← Chapters

မင်းကို အလုပ်ဖြုတ်ဖို့ အကြောင်းပြချက် မလိုဘူး

Vol. 91 Ch. 1362

မင်းကို အလုပ်ဖြုတ်ဖို့ အကြောင်းပြချက် မလိုဘူး

Vol. 91 Ch. 1362

“ ကြားချင်လားလို့….”

“ မေးနေစရာ လိုသေးလို့လား…”

“ ဒါဆို…..” C cup နာ့စ်ပိုင်ရှင်မှ လက်ညိုးလက်မနှစ်ခုကို ပူးကပ်ပွတ်ပြလိုက်၏။ သူမဆိုလိုချင်နေသည်မှာတော့ သိသာထင်ရှားလှသည်။

“ မပူနဲ့… ငါ မင်းတို့ဖို့ ကော်ဖီနဲ့ မုန့်တွေ မှာထားပေးပြီးပြီ… ခဏဆို ရောက်လာလိမ့်မယ်…”

နာ့စ်ဌာနရှိ နာ့စ်များအားလုံး ရယ်မောလိုက်ကြသည်။ “ ဒါရိုက်တာလင်းက အကောင်းဆုံးပဲ.. ချစ်လိုက်တာ မွ….”

“ လာပြီး မမြှူဆွယ်သေးနဲ့ဦး.. အလုပ်ကိစ္စ အရင်ပြောကြစို့…”

“ အရင်လက ကျွန်မတို့ ဦးနှောက်ခွဲစိတ်ဌာနဆီ လက်ထောက် ဒါရိုက်တာ အသစ် ရောက်လာတယ်… သူက အမေရိကား ဆေးရုံကနေ ပြောင်းလာခဲ့တာဆိုပဲ… သူ့ကြည့်ရတာ ဒါရိုက်တာလီအပေါ် စိတ်ဝင်စားမှု တချို့ ရှိနေတယ်နဲ့တူတယ်.. သူနဲ့ ခဏခဏ ဆေးပညာအကြောင်းတွေ ဆွေးနွေးတိုင်ပင်တတ်တယ်.. ကျွန်မတို့တော့ အခြေအနေကောင်းတယ်လို့ မခံစားမိဘူး… ဒါပေမယ့် ကျွန်မတို့ အထင်ပဲနော်… သူ့မှာ အဲ့လို အတွေးတွေ တကယ်ရှိနေတယ်လို့လည်း တပ်အပ် မပြောလိုဘူး…”

“ ငါ မရှိတုန်း အဲ့ကောင်က လီချူးဟန်ကို လာကြောင်နေတယ်ပေါ့…”

“ အမှန်ပဲ.. သူက အရည်အချင်း ရှိတယ်ဆိုပေမယ့် ဒါရိုက်တာလင်းလောက် မချောပါဘူး… ကျွန်မတို့က ရှင့်ရဲ့ ဘက်တော်သားတွေလေ… “

လင်းရီ ပြုံးလိုက်မိသည်။ “ ငါ မင်းတို့နဲ့ စကားဆက်မပြောတော့ဘူး… ခုပဲ ဟောခန်းမထဲ သွားလိုက်မယ်… မုန့်တွေ ခဏနေဆို ရောက်လာလိမ့်မယ်…”

“ ကျေးဇူးနော် ဒါရိုက်တာလင်း… မစ်တီးမျက်နှာနဲ့ နောင်ကျလည်း ဘာအကြောင်းပဲ ထူးထူး သတင်းပို့ပေးမယ် သိလား…”

“ ကောင်းပြီ…”

နှလုံး ခွဲစိတ်ဌာနကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ ဟိုတယ်၏ ဟော်ခန်းမဘက်သို့ ဦးတည်လိုက်သည်။ သို့သော် ရင်ဘက်ထဲတွင်တော့ အဆင်ပြေလို့ မနေချေ။

ပုံမှန်ဆိုပါက ထိုသို့သော မျှော်လင့်မထားသည့် အခြေအနေ တစ်ခုခု ပေါ်ပေါက်လာပြီဆိုလျှင် အကြောင်းကြားသင့်သည့်လူက ချောင်ရှင်း ဖြစ်သင့်၏။ နာ့စ်များ မဖြစ်သင့်ပေ။

