့်ကြည့်လိုက်ပြီး သူမက မတူညီတဲ့ အသံနဲ့ပြောလိုက်တယ်..။
"ငါထင်တာတော့ တစ်စုံတစ်ယောက်က ငါ့ကို ပထမဆုံးအကြိမ် သတ်ဖို့ကြိုးစားခဲ့တာ..ငါ အသက် ၅ နှစ် ၆ နှစ် အရွယ်တုန်းကပဲ..။အဲတာက ငါ့ရဲ့ ကလေးထိန်းပဲ..။သူမက ငါ့ကို ဘာမှ မရှိတဲ့ အခန်းထဲကို ခေါ်သွားခဲ့ပြီး သူမရဲ့ လက်တွေနဲ့ ငါ့ လည်ပင်းတွေကို သိုင်းချုပ်ထားတာ..။ငါကတော့ ဒါကို ကစားနေတယ်လို့ ထင်ခဲ့တာပေါ့..။အနည်းဆုံးတော့ စက္ကန့်အနည်းငယ်လောက် အထိ..."
နစ်ဖီ က မျကိလုံးတွေထဲမှာ ..အလင်းစက်လေးတွေ ကခုန်နေပြီး သူ့ကို ကြည့်နေခဲ့ပါတယ်..
"အဲဒီကနေ အားနည်းချက်က ဘာလဲဆိုတာကို ငါသင်ယူနိုင်ခဲ့တာပဲ..။ပြီးတော့ ဖြတ်လျောက်လာတဲ့
ငါ့ရဲဆရာက အထဲကို အမြန်ဝင်လာပြီး..သူ့ရဲ့ စွမ်းရည်နဲ့ သူမကို သတ်ခဲ့လိုက်တယ်..။အဲဒီကနေ ခွန်အားဆိုတာ ဘာလဲ လို့ သင်ယူလိုက်ရတာပဲ..။ဒီတော့.. ဟုတ်တယ်..။ငါကလည်း သူများတွေနဲ့ မတူညီတဲ့ သူတစ်ယောက်မဟုတ်ဘူး..ဆန်နီ။ဒါက နင်သိချင်တဲ့ အရာလား.."
သူက သူမကို စိုက်ကြည့်နေပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တယ်..။
သူမ ဘယ်လောက်တောင် ကြောက်လန့်ခဲ့လိုက်မလဲ..။ဘယ်လောက်တောင် ခွန်အားမဲ့လိုက်မလဲ..။ခွန်အားကင်းမဲ့တာ..ဒီခံစားချက်က ဘာလဲဆိုတာကို သူ ကောင်းကောင်းသိပါတယ်..။တစ်နည်းအားဖြင့် ဂုဏ်ယူစရာကောင်းတဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကလည်း ဒီလို ခံစားဖူးလိမ့်မယ်လို့ ဆန်နီ မထင်ခဲ့ပေ..။ဒီအရာက ပုံသွင်းထားခဲ့တာလား..။
သူ့လိုမျိုးပေါ့..။
အဲ့အချိန်မှာပဲ နစ်ဖီ ပြုံးလိုက်တယ်..။သို့ပေမယ့် သူမ မျက်လုံးထဲမှာ ပျော်ရွှင်မူတွေ ရှိမနေခဲ့ပါဘူး..။
"ဒီတော့ နင်က ဘာသိချင်ခဲ့တာလဲ ။ ဟင်..ဆန်နီ..။ဒါအကုန်ပဲလား..။ငါတို့ ဆူးချွန် ဆတ်သား ကို တိုက်ခိုက်ပြီး ကတည်းက နင်ငါ့ကို ကြည့်နေတဲ့ ပုံစံကို ငါ မသိဘူးလို့ ထင်နေတာလား..။ရှင်းပြစမ်းပါဦး..။အနည်းဆုံးတော့ နင် ဒါကို ရှင်းပြဖို့ အကြွေးတင်နေတယ် မဟုတ်ဘူးလား..."
ဆန်နီ သူမကို စိုက်ကြည့်နေရင်းနဲ့..ပြင်းထန်တဲ့ ခံစားချက်တွေက..သူ့ရဲ့ ဖြူဖျော့တဲ့ မျက်နှာပေါ်ကို ရောက်လာခဲ့တယ်..။နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်တဲ့ ပုံစံနဲ့ သူ အံကိုကြိတ်ပြီး ..ပြောလိုက်ပါတယ်..။
"နင့်ရဲ့ ..ပန်းတိုင် အစစ်အမှန်က ဘာလဲ ဆိုတာကို ငါ သိချင်တယ်..။ပြီးတော့ ဒါက ထိုက်တန်ရဲ့လား ဆိုတာကိုလည်း ငါသိချင်တယ်.."