လေ့ကျင့်ခန်း ပိုလုပ်ပေးသင့်တယ်
Vol. 91 Ch. 1358
မွန်းလွဲညနေ လေးနာရီအချိန်လောက်တွင် ဝမ်ရင်းသည် အိပ်ယာပေါ်၌ ချိနဲ့စွာ လဲလျောင်းနေရင်း သူမ၏ ရေဓာတ်များအားလုံး ခန်းခြောက်သွားပြီဟု ခံစားနေရ၏။ သို့သော် ကျေနပ်နှစ်သက်နေမှုတို့ကတော့ အတောမသတ်နိုင်အောင်ကိုပင်။
“ ဒီလောက်ထိ ခံစားလို့ ကောင်းမယ်မှန်း သိရင် အချိန်အကြာကြီး ဆွဲမနေပါဘူးဟယ်…”
ဝမ်ရင်း လှန်မှောက်၍ ဗိုက်ဖြင့် ဆက်လက် လဲလျောင်းနေလိုက်၏။
လင်းရီ ရယ်မောလိုက်သည်။ “ ထပြီး ကန့်ကျွင်းဟွေ့တို့နဲ့ သွားမတွေ့တော့ဘူးလား…”
“ နေ့လည်စာ စားပြီးတော့ ဒါရိုက်တာကန့်ဆီကနေ ခွင့်တိုင်ထားတယ်လေ… မဟုတ်ရင် ဒီ တစ်ညနေလုံး အားမှာတောင် မဟုတ်ဘူး…”
“ ဘယ်လောက် တွေးတတ်လိုက်လဲ…”
“ ဥက္ကဌကြီးရဲ့ လူကို မြှူဆွယ်ဖို့က အရည်အချင်းတွေ အများကြီး လိုတယ်လေ… ဒီက ဂရုမစိုက်သင့်ဘူးလား…” ဝမ်ရင်း ပြောလိုက်ပြီး “ ဥက္ကဌကျီကလည်း လွန်ကို လွန်ပါတယ်… ဒီလောက်ကြီးတဲ့ အသားတုံးကြီးကို မစားဘဲနဲ့ ဒီတိုင်း ပစ်ထားရက်တယ်… အစ်မရင်းသာဆို အလုပ်ကိစ္စတွေ ဘေးချိတ်ထားပြီး မောင်လေးရီကိုပဲ အဖော်ပြုပေးနေမိမှာ သိလား…”
လင်းရီ ဝမ်ရင်း၏ တင်ပါးကို ပုတ်လိုက်၏။
“ အဲ့လောက်ထိ အရှက်မဲ့မနေနဲ့… မြန်မြန်ထပြီး တစ်ခုခု စားစို့… အချစ် သံစဉ်တွေ ဖန်တီးရတာက အရည်အချင်း စမ်းသပ်ရုံတင် မဟုတ်ဘူး သက်လုံ အများကြီးလည်း အသုံးချရသေးတယ်… အစ်မရင်းက ကျွန်တော့်ကို ဆာအောင် လုပ်လိုက်တာပဲ…”
“ အဲ့လောက် မြန်မြန်ကြီး ဆာနေပြီပေါ့…” ဝမ်ရင်း ပြောလိုက်ပြီးမှ “ နင် ခုတလော လေ့ကျင့်ခန်း သိပ်မလုပ်ဖြစ်ဘူးလား…”
လင်းရီ ထပြီးနောက် ဤတစ်ကြိမ်တွင် ခပ်ပြင်းပြင်းလေး ရိုက်လိုက်ကာ “ ဟမ်… ကျွန်တော့်ကို တစ်စက်မကျန် ညှစ်ထုတ်ချင်တယ်ပဲ ပြောလိုက်ပါတော့လား…”
ဝမ်ရင်း ခိုးခိုးခစ်ခစ်ရယ်မောလိုက်ရင်း “ နင် အထဲမှာ အကြာကြီး စုထားလို့လည်း ဖြစ်ရင် ဖြစ်မှာပေါ့…. မြေပြင်က ခြောက်သွေ့တော့ နင်က ရေပိုမဖြန်းပေးသင့်ဘူးလား… ဒီ သဘောတရားလေးတောင် နားမလည်ဘူးဆိုရင် နင့် ခြံကတော့ ကျက်တီးမြေကြီး ဖြစ်ကုန်တော့မှာပဲနော်…”
“ မြေပြင်က ပက်ကြားအက်နေတော့လည်း ကိုယ်က ရေပိုဖြန်းပေးရတာပေါ့… ဒါပေမယ့် ဘာလို့ အစ်မရင်းက ကျွန်တော့်ထက်တောင် ရေပိုများတယ်လို့ ခံစားနေရတာပါလိမ့်… ကျွန်တော်ဆို ခြောက်ခမ်းလု နီးပါးပဲ….”
