နင်တို့ အကွက်က ပိုများတယ်ပေါ့
Vol. 91 Ch. 1360
ကျိုးဖုန်းကို ဟောက်ငေါက်ပြီးနောက် လင်းရီနှင့် လီချင်းခိုင်တို့ ရုံးခန်းထဲ ပြန်လာခဲ့ကြသည်။
ထို့နောက် အစည်းအဝေးတွင် ပြောခဲ့သည်များကို လီစီကျင်းအား ပြန်ပြောပြ၏။
“ ဆိုတော့ … ကျွန်မတို့မှာ ဆေးနယ်ပယ်က အဆက်အသွယ်တွေ ရှိလို့လား…” လီစီကျင်း မေးလိုက်၏။
“ တကယ်လို့ ရှာချင်တယ်ဆိုရင်တော့ ရှာတွေ့ပါတယ်.. ပြဿနာက ကျိုးဖုန်းကလည်း ဒါကို လုပ်နေတာပဲ… “ လီချင်းခိုင် ပြောလိုက်ပြီး “ သူ့အဖေက ယွီဟန်စန်း ဆေးရုံမှာ တာဝန်ထမ်းခဲ့ဖူးတယ်… အဲ့ဆေးရုံက ယွီဟန်ရဲ့ ထိပ်တန်း ဆေးရုံ ငါးခုထဲမှာ ပါတယ်… ငါတို့တွေ အဲ့လောက် အင်အားကြီးတဲ့ ဆရာဝန်တွေ ရှာတွေ့ဖို့တော့ မဖြစ်နိုင်လောက်ဘူး…”
မျက်ကန်းပင်လျှင် ကျိုးဖုန်းသည် လင်းရီနှင့် အပြိုင် လိုက်တုနေသည်ကို တပ်အပ်ပြောနိုင်သည်။ ထို့ကြောင့် လီချင်းခိုင်သည်လည်း လင်းရီဘက်ကနေ ကူညီ အားဖြည့်ပေးချင်မိ၏။ တာဝန် ရလဒ်ကြောင့်သာ မဟုတ်ပဲ လင်ရီသည် ကျိုးဖုန်းထက် သာကြောင်းကို သေချာစေချင်သည်။ သူလင်းရီကို နိုင်ငံရေး အောင်မြင်မှု တစ်ချို့ ရအောင် ကူညီပေးရမည်။
“ အစ်ကိုလီ… ကျွန်တော် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားမိပြီ…” လင်းရီ ပြောလိုက်ပြီး “ အဲ့လောက် ထွေထူး ပြဿနာကြီးလည်း မဟုတ်ပါဘူး…”
လင်းရီ သူ့ကိုယ်သူ စတင် တွေးတောလိုက်၏။
ချစ်ပ်စက်ရုံကလည်း လုပ်ငန်း စတင်နေပြီး ရင်းနှီးမြုပ်နှံမှု ရယူပေးခြင်းတို့ကလည်း အဆုံးသတ်သို့ ရောက်ရှိနေပြီ။
အကယ်၍ နောင်တွင် ကောင်တီတွင်းသို့ စီးပွားရေး လုပ်ငန်းများ ဝင်လာဦးမည် ဆိုပါက ကောင်တီနှင့် တိုက်ရိုက်ဆက်သွယ်လို့ ရပြီး သူကိုယ်တိုင် ပါဝင်ပေးစရာ မလိုတော့ပေ။ ယခုလို အချိန်တွင် လင်းရီ လက်ထဲ၌ လုပ်စရာက ကြည့်ရသလောက် များများစားစား သိပ်ရှိမနေချေ။ ထို့ကြောင့် သူ ကျိုးဟိုင်သို့ ပြန်ပြီး တုံးစန်းကောင်တီအတွက် ကျန်းမာရေး ပြဿနာကို ဖြေရှင်းပေး၍ရသည်။
မည်သို့ပင်ဖြစ်စေ ဤသည်ကလည်း နွမ်းပါးမှု လွတ်မြောက်ရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး သူ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စတစ်ခု ဖြစ်၏။
နောက် တစ်နေ့ နံနက်တွင် လင်းရီ ကျိုးဟိုင်သို့ မောင်းနှင်လာပြီး ကျီချင်းရန်၏ ချောင်ရန် အုပ်စုသို့ ရောက်ရှိလာသည်။
“ ဥက္ကဌကျီ… နေ့လည်စာ အတူစားမလား…”
“ ငါ မစား……………….”
