ထူးဆန်းတဲ့ အပြုအမူ
Vol. 91 Ch. 1351
“ ခု လီတိုဂရပ်ဖီစက်က ထုတ်လုပ်လို့ ရတဲ့ အခြေအနေထိ ဖြစ်နေပြီ ဆိုတော့ ငါ စက်မှု ဇုန်တစ်ခု တည်ဆောက်ဖို့ စဉ်းစားထားတယ်… ဒီပရောဂျက်က အစီအစဉ်ချမှတ်တဲ့ အဆင့်ထိ ရောက်နေပြီးသား… ငါက ဒီအခွင့်အရေးကို အသုံးချပြီးတော့ တုံးစန်းကောင်တီထဲမှာ စက်ရုံ တည်ဆောက်ချင်တာ…”
“ အတည်ကြီးလား….”
“ ဒါပေါ့…” လင်းရီ ခန့်ညားစွာ ပြုံးလိုက်ပြီး “ မပူပါနဲ့…. ကုမ္ပဏီက ကျိုးဟိုင်မှာပဲ ရှိဦးမှာ… အခွန်တွေ အကုန်လုံးက မင်းအတွက်ချည်းပဲ.. ဒီတိုင်း အလုပ်အကိုင် အခွင့်လမ်း ပေးချင်ရုံသပ်သပ်ပဲ…”
လျန်ရူရွှယ်သည် လင်းရီကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်လိုက်၏။ “ အဲ့လိုမှပေါ့..... ဒါပေမယ့် နင် ဒီလိုလုပ်တာက နည်းနည်းတော့ မကောင်းသလိုပဲ… ငါ့အထင်ပြောရရင်ပေါ့…”
“ တကယ်လို့ နင်သာ စက်ရုံတစ်ခု ဆောက်ဖို့ တကယ်ကြီး စဉ်းစားထားတယ်ဆိုရင် တုံးစန်းကောင်တီက ရွေးချယ်မှုကောင်းတော့ မဟုတ်ဘူး… အရှေ့အလယ်ပိုင်း ဒေသကမှ တကယ့် အကောင်းဆုံး နေရာ… ဒါမှမဟုတ် တခြား ကုန်းတွင်းပိတ်နေရာတွေကတောင် တုံးစန်းကောင်တီထက် ပိုကောင်းဦးမယ်…”
“ ကုမ္ပဏီကလည်း ဒီကိစ္စကို အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီးသား… တုံးစန်းကောင်တီမှာ စက်ရုံဆောက်တာက အကျိုးအမြတ်နည်းဖို့ လမ်းကို ဦးတည်နေတယ် ဆိုပေမယ့် ငါတို့ဘက်က အရှုံးတော့ မရှိဘူး… အဆင်ပြေတယ်… အရင်ဆုံး စက်မှုဇုန်ကို ဒီမှာပဲ အရင်တည်ဆောက်ကြတာပေါ့… ဆင်းရဲနွမ်းပါးမှု ပြဿနာကို ဖြေရှင်းပြီးမှ ပိုက်ဆံ ပိုဝင်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆက်ပြီးမှ အဖြေရှာကြမယ်…”
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်၏။
“ ဘာပဲ ဖြစ်ဖြစ် နင်က ငွေကြေး ချို့တဲ့ နေတဲ့လူမှ မဟုတ်တာ.. ပြီးတော့ နင် ဘယ်လောက် ဝင်ငွေရှိမလဲ ဆိုတာ အစိုးရရဲ့ မူဝါဒ ထောက်ပံ့ပေးမှုတွေနဲ့လည်း သက်ဆိုင်သေးတယ်လေ… အဲ့တာကလွဲရင် နင် လုပ်နေတာတွေက မွန်မြတ်တဲ့ သဘောထားကို ဖော်ပြနေတာနဲ့ ညီမျှတယ်… တကယ်လို့ ဘက်ပေါင်းစုံကို စဉ်းစားဆုံးဖြတ်ကြည့်မယ်ဆို တုံးစန်းကောင်တီမှာ စက်ရုံတည်တာကလည်း မဆိုးတဲ့ ရွေးချယ်မှုကောင်းပဲ…”
လျန်ရူရွှယ်၏ အတွေးတို့က ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိသည်။