“ ခစ်ခစ် ခစ်ခစ်…”
ဝမ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။ ရှေ့ရှိ ကြီးမားသည့် အလှအပ တရားကြီး နှစ်ခုကလည်း တသိမ့်သိမ့် တုန်ချိနေလျက် ရှိလေသည်။
“ နင်လည်း နင့်ကိုယ်နင် ကောင်းကောင်း ဂရုစိုက်သင့်တယ်.. ခုလောလောဆယ်တော့ သိသာဦးမှာ မဟုတ်ဘူးဆိုပေမယ့် အမျိုးသမီးတွေက အသက် သုံးဆယ်ကျော်လောက် ရောက်ရင်… နင် သတိသာထားတော့… လုံးဝ ဗလာကျင်းသွားလိမ့်မယ်…”
“ ကျွတ် ကျွတ် ကျွတ်…” လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်ရင်း “ ဒါက သေချာစဉ်းစားဖို့ ထိုက်တန်တဲ့ မေးခွန်းပုစ္ဆာပဲ….”
“ ခစ်ခစ်…”
ဝမ်ရင်း ကုတင်ပေါ်မှ လူးလဲ ထ၍ လင်းရီကို သူ၏ အဝတ်အစားများအား ကူပြီး ဝတ်ဆင်ပေးလိုက်၏။
“ နင် ဗိုက်ဆာနေပြီလား… သွားကြစို့လေ… နင့်ကြောင့် အစ်မရင်းလည်း ဗိုက်ဆာလာပြီ…”
ခေတ္တကြာပြီးနောက် နှစ်ယောက်လုံး အဝတ်များ ဝတ်ဆင်လို့ ပြီးသွားခဲ့ကာ စားသောက်ဆိုင် အသေးလေး တစ်ခု၌ ရိုးရှင်းသည့် ထမင်းတစ်နပ်ကို သုံးဆောင်လိုက်ကြ၏။
ဝမ်ရင်းက ထွက်ခွာသွားမည့် ရည်ရွယ်ချက် မရှိသေးချေ။ ညနေစာ စားပြီးနောက် ဟိုတယ်သို့ ပြန်၍ ဒုတိယအချီ ပြန်လည်စတင်ကြလေတော့သည်။
*********
ရှေ့ဆက် တစ်လကျော် နှစ်လကြာသည်အထိ လင်းယွင်အုပ်စု၏ ချစ်ပ်ပရောဂျက်သည်က အရေးကြီးဆုံး ကိစ္စရပ်တစ်ခုပင်။
ထို့ပြင် လင်းယွင်အုပ်စု၏ မိုဘိုင်းဖုန်း စီးပွားရေးသည်လည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်သည်အထိ ဖြစ်လာပြီး တုံးစန်းကောင်တီတွင် ထုတ်လုပ်ရေးလိုင်းတစ်ခုကို တည်ဆောက်ပြီးစီးချေပြီ။
လင်းရီကို အားရ ကျေနပ်မှု ဖြစ်စေဆုံးကတော့ ချစ်ပ်နှင့် မိုဘိုင်းဖုန်း စီးပွားရေးက ကျယ်ပြန့်လာသည့်အပြင် semiconductor ကုမ္ပဏီ လေးခုက တုံးစန်းကောင်တီနှင့် စာချုပ်ချုပ်ဆိုပြီး စက်မှု ဇုန်အသစ်သို့ ပြောင်းရွေ့လာခဲ့ခြင်းပင်။
ကရိန်း တာဝါ ၃၀ ကျော်က အတူတကွ အလုပ်လုပ်နေပြီး တုံးစန်းကောင်တီအတွင်း၌ ရှားရှားပါးပါး မြင်နေရသည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့လေသည်။
ဒါသည်ပင် တစ်လကျော်မျှသာ ရှိသေး၏။
တုံးစန်းကောင်တီ၏ လူဦးရေကလည်း ၂,၀၀၀ ကျော်သည်အထိ တိုးပွားလာခဲ့သည်။ အကုန်လုံးက ဆောက်လုပ်ရေး လုပ်သားများ ဆိုသော်လည်း ကောင်တီ၏ သုံးစွဲမှုနှုန်းကို အတိုင်းအတာတစ်ခုထိအောင် လှုံ့ဆော်ပေးနေဆဲပင်။