စကားတစ်ဝက်တစ်ပျက်ဖြင့် ကျီချင်းရန် ရပ်တန့်သွားခဲ့၏။ တံခါးဝဘောင်ကိုမှီရင်း လက်ပိုက်ပြီး မတ်တပ်ရပ်နေသူက လင်းရီဖြစ်ကြောင်း သတိပြုမိတော့ သူမ မျက်လုံးများ ဝင်းလက်လာသည်။
“ မနေ့က ဖုန်းထဲမှာ ပြောတော့ နင် လာဖြစ်ဦးမှာ မဟုတ်ဘူးဆို… ဘာလို့ ရုတ်တရက်ကြီး ပြန်လာခဲ့တာလဲ…”
“ လာပြီး စုံစမ်းတာလေ… မင်း ငါ့နောက်ကွယ်မှာ ဘာ မဟုတ်တာတွေ မလုပ်ဘူးဆိုတာ သေချာအောင်လို့…”
ကျီချင်းရန် လင်းရီကို မျက်လုံးလှန်ကြည့်လိုက်၏။ “ ပေါက်ကရတွေ လျှောက်မပြောနဲ့.. ငါက ကုမ္ပဏီမှာ တစ်နေ့လုံးနေရင်နေ… မနေရင် အိမ်မှာပဲ နေတာ နော်… ဘာကို စုံစမ်းချင်နေတာ…”
“ မြန်မြန် မြန်မြန် အစ်မကျီ… ငါ နင့်ဖို့ အချောလေးတွေ အများကြီး ရှာထားပေးတယ်… သူတို့ရဲ့ ပေါင်မုန့်တုံးကြီးတွေက နင့်အကြိုက်ဆိုတာ လုံးဝ သေချာတယ်.. အဲ့အလုပ်တွေကို ဘေးချိတ်ထားလိုက်..”
ဟော်ယွမ်ယွမ်သည် တက်ဘလက် တစ်လုံးကို ကြည့်ရင်းဖြင့် ရုံးခန်းထဲ ဝင်လာခဲ့၏။
“ အာ….”
ထိုအခိုက်အတန့်တွင် ရုံးခန်းသည် ပကတိ တိတ်ဆိတ်သွားသယောင် ထင်ရသည်။ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း လေထုက အနည်းငယ် ကိုးရို့ကားယား နိုင်နေသည်။
“ သ … သူဌေး… ရှင် ဘာလို့ ပြန်လာတာလဲ…..”
“ ငါက ဘာလို့ ပြန်မလာရမှာ…”
“ ရှင်က ကားထဲမှာ ရှိနေသင့်တာလေ… ဒီမှာ မဟုတ်ဘူး…”
“ ယုံလားတော့ မသိဘူး… ငါမင်းကို ခုချက်ချင်း ပြတင်းပေါက်ကနေ လွင့်ပစ်မိတော့မယ်…”
“ အိုက်ယား.. စိတ်လျော့စမ်းပါ သူဌေးကလည်း… အစ်မကျီက ဖောက်ပြန်နေတာ မဟုတ်ပါဘူး…”
“ ဟုတ်လား…. ငါတော့ ငါသာ ဒီနေ့ ပြန်မလာဘူးဆိုရင် တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရသလိုပဲ…”
