← Chapters

ဒါရိုက်တာလီရဲ့ လျှို့ဝှက်သတင်း

Vol. 91 Ch. 1361

ဒါရိုက်တာလီရဲ့ လျှို့ဝှက်သတင်း

Vol. 91 Ch. 1361

“ ဒီတိုင်း အပေါ်ယံ ပရောဂျက်ပဲမလား.. for show သပ်သပ်ကို အဲ့လောက် ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူးကွာ…”

ကျိုးမင် အထင်အမြင်သေးစွာ ပြောလိုက်သည်။

သူသည်လည်း ယခင်က ထိုကဲ့သို့သော လှုပ်ရှားမှုမျိုး၌ ပါဝင်ဖူးပြီး အကုန်လုံးက အပေါ်ယံ ကြည့်ကောင်းရုံများသာ ဖြစ်ကြ၏။ ဓာတ်ပုံ အနည်းငယ် စုရိုက်ကြမည်။ ထို့နောက် ဟိုဟာလိုလို ဒီဟာလိုလိုနှင့် ပြီးဆုံးသွားချေမည်။ သူတော့ အထင်မကြီးချေ။

“ အဖေက အကြောင်းအရင်း အမှန်ကို မသိသေးလို့ပါ…” ကျိုးဖုန်း သူ၏ ပုလင်းကို တစ်ကျိုက်တည်း အပြတ်ဖြတ်ပြီးနောက် ပြောလိုက်၏။ “ ကျွန်တော်တို့ ရုံးမှာ အခု အဓိက ပရောဂျက်တွေ အများကြီးကို အောင်မြင်အောင် လုပ်ထားနိုင်တဲ့ အသစ်တစ်ယောက် ရှိတယ်.. ကောင်တီ ခေါင်းဆောင်ကလည်း သူ့ကို တော်တော်လေး အရေးပေးနေပြီ.. တကယ်လို့ ဒီကိစ္စမှာ အားစိုက်ထုတ်မှု တချို့ ထည့်မထားဘူးဆိုရင် နောင်ကျ ကျွန်တော်က ပထုတ်ထားခံရတော့မှာ… အဲ့လိုဆို ကျွန်တော့်အတွက် ရာထူးတိုးဖို့ ခက်ခဲသွားရော….”

“ မင်းနဲ့ ပြိုင်ရဲတဲ့ လူကလည်း ရှိသေးတာလားဟ….” ကျိုးမင် ပြောလိုက်ပြီး “ မင်းရဲ့ အရည်အချင်းတွေနဲ့ဆိုရင် တုံးစန်းကောင်တီမှာ လုံးဝကို အနူတောထဲက လူချော ဖြစ်နေသင့်တာလေ… ဒါကို မင်းထက် ပိုသာတဲ့ လူက ရှိသေးတာလား..”

“ ဘာဖြစ်ခဲ့လဲတော့ အတိအကျ ကျွန်တော်လဲ မသိဘူး… ဒါပေမယ့် သူက ရင်းနှီးမြုပ်နှံမှုတွေ အများကြီး ရှာနိုင်ခဲ့တယ်… အခုဆို သူနဲ့ ယှဉ်ရင် ကျွန်တော့်ရဲ့ အရည်အချင်းတွေက မပေါ်လွင်တော့ဘူး… ဒါကြောင့်မို့ ဒီ တစ်ခေါက်တော့ သူ့ထက် သာမှကို ဖြစ်မှာ…”

“ အဲ့လိုဆိုရင်တော့ သား နင် လာခဲ့လိုက်တာ မှန်သွားပြီ…” ယွီမင် ပြောလိုက်ပြီး “ နင့် အဖေက ပင်စင်ယူပြီး သွားပြီ ဆိုပေမယ့် ဆေးရုံမှာ သူ့ရဲ့ လွှမ်းမိုးမှုတွေကတော့ အများကြီး ရှိနေသေးတုန်းပဲ.. မနေ့တုန်းကတောင် ဆေးရုံဒါရိုက်တာနဲ့ အတူ သောက်ခဲ့လိုက်သေးတယ်… နင့်အဖေကို ပြောခိုင်းလိုက်လို့ ပြဿနာ ရှိမှာ မဟုတ်ဘူး…”