အချိန်တို့ ကုန်ဆုံးသွားသည်နှင့်အမျှ ကိန်းဂဏန်း အရေအတွက်က ဆက်လက်တိုးပွားလာနေကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။
ထို အတောအတွင်း လင်းရီ ကျိုးဟိုင်သို့ပင် တစ်ခေါက်ပြန်လိုက်သေး၏။ နှုတ်မှ ထုတ်မပြောသော်လည်းပဲ ကျီချင်းရန်သည် သူမ၏ မကျေမချမ်း ဖြစ်နေမှုကို သွယ်ဝိုက်သောနည်းဖြင့် အကြိမ်ပေါင်းများစွာ ဖော်ပြနေသည်။
ထို့ကြောင့် ကျိုးဟိုင်သို့ ပြန်ပြီး သူမကို သုံးလေးရက်ခန့် အဖော်ပြုပေးလိုက်၏။
သို့သော် သာတူညီမျှ သဘောတရားကို လက်ကိုင်ကျင့်သုံးသည့် လင်းရီသည် ကျီချင်းရန် တစ်ဦးတည်းကိုသာ အဖော်ပြုပေးသည်မဟုတ်ပဲ လျန်ရူရွှယ်၊ လီချူးဟန်နှင့် ဝမ်ရင်းတို့ကိုလည်း အဖော်ပြုပေးခဲ့၏။
လူဆိုတာ တစ်ကိုယ်ကောင်းဆန်လို့ ဘယ်ဖြစ်မှာလဲ … ဟုတ်တယ်မလား…
“ လီလေး… ငါတို့ ရိုက်ခဲ့တဲ့ ပုံတွေကို သေချာလုပ်လိုက်နော်… အချိန်ကျလာရင် ဒီပုံတွေနဲ့ တုံးစန်းကောင်တီကို လူသိများအောင် ကြေညာရမှာပဲ…”
လီချင်းခိုင်သည် လီစီကျင်း၏ နောက်တွင် ရပ်နေပြီး ကွန်ပျူတာ စခရင်ပေါ်ရှိ ဓာတ်ပုံများကို ရောပြွမ်းနေသည့် ခံစားချက်တို့ဖြင့် ကြည့်နေမိသည်။
“ ကျွန်မကတော့ အဲ့ဒီ စက်ရုံတွေ တည်ဆောက်လို့ပြီးသွားရင် တုံးစန်းကောင်တီရဲ့ နေရာလိုအပ်ချက်က ပိုများလာမယ်လို့ ထင်တယ်…” လီစီကျင်း ပျော်ရွှင်နေဟန်ဖြင့် ပြောလိုက်၏။
“ ဖြစ်နိုင်လောက်တယ်…”
“ ဒါတောင် အစပဲ ရှိသေးတယ်… စက်ရုံတွေ ပြီးသွားလို့ အလုပ်သမားတွေ ဝင်လာခဲ့ရင် ကောင်တီရဲ့ လူဦးရေလည်း တိုးလာမယ်… အနာဂတ်ကတော့ တောက်ပနေတော့မှာပဲ… ငါတော့ အဲ့ဒီနေ့ကို မြင်ချင်နေပြီ…”
“ ဟင်… အစ်ကိုရီ… ရှင်က ဘာလို့ မပျော်ရွှင်တဲ့ ပုံစံ ပေါက်နေတာလဲ…”
မီဒီယာ ဆောင်းပါးများ ရေးသားနေသည့် လီစီကျင်းသည် လင်းရီက ကွန်ပျူတာ စခရင်ကို အမူအရာကင်းမဲ့စွာ ကြည့်ရှုနေသည်ကို မြင်တော့ သူ ဘာတွေ စဉ်းစားနေသလဲဆိုတာကို မခန့်မှန်းနိုင် ဖြစ်နေသည်။
“ ငါ့ရုပ်က မပျော်ရွှင်နေတဲ့ ရုပ် ပေါက်နေလို့လား…”
“ ရှင့် မျက်နှာပေါ်မှာ အကုန်လုံး ပေါ်နေပြီးသား…” လီစီကျင်း ပြောလိုက်ပြီး “ ကောင်တီက ဆင်းရဲတွင်းကနေ ဖြည်းဖြည်းချင်း လွတ်မြောက်နေပြီလေ… ကျွန်မတို့ရဲ့ ရည်မှန်းချက်လည်း ပြီးမြောက်တော့မှာကို ဒါ ပျော်စရာ ကိစ္စပဲဟာ…”
