← Chapters

နေမကောင်းသော အဘိုးကြီး

Vol. 130 Ch. 4.1456

နေမကောင်းသော အဘိုးကြီး

Vol. 130 Ch. 4.1456

လုရွှမ် လူသုံးယောက်နောက်ကို လိုက်ဖို့ မလိုအပ်ပေ။ သူတို့သုံးယောက်က သူနဲ့ အတူတူ တစ်လမ်းတည်းကို ဦးတည်နေတာ ထင်ရှားလေသည်။ လမ်းတစ်လျှောက် ရှုခင်းတွေကို ကြည့်ရင်း လမ်းပျောက်မှာတောင် ကြောက်စရာမလို။

အခင်းအကျင်းတစ်ခုစီ သို့မဟုတ် ယဇ်ပလ္လင်တစ်ခုစီသည် အလင်းရောင်ဖြင့် ထွန်းတောက်လာကာ ကျင့်​ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြသည်။

လုရွှမ်သည် လူများစွာကို ဆွဲဆောင်နိုင်သော ရတနာအမျိုးအစားကို ပို၍ပင် သိချင်လာသည်။

ဒီကိုလာတဲ့သူတွေက ကျပန်းသူတွေ၊ တချို့က တစ်ယောက်တည်းလာပြီး တချို့က အဖွဲ့လိုက်လာကြသည်။ တချို့က မိသားစုလိုက်၊ ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်တွေ ခေါ်လာတဲ့သူတွေလည်း ရှိသေးသည်။

တစ်စုံတစ်ယောက်က လုရွှမ်ကို သတိပြုမိပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ သူနှင့် အကွာအဝေးကို သတိရှိစွာ ထားလိုက်သည်။

သူတစ်ယောက်တည်း ရှိနေပြီး ​​သူ့ကိုထောက်ပံ့မယ့်သူ မရှိချေ။ အရမ်းအားမသန်တဲ့သူ ဆိုတာ ထင်ရှားနေရင် အဲဒီလိုလူတွေနဲ့ အတူတွဲနေရင် ကိုယ်ပါ ဓားပြတိုက်ခံရမယ့်သူ ဖြစ်လာနိုင်လေသည်။

လုရွှမ် ပျံသန်းနေရာမှ တစ်ခဏလောက် ရပ်လိုက်ပြီး သူ့လက်ဖဝါးကို နှလုံး​ပေါ်ဖိကာ နှလုံးခုန်သံကို ခံစားလိုက်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။

"ဟေ့ ကောင်လေး မင်းခြေထောက်တွေက ကြောက်လို့ အားနည်းနေတာလား ဟား ဟား မင်းအမေဆီက နို့သောက်ဖို့ ပြန်သွားလိုက်စမ်းပါ... ဒီနေရာက မင်းလိုကောင်ငယ်လေးအတွက် မဟုတ်ဘူး"

သူ့နောက်မှ လူများသည် လုရွှမ်ကို ကျော်လွန်ကာ တချို့ကလည်း အထူးတလည် လှည့်ကြည့်ကာ ရယ်မော လှောင်ပြောင်သွားကြသည်။

လုရွှမ်ကတော့ သူ့ထုံးစံအတိုင်း ဒီလူတွေကို လျစ်လျူရှုထားလေသည်။

"ကျီးဖိုးဖိုး... ခင်ဗျား ခံစားမိလား? အရမ်းရက်စက်တဲ့ အငွေ့အသက်မျိုးပဲ ဒါပေမဲ့ ခွန်အားက အရမ်းအားကောင်းတယ်...နဂါးမျိုးနွယ်ထက် မနည်းတဲ့ ခံစားချက်ကို ပေးတယ်လို့ စိမ်းပြာနဂါးနှလုံးကနေ ခံစားရတယ်... ဆရာကြီးတစ်ယောက်ယောက် သေတော့မှာများလား"

ထိုခံစားမှုသည် အလွန်ညံဖျင်းခြင်း၊ ဆိတ်သုဉ်းခြင်း အပြည့်နှင့် ဤလောက၌ တွယ်တာမှု အပြည့်ဖြင့် ဖြစ်ပေါ်လာ၏။

"သူတို့နောက်ကို လိုက်ကြည့်လိုက်... မင်းသိလိမ့်မယ်"