လင်းရီ၏ ချစ်ပ်စက်ရုံသည်သာ ရှင်သန်လာပြီဆိုသည်နှင့် သူသည် ဟွာရှ၏ အချမ်းသာဆုံး သူဌေးကြီး တစ်ခု ဖြစ်နိုင်သည့် အစွမ်းအစ ရှိလာပြီဖြစ်၏။ ထိုမျှမကသေး၊ လီတိုဂရပ်ဖီစက်၊ မိုဘိုင်းဖုန်း စစ်စတမ်၊ ချစ်နှင့် semiconductor နယ်ပယ် တစ်ခုလုံးက သူ့လက်ထဲတွင် ရှိနေသည်။
တစ်နည်းဆိုရသော် သူက ဟွာရှနည်းပညာ၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားသည့်လူဟုလည်း ပြော၍ရသည်။ ဤသည်က စစ်မြေပြင်တွင် အလွန်အင်မတန်ကိုမှ ထက်ရှသည့် လက်နက်တစ်စုံဖြစ်၏။ သို့သော် ကောင်းမွန်စွာ အသုံးမချတတ်ခဲ့လျှင်တော့ ကိုယ့်ကိုယ်ကို ဘေးပြန်သင့်စေနိုင်သည်။
လင်းရီ၏ တုံးစန်းကောင်တီထဲတွင် စက်ရုံတည်ဆောက်ပြီး ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် ကူညီပေးသည်က နိုင်ငံ့တာဝန်ကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးနေသည်ဟု မှတ်ယူနိုင်သည်။ သူ့အတွက်လည်း အကျိုးအမြတ် အများအပြား ရှိလာပေလိမ့်မည်။
“ အဲ့တာက အချက်များစွာတွေထဲက တစ်ခု.. ပြီးတော့ စီစဉ်စရာ ရှိတာတွေကိုလည်း ကြိုစီစဉ်ပြီးသွားပြီ… အနာဂတ် ယောက္ခမကြီးကိုပါ ဒီထဲ ပါဝင်လာအောင် ခေါ်မှာဆိုတော့ ထွေထူး ပြဿနာတော့ ရှိမှာ မဟုတ်ပါဘူး…”
“ နင် ငါ့အမေကို ဘယ်လိုခေါ်လိုက်တယ်… နင် အဲ့လိုပဲ ဆက်ခေါ်နေရင် လျှာအကျင့် ဖြစ်သွားလိမ့်မယ်… တခြားနာမည် ပြောင်းခေါ်..”
“ မင်းက အဲ့လိုစကားမျိုး ပြောရက်တယ်ပေါ့…”
လင်းရီသည် ကိုယ်ကို ဆတ်ခနဲ ဘေးသို့လှန်၍ လျန်ရူရွှယ်ကို သူ့အောက် ဖိထားလိုက်၏။ သူမလေး သုံးလေးကြိမ်ခန့် ရုန်းကန်ကြည့်သော်လည်း ရုန်းမထွက်နိုင်ကြောင်းကို သတိထားမိသွားသည်။ ယင်းက အချည်းနှီးပင်။
“ ငါ နင့်ကို သတိပေးထားတယ်နော်.. လျှောက် ဇယား မရှုပ်နဲ့… ငါ့ အန်တီ လာနေတယ်…”
“ မင်း ပါးစပ်ကတော့ သွေးမထွက်နေဘူးမလား… သုံးလို့မရတာမှ မဟုတ်ဘဲ..”
“ သေလိုက်ပါလား… နင့်ပါးစပ်ကလည်း ဘာကောင်းတဲ့ စကားမှကို ထွက်မလာဘူး..”
“ ဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလား…”
လျန်ရူရွှယ်၏ မျက်နှာသည် အနည်းငယ် နီရဲသွားပြီး သူမ၏ ခန္ဓာကိုယ်လည်း ရွှဲနစ်လို့လာသည်။ သူမ လင်းရီကို ပြင်းထန်စွာ တွန်းထုတ်လိုက်၏။
“ သွား… မြန်မြန် ရေသွားချိုး… ငါ မနက်ဖြန်ကျရင် ဈေးဝယ်ထွက်ရဦးမှာ..”