“ ပျော်စရာ ကိစ္စဆိုတာ အမှန်ပဲ… ဒါပေမယ့် ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် တိုးတက်ဖွံ့ဖြိုးမှုက ပိုပိုပြီးမှတောင် မညီမျှ ဖြစ်လာဦးမယ်… ငါ အဲ့တာကို တွေးနေတာ… ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရဦးမယ်…”
“ မညီမျှဘူး.. ဟုတ်လား…”
လင်းရီ၏ စကားလုံးတို့က နှစ်ယောက်လုံးကို လေးလေးနက်နက် ဖြစ်သွားစေခဲ့သည်။
လီချင်းခိုင်က “ လုပ်စမ်းပါဦး… လင်းလေး… မင်း ဘက်ခြမ်းက ဘာတွေများ တွေးနေလဲဆိုတာ ပြောစမ်းပါဦး…”
“ စက်ရုံတည်ဆောက်မှုနဲ့ ရွေ့ပြောင်း အလုပ်သမားတွေက ကောင်တီရဲ့ လူဦးရေကို တိုးလာစေပြီး သုံးဆွဲမှုနှုန်းကို လှုံ့ဆော်ပေးနိုင်တာ မှန်တယ်… ဒါပေမယ့် ဒီကိစ္စကနေ အကျိုးအမြတ်ရသွားတာက တခြား မြို့ကြီးတွေမှာ နေတဲ့ လူတွေလေ… အောက်က ကျေးရွာနဲ့ မြို့လေးတွေမှာ ဆင်းရဲတဲ့ သာမန်လူတွေ အများကြီး ရှိနေသေးတုန်းပဲ… သူတို့ရဲ့ တစ်နေ့ ပျှမ်းမျှ လုပ်အားခက တိုးလာတယ် ဆိုပေမယ့် တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတဲ့ လူတွေကလည်း တိုးလာနေဦးမှာပဲ… ကျွန်တော့်အထင်တော့ ဒါ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး…”
လင်းရီ၏ စကားလုံးများက ငိုက်မြည်းနေသည့် သူတို့၏ အသိစိတ်ကို ပါးဖြတ်ရိုက်လိုက်သကဲ့သို့ ချက်ချင်းဆိုသလို နှိုးထလာခဲ့ကြ၏။
အကယ်၍ သူတို့၏ KPI လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံမျှ ဆိုလျှင်တော့ အဆိုပါပြဿနာများကို အာရုံစိုက်နေရန် မလိုပေ။ သို့သော် သူတို့သုံးယောက်လုံးက အတော်လေး တွေးပေးတတ်သူများ ဖြစ်ကြသည်။ အဓိကအားဖြင့် အခြေခံ လူတန်းစားတို့အတွက် ပိုတွေးပေးကြသည်။ တုံးစန်းကောင်တီရှိ နေထိုင်သူတိုင်း ယုတ်၊လတ်၊မြတ်မရွေးက လူတန်းစေ့ နေနိုင်သူများ ဖြစ်လာစေရန် သူတို့ မျှော်လင့်မိကြသည်။ ထို့ကြောင့် ဤသည်က ဆင်ခြင်သုံးသပ်ရမည့် ပြဿနာ တစ်ရပ်ဖြစ်၏။
“ ငါ အဲ့တာကို လုပ်နေတယ်… ဆည်မြောင်းဆောက်လုပ်တာနဲ့ ရေကြီးရေလျှံ ပြဿနာကိုတော့ ငါ ဖြေရှင်းပြီးသွားပြီ… နောက်နှစ်တွေမှာ ရေကြီးတဲ့ ပြဿနာဆိုတာ မရှိစေရတော့ဘူး…” လီချင်းခိုင် ပြောလိုက်ပြီး “ ဒါပေမယ့် ပြဿနာက သူတို့ရဲ့ ဝင်ငွေ တိုးလာတယ်ဆိုရင်တောင်မှ အကန့်အသတ်နဲ့ပဲ.. သူတို့က လူ့အဖွဲ့အစည်းကြီးရဲ့ အောက်ဆုံးမှာပဲ ရှိနေကြဦးမှာ….”