ကျိုးမင် ခေါင်းညိမ့်လိုက်၏။ “ ငါသွားပြီး သူတို့ကို ပြောလိုက်မယ်… ဆေးရုံက ကျိန်းသေပေါက် လျစ်လျူရှုမှာ မဟုတ်ဘူး… ဒါပေမယ့် ဒီတစ်ခေါက် ငါတို့သားရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်ဆိုတော့ ကိစ္စတွေကို အကောင်းဆုံးနဲ့ လှလှပပလေး ဖြစ်အောင် လုပ်ရမယ်…”

“ ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်သင့်တယ်လို့ ရှင်ထင်လဲ…”

ယွီမင် မေးလိုက်၏။

“ ယွမ် ငါးသောင်းပြင်ထားလိုက်... မနက်ဖြန် ငါ ဆေးရုံခဏ သွားလိုက်ဦးမယ်.”

“ ရှင့်ရဲ့ ဒါရိုက်တာနဲ့ ဆက်ဆံရေးအရဆို ဒီ ပိုက်ဆံတွေ လိုသေးလို့လား…”

“ ကူညီပေးတာက ကူညီပေးတာပဲ… ပိုက်ဆံမြင်ရင် ပိုပြီးတောင် ကြိုးစားပေးကြဦးမယ်… ဒီသဘောတရားကို ငါတို့ လျစ်လျူမရှုထားသင့်ဘူး…”

“ ဟုတ်ပါပြီ.. ကျွန်မ မနက်ဖြန် ပိုက်ဆံ သွားထုတ်လိုက်ပါ့မယ်… သားလေးအတွက်ဆိုတော့ ဘာအမှားမှ လုပ်မိလို့ မဖြစ်ဘူးနော်…”

“ ငါသိပါတယ်ကွာ.. ဆေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာ ဒီလောက်တော့ အနည်းဆုံး လုပ်နိုင်ပါတယ်ကွ…”

ကျိုးဖုန်း တဟားဟား ရယ်မောလိုက်ရင်း “ အဖေ… လာ ခွက်ချင်း တိုက်ရအောင်…”

“ မင်း ခွေးသူတောင်းစားလေး… ငါ ဘယ်သူဆိုတာ မင်း မမေ့လိုက်နဲ့…”

ကျိုးဖုန်း ပြုံးလိုက်ပြီးနောက် သူ့အမေ ယွီမင်ကို ကြည့်လိုက်သည်။

“ အမေ… ကျွန်တော် အမေ့အကူအညီလည်း လိုသေးတယ်…”

“ ဘာများလဲ…”

“ ကျန်းမာရေး ကဏ္ဍ တိုးတက်ဖို့ အပြင်ကို ပညာရေးကလည်း ပစ်ပယ်ထားလို့ မရတဲ့ နေရာမှာ ရှိတယ်… ဒီ ကိစ္စကို အနာဂတ်ကျ အရေးကြီး ကိစ္စတစ်ခု အဖြစ် ရှုမြင်လာမှာ ဆိုတော့ ကျွန်တော် အမေ့ဆီ အပူကပ်ရဦးမယ်နော….”

“ အကုန် အဆင်ပြေစေရမယ်… အမေ့ တပည့် တော်တော်များများက ပညာရေး ဌာနမှာ ရာထူးကြီးငယ်တွေနဲ့ ဖြစ်နေကြပြီ … နင်တို့ ကောင်တီက စတော့မယ်ဆို နင့်အမေကို အသိပေးလိုက်…”

“ ဟုတ် အမေ…” ကျိုးဖုန်း ပြောလိုက်ပြီး “ ဒီ တစ်ခေါက်တော့ ကျွန်တော် သူ့ထက် သာစေရမယ်…”

**********

နောက် ရက်အနည်းငယ် အထိ လင်းရီ လုံးဝ အလုပ်မလုပ်ပေ။ လင်းယွင်အုပ်စုသို့ အစည်းအဝေးတစ်ခု တက်ရောက်သည်မှလွဲ၍ ကျန်သည့်အချိန်တိုင်းတွင် ကျီချင်းရန် အနား၌သာ ရှိနေသည်။ အတူရှော့ပင်းထွက်လိုက်… ဒါမှမဟုတ် အလုပ်ကိစ္စများကို ကူညီပေးလိုက်နှင့် ယေဘုယျကျကျ ပျော်ရွှင်နေကြ၏။

