မျက်နှာ ဖြတ်ရိုက်သည့် စစ်ဆင်ရေး
Vol. 91 Ch. 1357
နေ့လည်စာဘူးများကို အိတ်ထဲ ထည့်လိုက်တော့ ပါဆယ် အိတ်ကြီးဖြင့် စုစုပေါင်း သုံးအိတ်ရှိ၏။ စိတ်အား ထက်သန်မှုကို ပြသရန်အတွက် ကျိုးဖုန်းက နှစ်အိတ်ယူလိုက်ပြီး ဖန်ကျစ်ချောင်က တစ်အိတ်ယူလိုက်သည်။ ကော်လုမှာ အားတောင့်အားနား ဖြစ်နေရတော့၏။
အရင် ကော်လုဆိုလျှင်တော့ ယခုလို လာလုပ်ပေးနေသည်ကို အားနာပြမနေပဲ လုပ်ပေးသင့်သည့် ကိစ္စဟူ၍ပင် သူမ အထင်ရောက်လိုက်လိမ့်ဦးမည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လင်းရီ၏ သင်ခန်းစာ ပေးခြင်းကို ခံလိုက်ရပြီး အိမ်သို့ ပြန်ရောက်သော အခါ ပယ်ပယ်နယ်ပယ်ကြီးကို အဆူခံလိုက်ရသည်။
လှည့်ပတ် စုံစမ်းကြည့်ပြီးသည့်နောက် လင်းရီ၏ အထာက်အထား အမှန်ကို သိရှိသွားခဲ့ပြီး သူမကို သေမတတ် ကြောက်ရွံ့သွားစေသည်။
အဲ့လို ဒိတ်ဒိတ်ကျဲကြီးက တုံးစန်းကောင်တီကို လာပြီး နွမ်းပါးသူတွေကို လာကူညီပေးနေတယ်ပေါ့… ဒါ ရှေးဧကရာဇ်တွေ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်လည်နေတာနဲ့ မတူဘူးလား…
သို့သော် လင်းရီ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော် ပြောရလောက်သည်အထိတော့ သူမ မတုံးအ သေးချေ။
တစ်ဖက်သူ၏ အကြောင်းပြချက်ကို မသိသော်လည်းပဲ မပြောတာက ကောင်းသည်ဟု သူမ ထင်သည်။ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စက ကော်လုအား အများကြီး ရင့်ကျက်သွားစေခဲ့သည်မှာ အမှန်ပင်။
ရလဒ်အနေဖြင့် လင်းရီနှင့် နီးကပ်အောင် မည်သို့ ပြုလုပ်သင့်သလဲ ဆိုတာကိုသာ ယခင် သုံးလေးရက်တွင် အချိန်ရှိတိုင်း တစိမ့်စိမ့်တွေးတောနေမိတော့၏။ သူမကသာ ထိုကဲ့သို့သော လူစားမျိုးနှင့် ရင်းနှီးမှု ပြုနိုင်မည်ဆိုပါက မိသားစုအတွက်လည်း အကျိုးရှိပေလိမ့်မည်။
သူတို့ ရုံးခန်းတွေက တစ်လွှာတည်းတွင် တည်ရှိပြီး မိနစ် အနည်းငယ် လမ်းလျှောက်ရုံမျှနှင့် ရောက်ရှိလာသည်။
ထိုအချိန်တွင်ပဲ လင်းရီ၊ လီချင်းခိုင်နှင့် လီစီကျင်းတို့ ရုံးခန်းထဲမှ ထွက်လာခဲ့သည်ကို ကော်လု မြင်တွေ့သွားခဲ့သည်။
“ ဒါရိုက်တာလီ… ရှင်တို့ ဘယ်သွားကြမလို့လဲ….”