ကျီချင်းရန် ဒေါသတကြီးဖြင့် လင်းရီကို ဆွဲဆိတ်လိုက်၏။ “ ပေါက်တတ်ကရတွေ ပြောမနေနဲ့… ငါလည်း နင့်ကို ရိုက်ပစ်လိုက်မယ်ဆိုတာ ယုံလား…”
“ ဒါဆို မင်းတို့ နှစ်ယောက်က ဘာလုပ်ဖို့ စီစဉ်နေကြတာ…”
“ ကုမ္ပဏီက ကော်မာရှယ် အိမ်ခြံမြေ ပရောဂျက်ကို စတင်ဖို့ လုပ်နေတာ… ငါ ယွမ်ယွမ်ကို ပြောရေးဆိုခွင့် ရှိသူတစ်ချို့ ကူရွေးခိုင်းထားတာ… ခု အဲ့ဒီ ကိုယ်စားလှယ်တွေ ရွေးကူနေတာလေ…”
ဟော်ယွမ်ယွမ် တက်ဘလက်ကို အပြုံးလေးဖြင့် ကမ်းရင်း “ ဟီးဟီး… အစ်မကျီ.. နင်ကြည့်ကြည့်… အကုန်လုံးက ဖျော်ဖြေရေး နယ်ပယ်ထဲ ရေပန်းအစားဆုံး လူငယ်လေးတွေချည်းပဲ… အစ်မကျီ စကားတစ်ခွန်း ပြောလိုက်တာနဲ့ မနက်ဖြန် သူတို့နဲ့ စာချုပ်သွားချုပ်လိုက်မယ်…”
“ ငါတော့ သူတို့အကုန်လုံးက လင်းရီလောက် ချောတယ် မထင်ပါဘူး…” ကျီချင်းရန် ပြောလိုက်သည်။
“ ဒီဖုတ်ကောင်ကြီးက ချောတယ်လို့ ပြောနေတာလား… ငါတော့ မထင်ပေါင်…”
လင်းရီ ဟော်ယွမ်ယွမ်ကို ဖင်ဆောင့်ကန်လိုက်၏။
“ မင်းကမှ ဖုတ်ကောင်လေ…”
“ ချီးလိုပဲ… အားယား… နာလိုက်တာ.. ငါ့ရဲ့ ‘ကောင်း’တောင် ငါ့ကို ဒီလို မလုပ်ဘူး…”
“ မင်းတို့ နှစ်ယောက်ရဲ့ အိတ်ထောင်ထဲမှာ လှည့်ကွက်တွေက နည်းတာကိုး… မင်းတို့က အလကားပဲ…” လင်းရီ ပြောလိုက်သည်။
“ ဟင်….” ဟော်ယွမ်ယွမ် တင်ပါးကို ပွတ်ရင်းဖြင့် လင်းရီနှင့် ကျီချင်းရန် စပ်စပ်စုစု ကြည့်လိုက်ကာ “ ဧကန္တ … ရှင်တို့နှစ်ယောက်ရဲ့ အိတ်ထောင်ထဲမှာ အကွက်တွေ ပိုစုံနေတာလား….အား အစ်မကျီ… နင် ငါ့ကို သင်ပေးရမယ်နော်….”
ကျီချင်းရန် မျက်နှာ နီရဲသွားရင်း လင်းရီကို စူးရဲစွာ ကြည့်ပေးလိုက်၏။
“ နင် ဘာတွေ လျှောက်ပြောနေတာလဲ..”
