နဂါးမိန်းကလေး
Vol. 130 Ch. 4.1460
လုရွှမ်သည် ပေါ့ပေါ့ပါးပါးဖြင့် နတ်မိုးကြိုးများကို ထုတ်လွှတ်ကာ သေခြင်းစွမ်းအင်များကို ခွဲထုတ်ပစ်လိုက်သည်။
ကောင်းကင်လူသားရဲ့ ကျဆင်းခြင်း ငါးပါးသည် မိမိကိုယ်ကို ပျက်စီးစေရုံ သာမက မိမိထက်သာလွန်သော ပတ်ဝန်းကျင်အပေါ်လည်း သက်ရောက်မှု ရှိသည်။
ရက်အနည်းငယ်အတွင်း သူ ရောက်ရှိနေသော နေရာက ထူးဆန်းတဲ့ နေရာအဖြစ် ပြောင်းလဲသွားမည်။ အညစ်အကြေးများ ပျံ့နှံ့ကာ သေမင်းနေရာ ဖြစ်လာမည်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အနည်းဆုံး နှစ်ရာကျော် ကြာပါလိမ့်မည်။
လက်ကျန် ရတနာတွေကို လိုချင်ရင် ဒီသုံးရက် ဒါမှမဟုတ် နှစ်ရက်အတွင်း ဒီပစ္စည်းတွေကို ရအောင် ရှာဖွေမှ ရလိမ့်မည်။ မဟုတ်ရင် အရာအားလုံးဟာ ကောင်းကင်လူသားရဲ့ ရုပ်အလောင်းတွေ လုံးလုံးလျားလျား ပျက်ဆီးသွားသလို မြေမှုန့်ထဲမှာ နစ်မြုပ်သွားလိမ့်မည်။
လုရွှမ်: "ထွက်လာခဲ့!!"
ဘယ်သူမှ မထွက်လာကြချေ။
"ဒါပေမဲ့ ဒီအချိန်က ငါ့စိတ်ဝိညာဉ်နဲ့ မတွေ့နိုင်တော့ဘူး ဆိုတာ ငါသိတယ်.... ခိုးဝင်တိုက်ခိုက်ဖို့ စောင့်နေတဲ့သူ ရှိမယ်ဆိုတာ ငါသိတယ်...မင်း အခုထွက်လာရင် ငါလွှတ်ပေးမယ်! ဒါပေမဲ့ မင်းဆက်ပြီး ဟန်ဆောင်ချင်တယ် ဆိုရင်တော့...."
လုရွှမ်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ရွေ့သွားပြီး ကျောက်စာတိုင်ကို လက်နဲ့ လှမ်းရိုက်လိုက်လေသည်။ လက်ဖဝါးကို ကျောက်စာတိုင်ထဲသို့ တိုက်ရိုက် သွင်းလိုက်သည်နှင့်ပင် တိုးတိုးလေး ညည်းသံကို ကြားလိုက်ရကာ ထိုအသံက အမျိုးသမီး အသံဖြစ်သည်။
"အရမ်းနာတယ်... ကျေးဇူးပြုပြီး လွှတ်ပေးပါ..."
မိန်းကလေး အသံပဲ။
လုရွှမ် ကျောက်စာတိုင်ကို ဆွဲထုတ်ပြီး မြေကြီးပေါ် ပစ်ချလိုက်သည်။ တစ်ဖက်လူက နာကျင်စွာ အော်ဟစ်ပြီး မတ်တပ် ထရပ်လိုက်သည်။
သူမသည် အမှန်တကယ်ပင် ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်ခန့် အရွယ် ဒေါသများပြည့်နေသော မျက်နှာကလေးဖြင့် ပေါ်လာသည်။ လုရွှမ်ကို ထိတ်လန့် တုန်လှုပ်စေသည့်အချက်မှာ ကလေးမလေးသည် သူမနဖူးတွင် အဖုသေးသေးလေး နှစ်ခုရှိနေ၏။
ဆံပင်တွေနဲ့ ဖုံးအုပ်ထားမှန်း သိသာပေမယ့် လုရွှမ် အစောက အထိအတွေ့ဟာ ဒီဟာဆိုတာ ထင်ရှားပါသည်။
နဖူးကို စိုက်ကြည့်နေသော မျက်လုံးများကို အာရုံခံလိုက်ရင်း ကောင်မလေးက အော်ဟစ်ကာ နဖူးကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် အုပ်ထားလိုက်သည်။
"မင်းက နဂါးလား နဂါးမိန်းကလေးလား"
အရင်က သေသေချာချာ မစစ်ဆေးခဲ့ပေမဲ့ အခု ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ ကလေးမလေးသည် အသက် မပြည့်သေးသော်လည်း သူမသည် နတ်မီးနယ်ပယ် အဆင့်၆သို့ ရောက်နေပြီ ဖြစ်သည်။