“ နေ့လည် ရောက်ပြီဆိုမှတော့ ထမင်းသွားစားမလို့ပေါ့… “ လီချင်းခိုင် ယဉ်ကျေးစွာ ပြန်ပြောလိုက်ပြီး “ မင်းရော စားပြီးပြီလား.. မစားရသေးဘူးဆို တစ်ခါတည်း လိုက်ခဲ့လေ…”
လီချင်းခိုင် ကျိုးဖုန်းကိုတော့ လျစ်လျူရှုထားလိုက်၏။ အစည်းအဝေးခန်းထဲတွင်တုန်းက နှစ်ဖက်မှာ အချင်းများထားကြသဖြင့် စားပွဲတစ်ခုတည်း ထမင်းအတူစားစို့ အဆင်ပြေကြမည် မဟုတ်ပေ။
“ သွားမနေပါနဲ့တော့.. ကျွန်မ ဒါရိုက်တာလီတို့ဖို့ အစားအသောက်တွေ ယူလာခဲ့ပေးတယ်…”
“ ဟင်… အစားအသောက်တွေ ယူလာပေးတယ် ဟုတ်လား…”
လီချင်းခိုင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သူနှင့် လီစီကျင်းတို့မှာ သာမန် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြ၏။ ထို့ကြောင့် အကြောင်းပြချက် မရှိဘဲ သူ့ထံ အစားအသောက်များ လာပို့ပေးစရာ အကြောင်း မရှိချေ။
လင်းရီ….
လင်းရီကတော့ ပိုလို့တောင် မဖြစ်နိုင်သေးသည်။ နှစ်ယောက်မှာ ယခင်က မကျေနပ်မှု သေးသေးလေးများ ရှိထားကြလေသည်။
“ ကျွန်မ ရုံးမျက်နှာချင်းဆိုင်က စားသောက်ဆိုင်ကနေ ခေါက်ဆွဲနဲ့ ဖက်ထုတ်တွေ မှာထားပေးတယ်… အပြင်ထွက်ပြီး သွားစားမနေကြနဲ့တော့နော်…” ကော်လု အပြုံးလေးဖြင့် ပြောလာသည်။
ကျိုးဖုန်းနှင့် ဖန်ကျစ်ချောင်တို့မှာတော့ ပါဆယ်အိတ်ကြီးများ ကိုင်ရင်း ကြက်သေသေသွားခဲ့ကြ၏။
“ ဒါရိုက်တာကော်… မင်း ဒီ ဥစ္စာတွေက သူတို့ဖို့လား…”
“ ဟုတ်တယ်လေ… ဒါရိုက်တာလင်းက နေ့တိုင်းနေ့ နေပူကြီးထဲ လျှောက်သွားပြီး သူ့ခမျာ အလုပ်ပင်ပန်းနေရတာ… ဒါကြောင့်မို့ နေ့လည်စာ ဝယ်ကျွေးတာလေ… အစားအသောက်ဖိုးလည်း ချွေတာရာ ရောက်တာပေါ့…” ကော်လု ပြောလိုက်၏။
“ ဒီလိုဆို အချိန်တွေလည်း သက်သာသွားမယ်… စားပြီး အနားယူချိန်လည်း ပိုရသွားမယ်လေ…”
လီချင်းခိုင်နှင့် လီစီကျင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
သူက တကယ်ကြီး လင်းရီဆီ အစားအသောက်တွေ လာပို့ပေးနေတယ်…
သူတို့နှစ်ယောက်ကြားမှာ ဘာတွေများ ဖြစ်သွားခဲ့လို့ပါလိမ့်…. ကော်လုကတောင် အစားအသောက်တွေ လာပို့ပေးနေတယ်ဆိုတော့…
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ စောနကတင် အစည်းအဝေးထဲ၌ လင်းရီနှင့် ကျိုးဖုန်းမှာ အချင်းချင်း စကားများလုနီးပါးပင်။ ယခု ကော်လုက ကျိုးဖုန်းကို လင်းရီအတွက် အစားအသောက်များ သယ်လာခဲ့ခိုင်းနေလေသည်။