ဟောခန်းမက ရှစ်ခုမြောက် အတွင်း လူနာဌာနနှင့် အရမ်း မဝေးပေ။ ယခင် နှစ်က ပြန်လည် မွမ်းမံမှုများ ပြုလုပ်ထားသဖြင့် ဟောခန်းမက မကြီးမားသော်လည်းပဲ အဆင့်အတန်း တစ်ခု ရှိသည်ဟု အထင်ရောက်စေသည်။

ထိုအချိန်၌ သာမန် အရပ်ဝတ်နှင့် အမျိုးသမီး နှစ်ယောက်သည် အိတ်ကိုယ်စီ လွယ်လျက် ဟောခန်းမ ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့ကြ၏။

“ မင်္ဂလာပါ… ကျွန်မတို့ ပါမစ်က ဟိုတယ်မှာ ကျန်ခဲ့လို့လေ… ဆေးရုံက certificate လည်း ရှိပါတယ်.. ဝင်လို့ရတယ်မလားဟင်…” ဒေါင်ကောင်းကောင်းနှင့် ဒေါက်တာလှလှလေးက ဟောခန်းမ အစောင့်ကို ပြောလိုက်သည်။

“ မရဘူးခင်ဗျ…” လုံခြုံရေး အစောင့်က ပြောလိုက်ပြီး “ ဒီတစ်ခေါက်တော့ ပါမစ်မပါလို့ မရပါဘူး…”

“ ဒါပေမယ့် မနက်ခင်းတုန်းကတောင် အထဲမှာ အစည်းအဝေး ထိုင်ခဲ့သေးတာကို နင်က ငါတို့ အထောက်အထားကို သံသယ ရှိနေတာလား…”

“ စိတ်မရှိပါနဲ့ဗျာ… စည်းမျဉ်းစည်းကမ်းတွေ အရဆို ဝင်ခွင့် ပါမစ် မရှိတဲ့သူတိုင်းကို ဝင်ခွင့် မပြုထားပါဘူးဗျ… “ လုံခြုံရေး အစောင့်မှာ ချိုမြသည့် အသံလေးကြောင့် စိတ်မယိမ်းယိုင်သွားခဲ့ပေ။

“ ဒါပေမယ့် ခုလေးတင် နိုင်ငံခြား ဒေါက်တာတစ်ယောက် ဝင်သွားခဲ့သေးတယ်မလား… သူ ဘာ ပါမစ်မှလည်း ပြမသွားပါဘူး… နင့်ကို ဒီတိုင်းလေး နှုတ်ဆက်သွားတာ… သူ့ကိုကျ နင် ဘာလို့ ပေးဝင်လဲ…”

“ သူ့ကိုကျ ကျွန်တော် သိတယ်လေ.. သူက ဒီမနက်ကပဲ အထဲမှာ အစည်းအဝေးထိုင်သွားခဲ့သေးတယ်…”

ထိုစကားကြားတော့ ဒေါင်ကောင်းကောင်းနှင့် ဒေါက်တာအလှလေးသည် ဒေါသတကြီး ဖြစ်သွားခဲ့၏။ “ နင် ဒါ ဘာသဘောလဲ.. ငါတို့လည်း မနက်တုန်းက အထဲမှာ အစည်းအဝေးထိုင်ခဲ့တာကို သူကကျ ရပြီး ငါတို့က ဘာလို့ မရတာလဲ…”

“ ကျွန်တော်မပြောခဲ့ဘူးလား… သူ့ကို ကျွန်တော် သိပါတယ်လို့.. သူ့မှာ ပါမစ် ရှိမယ်မှန်း ကျွန်တော်သိပြီးသား…” “ ငါတို့မှာလည်း ရှိတယ်…”

“ အဲ့တာဆိုလည်း ထုတ်ပြလေ…” လုံခြုံရေး အစောင့်က ခေါင်းမာနေလျက်ပင်။

“ ပြီးတော့ ကျွန်တော့်ကို မအော်ပါနဲ့… ခင်များတို့မှာ အမူအကျင့်ကောင်းလေးတွေ မရှိလို့မရဘူးလား… ခင်များတို့အပြင်ဒေသက သူတွေကိုတော့ ကျွန်တော် တကယ် လက်လန်တယ်… စာရွက်စာတမ်းတွေလည်း မရှိဘဲနဲ့ လူကို လာယစ်နေတယ်…”

“ နင်က ဘာမို့လို့လဲ… ငါတို့က အပြင်သူ ဖြစ်တော့ရော ဘာဖြစ်လို့လဲ… အဲ့တာ နင်နဲ့ ဘာဆိုင်လဲ…”

“ ခင်များတို့ရဲ့ ပြောဆိုပြုမူပုံတွေကို ဆင်ခြင်ဖို့ပဲ ပြောတာပါဗျာ… ဒါက ဟွာရှန်း ဆေးရုံ… ပြီးတော့ ဆေးရုံမှာ အော်လား ဟစ်လားတွေ မလုပ်ဖို့ တောင်းဆိုချင်ပါတယ်…”

“ နင်….”