လုရွှမ်သည် သူတို့ရှေ့တွင် လူများ ပိုများလာတာကို တွေ့နေရသည်။ သားရဲများသည်လည်း ဤနေရာတွင် စုရုံးကာ ကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းကာ လူသားများနှင့် သိသိသာသာ ကွဲပြားနေသည်။ ဒါ့အပြင် သားရဲလူသားတွေလည်း ရောနှောနေတာ ရှိ၏။

အရှေ့ဘက်တွင် ကြီးမားသော အနက်ရောင် ပါးစပ်နှင့်တူသည့် ဂူကြီးဟာ ကောင်းကင်နှင့် မြေကြီးကို မျိုချထားသလို ရှိနေသည်။ လုရွှမ်မျက်လုံးများဟာ စွမ်းအားများဖြင့် တောက်ပနေသော်လည်း အတွင်းက ဘာကိုမှ မမြင်နိုင်သေးပေ။

အထီးကျန်ခြင်းရဲ့ အရှိန်အဝါက ရောင်ဝါအပြည့်ဖြင့် ပိုမိုအားကောင်းလာသည်။ လုရွှမ် လူအုပ်တွေအနား ရောက်တာနဲ့ အဆုံးတွင် ရပ်လိုက်သည်။

အနည်းဆုံးတော့ မိစ္ဆာသားရဲတွေနဲ့ ယှဉ်ရင် လူသားတွေ အများကြီးမရှိသလို အရွယ်အစားရဲ့ ငါးပုံတစ်ပုံလောက်မို့ အလွန်နည်းပါ၏။ အချို့သော မိစ္ဆာသားရဲများသည် လူသားပုံစံ ပြောင်းလဲထားသော်လည်း အချို့မှာ သားရဲပုံစံကို ၀တ်ဆင်ထားဆဲ ဖြစ်သည်။

သူတို့ဟာ ရှေ့ဆုံးက အနေအထားကို လက်ခံထားကြပြီး ဂုဏ်ယူတဲ့ အသွင်အပြင်နဲ့ လူသားတွေကို အလေးအနက် မထားခဲ့ကြပါဘူး။

လုရွှမ် ဒီကိုရောက်တဲ့အခါ မြို့သုံးမြို့ပဲ တွေ့ခဲ့ရသေးသည်။ ပြီးတော့ အဓိကတွေက လူသားတွေ ဖြစ်ပြီး မိစ္ဆာသားရဲတွေကို အများကြီး တွေ့ဖူးတာ ဒါက ပထမဆုံးအကြိမ်ပါပဲ။

အခု နေရာတိုင်းလိုလိုမှာ မိစ္ဆာသားရဲတွေ ရှိနေတယ် ဆိုတော့ ဒီကမ္ဘာမှာ လူသားတွေ ဘယ်လောက်များများ ရှိနိုင်မှာလဲလို့တောင် အတွေးဝင်လာသည်။ ယခု သူ့ရှေ့မှာ မြင်နေရသမျှအရ ဒီနေရာမှာ လူသားအရေအတွက်က အလွန်နည်းပါးကြောင်း ပြသနေပါသည်။

"ကောင်လေး... မင်းရဲ့ လေ့ကျင့်မှုအဆင့်နဲ့ ပါဝင်ဖို့ ဒီကိုရောက်လာတယ်ပေါ့လေ... အသတ်ခံရမှာကို မကြောက်ဘူးလား"

အဘိုးကြီးတစ်ယောက်က နောက်ပြောင်တဲ့ မျက်နှာထားနဲ့ အော်လိုက်၏။

လုရွှမ် အဖိုးအို၏ ကျင့်ကြံမှုအဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဒါပေမဲ့ လုရွှမ်ဟာ အဲဒီ့အချိန်ကတည်းက လက်ကောက်ကို ၀တ်ဆင်ခဲ့ပြီး သာမန်လူတစ်ယောက် မဟုတ်မှသာ သူ့ရဲ့ ကြီးထွားမှုအဆင့်ကို မြင်တွေ့ရလိမ့်မည်။

ဤအဘိုးကြီးသည် ထိုနည်းအတိုင်းပင် အမှန်တကယ်ပင် မြင်နိုင်၏။ သူ၏ အဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် နတ်ခြေလှမ်းနယ်ပယ်က ကျင့်ကြံသူ ဖြစ်ဖို့ များလေသည်။

သူလည်း ဒီကိုလာခဲ့ကြတာလား။

"ဒီအငယ်တန်း အကြီးအကဲကို ဂါဝရပြုပါတယ်... ဒီကိုလာဖို့ သတ္တိမှတော့ အသတ်ခံရဖို့လည်း အသင့်ပြင်ထားရမယ်လေ.. ဒါပေမဲ့ ဒီအငယ်တန်းရဲ့ စိတ်နှလုံးနဲ့ဆို လွတ်မြောက်ဖို့က ပြဿနာမရှိပါဘူး"