ဒီလိုကြီးက……
ကျိုးဖုန်း၏ အမူအရာသည် သိသိသာသာကြီး ပြောင်းလဲသွားခဲ့တော့၏။ သို့သော် သူ စိတ်မလွတ်သွားအောင် အတန်တန် ထိန်းထားလိုက်သည်။
“ ဒါရိုက်တာကော်.. မင်းနဲ့ လင်းရီက အရင်တုန်းက စကားများခဲ့ကြသေးတယ် မဟုတ်ဘူးလား… ဘာလို့ မင်းက……”
“ အရင်တုန်းက သွေးပူနေတုန်းမို့လေ… ခုတော့ နားလည်သွားပြီ… ကျွန်မ အဲ့တုန်းက စိတ်လိုက်မာန်ပါတွေ လုပ်မိခဲ့တာပဲ…”
လင်းရီ ခေါင်းကုတ်လိုက်မိ၏။ ကော်လု၏ လုပ်ရပ်များက သူ့ကို နည်းနည်းလေး ကိုးရို့ကားယား နိုင်သွားစေသည်။
ယခုက တခြားတယောက်နှင့် သွားဖောက်ပြန်မည်ကို လင်ဖြစ်သူအား ထိုလူနှင့် အိပ်မည့် ဟိုတယ်သို့ ကားမောင်းပြီး လိုက်ပို့ခိုင်းနေသကဲ့သို့ပင်။
“ အစားအသောက်က လင်းရီအတွက်ဆိုမှတော့ မင်းတို့ပဲ စားကြပါ.. ငါတို့ အနှောင့်အယှက် မပေးတော့ပါဘူး…”
လီချင်းခိုင်သည် လီစီကျင်းအား အဝေးသို့ ဆွဲခေါ်သွားခဲ့၏။
ကော်လု ရွှင်မြူးသွားခဲ့သည်။ သို့သော် ရှက်လည်း ရှက်နေမိ၏။ သူမ နောက်သို့လှည့်ပြီး ကျိုးဖုန်းအား ပြောလိုက်လေသည်။
“ ရှင်တို့က ဗိုက်မဆာသေးဘူးမလား… စားသောက်စရာတွေကို ဒါရိုက်တာလင်းရဲ့ စားပွဲပေါ်မှာပဲ တင်ပေးခဲ့လိုက်နော်….”
ကျိုးဖုန်း မျက်နှာကြီး ရဲတက်လာခဲ့သည်။ အကယ်၍ ဖြစ်နိုင်မည် ဆိုပါက သူ ဤပါဆယ်ထုပ်များကို လင်းရီမျက်နှာထက်သို့ အားပါးတရ လွင့်ပေါက် ပစ်လိုက်ချင်သည်။
“ ငါ တခြား လုပ်စရာတွေ ရှိသေးတယ်…. ငါ့မှာ အချိန်မရှိဘူး… “
အေးစက်စက်နှာမှုတ်၍ ကျိုးဖုန်း ပစ္စည်းများကို ကြမ်းပြင်ပေါ်တွင် ချပြီး ဖန်ကျစ်ချောင်နှင့်အတူ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
လင်းရီနှင့် ကော်လုတို့သာလျှင် ကော်ရစ်ဒါတွင် ကျန်နေရစ်ခဲ့ပြီး ကော်လုက “ မစ္စတာလင်း.. ဟိုနေ့က ကိစ္စအတွက် ကျွန်မ အနူးအညွှတ် တောင်းပန်ပါတယ်… ကျွန်မ အမှား ကျွန်မ သိသွားပါပြီ.. ကျွန်မအပေါ် အငြိုးအတေးတွေ မထားပါနဲ့နော်…”
ကော်လု ပြောပြီးနောက် လင်းရီအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ရင်ရှိုက် အင်္ကျီကို ဝတ်ဆင်ထားသဖြင့် ထိုသို့ ကိုင်းလိုက်တော့ ဖြူဖွေးသည့် အတွင်းသားများအား ပြမိသလို ဖြစ်သွားခဲ့ကာ လင်းရီလည်း မရည်ရွယ်ဘဲ ကြည့်မိလိုက်၏။
“ မလိုပါဘူး… ငါသာ တွက်ချက်နေမယ်ဆို အခုလိုချိန် မင်း ဒီနေရာမှာတောင် ရှိတော့မှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်သည်။