“ အိုကေ…”
********
နောက်တစ်နေ့ နံနက် ရှစ်နာရီ ဝန်းကျင်ခန့်တွင် လင်းရီသည် ရီဝေသည့် မျက်လုံးအစုံဖြင့် အိပ်ရာနိုးလာခဲ့သည်။ ကျီချင်းရန်နှင့် မတူညီစွာဖြင့် လျန်ရူရွှယ် အိပ်သည့် ပုံစံက အင်မတန်ကို သိမ်မွေ့နူးညံ့လှသည်။
နေရောင်က သူမ၏ စွဲမက်ဖွယ် ခန္ဓာကိုယ်ထက် ဖြာကျနေပြီး သူမလေးအား သစ်တောထဲတွင် အိပ်စက်နေသည့် နတ်သူငယ်မလေးနှင့် အထင်မှားသွားစေနိုင်သည်။
လင်းရီ အလျင်မလိုချေ။ သူ လှည့်ပြီး လျန်ရူရွှယ်ကို ဖက်ထားလိုက်၏။
လင်းရီ၏ လှုပ်ရှားမှုကို အာရုံခံမိသည့်အလား လျန်ရူရွှယ်သည် ဘေးသို့ ရွေ့သွားခဲ့ပြီး သူမ၏ တင်ပါးဖြင့် လင်းရီကို တွန်းထုတ်၏။ တုတ်တုတ်မလှုပ်သည်ကို သိရတော့ သူမလည်း ဘာမျှ ပြောမနေတော့ချေ။ ယခုလို အနေအထားကို ထိန်းသိမ်းထားရင်း နှစ်ယောက်သည် ပြန်လည် မှေးစက်ရင်း မနက် ကိုးနာရီကျော်သွားခဲ့လေသည်။
လျန်ရူရွှယ် အိပ်ရာက ထတော့ သူမ၏ ဆံပင်သည် ကြွက်သိုက်ကဲ့သို့ ဖြစ်နေပြီး စိတ်ညစ်ညူးစွာဖြင့် လင်းရီကို မကျေမနပ် စောဒကတက်တော့၏။
“ နင်က အနှောင့်အယှက်ပဲ လင်းရီ… နင့်ကြောင့်သာ မဟုတ်ရင် ငါ နည်းနည်းကြာကြာ ပိုအိပ်လို့ ရဦးမယ်…”
“ ကိုးနာရီကျော်နေပြီ မမ… အဲ့တာကို မင်းက အိပ်ချင်သေးတုန်းပေါ့…”
“ ဒီက နေ့တိုင်းနေ့ အလုပ်အရမ်း များတဲ့သူ… နင့်လိုမျိုးများ မှတ်နေလား…. ဒီလိုမျိုးအိပ်ရတဲ့အချိန်ဆိုတာ တအား ရခဲတာ ကျိန်းသေပေါက် ပိုအိပ်ချင်တာပေါ့..”
“ အဲ့ဒါ ငါနဲ့ ဘာသက်ဆိုင်လို့… စောစောမအိပ်တဲ့ မင်းအပြစ်ပဲလေ…”
“ နင်က ငါ့ကို အပြစ်လာတင်နေတယ်ပေါ့ .... နင် မနက် တစ်နာရီမှ လူကို အိပ်ခိုင်းတာ မဟုတ်ဘူးလား…”
“ ဒါဆိုလည်း နောက်တစ်ခေါက်ကျ စောစောစပြီး စောစောပြီးကြတာပေါ့…”
“ နောက်တစ်ခေါက်လား… ဟမ့်… နင်နဲ့ အတူ တစ်ကုတင်တည်း အတူမအိပ်တော့ဘူး…”
ထိုသို့ပြောပြီးနောက် လျန်ရူရွှယ်သည် ကုတင်ပေါ်မှ ဆင်း၍ ညှပ်ဖိနပ်စီးလိုက်သည်။ သမ်းဝေရင်း… ခေါင်းကုတ်ရင်းဖြင့် ရေချိုးခန်းထဲသို့ သွားကာ ကိုယ်လက်သန့်စင် ဆေးကြောသည်။
လျန်ရူရွှယ်၏ အနောက်ပိုင်း အလှကို ကြည့်ရင်း လင်းရီ မေးစေ့အား ပွတ်သပ်လိုက်၏။
ဒီကောင်မလေးက နည်းနည်း ပျစ်စလတ်ခတ် မနိုင်လွန်းဘူးလား…