“ ငါ့မှာလည်း စာရွက်တွေ မရှိဘူး… ငါ ဝင်လို့ရလား…”

ဒေါင်ကောင်းကောင်းနှင့် ဒေါက်တာချောချောလေးက ပေါက်ကွဲထွက်တော့မည့် အချိန်တွင်ပဲ လင်းရီ ရှေ့သို့ ရောက်လာပြီး မေးလိုက်သည်။

အမျိုးသမီး ဒေါက်တာနှစ်ယောက်က မသိစိတ် အလျောက် လှည့်ကြည့်လိုက်တော့ သူမတို့ နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြ၏။ သူမတို့ စိတ်ထဲ ပထမဆုံး ဝင်လာခဲ့သည်က လင်းရီ၏ ချောမောခန့်ညားသည့် ပုံရိပ်လေးပင်။

ကိုယ်လူချောကလည်း ညီလာခံ လာတာပဲလား…

မနက်ခင်းတုန်းက သူ့ကို ဘာလို့ မမြင်မိတာပါလိမ့်…”

“ မင်းလား…”

လုံခြုံရေး အစောင့်မှ လင်းရီကို ကြည့်လိုက်၏။ သူ့ စိတ်ထဲ မနာလို ဖြစ်နေမိသည်။

ဒီကောင်က ဘယ်လိုကုသိုလ်ကံနဲ့မို့ ဒီလောက် ချောနိုင်ရတာတုန်းဟ

“ မင်းမှာ သူများလို ပါမစ်ရှိရင် ဝင်လို့ရမယ်… မရှိဘူးဆို ဝင်မရဘူးပေါ့…. မင်းကိုယ်မင်း ဘာထင်နေလို့…”

“ မင်းက ဒီမှာ အသစ်လား..”

“ ဘာလို့… အသစ် ဟုတ်မဟုတ်က အဲ့တာ ပြဿနာလား…”

“ ဟုတ်တယ်… မင်းက ငါ့မျက်လုံးထဲမှာ နည်းနည်းလေး နိုင်ငံခြားသားဆို တအား အဖေ ခေါ်ချင်နေတဲ့ ရုပ်ပေါက်နေလို့… “

“ မင်း ဘယ်သူ့ကို လာပြောနေတာလဲ… ငါက ဒီတိုင်း စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနေရုံပဲ… ဘယ်မှာ နိုင်ငံခြားသားကို အဖေခေါ်နေလို့လဲ…”

“ တကယ်လို့ မင်းသာ တခြားလူတွေကိုလည်း ပါမစ် စစ်ခဲ့မယ်ဆိုရင် မင်းရဲ့ လုပ်ရပ်ကို ငါ သဘောကျရင် သဘောကျမိလိမ့်ဦးမယ်… ဒါပေမယ့် မင်းက အဲ့ဒီ ပြောင်းပြန် နိုင်ငံခြားသားကိုကျ မျက်နှာလို မျက်နှာရနဲ့ ပြုံးဖြီးပြနေပြီး ကိုယ့်လူကိုယ်ကျ တစ်ချက်ကလေးမှကို အလွဲမှား မခံဘူးပေါ့ ဟုတ်လား… ပြောစမ်းပါဦး… မင်း ဒါ သပ်သပ် ဘက်လိုက်နေတာ မဟုတ်တာတော့ ဘာကြီးလဲ…”

“ နောက်ပြီး မင်း သူတို့ကို အပြင်လူလို့ ဆက်တိုက် ပြောနေတယ်နော်… အပြင်ဒေသကလူ ဖြစ်တော့ရော ဘာဖြစ်သွားလို့… မင်းက ကျိုးဟိုင်သား ဖြစ်တာနဲ့ပဲ ကိုယ့်စောက်ဆင့်ကို တအားတွေ မြင့်တယ်လို့ ထင်နေတာလား ဟုတ်လား… ဟွာရှန်း ဆေးရုံက ဒေါက်တာ အများစုကလည်း တခြား နယ်ကတွေချည်းပဲ… တချို့ဆို လူမသိ သူမသိ ကျေးရွာကနေ လာကြတဲ့လူတွေ.. မင်း သူတို့ အကုန်လုံးကိုရော အဲ့လို ဝေဖန်တော့မလို့လား…”