သူမက တမင်တကာ ဖိနှိပ်ထားသော်လည်း လုရွှမ်သည် စိမ်းပြာနဂါး နှလုံးနှင့် ရွှေနဂါး၏ သွေးအစစ်များ ရှိနေသဖြင့် မိန်းကလေးထံမှ ထွက်လာသော ရောင်ဝါကို သဘာဝအတိုင်း ခံစားနိုင်လေသည်။
၎င်းသည် နတ်နဂါးရောင်ဝါဖြင့် ပြည့်နေသည်။ ကြွယ်ဝမှုအရ ၎င်းသည် ယခင်ဦးချိုနဂါးထက်ပင် သာလွန်သွားပြီ။ နဂါးမိန်းကလေးသည် ဒေါသတကြီး လက်ကိုချလိုက်ပြီး ငွေရောင်သွားများကို ကိုက်ကာ လုရွှမ်အား မုန်းတီးစွာ စိုက်ကြည့်နေသည်။
နည်းနည်းလေး စူးစူးရဲရဲနဲ့ သူမက အော်လိုက်သည်။
"ဟမ့် နင်တို့နဂါးလူသားတွေ အကုန်လုံး လူဆိုးတွေချည်းပဲ"
သူဟာ နဂါးမိန်းကလေးဆီက နဂါးစွမ်းအင်ကို ခံစားနိုင်သောကြောင့် တစ်ဖက်လူကလည်း သူ့အတွင်းရှိ နဂါးစွမ်းအင်ကို ခံစားရတာ အံ့သြစရာ မဟုတ်ပေ။ သို့သော် သူမသည် နဂါးလူသားတွေက လူဆိုးများ ဖြစ်ကြောင်း အနည်းငယ် မရှင်းပြနိုင်လောက်အောင် ဆူပူကြိမ်းမောင်းနေသည်။
"ညီမငယ်လေး... မင်း ကြုံသလို စားလို့ရတယ် ဒါပေမဲ့ စကားကို မိုက်မိုက်ရိုင်းရိုင်း မပြောရဘူး. ...."
လုရွှမ်လည်း ဒေါသထွက်ချင်နေပေမယ့် ဒီလို ချစ်ဖို့ကောင်းတဲ့ ညီမလေးကိုတော့ တကယ် စိတ်မဆိုးနိုင်ပါဘူး။
"ဘယ်သူက နင့်ရဲ့ညီမငယ်လေးလဲ ဟမ့် ငါက နဂါးမလေး... နင်က သစ္စာဖောက်!"
သစ္စာဖောက်လား?
"နင်က အဲဒီချီလီနဲ့အတူ လာတာမလား... အဘိုးကောင်းကင်လူသားဆီက အကျိုးကျေးဇူးတွေ ရဖို့အတွက် ငါ့ကို ဒီမှာ ပြန်ပေးဆွဲခဲ့တာ.. အဘိုးက သေသွားပြီ ဝူးဝူးဝူး..."
နဂါးမလေးရဲ့ စကားများသည် အနည်းငယ် ရှုပ်ယှက်ခတ်နေပြီး သူမ ထိုစကားကို ပြောပြီးသောအခါ တိုက်ရိုက် ငိုချပစ်တော့သည်။
ချီလီ?
"မင်းဆိုလိုတာက ဦးချိုနဂါးက ချီလီ... သူက မင်းကို ပြန်ပေးဆွဲလာတာပေါ့"
ဒါက သူ တွေးနိုင်တဲ့ ဖြစ်နိုင်ခြေအရှိဆုံး အချက်ပါပဲ။
နဂါးမလေးက လုရွှမ်ကို မျက်စောင်းလေး ထိုးလိုက်ပြီး။
"ဘာလို့ ငတုံးဟန်ဆောင်နေတာလဲ...ငါက နင့်အတွက် အသုံးမဝင်တော့ဘူး ငါ့ကိုသတ်လိုက်လေ! ဒါပေမယ့် ငါ့မမကတော့ သေချာပေါက် လက်စားချေလိမ့်မယ်"
နဂါးမလေးသည် သူမလည်ပင်းကို ထိုးပေးလာကာ ခေါင်းလှည့်လိုက်သည်။ လုရွှမ် အနည်းငယ် အံသြသွားကာ။
"စိတ်မပူပါနဲ့... မင်းကို ဘယ်သူမှ မသေစေချင်ဘူး ငါကချီလီရဲ့ သူငယ်ချင်းလည်း မဟုတ်ဘူး... ငါသူ့ကိုတောင် လုံးဝ မသိဘူး"
နဂါးမလေးသည် လုရွှမ်အား မျက်လုံးကြီးကြီးဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
"ချီလီကို တကယ်မသိဘူးလား... အဲ့တော့ ငါ့ကိုလည်း တကယ် မသတ်ဘူးပေါ့?"
