ကောင်းကင်လူသား
Vol. 130 Ch. 4.1457
လုရွှမ် စကားစလုဆဲဆဲ ဖြစ်သော်လည်း ရုတ်တရက် သူ့ရင်ထဲတွင် ဝမ်းနည်းမှုများစွာ ပေါက်ထွက်လာသည်။ ယွမ်စွမ်းအင်ကို စိတ်ခံစားချက်များအပေါ် ဖုံးအုပ်ထားလိုက်ရသည်။
လုရွှမ် ထိတ်လန့်သွား၏။ ကောင်းကင်လူသား သေရတော့မယ် ဆိုတာ သူ နားလည်သွားခဲ့သည်။
အဘိုးအိုပင့်သည် ယခင်က ကောင်းကင်လူသားအကြောင်း ပြောသောအခါတွင် ဤလူမျိုးအကြောင်းကိုက ကြားသာ ကြားသိခဲ့ရပြီး ၎င်းနှင့်ပတ်သက်သည့် ခံစားချက်များစွာ မရှိခဲ့ပေ။ အကြောင်းမှာ ကောင်းကင်ကမ္ဘာက လူတွေဆိုတာ ဒဏ္ဍာရီများတွင်သာ ရှိခဲ့ကာ ယခင်ကလည်း မမြင်ဖူးခဲ့ပေ။
ဒါပေမဲ့ သူသေဆုံးသွားရုံနဲ့ ဒီလောက်ကြီးမားတဲ့ တုံ့ပြန်မှု ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ကောင်းကင်လူသား သေဆုံးတာကို ကောင်းကင်နဲ့မြေကြီးက ဝမ်းနည်းနေခြင်းသာ ဖြစ်သည်။
ရွှေကျီးကန်း: "ကောင်လေး မင်းရဲ့အစွမ်းရှိသမျှနဲ့ ယွမ်ယန်စွမ်းအင်ကို မြန်မြန် အသက်သွင်းထားလိုက်... ကောင်းကငလူသားရဲ့ ယိုယွင်းမှုငါးခုက သေဆုံးသွားတဲ့အခါ ကြီးမားတဲ့ ကောင်းကင်ဆိုင်ရာ ဖြစ်စဉ်တွေကို လှုံ့ဆော်ပစ်တတ်တယ်... လူတွေကို ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ဖြစ်စေတယ်... ဒီလို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက အနာဂတ်ကို အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေလိမ့်မယ်..."
ရွှေကျီးကန်း စကားပြောနေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ကို ယွမ်ယန်စွမ်းအင်ဖြင့် အစွမ်းကုန် ဖုံးအုပ်ပစ်လေသည်။ သူ့စိတ်ခံစားချက်တွေကို ပြင်ပကမ္ဘာက ခြယ်လှယ်နေတာက ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာ အလိုလို ခံစားလာရ၏။
ယွမ်ယန်ကျင့်စဥ် အမှန်တကယ်ပင် ထူးကဲသော ကျင့်စဥ်ဖြစ်သည်။ မကြာခင်မှာပဲ လုရွှမ်သည် သူ၏ စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို ထိန်းချုပ်ကာ ငြိမ်သက်သွားခဲ့သည်။
သူ့အလိုလို ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်မှာ တိမ်မည်းတွေ စုဝေးနေပြီ။ ၎င်းတို့ဟာ ကောင်းကင်တစ်ခုလုံးနီးပါး ဖုံးလွှမ်းနေပြီး ကမ္ဘာကြီးတစ်ခုလုံး ခေတ္တမျှမှိန်သွားသလို ဖြစ်သွားသည်။