ထိုအချင်းအရာကို ရိုးအီသွားဖို့ မပြောနှင့်။ ငြီးငွေ့တယ်လို့ပင် သူတို့ မခံစားကြရချေ။

ထို့အပြင် သူ အနည်းငယ် အားလပ်ပါကလည်း ဝမ်ရင်း၏ ရုံးခန်းထဲသို့ အလည်သွားတတ်သေးသည်။ ထို့နောက် ဝမ်ရင်းနှင့်အတူ ရုံးခန်းထဲတွင် သာယာနာပျော်ဖွယ် စည်းချက်များအား ကြိုးကြိုးစားစား ဖန်တီးလေတော့၏။ အားရကျေနပ်ဖွယ်ရာပင်။

အချိန်တို့ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့သည်မှာ ငါးရက်သည် မသိလိုက်ခင်တွင် ကုန်ဆုံးသွားခဲ့ပြီး လင်းရီ နေ့စွဲကို တစ်ချက် တွက်ချက်ကြည့်လိုက်၏။ စက်တင်ဘာလ ၁၆ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ အသည်းရောင် ရောဂါ-ဘီ ကာကွယ်ရေးနေ့ ကျရောက်ဖို့ အချိန် တစ်ပတ်ခန့် သာ ကျန်ရှိတော့သည်။ ထို့ကြောင့် လေးလေးနက်နက် တစ်စုံတစ်ခုကို ပြုလုပ်ဖို့ အချိန်တန်လေပြီ။

“ ငါ မွန်းလွဲပိုင်းကျရင် ကိစ္စလေး ရှိလို့ အပြင်ခဏ သွားဦးမယ်… မင်း အနား နေပေးနိုင်တော့မှာ မဟုတ်ဘူး…”

“ သွားလေ… နင် လုပ်စရာတာ လုပ်ပေါ့..”

“ ဟင်…. အဲ့တာ ဘာသဘောတုန်း.. မင်း ငါ့ကို မောင်းထုတ်ချင်နေတာလား….”

ကျီချင်းရန် တခစ်ခစ် ရယ်မောရင်း “ ဟုတ်တယ်ဟာ… နင်ရှိရင် ငါ အလုပ်အေးဆေး လုပ်လို့ မရလို့…”

“ ဟင်း… ရက်နည်းနည်းလေးပဲ ရှိသေးတာကို ငါ့အပေါ် ငြီးငွေ့နေပြီပေါ့… ငါတို့ လက်တောင် မထပ်ရသေးဘူး… အချစ်က ဒီလိုပဲ ပျောက်ကွယ်သွားတော့မှာပါလား…”

“ နင် လျှောက်မပြောနဲ့…. “ ကျီချင်းရန် လင်းရီကို လေးလေးနက်နက် ကြည့်လိုက်ပြီး “ အရာအားလုံး ပျောက်ကွယ်သွားမယ်… ဒါပေမယ့် အချစ်က ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး..”

“ ကျွတ် ကျွတ် ကျွတ်…”

လင်းရီ မေးစေ့ကို ပွတ်သပ်ရင်း “ မင်း ပြောသလိုဆို ငါတော့ ဒီည ကောင်းကောင်း နှိပ်ပေးရတော့မယ်နဲ့ တူတယ်…”

“ နင် နှိပ်ပေးတာက သူများနဲ့လည်း မတူဘူး… နင် ထိလို့ပဲ ရမယ်… တခြားဟာတွေ နင့်ကို လုပ်ခွင့်မပြုနိုင်ဘူး…”

“ ဟမ်… မင်းပြောတဲ့ လေသံအတိုင်းဆို မင်း အရင်က တစ်နေရာရာမှာ အနှိပ်ခံဖူးတယ်ပေါ့….”