“ အဲ့တာတော့ ဘယ်တတ်နိုင်မှာ.. ဒီမှာ ကျန်ခဲ့တဲ့ လူတွေကလည်း ထူးထူးခြားခြား ရည်အချင်း မရှိတဲ့လူတွေပဲလေ… စိုက်ပျိုးရေး လုပ်တာက သူတို့အတွက် တစ်ခုတည်းသော ရှင်သန်နိုင်မယ့် နည်းလမ်းပဲ… ကျွန်တော်တို့ဘက်က အကောင်းဆုံး ကြိုးစားပေးဖို့ပဲ တတ်နိုင်တယ်… သူတို့ ဘယ်လောက်ထိ တိုးတက်သွားနိုင်မလဲဆိုတာက ကံတရားပဲ..”
“ အမှန်ပဲ… ဒါပေမယ့် တတ်နိုင်မယ်ဆိုရင်တော့ ငါတို့ တစ်ခုခုတော့ စဉ်းစားပေးသင့်တယ်…”
လီစီကျင်းနှင့် လီချင်းခိုင်တို့ နှစ်ဦးလုံး လင်းရီကို ကြည့်လိုက်ကြသည်။
“ မင်းမှာ အကြံတွေ အဲ့လောက်ပေါတာ မင်း ဘယ်လို စဉ်းစားမိလဲ ငါ့ကို ပြောပြ…”
“ ကျွန်တော် တစ်ခါက ပြောဖူးပါတယ်.. စိုက်ပျိုးမြေကိစ္စလေ…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်တော့ စိုက်ပျိုးမြေကို အဓိက ပစ်မှတ်ထား ကိုင်တွယ်သင့်တယ်လို့ ထင်တယ်… မြေဆီလွှာ ပတ်ဝန်းကျင် တိုးတက်မှသာ အထွက်နှုန်းတိုးပြီး သီးနှံအမျိုးမျိုးကို စိုက်ပျိုးနိုင်မယ်.. အရည်အသွေးရော အရေအတွက်ကရော တိုးလာမယ်.. ဒီလိုနည်းနဲ့ သူတို့ အကျိုးအမြတ်တွေ များလာလိမ့်မယ်… ပြီးတော့ အောက်က ရွာနဲ့ မြို့တွေမှာ နေတဲ့လူတွေလည်း လူနေမှုအဆင့်အတန်း ပိုပြီး မြင့်တက်လာမယ်.. ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လည်း ပြည့်ဝသွားလိမ့်မယ်…”
လီချင်းခိုင် သဘောတူသည့် အနေဖြင့် ခေါင်းညိမ့်လိုက်၏။
“ မင်းပြောတာ မှန်တယ်… ဒါပေမယ့် ငါတို့ ဒီလို လုပ်ချင်တယ်ဆိုရင် ဒီမှာတော့ ရမှာ မဟုတ်ဘူး… အရှေ့မြောက်ပိုင်း ဒေသက ပင်းချိန်မြို့ကို သွားသင့်တယ်.. အဲ့မှာ ဟွာရှရဲ့ အကြီးမားဆုံး စိုက်ပျိုးရေး သုတေသန ဌာနကြီး ရှိတယ်.. ငါတို့ တစ်ချက် သွားလည်ကြည့်လို့ရတယ်…”
“ ကျွန်တော်လည်း အဲ့လို စဉ်းစားနေတာပဲ…”
ကလင် ကလင် ကလင်….
သုံးယောက်သား စကားပြောနေစဉ်မှာပဲ လီချင်းခိုင်၏ ဖုန်းသံ မြည်လာခဲ့၏။
“ ဟယ်လို အတွင်းရေးမှူးဝမ်…”
“ ငါ့ရုံးခန်းထဲကို လာခဲ့… လင်းရီနဲ့…..”