“ မယုံဘူးဆိုလည်း စမ်းကြည့်ပေါ့…”
ကော်လု၏ ခန္ဓာကိုယ်လေး တုန်ယင်သွားခဲ့၏။ တစ်စက် ကလေးမျှပင် သံသယမ၀င်မိပေ။ လင်းရီတွင် ထိုသို့ လုပ်နိုင်သည့် အစွမ်းအစ ရှိမှန်းကိုလည်း သူမသိထားသည်။
“ ကျေးဇူးတင်ပါတယ် မစ္စတာလင်း… ကျွန်မ အခု ပြောင်းလဲသွားပါပြီ… အရင်က ကိစ္စတွေကိုလည်း တောင်းပန်ပါတယ်…”
“ တောင်းပန်စရာ မလိုပါဘူး… ငါကလည်း သဘောထား သေးသိမ်တဲ့လူစားမျိုးမှ မဟုတ်တာ.. ဒါပေမယ့် နောက်တစ်ခေါက် ရှိလာမည်ဆိုရင်တော့ မင်းထိုက်တဲ့ မင်းကံပဲ…”
“ အွန်း အွန်း အွန်း… နောက်တစ်ခေါက် ဆိုတာ မရှိစေရပါဘူးနော်…” ကော်လု ရွှင်မြူးသွားခဲ့၏။
“ မစ္စတာလင်း… ထမင်း အတူစားကြစို့လေ… “
“ ကောင်းပြီလေ.. ငါလည်း လမ်းလျှောက်ရ သက်သာသွားတာပေါ့…”
တောင်းပန်ခြင်း၏ လေးနက်မှုကို ဖော်ပြရန်အတွက် ကော်လု အများအပြား ဝယ်လာခဲ့၏။ ထို့ပြင် တက်တက်ကြွကြွနှင့် စားသောက်နေစဉ်အတွင်း လင်းရီအား ဝါးမကျွေးရုံတမယ်ပင်။
ယခုလို ပုံစံနှင့် လင်းရီကသာ တစ်စုံတစ်ရာကို မထိတထိ အချက်ပြလိုက်မည်ဆိုပါက ရုံးတွင်း နှစ်ပါးသွားမည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပျက်လာနိုင်သည်။
နာရီဝက် ကြာပြီးနောက် လင်းရီ စားသောက်လို့ ပြီးသွားခဲ့၏။
လင်းရီ၏ စိတ်မဝင်စားသည့် အမူအရာကို မြင်တော့ ကော်လုလည်း သူမပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားရုံမျှသာ တတ်နိုင်လေသည်။
ကလင် ကလင် ကလင်….
တနင့်တပိုး စားသောက်ပြီး၍ ဗိုက်ကို ပွတ်သပ်နေစဉ် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ဝမ်ရင်းက ဆက်သွယ်လာခဲ့ခြင်းပင်။
“ နေ့လည်စာ စားပြီးပြီလား မောင်လေးရီ…”
“ ခုလေးတင် စားပြီးလို့ တစ်ရေး အိပ်တော့မလို့ပဲ… “ လင်းရီ ပြောလိုက်ပြီး “ အစ်မရင်းကော စားပြီးပြီလား…”
“ အစ်မလား … စားပြီးလို့ ပြည့်အင့်နေပြီ.. “ ဝမ်ရင်း ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း “ ဟိုတယ်မှာ အခန်းငှားပြီး အစာကြေအောင် လေ့ကျင့်ခန်း တစ်ချို့ လုပ်နေတာလေ… “
“ ဟိုတယ်သွားပြီး အစာကြေအောင် လုပ်နေတယ်ပေါ့… အကြံကောင်းပဲ…”
“ ဒါပေမယ့် တစ်ယောက်တည်း လုပ်တာက နှစ်ယောက် လုပ်တာလောက် မထိရောက်ဘူးလေ.. အဲ့တော့ အစ်မဘယ်လိုလုပ်သင့်တယ်လို့ နင်ထင်လဲ…”
“ ဘယ်လိုလုပ်ချင်လဲ… ကျွန်တော့်ကို စောင့်နေလိုက်..”