သတ္တဝါများ အော်ဟစ် ညည်းညူနေသည့်နှယ် တိမ်တိုက်များမှ ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရုတ်တရက် ကျယ်လောင်သော ဟောက်သံတစ်ခု ဟိန်းထွက်လာကာ မိုးသည်းထန်စွာ ရွာချလာသဖြင့် လူတိုင်းကို ချမ်းတုန်ကုန်သည်။
မိုးရွာသွန်းလိုက်တဲ့အခါ ဝမ်းနည်းပူဆွေးနေသူများ ပြန်လည် သတိဝင်လာကြကာ သူတို့ရဲ့ မျက်နှာများက တုန်လှုပ်ခြောက်ခြားသွားကြသည်။
ထိုအခိုက်အတန့်တွင် အမှောင်ဂူထဲတွင် အလင်းရောင်တစ်ခု ရုတ်တရက် လင်းလာ၏။ ထိုစဥ် လုရွှမ်သည် အတွင်းပိုင်းက လှုပ်ရှားမှုကို တကယ် မြင်လာနိုင်တာကို သတိထားမိခဲ့သည်။ အလွန် မှောင်နေသေးသော်လည်း ထျန်းယွမ်နတ်မီးလုံးနဲ့ နေမျက်လုံးကြောင့် အတွင်း၌ ဖြစ်ပျက်နေသည့် အရာများကို မြင်နိုင်ခဲ့သည်။
ပျက်စီး ယိုယွင်းနေသော အခြေအနေတစ်ခုပင်။ ထိုယိုယွင်းမှုက ဂူထဲမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုအရာ သွားလေရာရာ၌ ဆွေးမြေ့ပျက်စီးသွားကာ မူလအစိမ်းရောင် အပင်တွေကလည်း လျင်မြန်စွာ အဝါရောင်သို့ ပြောင်းသွားသည်။
ချွန်ထက်သော ကျောက်တုံးများသည် ဖုန်မှုန့်နှင့် မီးခိုးများအဖြစ်သို့ တိုက်ရိုက် ပြောင်းသွားပြီး လေနဲ့အတူ လွင့်ထွက်သွားသည်။ ဒီစွမ်းအားက ကြီးမားလွန်း၏။ ဆွေးမြေ့နေတဲ့ ဒီရောင်ဝါက ကျင့်ကြံသူတွေကိုသာ ဖုံးအုပ်သွားရင် အဲဒီအဘိုးကြီးနဲ့အတူ လူဘယ်နှစ်ယောက် သင်္ဂြိုဟ်ရမယ်ဆိုတာ စိတ်ကူးပင် မကြည့်နိုင်ချေ။
လုရွှမ် ရှေ့ကို လှမ်းကြည့်ပြီး နောက်ပြန် ဆုတ်ထားလိုက်သည်။
အချိန်အတိုင်းအတာ တစ်ခုအထိရောက်တော့ လူများစွာနှင့် သားရဲများကလည်း အနောက်သို့ ပြန်ပြေးလာကြး။ ထုံးစံအတိုင်း သူတို့ထဲတွင် ထက်မြက်သော လူများစွာရှိသည်။ ကောင်းကင်လူသားတို့၏ အလေ့အထကို အလွန်ကောင်းစွာ နားလည်သူပင်လျှင် ယင်းကို ရှောင်ရှားလိုကြောင်း သဘာဝကျကျ သိသာသည်။
သို့သော် ယွမ်စွမ်းအင်ဖြင့် မိုက်မဲစွာ ရပ်နေကြသူများလည်း ရှိသေး၏။ ၎င်းတို့အနက်မှ အဆိုပါ သားရဲများသည် အားလုံးအရှေ့ကို ပိတ်ဆို့ထားသောကြောင့် သဘာဝအတိုင်းပင် ယခုအချိန်၌ သူတို့က ပထမဆုံး ထိခိုက်ခံရသည့်သူများ ဖြစ်သည်။
၎င်းသည် တောင်ကုန်းကြီးလို မြင့်မားသော သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းက အချိန်မီမတုံ့ပြန်နိုင်ဘဲ ပထမဆုံး အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ အရပ်မြင့်မြင့် တောင်ကြီးလို ခန္ဓာကိုယ်ကလည်း လုံးဝ မတုံ့ပြန်နိုင်ဘဲ လေထဲ လွင့်ကျသွားသည်။