"ဟုတ်တယ်...ငါက မင်းကိုဘာလို့ သတ်ပစ်ရမှာလဲ... မင်းနဂါးမျိုးရိုးက ပိုင်နိုင်တယ် နဂါးတွေကို ငါပြဿနာမရှာချင်ဘူး... မင်းရဲ့လေသံကို နားထောင်ရသလောက် မင်းအစ်မက အရမ်းရက်စက်ပုံရတယ်... ငါ သူမကို မစော်ကားချင်ဘူး"
နဂါးမလေးသည် ထူးဆန်းမှုအပြည့်ဖြင့် မျက်လုံးများကို မှိတ်ထားသည်။
"ဒါဆို ငါ့ကိုမသတ်ချင်ဘူး ငါ့ကိုဒုက္ခ မပေးချင်တော့ဘူး ဆိုရင် ငါထွက်သွားတော့မယ်"
"ခဏနေဦး...."
"ဟမ့် မင်းဘာမှ မပြောရင်တောင် နဂါးလူသား ဘယ်သူမှ မကောင်းဘူးဆိုတာ ငါသိတယ်"
နဂါးမလေးက ဒေါသတကြီး ထအော်ပြီး ထွက်ပြေးတော့သည်။
လုရွှမ်လည်း သူ့ခြေထောက်ကို လှုပ်လိုက်ပြီး နဂါးမလေးရဲ ဦးတည်ရာကို ပိတ်ဆို့လိုက်သည်။ နဂါးမလေးသည် အကြိမ်ပေါင်းများစွာ ဆက်တိုက် ရှောင်တိမ်းခဲ့သော်လည်း လုရွှမ်က အလွတ်မပေး။ သူမ လုရွှမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ပိုက်၍ မျက်နှာလှည့်ပြီး လုရွှမ်ကို လျစ်လျူရှုလိုက်သည်။
"ဟားဟား... ငါ မင်းကို အရှက်မခွဲချင်ပါဘူး... ဒီနေရာက နည်းနည်းတော့ ထူးဆန်းတယ်လို့ မင်းကို ပြောချင်လို့ ပြီးတော့ မင်းတစ်ယောက်တည်း မလုံခြုံဘူး... အဲဒီချီလီ ဒါမှမဟုတ် တခြားလူဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ... မင်းရဲ့ အဆင့်ကတောင် မင်းအရပ်လောက် မမြင့်ပေမဲ့ မင်းတော်တော် သန်မာတာတွေ့နိုင်ပါတယ် ဒါပေမဲ့ ဒီမှာက မျှော်စင်နယ်ပယ် အဆင့်၇က လူတွေ အများကြီးရှိတယ် မင်းအဖမ်းခံရမှာကို မကြောက်ဘူးလား"
"ငါ...."