“ ဒါပေါ့… နင့် လင်းယွင်အုပ်စုနဲ့ မျက်နှာချင်းဆိုင်မှာ spa အသစ် ဖွင့်ထားတယ်လေ… ယွမ်ယွမ်နဲ့ ငါ ကတ်လျှောက်ထားပြီးမှ မကြာမကြာ သွားတယ်…”

“ အာ…..” လင်းရီ ခေတ္တရပ်တန့်၍ “ သူ ငါတို့ ကုမ္ပဏီကတ်နဲ့ ရှင်းခဲ့တာမလား…”

“ နင် ဘယ်လိုလုပ်ပြီး သိလဲ…”

“ ဟမ့်… သူ့လို လူစားမျိုးက ကတ်လုပ်ဖို့ကို ကိုယ်ပိုင် ပိုက်ဆံ သုံးမှာလားတဲ့… ငါ သူ့ကို ကောင်းကောင်းကြီး သိပါတယ်…”

ကျီချင်းရန် ရယ်မောလိုက်ရင်း “ ရန်သူကပဲ ရန်သူကို အသိဆုံးဆိုတဲ့ စကားက ဘာလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီ….”

“ သေစမ်း… ငါ ကောင်းကြီးနားကနေ ဓားပြပြန်တိုက်ရမယ်…”

“ ကဲပါ ကဲပါ… အဲ့လောက် ပိုက်ဆံ အများကြီးလည်း မဟုတ်ပဲနဲ့ကို… မကျေမနပ် ဖြစ်နေတာတွေ တော်လိုက်တော့…” ကျီချင်းရန် လင်းရီကို ချိုသာစွာ ပြုံးပြလိုက်၏။

“ မြန်မြန် နင့်အလုပ် နင်သွားလုပ်တော့… နင် ဒီည ဘာစားချင်လဲ… ငါ နင့်ဖို့ ပြင်ထားပေးမယ်လေ…”

လင်းရီ ခဏကြာ စဉ်းစားလိုက်ပြီး “ ဝက်စတူး ခေါက်ဆွဲ ဆိုရင်ကော…”

ကျီချင်းရန် ပြုံးပြီး အိုကေ လက်ဟန် လုပ်ပြလိုက်၏။

“ ပြဿနာ မရှိဘူး…”

ချောင်ရန် အုပ်စုကနေ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ဟွာရှန်း ဆေးရုံသို့ တန်းမတ်စွာ မောင်းနှင်လာခဲ့၏။

လမ်းမထက်တွင် La voiture Noire ၏ ပေါ်ထွက်လာမှုက လူငယ် အမျိုးသားနှင့် အမျိုးသမီး များစွာတို့၏ မျက်လုံးများကို ချက်ချင်း ဆွဲဆောင်သွားခဲ့ပြီး ဖုန်းထုတ်၍ အလျင်အမြန် ဓာတ်ပုံရိုက်ကြတော့၏။

လင်းရီ ယခုလို အချိန်မှ လာခဲ့ရခြင်းက လီချူးဟန်သည် မနက်ပိုင်း ဂျူတီ ရှိနေသောကြောင့်ပင်။ သူ့ဘက်က စောစောစီးစီး လာလျှင်ပင် သူမဘက်က ကြိုဆိုဧည့်ခံဖို့ အချိန်ရှိမည် မဟုတ်ပေ။

သူမ ရင်ထဲတွင်တော့ လူနာများက နံပါတ်တစ်ဖြစ်ပြီး သူကတော့ နံပါတ်နှစ် ဖြစ်နေသည်။

“ ဟင်… ဒါရိုက်တာလင်း ရောက်လာတာလား…”

သူ နှလုံးခွဲစိတ် ဌာနကို ရောက်တော့ နာ့စ်များက သူ့ကို မြင်သည်နှင့် နွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြ၏။ ယခင်ကကဲ့သို့ သူမတို့အားလုံးမှာ ခင်မင်ဖွယ်ရာ ကောင်းလှသည်။

လင်းရီ ပြုံးရင်းဖြင့် ခေါင်းညိမ့်ပြလိုက်၏။

“ ဒါရိုက်တာလီ ဘယ်မှာလဲ…”