“ မင်း…”

လုံခြုံရေး အစောင့်သည် လင်းရီ၏ စကားကို မည်သို့ ပြန်ချေပရမှန်း မသိ ဖြစ်နေတော့၏။ သူ အေးစက်စွာဖြင့် “ မင်း ကိုယ်မင်း ဘယ်သူထင်နေလို့.. မင်းကို ရှင်းနေအောင် ပြောလိုက်မယ်… မင်းတို့သုံးယောက်မှာ ပါမစ် မပါဘူးဆိုရင် တစ်ယောက်မှ ဝင်လို့ရမယ် မကြံနဲ့…..”

“ ဟယ်… ဒါရိုက်တာလင်းမလား…”

လင်းရီ ဤကိစ္စကို ဖြေရှင်းရန် ဖုန်းဆက်တော့မည့် အချိန်တွင်ပဲ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က သူ့နာမည် ခေါ်လာသည်ကို ကြားလိုက်ရလေသည်။

သူ့ လှမ်းကြည့်လိုက်တော့ အသက်ငါးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက သူ့ထံ သော့သော့လေး ပြေးလာနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ သူမ အပေါ် အမြင်သဘောထား တစ်ချို့ ရှိ၏။ သူမ နာမည်က မာကျင်းမေ ဖြစ်ပြီး ဟွာရှန်းဆေးရုံ ဘဏ္ဍာရေး ဌာန၏ ဒါရိုက်တာ ဖြစ်လေသည်။

“ ဒါရိုက်တာလင်း … ရှင် ဆေးရုံကို မလာဖြစ်တာတောင် အတော်ကြာနေပြီနော်… ဒီတစ်ခေါက်က ညီလာခံ တက်ရောက်ဖို့ လာခဲ့တာလား …”

“ ကျွန်တော်က လီချူးဟန်ကို လာရှာတာပါ… ဒါပေမယ့် အပေါက်ဝက အစောင့်က လာတားနေလို့…” လင်းရီ လုံခြုံရေး အစောင့်ကို ကြည့်၍ ပြောလိုက်ပြီး “ သူပြောတာ ပါမစ်မပါရင် ဝင်ခွင့် လုံးဝ မပေးနိုင်ဘူးတဲ့…”

မာကျင်းမေသည် လုံခြုံရေး အစောင့်ကို ခက်ထန်စွာ ကြည့်လိုက်ပြီး တင်းမာသည့် လေသံဖြင့် “ နင့်ရှေ့မှာ ရပ်နေတဲ့လူက ငါတို့ ဆေးရုံရဲ့ နှလုံးခွဲစိတ် ဌာန ဒါရိုက်တာပဲ… သူ့ကို မတားနဲ့….”

“ ဆေးရုံ ဒါရိုက်တာလား…”

လုံခြုံရေး အစောင့်မှာ ရှော့ခ်ရသွားခဲ့၏။ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့ပြီး နဖူးထက်တွင်လည်း ချွေးအေးတို့ စို့လာသည်။

ဒေါက်တာလှလှ နှစ်ယောက်သည်လည်း အံ့အားတကြီး ဖြစ်သွားခဲ့ကြ၏။

ဟွာရှန်း ဆေးရုံဆိုတာ နိုင်ငံတွင်း အကောင်းဆုံး ဆေးရုံတွေထဲက တစ်ခုလေ… ပုံမှန်ဆို ဒီလို ဆေးရုံမျိုးတွေမှာ ဌာန ဒါရိုက်တာ ဖြစ်လာကြတဲ့လူတွေက အနည်းဆုံး အရွယ်က လေးဆယ်ပဲ… ကိုယ်လူချောက ဒီလောက် ငယ်သေးတာကို ဌာန ဒါရိုက်တာ အဆင့် ဖြစ်နေပြီ ဆိုတော့ ဘယ်လောက်တောင် စွမ်းပကား ကြီးလိုက်မလဲ နော်….