အဘိုးအိုက ရယ်မောပြီး "မင်း အရမ်းယုံကြည်မှု ရှိတာပဲ.... အရမ်းကောင်းတယ် ပူးပေါင်းကြရအောင်"

"ပူးပေါင်းမယ်?? အကြီးအကဲ နောက်နေတာလား ကျွန်တော်တို့အဆင့်က အရမ်းကွာတာကို ကျွန်တော်နဲ့ပူးပေါင်းရင် ဆုံးရှုံးမှုဖြစ်မှာ မဟုတ်ဘူးလား"

ကြင်နာမှုနောက်မှာ လုပ်ကြံမှုတွေ ပါလာတတ်သည်။

ဒါပေမဲ့ သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို ဖုံးကွယ်တာက သူ့ရဲ့ ဝှက်ဖဲကြောင့် ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားအသားကို စားနိုင်တယ် မဟုတ်လား။ သူ့အစွမ်းသတ္တိကို တခြားသူတွေ ရှင်းရှင်းလင်းလင်း မြင်ရပြီဆိုရင် အသေသတ်ပစ်မယ်လို့ မဆိုလိုဘူးလား။

ပူးပေါင်းတာကို အခုပဲ မေ့လိုက်တာ ကောင်းမည်။

"ဟေ့ ကလေး၊ ဟန်ဆောင်တာကို ရပ်လိုက်စမ်းပါ... ငါက မျက်ကန်းမဟုတ်ဘူး... မင်းရဲ့နယ်ပယ်က နည်းနည်းတော့ နိမ့်ပေမယ့် မင်းရဲ့ ခွန်အားက တော်တော် အထင်ကြီးစရာ ကောင်းတယ် ကောင်လေး... မင်းရဲ့ မျိုးရိုးနာမည်က ဟွမ်လား ဒါမှမဟုတ် လုလား"

လုရွှမ် ခေါင်းခါလိုက်ပြီး "ဒီအငယ်တန်းက ဟောက်ထျန်းပါ..."

"ဟာဟား... မင်းက ထူးဆန်းတယ်လို့ ငါယုံကြည်ပြီးသား... မင်းရဲ့ ခွန်အားတွေ ပေါက်ကွဲထွက်လာရင် ငါ့ရဲ့ လှုပ်ရှားမှုတစ်ဝက်ကို ခုခံနိုင်လောက်တယ်... မင်း ပါရမီရှင်စာရင်းထဲမှာ ပါနေတာ သေချာတယ်... ငါ့အမြင်အရ မင်းရဲ့ အရည်အချင်းက နံပါတ်တစ်ထက် သာနေသေးပေမယ့် မင်းရဲ့နယ်ပယ်က အဆင့်တစ်ခုအနေနဲ့ နည်းနည်း နောက်ကျသွားတယ်... လူငယ်တွေက သူတို့ရဲ့စွမ်းရည်တွေကို ဖုံးကွယ်ပြီး သူတို့ရဲ့အချိန်တွေကို အသုံးချတတ်တာပဲ... အရမ်း ဉာဏ်ကောင်းတယ်"

လုရွှမ် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ဒီလူကြီးက အစွမ်းထက်လွန်းတာပဲ။ အတွေးတစ်ခုဖြင့် လုရွှမ်လည်း သူ့လက်ခုပ်ကို ဆုပ်ကိုင်လိုက်ပြီး ထပ်မံ ဂါဝရပြုလိုက်သည်။

"အငယ်တန်း လုရွှမ်... အကြီးအကဲကို ဂါဝရပြုပါတယ်"

အဘိုးအိုက ရယ်မောရင်း “ဟားဟား... အဘိုးကြီးက အသက်ကြီးနေပါပြီ... အဲဒီတုန်းက ငါ့ရဲ့ကျော်ကြားမှုကို ဟိုးရှေးရှေးတုန်းကတည်းက မေ့သွားလောက်ပြီ.... ငါ့ကို ဖျားနာနေတဲ့ အဘိုးကြီးလို့ပဲ ခေါ်လိုက်ပါ”