“ ကျွန်မတို့လည်း ဘယ်သိမှာ…” C cup ပိုင်ရှင် နာ့စ်ကနေပြီး ပြောလိုက်၏။

“ ဟမ်… ငါ့ကို လာစမ်းနေကြတယ်ပေါ့ ဟုတ်လား… ငါ နာ့စ်ချုပ်ကြီးကို မင်းတို့ ဘောနပ်စ်ဖြတ်ဖို့ ပြောလိုက်ရမလား…”

“ ဒါရိုက်တာလင်း… ရှင် မိန်းကလေးတွေကို ညင်သာရမယ်မှန်း နားမလည်ဘူးလား… ရောက်ရောက်ချင်း ဘောနပ်စ် ဖြတ်မှာကတော့ အရမ်း ရိုင်းတယ်နော်…”

“ ဟုတ်တယ်… ကျွန်မတို့ အပေါ် ညင်သာပေးရမယ်… ကျွန်မတို့ကို နတ်ပြည်ရောက်နေသလိုမျိုး လုပ်ပေးနိုင်မယ်ဆိုရင် ရှင်ပြောသမျှ နားထောင်ပေးမယ်လေ…”

“ အမယ်လေး… ကောင်းကင်ဘုံရေ… နေ့ခင်းကြီး တစ်ကြောင်းပြေးမယ်ပေါ့… လူနာတွေ မကြားအောင်လို့ သတိထားကြဦးနော်… ခစ်ခစ်ခစ်ခစ်….”

“ ရပြီ ရပြီ… ဒါရိုက်တာလင်းနဲ့ ဟာသလုပ်မနေကြနဲ့တော့…” A cup ပိုင်ရှင် နာ့စ်က ပြောလိုက်သည်။

“ နင်တို့ အဲ့လို ဆက်လုပ်နေရင် ဒါရိုက်တာလင်း ငါတို့ကို မကိုင်တွယ်ဘူးဆိုရင်တောင် ဒါရိုက်တာလီက သေချာပေါက် လုပ်လိမ့်မယ်…”

“ ဟီးဟီး….” C cup ပိုင်ရှင် နာ့စ်က လျှာတစ်လစ်လေး လုပ်လိုက်ရင်း “ ဆေးရုံက ဒီနေ့ အကယ်ဒမစ် ညီလာခံ ရှိတယ်လေ… ခေါင်းဆောင်လီလည်း အဲ့ကို သွားခဲ့တယ်…”

“ အကယ်ဒမစ် ညီလာခံလား..”

“ ကြည့်ရတာတော့ နိုင်ငံတကာ ညီလာခံလားမသိဘူး… ပြည်တွင်းရော ပြည်ပကရော ကျွမ်းကျင်သူတွေ ရောက်လာကြတယ်.. သူတို့အကုန် ဟိုတယ်က ဟောခန်းမထဲမှာ….”

“ ကောင်းပြီ.. ငါ နားလည်ပြီ…”

“ ဟေ့ ဟေ့‌ ဟေ့… ဒါရိုက်တာလင်း… သွားဖို့ အလျင် မလိုနဲ့ဦးလေ… “ C cup နာ့စ်ကနေ လှမ်းခေါ်လိုက်ပြီး “ ဒီမှာ လျှို့ဝှက် သတင်းတွေ ရထားတယ်နော်… ရှင် ကြားချင်လား မကြားဘူးလားပြော….”

“ ဘာ လျှို့ဝှက်တဲ့ သတင်းတွေမို့… “ လင်းရီ C cup ပိုင်ရှင် နာ့စ်ကို ကန့်လန့် ကြည့်လိုက်ရင်း “ မင်းရဲ့ ပိုင်ဆိုင်မှုတွေက အတုတွေလို့တော့ မပြောနဲ့နော်…”

“ ဘယ်လို ဖြစ်နိုင်မှာလဲ… ကျွန်မဟာက အစစ်… လုံးဝ အစစ်တွေ…” C cup ပိုင်ရှင် နာ့စ်မှ ရင်ကို သိသာအောင် ကော့ပြလိုက်ပြီး “ ဒီ လျှို့ဝှက်ချက်က ဒါရိုက်တာလီနဲ့ ပတ်သက်နေတာနော်… ရှင် ကြားချင်လား မကြားချင်ဘူးလား…”

“ ဟင်… လီချူးဟန်နဲ့ ပတ်သက်နေတာလား…”

All Chapters