၎င်းခန္ဓာကိုယ်အတွင်းရှိ ရေများသည် တခဏချင်း အငွေ့ပျံသွားကာ ရှုံ့တွသွားသည်။ ဒါ့အပြင် မူလခန္ဓာကိုယ်၏ ဆယ်ပုံတစ်ပုံအောက်သို့ လျင်မြန်စွာ ကျုံ့သွားလေသည်။ အကျယ်ကြီး အော်ဟစ်နေတဲ့ အသံကနေ တခဏချင်းမှာပဲ ဘဝတစ်ခုလုံး ကုန်ဆုံးသွားတယ် ဆိုတာ သိသာထင်ရှားပေ၏။
လူသေဖြစ်တဲ့အထိ ချေမှုန်းပစ်တဲ့ မြင်ကွင်းက အခွင့်ကောင်း ယူချင်သေးတဲ့ သူတိုင်းကို အံ့သြတုန်လှုပ်သွားစေသည်။
ဒီအချိန်မှာ အကျိုးကျေးဇူးတွေကို ဖမ်းဆုပ်ရမှာ အမှန်ပဲ။ ဒါပေမဲ့ အဲဒါတွေကို ခံစားဖို့ အသက်ရှင်နေဖို့တော့ လိုမယ် မဟုတ်လား။ မဟုတ်ရင် သင့်ဘဝဟာ တကယ်ကို အလဟဿ ဖြစ်သွားလိမ့်မည်။
လူများ၊ ထူးဆန်းသော သားရဲများနှင့် ထူးဆန်းသော လူမျိုးစုံတို့သည် ကျယ်လောင်စွာ အော်ဟစ်ကာ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
ထိုပုပ်သိုးနေသော ထိုရောင်ဝါသည် လူတိုင်းနှင့် သတ္တဝါအားလုံး အပေါ်သို့ လေပြင်းမုန်တိုင်းလို အရှိန်အဟုန်နှင့် လွင့်စင်ထွက်လာ၏။ လုရွှမ်ကတော့ အစောကြီးကတည်းက အနောက်ဆုတ်ထားပြီးပြီ။ ထိုပုပ်သိုးမှုကြီး လွင့်လာတာက လျင်မြန်လွန်းသဖြင့် စောစောစီးစီး အဝေးကို ပြေးကာ ကောင်းကင်မှာ ရပ်လျက် ထိုနေရာမှ လှုပ်ရှားမှုများကို ရပ်ကြည့်နေသည်။
ရောင်ဝါသည် အရောင်မဲ့ပုံ ပေါက်သော်လည်း လုရွှမ် မျက်လုံးထဲမှာတော့ အနည်းငယ် စိမ်းလန်းသော ရောင်ဝါတစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လေထုထဲတွင် မရေမတွက်နိုင်သော ပိုးမွှားလေးများ ပြည့်နှက်နေသကဲ့သို့ အလွန် မထင်မရှား၊ အလွန်စေးကပ်ကာ အလွန် ကြောက်စရာကောင်းပါသည်။
၎င်းတို့ရဲ့ အရှိန်လည်း အလွန်မြန်၏။ ၎င်းတို့ မြေပေါ် လွင့်ကျလာတာနဲ့ ဖုန်မှုန့်နှင့် မီးခိုးတိမ်ကဲ့သို့ အမှုန့်ဖြစ်သွားကာ ဘာမှမကျန်ရစ်ခဲ့ပေ။
လေထုထဲ အရှိန်ပြင်းလာသည်နှင့်အမျှ အငွေ့အသက်တွေက တဖြည်းဖြည်း အားနည်းလာကာ တိုးတက်မှု အရှိန်မှာလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ ထို့ကြောင့် လူသားနှင့် မိစ္ဆာသားရဲတို့လည်း ကျူးကျော်နေရာမှ လွတ်မြောက်ရုံမျှသာ ဖြစ်ခဲ့၏။
အနောက်မှာတော့ ကျန်ရစ်ခဲ့သူတွေရဲ့ သနားစရာကောင်းတဲ့ အော်သံတွေကို ဆက်တိုက် ကြားနေရသည်။ အနောက်ပြန် လှည့်ကြည့်လိုက်တော့ အတော်လေး ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပေသည်။