ဖျားနေတဲ့ အဘိုးကြီး (အဘိုးကြီးပင့်) ဒီနာမည်က ဘာကြီးလဲ။ ဒါပေမဲ့ ဒီလူကြီးက ထူးထူးခြားခြား ခွန်အားရှိတယ်ဆိုတာ သံသယ ဝင်နေစရာ မလိုချေ။

"ဒါဆို အဘိုးကြီးပင့် ဒီမှာဘာဖြစ်နေပြီထင်လဲ"

"ကောင်းကင်လူသား သေတော့မယ်လေ... ကျစ် ကျစ် အချိန်ကို လိုက်ရှာလို့လည်း မလွတ်နိုင်ဘူး.... သူက နယ်ပယ် ဖြတ်ကျော်ပြီး ကောင်းကင်ကမ္ဘာထဲ ဝင်ရမှာ သေခြင်းဆိုတာ ရှောင်လွှဲလို့ မရဘူး.... ဒီကောင်းကင်လူသားက အရမ်းထက်မြက်တယ် ဒါပေမဲ့ ဒီကမ္ဘာကြီးထဲကနေ နောက်ဆုံးခြေလှမ်းကို လှမ်းမထွက်နိုင်တာကတော့ သနားစရာပဲ”

နောက်ဆုံးအဆင့်လား။

ဒါက ဘယ်လို ကျင့်ကြံမှုအဆင့်လဲ။ နတ်ခြေလှမ်းနယ်ပယ် ကျော်တော့မှာလား။

"ဟား ဟား...ကောင်လေး မင်း အတွေးလွန်နေတာ သူက နတ်ခြေလှမ်းနယ်ပယ် အဆင့်၉ ရောက်အောင် ဖြတ်သွားခဲ့ပြီ... ဒီတစ်ခါ ငါက သူငယ်ချင်းဟောင်းကို နှုတ်ဆက်ဖို့ လာခဲ့တာ... မင်းလို လူကလေးနဲ့ တွေ့ရမယ့် မမျှော်လင့်ထားဘူး လူသားမျိုးနွယ်မှာလည်း အောင်မြင်မယ့်သူ ရှိလာပြီ”

ဤအဘိုးအိုရဲ့ စကားကနေ သူဟာလည်း နတ်ခြေလှမ်းနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွားပြီဟု ပြောနေသယောင်ပင်။

အဘိုးအို၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ သက်ပြင်းချလေ၏။

"ဟေး... အချိန်ကျပြီ ဒီအဘိုးကြီးက သူ့သူငယ်ချင်းဟောင်းကို နှုတ်ဆက်ရတော့မယ် ကောင်လေး.. ဒါက တကယ့်အခွင့်အရေးပဲ ဒါပေမဲ့ သတိထားဦး... မင်းကို ဒါပေးလိုက်မယ်... မင်းအတွက် အသက်ကယ်ပစ္စည်း ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်နော်... ကောင်းကောင်းမွန်မွန် နေထိုင်... လူသားမျိုးနွယ် ထွန်းကားလာမှုက မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"

လုရွှမ်နှလုံးက ရုတ်တရက် တုန်လှုပ်သွားပြီး။

"လူကြီးမင်းက ဒါကို မလိုချင်​​တော့ဘူးလား"

သူက နောက်ထပ်စကား​တွေ မပြော​​တော့​ပေ။ သို့သော် ယေဘူယျအားဖြင့်ပြောရလျှင် တူညီသော အခြေအနေ ရှိလူများကသာ တချို့ နာကျင်ခံစားရတာကို နားလည်တတ်ကြလေသည်။ အဘိုးအိုသည် လုရွှမ်ကို နက်နက်နဲနဲ ကြည့်ကာ မှတ်ချက်မပေးဘဲ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ရွှေကျီးကန်း: "အောင်မလေး... အဲဒီလူက ဘယ်သူလဲ အရမ်းကြောက်စရာ ကောင်းတာပဲဟ!"

"အဲ့အကြီးအကဲက ကျွန်တော့်ကို ဒါကိုပေးခဲ့တယ်"

လုရွှမ် ပိုးပဝါကို ကျောက်စိမ်း​ပြားထဲသို့ ပို့လိုက်သည်။

"အိုက်ယိုး! ဒါ ဟွမ်ထျန်းလင်လို့ ခေါ်တယ်ကွ! ကောင်လေး ဒီဟာကို မင်းနဲ့အတူ ဆောင်သွား... အရေးကြီးတဲ့ အချိန်တွေမှာ အသက်ကို ကယ်တင်နိုင်တယ်...."

All Chapters