“ ငါ့ကို အပြစ်မတင်နဲ့လေ.. အဲ့ ယွမ်ယွမ်က သူ့ဘာသူ လိုက်ပြီး စိတ်ကူးတွေ ယဉ်နေတာ…”
“ ရပြီ ရပြီ… အဲ့ဒီ ကိုယ်စားလှယ်ကိစ္စ ဘေးချိတ်ထားလိုက်ဦး… အရင်ဆုံး စားဖို့ နေရာရှာကြစို့…. ငါ ဗိုက်ဆာနေပြီ…”
“ သွားစို့…”
ချောင်ရန်အုပ်စုကနေ ထွက်လာခဲ့ပြီးနောက် သုံးယောက်သား စားနေကြ စီချွမ် စားသောက်ဆိုင်တွင် အားပါးတရ စားသောက်လိုက်ကြ၏။
ဟော်ယွမ်ယွမ်က လုပ်စရာ အလုပ်များ ရှိသေးသဖြင့် စားသောက်ပြီး မကြာမီမှာပဲ သူမက လင်းယွင်အုပ်စုသို့ ပြန်သွားခဲ့သည်။
လင်းရီကတော့ ကျီချင်းရန်၏ ရုံးခန်းတွင် အဖော်လုပ်ပေးရင်း အချိန်ဖြုန်းနေသည်။
လတ်တလောတွင် ကျီချင်းရန်သည် လင်းရီနှင့် သူမ ဆွေးနွေးခဲ့သည့် ကော်မာရှယ် အိမ်ခြံမြေဘက်သို့ လှည့်ရန် ပြင်ဆင်နေလေသည်။
အကယ်၍ သူမသာ ဝမ်သ သို့မဟုတ် ရုံရှင်းစကွဲ ကဲ့သို့သော ရှောပင်းမောကြီး ဖွင့်ခဲ့သည် ရှိသော် သူမ ဘရန်း၏ တန်ဖိုးကို ပိုပြီး တိုးမြင့်နိုင်ပေမည်။ တစ်ချိန်တည်းတွင် capital market တွင်လည်း အကျိုးအမြတ် ပိုမို ရရှိလိမ့်မည်။
ကျီချင်းရန်၏ အတွေးစိတ်ကူးများကို လင်းရီလည်း ထောက်ခံပြီး သူမ ကောင်းကောင်း လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။
လင်းရီ၏ မျက်လုံးထဲ၌ ကျီချင်းရန်၏ အစွမ်းအစတို့က ရှန်းရှုရီပြီးလျှင် ဒုတိယ ဖြစ်ပြီး သူမနှင့် ယှဉ်ပြိုင်နိုင်သူ များများစားစား မရှိချေ။
*********
လင်းရီ ထွက်ခွာသွားခဲ့သည့် နေ့တွင်ပဲ ကျိုးဖုန်းသည်လည်း တုံးစန်းကောင်တီမှ ထွက်လာ၍ ယွီဟန်မြို့သို့ ပြန်လာခဲ့သည်။
သူ့ဖခင် ပင်စင် မယူမီ သူသည်ကား ယွီဟန်စန်း ဆေးရုံ၏ ကလေးအထူးကု လက်ထောက် သမားတော် တစ်လက် ဖြစ်ခဲ့သည်။ သူ့မိခင်ကတော့ ယွီဟန် ပင်းချန် တက္ကသိုလ်၏ အတိုင်ပင်ခံ တစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် သူမိသားစု နောက်ခံက မဆိုးဘူးဟု ပြော၍ ရသည်။ ယွီဟန်ကဲ့သို့သော ပထမအဆင့် မြို့တော်တွင် အတော်တန် ကြွယ်ဝသည့် မိသားစုဟူ၍ သတ်မှတ်နိုင်သည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ယွီချောင်းရှီသည်ကား တုံးစန်းကောင်တီ၏ ဒု-တာဝန်ခံ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို ဤနေရာတွင် နှစ်အနည်းငယ်ခန့် အတွေ့အကြုံ ယူခိုင်းထားပြီး ယွီဟန်မြို့သို့ ပြောင်းရွေ့ပြီး သူ၏ အဆင့်အတန်း ခုန်ပေါက် ထိုးတက်သွားမည့် နည်းလမ်းကို ရှာဖွေခိုင်းထားသည်။