ရောင်ဝါက ဖြည်းညှင်းစွာ ကြေမွသွားသော်လည်း ထိုကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို လူတိုင်းကို တုန်လှုပ်သွားစေသည်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုလျှင် အနည်းငယ် ညစ်ညမ်းသွားတာနဲ့ ပုပ်သိုးမှုက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ချက်ချင်းပင် အလောင်းတစ်လောင်းလို ပြောင်းလဲသွား၏။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများ မပျက်စီးသေး မသေသေးလို့ ပါးစပ်ကိုဖွင့်ပြီး တစ်ခုခု ပြောချင်နေတာ လူတိုင်းသိပေမယ့် အဲဒီအတိုင်းတော့ ဘယ်သူမှ မကပ်သွားရဲပေ။
လေတစ်ချက် ရှူလိုက်ရုံဖြင့် နောက်ဆုံးတွင် ရှုံ့တွနေသော အလောင်းကောင်လို ပြောင်းလဲသွားပြီးနောက် မြေကြီးပေါ် လဲကျသွားတာနဲ့ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
မကြာသေးမီကပင် သူသည် သက်ရှိလူသားတစ်ဦး ဖြစ်ခဲ့သေးသည်။ ထို့နောက်တွင် အရာအားလုံးသည် တခဏအတွင်း ပြောင်းလဲသွားပြီး သူ့ဘဝက လုံးဝ ရပ်တန့်သွားခဲ့သည်။
လူတွေက ငွေအတွက်သေပြီး ငှက်တွေ အစာအတွက် သေကြသလို ဒါက ဘဝရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။
ထိတ်လန့်မှုက လူတိုင်းရဲ့ကြားမှာ ပျံ့နှံ့နေဆဲ ဖြစ်သော်လည်း နောက်ဆုံးတွင် အရှိန်လျော့သွားခဲ့သည်။ အော်သံများကလည်း တဖြည်းဖြည်း ရပ်တန့်သွားကာ တိတ်ဆိတ်သွားလေသည်။
လေပြင်းကြီး တစ်ချက်တိုက်သွားပြီး အရာအားလုံး ပျောက်သွားသလိုပင်။
ဝူး!
ရုတ်တရက် အသံတိုးတိုးလေး ထွက်လာသည်။
အနောက်မှ အငွေ့အသက် တစ်ခုထွက်လာတဲ့အခါ လူသားများနှင့် မိစ္ဆာသားရဲများသည် တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ကာ ခပ်သုတ်သုတ် လူခွဲသွား၏။ ထိုအရာကြောင့် ပုပ်သိုးကုန်မှာကို ပို၍ပင်ကြောက်ရွံ့လာကြသည်။
အဝေးမှ ရထားလုံးကြီးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာကာ မျက်စိတစ်မှိတ်အတွင်း လူတိုင်းရှေ့သို့ ရောက်ရှိလာသည်။
လုရွှမ်က ထိုရထားလုံး လာတာကို ပထမဆုံးမြင်သူ ဖြစ်သည်။ ရထားလုံးက အလွန်လက်ရာမြောက်ပြီး လှပသည်။ ရထားလုံး တစ်ဖက်တစ်ချက်စီတွင် နတ်သမီးလေးယောက်စီ လိုက်ပါလာသည်။ ၎င်းတို့အားလုံးသည် နန်းတော် အဝတ်အစားများဖြင့် ပြေပြစ်သော ရောင်ဝါရှိ၏။ လှပသော အသွင်အပြင်ဖြင့် မြေကြီးပေါ် ဆင်းသက်လာသော နတ်သမီးများကဲ့သို့ပင်။