နဂါးမလေး စကားမပြောတော့ပေ။ အခုတစ်ကြိမ် သူမကို ပြန်ပေးဆွဲခံရတာကို အမှန်တကယ်ပင် ကြောက်နေခဲ့ပါပြီ။ နဂါးမျိုးရိုးသည် လူသားတွေ လေးစားသူ၊ မိစ္ဆာသားရဲတွေ ကြောက်ရွံ့ပြီး သားရဲလူသားများက ကိုးကွယ်သူတွေပင်။
သူတို့၏ နဂါးမျိုးရိုးတွင် သာလွန်မြင့်မြတ်ကြောင်း မျိုးနွယ်စုတွင် ပျံ့နှံ့နေသည့် ပုံပြင်များစွာ ရှိသော်လည်း ၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားခြင်း အကြောင်း ပျံ့နှံ့သွားပါက အလွန်ကြောက်စရာ ကောင်းသွားပေမည်။
ထိုလူများသည် သူတို့ကို အဂ္ဂိရတ်ဆေးနဲ့ ဆေးဝါးများပြုလုပ်ရန် သုံးကြသည်။ သူတို့ရဲ့ အသားနှင့် အသွေးကိုပင် စားကြမည်။ အရိုးများ အရည်ပျော်သွားမည်။ ၎င်းတို့၏ အတွင်းအင်္ဂါများ စုပ်ယူသွားမည်။
"ဒါဆို နင့်ကို ဘာလို့ယုံရမှာလဲ" နဂါးမလေးက မေးသည်။
လုရွှမ် သူ့စကားကို ခေတ္တရပ်လိုက်ပြီး ဒေါသတကြီးပြုံးကာ ထပ်ပြောသည်။
"မင်းကိုယုံအောင် သက်သေပြဖို့ ငါတကယ်ကို မလုပ်နိုင်ဘူး.. မင်းကိုယ်မင်း စိစစ်ရမယ် သေချာတယ် မင်းထွက်သွားချင်ရင် မင်းထွက်သွားလို့ရတယ် ငါမင်းကို မတားတော့ဘူး"
နဂါးမလေးက မျက်လုံးကြီးပြူးပြီး "တကယ်လား?"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
နဂါးမလေးသည် ရှိုက်ကြီးတငင်အော်ကာ ပျောက်ကွယ်သွားလေသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြီး ရှေ့သွားမယ့် လမ်းကြောင်းကို လှည့်ကြည့်လိုက်သည်။ အဲဒီနေရာက ရောင်ဝါက ပိုလို့တောင် အားကောင်းနေပြီ။ သာမန်မဟုတ်တဲ့ စွမ်းအားရှိတဲ့ လူသားတွေတောင် အဲဒီလမ်းထဲကို မဝင်နိုင်လောက်ချေ။
နတ်ခြေလှမ်းနယ်ပယ်က လူတစ်ယောက် ဝင်လာရင်တောင်မှ နောင်အနာဂတ်မှာ ဒီရောင်ဝါတွေကို မဖယ်ရှားနိုင်ရင် ပြင်းထန်တဲ့ ရောဂါတစ်ခု ဖြစ်လာနိုင်ပါသည်။
ယွမ်ယန်ကျင့်စဥ်က စွမ်းအားအပြည့်ဖြင့် လည်ပတ်နေသည်။ မတော်တဆ ဝင်လာတာ မှန်သမျှကို ကာကွယ်ရန် သူ့ခန္ဓာကိုယ် အရေပြားအောက်၌ ကောင်းကင်မီး အလွှာတစ်ခု ပျံ့နှံ့သွားခဲ့သည်။
အရိပ်တစ်ခု ပြန်ပြေးလာကာ ယခင်က နဂါးမလေး ပြန်ရောက်လာသည်။
"ဟမ့် ငါ နင်နဲ့လိုက်ခဲ့မယ်..."
"ဘာလို့ပြန်လာတာလဲ"
နဂါးမိန်းကလေးက နှုတ်ခမ်းစူပြပြီး ခဏအကြာတွင် အော်သည်။
“လမ်းမသိဘူး”
လုရွှမ်လည်း ဒီကလေးမက အလွန်ချစ်စရာကောင်းတယ်လို့ မြင်တာကြောင့် မထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။
"ဘာလို့ ရယ်နေတာလဲ ငါက အသက်သုံးဆယ့်နှစ်နှစ်ပဲရှိသေးတဲ့ ကလေးပဲ... ဟုတ်ပြီလား.. ငါလမ်း မသိဘူး...."
လုရွှမ် ခန္ဓာကိုယ်သည် ရုတ်တရက် ယိမ်းနွဲ့သွားပြီး နဂါးမလေး ခါးကို ဆုပ်ကိုင်လိုက်ကာ တစ်ဖက်သို့ ရှောင်ထွက်လိုက်သည်။ အသံတိတ် ဓားစွမ်းအင်က နဂါးမလေးရဲ့ နောက်ကျောကို ဖြန့်ချလိုက်၏။ အလွန်ကြောက်စရာကောင်းသော ကျောက်နံရံတွင် မီးတောင်ငယ်တစ်ခု ဖြစ်သွားသည်။
လုရွှမ်သာ အနည်းငယ် နှေးခဲ့မည်ဆိုလျှင် နဂါးမလေးက မသေနိုင်တဲ့ နဂါးမျိုးရိုးမှ ဆင်းသက်လာရင်တောင် သူမ ဒဏ်ရာပြင်းထန်သွားမှာ မလွဲပေ။