ကိုယ်လက်သန့်စင်ပြီးနောက် နှစ်ယောက်သား မနက်စာ အတူစားကြသည်။ ထို့နောက် အိတ်ဝယ်ရန် ကျင်းဟော်ချန် သို့ မောင်းထွက်လာခဲ့ကြ၏။
အမျိုးသမီး တစ်ယောက်၏ အသည်းနှလုံးကို ပိုင်ဆိုင်လိုသည်ဆိုပါက သူတို့ကို အိတ် အရင်ဝယ်ပေးရမည်။ အကယ်လို့ တစ်လုံးတည်းနှင့် အလုပ်မဖြစ်ပါက နှစ်လုံး ဝယ်ပေးလိုက်ပါ။
ကျင်းဟော်ချန်သည် ယွီဟန်မြို့၏ ထိပ်တန်း ရှော့ပင်းမောလ်တစ်ခု ဖြစ်သည်။ ၎င်းက ရန်ကျင်းရှိ SKP သို့မဟုတ် ကျိုးဟိုင်ရှိ ဟွမ်းလုံ ပလာဇာကဲ့သို့လည်း မကြီးမားချေ။ သို့သော် မောလ်တစ်ခု၏ အရွယ်အစားတော့ ရှိ၏။
ထုံးစံအတိုင်း ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီး ဘရန်းများအားလုံးကို ဤနေရာတွင် အစုံအလင် ဝယ်ယူရရှိနိုင်လေသည်။
“ နည်းနည်းလေး မပိုလွန်းဘူးလားဟာ နင့်ဟာကလည်း…”
“ ဒါ ငါလုပ်သင့်တာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ တစ်ညလုံး ကြိုးစားပေးထားတော့ ပါးစပ်တွေတောင် ထုံနေပြီမလား… ဒါပေါ့… ဝန်ဆောင်ခ ထိုက်ထိုက်တန်တန်တော့ ပေးရမှာပေါ့..”
ဝှစ်…
လျန်ရူရွှယ်၏ မျက်နှာသည် နီရဲတက်လာခဲ့ပြီး လက်က လင်းရီ၏ ခါးထက်သို့ ချက်ချင်း ရောက်သွားခဲ့ကာ “ သတိမပေးဘူးလို့ မပြောနဲ့… နင် အဲ့ကိစ္စ နောက်တစ်ခေါက် ထပ်ပြောရင် သေအောင် သတ်ပစ်မယ်…”
“ အိုကေ အိုကေ … မပြောတော့ဘူး မပြောတော့ဘူး..”
“ ငါ့ကို အိတ်ဝယ်ပေး…”
လင်းရီ ရယ်မောလိုက်ပြီး “ ဒါပေါ့… လာသွားစို့…”
လင်းရီ ကားကို ပါကင်ထိုးလိုက်၏။ သို့ပေမယ့် လျန်ရူရွှယ်ကိုတော့ မောလ်အတွင်း ခေါ်မသွားပါချေ။
ထိုအစား မောလ်ရှိ အခြားသော စတိုးဆိုင်ငယ်လေးများထံ လှည့်ပတ်ကြည့်ရှုလိုက်၏။
လျန်ရူရွှယ်ကလည်း သူထိုသို့ ပြုမူနေသည်ကို မှားယွင်းနေသည်လို့ မထင်ပေ။ သူမ၏ အထောက်အထားက အတော်လေး ထူးခြားသောကြောင့် အိတ်အကောင်းစားကြီးများကို လွယ်လို့ မသင့်ချေ။ ထိန်းချုပ်ရအခက်ဆုံးက လူ့သံသယနှင့် အတွေးများပင် ဖြစ်လေသည်။
အမှန်ဆို သူမ၏အိမ်၌ ဆိုဒ်အမျိုးမျိုးနှင့် နာမည်ကြီး ဘရန်းအိတ်ဆယ်လုံးမက အိမ်တွင် ရှိထားသည်။ သို့သော် သူမ ၎င်းတို့အား အသုံးပြုဖူးသည့် အချိန်က စုပေါင်းလိုက်လို့ ဆယ်မိနစ်ပင် မပြည့်ချေ။ ထို့ကြောင့် သာမန်အိတ်များ ဝယ်သည်က ပိုကောင်း၏။