“ လေးပင်လယ်(ပင်လယ်လေးစင်း)ဟိုတယ်… အခန်း ၄၀၉ …. “
လင်းရီ ပြုံးရင်း ဖုန်းချလိုက်၏။ အဲ့တာ သူတည်းနေတဲ့ ဟိုတယ်ပဲ မဟုတ်လား…
ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ဟိုတယ်ထံ ပြန်လာခဲ့သည်။
သူ အခန်း ၄၀၉ ရှေ့ ရောက်တော့ တံခါးက အနည်းငယ် ဟ,ထားလျက် ရှိသည်ကို လင်းရီ မြင်လိုက်ရ၏။ ရေချိုးခန်းထဲမှ ရေကျသံများကိုလည်း ကြားနေရသည်။
ဝမ်ရင်း၏ ပြေပြစ်ကျက်သရေရှိလှသော ပုံရိပ်လေးကို အပြင်မှနေပြီး မြင်ယောင်နိုင်သည်။
လင်းရီ ရေချိုးတံခါးကို ဖွင့်လိုက်၏။ ဝမ်ရင်းက ကိုယ်လုံးတီး ရေချိုးနေပြီး လင်းရီ၏ အကြည့်ကို မြင်သော်လည်း ကသိကအောက် ဖြစ်သည့်ပုံ မပေါ်ပေ။
" နင် ဒီ ရောက်လာတာကို ဥက္ကဌကျီ သိသွားမှာ မကြောက်ဘူးလား.... "
“ သတ္တိမရှိဘူးဆိုရင် အစ်မရင်းနဲ့ လေ့ကျင့်ခန်းလုပ်ဖို့တောင် လာခဲ့မှာ မဟုတ်ဘူး..”
ဝမ်ရင်း သူမခန္ဓာကိုယ်ပေါ်ရှိ ရေစက်များအား သုတ်ရင်း “ ဒီလောက်ကြာနေပြီကို နင် ဥက္ကဌကျီကို ခုထိ မစားသေးဘူးမလား.. အစ်မရင်းတော့ ဆာသေပါပြီနော်…”
“ ဆာပြီဆိုမှတော့ စောင့်မနေနဲ့တော့လေ… ချက်ချင်း တန်းစားလိုက်တော့ပါလား…”
ပြောပြီးနောက် လင်းရီ ရေချိုးခန်းထဲသို့ လျှောက်လှမ်းသွားပြီး ဝမ်ရင်းကို ပွေ့ချီ၍ ကုတင်ပေါ် ပစ်တင်လိုက်၏။
ဝမ်ရင်း၏ မျက်နှာထက်၌ ယစ်မူးကြည်နူးနေသည့် ပုံရိပ်များဖြင့် ပြည့်နှက်နေသော်လည်း နှုတ်ဖြင့် မထိတထိ စနောက်လိုက်သေး၏။
“ နင်ကတော့ အစ်မရင်းကို ဥက္ကဌကျီအပေါ် သစ္စာဖောက်အောင် လုပ်နေတာပဲ… အစ်မ မလုပ်နိုင်ဘူးနော်…”
“ ဒါဆိုလည်း ဒီတိုင်းပဲ ကြည့်နေလေ… ဘာမှမလုပ်နဲ့ပေါ့…”
“ နင်… ကောင်စုတ်လေး… ငါသာ ဘာမှမလုပ်ရဘူးဆို မျှော်လင့်ရလွန်းလို့ သေသွားမှာပေါ့…”
“ ဒါပေမယ့် အစ်မရင်းပဲ သူ့ကို စိတ်မပျက်စေချင်ဘူးဆို….”
“ ငါ ဂရုမစိုက်ဘူးဟာ … ဂရုမစိုက်ဘူးဟာ… တောင်းဆိုပါတယ်… အစ်မကို မတားနဲ့တော့နော်…”
ညုတုတု ပြောပြီးနောက် ဝမ်ရင်းသည် ဆာလောင်နေသည့် ကျားမတစ်ကောင်ကဲ့သို့ လင်းရီအပေါ် ခုန်အုပ်လိုက်တော့သည်။
( ဤနေရာတွင် စာလုံးရေ တစ်သန်းခန့်ကို ချပ်လှပ်ထားခဲ့ပါသည်…..) (. ❛ ᴗ ❛.)