“ ဒေါက်တာမာ… ကျွန်တော်ကတော့ ဒီလူက သူ့ရဲ့ အလုပ်ကျင့်ဝတ်နဲ့ သိပ်ကိုက်ညီတယ်လို့ မထင်မိဘူး… သူက ဘာမဟုတ်တာလေးကို ရေးကြီး ခွင်ကျယ် လုပ်ရုံတင် မကသေးဘူး… နိုင်ငံခြားသားဆို ထိုင်ရှိခိုးချင်တဲ့ကောင်… ဆေးရုံ လုံခြုံရေးအသင်းက ကိုင်တွယ်နိုင်မယ်မလား…”

“ နိုင်ငံခြားသားဆို ရှိခိုးချင်နေတဲ့လူလား…”

မာကျင်းမေ၏ အမူအရာသည် အေးစက်သွားခဲ့၏။ သူမ လုံခြုံရေး အစောင့်ကို သုံးလေးကြိမ်ခန့် ကြည့်လိုက်ပြီး ဘာဖြစ်နေလဲ ဆိုတာကို ရိပ်စားမိသွားခဲ့လေသည်။

ယခု တွေ့ဆုံပွဲကို နိုင်ငံခြားသား အများအပြားလည်း တက်ရောက်လာကြပြီး ဤကိစ္စနှင့် ပတ်သက်၍ ပြဿနာ အနည်းငယ် ရှိနေဟန်ပင်။

“ နားလည်ပြီ ဒါရိုက်တာလင်း… ကျွန်မ လုံခြုံရေး ဌာနကို အခုပဲ ဖုန်းဆက်လိုက်ပါ့မယ်… ရှင် ဒါရိုက်တာလီကို အရင် သွားရှာနှင့်လိုက်လေ…”

“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာမာ… အလုပ်ရှုပ်စေမိပြီ…”

သူမကို ကျေးဇူးတင်ပြီးနောက် လင်းရီ ဟောခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။ ဒေါက်တာလှလှ နှစ်ဦးကလည်း အားတောင့်အားနာ ပြုနေခြင်း မရှိပါဘဲ လင်းရီနှင့်အတူ ဟော်ခန်းမထဲသို့ အတူလိုက်ဝင်လာသည်။

လုံခြုံရေး အစောင့်သည်တော့ မာကျင်းမေ ရှေ့မှောက်တွင် မျက်နှာသူငယ်လေးဖြင့် ရပ်နေလျက် ရှိပြီး “ ဒါရိုက်တာမာ… သူ ပြောသွားတာတွေ နားယောင်မနေပါနဲ့… ကျွန်တော်က ဒီတိုင်း စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လုပ်နေတာပါ… သူ့ကို လုံးဝ ယုံလို့မရဘူးနော်…. ပြီးတော့ သူက ဒီတိုင်း ဌာန ဒါရိုက်တာလေးပဲဟာ… သူ့အဆင့်က ဒါရိုက်တာမာနဲ့ဆိုရင် မိုင်ရာချီလောက် ဝေးပါသေးတယ်.. သူ့စကား နားထောင်ပေးစရာ မလိုပါဘူး….”

“ နင်က သူ့စကား နားမထောင်ချင်ဘူးပေါ့ ဟုတ်လား… နင့်ကြည့်ရတာ အသစ်လေးထင်ပါတယ်.. သူ ဘယ်သူလဲ နင် မသိဘူးမလား…” မာကျင်းမေသည် လုံခြုံရေး အစောင့်ကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။

“ ဒါဆိုလည်း ငါပြောပြလိုက်မယ်.. နင် လုပ်တာ မှားသည်ဖြစ်စေ ၊ မှန်သည် ဖြစ်စေ သူ ပြောလိုက်တာနဲ့ နင် ဒီဟွာရှန်း ဆေးရုံမှာ အလုပ်ဆက်လုပ်ဖို့ စိတ်ကူးယဉ်မနေနဲ့တော့… ပြီးတော့ နင်မှတင် မဟုတ်ဘူး… သူ့ကို စိတ်ညိုညင်အောင် လုပ်ရင် ဌာန ဒါရိုက်တာဆိုရင်တောင်မှ အလုပ် တန်းဖြုတ်ပစ်လိုက်လို့ရတယ်… အဲ့ဒီအတွက်လည်း အကြောင်းပြချက် ပေးနေစရာတောင် မလိုဘူး.. ရှင်းပြီလား….”

All Chapters