လျန်ရူရွှယ်က အိတ်များကို မနှစ်သက်သောကြောင့် မဟုတ်ဘဲ သူမတွင် ရွေးချယ်စရာ မရှိသောကြောင့်ပင်။
ဤအကြောင်း တွေးမိသည့် အချိန်တိုင်းလည်း လျန်ရူရွှယ် ဒေါသထွက်ရစမြဲပင်။
သူမ အမေကိုင်နေသည့် အိတ်များဆိုလျှင် ယွမ်တစ်သန်းကျော်သည်ကများ၏။ ပြီးလျှင် နေ့တိုင်းလည်း ကိုင်နေလျက်ပင်။ သို့ပေမယ့် သူမခမျာမှာတော့ ထိုသို့ အခွင့်အရေး မရှိပါချေ။
ဟွန့်.. ဘယ်လောက် စိတ်တိုစရာ ကောင်းလိုက်လဲ…
ဆိုင် အနည်းငယ်ထံ လည်ပတ်ပြီးနောက် လင်းရီ အနက်ရောင် အိတ်တစ်လုံးကို လက်ညိုးထိုးပြလိုက်ပြီး “ shell bag … ဘယ်လောက်ကျလဲ…”
“ ယွမ် ၂၈၀ ပါ…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်ပြီး “ တကယ်လို့ ဝယ်မယ်ဆို ပရိုမိုးရှင်းနဲ့ ၂၆၀ ပဲ ကျပါမယ် ဆရာ… “
“ အိုကေ… အဲ့တာ ထုပ်ပေးလိုက်…” လင်းရီ ကျူအာကုတ်ကို စကန်ဖတ်ပြီး ပိုက်ဆံရှင်းလိုက်သည်။
ဟင်….
လျန်ရူရွှယ် ရှုပ်ထွေးသွားခဲ့၏။
ဒီလူက ငါ့ဖို့ အိတ်ဝယ်နေတာ မဟုတ်ဘူးလား… ဘာလို့ ငါ ကြိုက်မကြိုက်ရော လာမမေးတာလဲ…
Shell bag တွေက သူမကြိုက်တဲ့ စတိုင် လုံးဝကို မဟုတ်တာနော်…
အရောင်းအဝယ်က အရမ်းမြန်သည်။ လင်းရီ သိပ်မကြာခင်မှာပဲ အိတ်ကို ယူလာခဲ့ပြီး လျန်ရူရွှယ်ကို အပြင်သို့ ခေါ်ထုတ်လိုက်၏။
လျန်ရူရွှယ် ထင်နေသည်မှာ သူမကို အိတ်နှင့် လိုက်ဖက်မှု ရှိမရှိ စမ်းကြည့်ခိုင်းမည် ဟူ၍ပင်။ မထင်မှတ်ထားစွာဖြင့် အိတ်၏ ဘရန်းတံဆိပ်ကို ခွာဖြုတ်ပစ်လိုက်ပြီး အိတ်ကိုလည်း လွင့်ပစ်လိုက်၏။
“ နင် ဘာတွေ လုပ်နေတာလဲ… ဘာလို့ အိတ်ကို ဒီတိုင်း လွင့်ပစ်လိုက်တာလဲ…”
“ အများကြီး မမေးနဲ့ သွားစို့…” လင်းရီ လျန်ရူရွှယ်၏ ခါးကို ကိုင်ထားရင်း ပြောလိုက်ပြီး “ အဲ့အိတ်က မင်းနဲ့ မလိုက်ဘူး… ကောင်းတာလေး ရွေးပေးမယ်..”
“ အာ….”
လင်းရီ ဘာတွေ လုပ်ချင်နေမှန်း လျန်ရူရွှယ် နားမလည်ပေ။
သို့သော် ပြောလာပြီ ဆိုမှတော့ သူမဘက်က လိုက်နာပေးလိုက်မည်။
လျန်ရူရွှယ် အတွက်တော့ မည်သို့သော အိတ်မျိုးကို ဝယ်ယူသည်က အရေးမကြီးပေ။ လင်းရီနှင့် အတူ လက်တွဲရင်း ဟိုဒီ လျှောက်လည်ရသည်ကပင် ပြီးပြည့်စုံနေပြီး ဖြစ်၏။