ထို့ကြောင့်လည်း ကော်လုက မာစီးဒီး-စီ မောင်းနေသည်ကို မြင်တော့ ဂရုမစိုက်ရခြင်း အကြောင်း အရင်းဖြင်၏။
သူကိုယ်၌က တတ်နိုင်သော်လည်းပဲ သူ ထောက်ချင့်စရာများ ရှိနေသည့်အတွက် ချမပြရဲချေ။
“ သား… အမေ နင့်ကို မနေ့က ဖုန်းဆက်တော့ အလုပ်မအားဘူးဆို… ဘာလို့ ရုတ်တရက်ကြီး အိမ်ပြန်လာခဲ့ရတာလဲ…”
ပြောလိုက်သည့်လူကတော့ ကျိုးဖုန်း၏ မိခင်၊ ယွီမင်ပင်။ သူမက ဆံပင် အရှည်နှင့် စကားသံထဲတွင် ကျောင်းဆရာမ တစ်ယောက်၏ အရှိန်အဝါတို့ ပျံ့လွင့်နေလျက် ရှိသည်။
သူ့ဘေးတွင်တော့ အသက် ခြောက်ဆယ် အရွယ် လူကြီး တစ်ယောက် ထိုင်နေပြီး ဆံပင်တို့က ငွေရောင် တစ်ဝက်သန်းနေသည်။ ခန္ဓာကိုယ်မှာတော့ တောင့်တောင့်တင်းတင်း ရှိသေး၏။ ငါးဆယ်ကျော်ဟုသာ ထင်ရသည်။ သူကတော့ ကျိုးဖုန်း၏ ဖခင်၊ ကျိုးမင်ပဲ ဖြစ်ပါသည်။
“ ကောင်တီကိစ္စနဲ့ ပတ်သက်ပြီး အဖေတို့နဲ့ တိုင်ပင်စရာ ရှိလို့ ပြန်လာခဲ့လိုက်တာ…”
“ ဘာကိစ္စလဲ.. အဖေ့ကို ပြော…”
“ ဘာလို့ အလျင်လိုနေတာ… ထမင်းဟင်းတွေ အသင့်ဖြစ်နေတာကို စားရင်းနဲ့ ပြောကြပေါ့…”
“ ကောင်းသားပဲ… ကျွန်တော်လည်း အိမ်ပြန်မရောက်ဖြစ်တာ ကြာပြီဆိုတော့ ဒီနေ့တော့ အဖေနဲ့ ကောင်းကောင်း သောက်ရမယ်…”
နာရီဝက်ကြာပြီးနောက် ယွီမင် ဟင်းသုံးပွဲနှင့် အရည်သောက် တစ်ခွက်ကို စားပွဲပေါ်တွင် လာတင်သည်။ ကျိုးဖုန်း ဘီယာ နှစ်ပုလင်း ယူလိုက်ပြီး သားအဖ နှစ်ယောက်က တစ်ယောက် တစ်ပုလင်း ကိုင်ကြမည်။
“ အခုပြောတော့ … ဘာြဖစ်တာလဲတဲ့…” ကျိုးမင် မေးလိုက်သည်။
“ ကျွန်တော်တို့ ကောင်တီက နွမ်းပါးမှု တိုက်ဖျက်ရေးကို လတ်တလော အရေးကြီး ကိစ္စအဖြစ် သတ်မှတ်ထားတယ်… နောက်လာမယ့် ခြေလှမ်းက တုံးစန်းကောင်တီရဲ့ ကျန်းမာရေး ကဏ္ဍကို တိုးတက်စေဖို့ပဲ… ဒါကြောင့်မို့ အဖေ့ဆီ လာခဲ့တာ…”
“ မင်းတို့ ကောင်တီ ခေါင်းဆောင်က ဒီကိစ္စတွေ တာဝန်ယူရမှာ မဟုတ်ဘူးလား… မင်းက ဘာလို့ တာဝန်ယူနေရတာ…”
“ ဒါက နိုင်ငံရေး အောင်မြင်မှု ရရှိဖို့ အခွင့်အရေးပဲလေ… အဲ့တာကြောင့်မို့…. ပြီးတော့ နောင်ကျ ယွီဟန်ဆီ ပြောင်းရင်လည်း လွယ်ကူသွားလိမ့်မယ်…”
ကျိုးမင် ဘီယာ တစ်ကျိုက် မော့သောက်လိုက်ပြီး “ မင်း ဒီကိစ္စကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ…”
“ ဆေးဝါး ကမ်းလင့် ထောက်ကူခြင်း ပွဲတစ်ခု ကျင်းပဖို့ စဉ်းစားနေတာ… ပြီးရင် ကောင်တီထဲက ဒေါက်တာတွေကို သူတို့ရဲ့ ဆေးပညာ အရည်အချင်းတွေ တိုးတက်အောင် လေ့ကျင့်ပေးမယ်… ခမ်းနားလေ ကောင်းလေပဲ…”