← Chapters

ကောင်းကင်လူသား လေဟာနယ်

Vol. 130 Ch. 4.1462

ကောင်းကင်လူသား လေဟာနယ်

Vol. 130 Ch. 4.1462

လုရွှမ် သူ၏ စစ်မှန်သော စွမ်းအားကို ဓားပေါ်မှာ ပေါင်းထည့်ခဲ့သည်။ တကယ်တော့ လုရွှမ်ဟာ ဒီထူးဆန်းလွန်းတဲ့ အကောင်က လက်ထိပ်တွေက လွတ်သွားတဲ့အခါ သူတို့ကိုပါ လွှတ်ထားနိုင်တယ်ဆိုတဲ့ အချက်ကို မျှော်လင့်ချက် မထားရဲခဲ့ပါဘူး။

ဤဓားသည် ပေါ့ပေါ့ပါးပါး ဓားဝေ့ယမ်းတာမျိုး မဟုတ်ဘဲ သူ၏ ခွန်အားအားလုံးနီးပါးကို စုဆောင်းထားသည်။ သို့သော် စွမ်းအားသည် အလွန်ကြီးမားသောကြောင့် လုရွှမ် အချိန်တိုအတွင်း ဒုတိယဓားကို မလုပ်နိုင်ခဲ့ပေ။

ပေါက်ကွဲသံနှင့်အတူ ဓားစွမ်းအင်သည် လူထူးဆန်းရဲ့ လက်မောင်းကို ထိမှန်ကာ စူးစူးဝါးဝါး အော်လေတော့သည်။ လုရွှမ်ဓားဆီက ကြီးမားသော အငွေ့အသက်များကြောင့် သူ့လက်မောင်း ကျိုးသွားစဥ် ကောင်းကင် မီးတောက်တစ်ခုကို တိုက်ရိုက် ပစ်ချလိုက်ပြီး နဂါးမလေးကို သူ့နောက်ပြန်ဆွဲကာ အမြန်ပြေးသွားခဲ့သည်။

"အား......."

အနောက်မှ လူထူးဆန်းရဲ့ အော်ဟစ်သံက အလွန်နာကျင်နေမှန်း သိသာသည်။ ကောင်းကင်မီးသည် အစွမ်းထက်သော်လည်း ၎င်းအဆင့်မှာ အလွန်နိမ့်နေသေးသည်။ နတ်ခြေလှမ်းနယ်ပယ်က သခင်အတွက် အရမ်း အသုံးမဝင်တော့တာ ထင်ရှားသည်။

အဝေးကို ပြေးသွားပြီးနောက် လုရွှမ်သည် ထူးဆန်းသောလူ၏ အသံကို ကြားနေရဆဲပါပဲ။ အသက်ပြင်းပြင်း ရှူရင်း စိတ်ထဲမှာ ကြောက်ရွံ့မှုလှိုင်းလုံးတွေ ခံစားလိုက်ရသည်။

"ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

နဂါးမလေးက အော်လိုက်သည်။

"မင်းက ကလေးပဲရှိသေးတာလေ..."

ရုတ်တရက် သူ့နားကို လှုပ်ခါလိုက်တော့ ရေစီးသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။

"ဒီဘက်သွားရအောင်"

နဂါးမလေးက လုရွှမ်ကို ထူးဆန်းတဲ့အကြည့် ပေးခဲ့ပေမယ့် သူ့နောက်ကို လိုက်နေဆဲပါပဲ။

သူသည် နဂါးတစ်ကောင် ​ဖြစ်​နေတာကြောင့်လား။ ကလေး ဖြစ်နေလို့ ဝင်ကယ်ခဲ့တာလား နဂါးမလေး မစဥ်းစားနိုင်ပေ။ လုရွှမ်ရဲ့ မျက်လုံးများနှင့် အမှန်တရားကို ပိုင်းခြားရန် သူမ ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း ယခင်ကိစ္စနှင့် လုရွှမ် မပတ်သက်တော့ကြောင်း သူမ တွေ့လာခဲ့သည်။

တစ်စုံတစ်ဦးကို ကယ်တင်ဖို့ အသက်ကို စွန့်စားနိုင်သူရဲ့ သဘောထားသည် ပကတိ တည်ငြိမ်ပြီး ရိုးဖြောင့်နေရမည် ဖြစ်သည်။ သူမသည် ဤခံစားချက်ကို ပထမဆုံးအကြိမ် ခံစားဖူးတာ ဖြစ်သည်။

အကြောင်းပြချက်မရှိဘဲ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရပေမယ့် ရုတ်တရက်တော့ စိတ်အေးလက်အေးနဲ့ သဘာဝကျကျ အနည်းငယ် ပျော်ရွှင်မှုကို ခံစားလိုက်ရပြန်သည်။ နဂါးမလေးသည် သူမ၏ သွားများကို အံကြိတ်ကာ လုရွှမ်နောက်ကျောကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေလေသည်။

ရှေ့လမ်းသည် မြေပြင်သို့ တည့်တည့်သွားသကဲ့သို့ ဖြစ်သွားသည်။ ယခင်နေရာနဲ့ မတူဘဲ နေရာ ပို၍ပိုကျယ်လာကာ တဖြည်းဖြည်း ပို၍အသက်ဝင်လာသည်။ လုရွှမ် အနောက်ပြန် လှည့်​ကြည့်​လိုက်​တော့ နဂါးမလေးက အနောက်​တွင်​ မလှုပ်​မယှက်​ ရပ်​နေတာ တွေ့လိုက်​ရသည်​။

"မင်းဘာလို့မလာတာလဲ... အိုး မင်းထွက်​သွားချင်​တယ်​ပေါ့... မင်းဘာပဲလုပ်​လုပ်​ ငါနဲ့ရှိ​နေစရာ မလိုဘူးနော်"

နဂါးမလေးက ပြေးလာကာ လုရွှမ်လက်ကိုဆွဲကာ မော့ကြည့်လိုက်၏။

"ငါ့နာမည်က ရှန်းရှန်း... နဂါးမျိုးရိုး... နင့်နာမည်ဘယ်လိုခေါ်လဲ"

သူ့လက်ဖဝါးထဲက နွေးထွေးမှုကို ခံစားလိုက်ရတော့ လုရွှမ်လည်း ပြုံးလိုက်သည်။

"ငါ့နာမည်က လုရွှမ်ပါ... လူသားမျိုးနွယ်ထဲက..."

"လူသားမျိုးနွယ်လား ဒါဆို နင့်ခန္ဓာကိုယ်ထဲမှာ နတ်နဂါးရဲ့ အငွေ့အသက်တွေ ရှိ​နေတယ်လေ... စိမ်းပြာ နဂါးတစ်ကောင်မလား"

လုရွှမ် သိချင်စိတ်အပြည့်ရှိတဲ့ ရှန်းရှန်းရဲ့ မျက်လုံးကြီးတွေကို ကြည့်ပြီး ထပ်ပြုံးပြလိုက်သည်။

"ဒါက အခွင့်အရေးကြောင့်ပါ... ကောင်းပြီ ဒီအကြောင်းကို ဆက်မပြောနဲ့တော့... အထဲကို ဝင်ကြည့်ရအောင် မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြောပြ... မင်းဘယ်လိုလုပ် ပြန်ပေးဆွဲခံရတာလဲ?"

ဦးချိုနဂါးလို့ ပြောလိုက်တာနဲ့ ရှန်းရှန်းသည် ချက်ချင်းပင် ဒေါသကို ငှက်ကလေးတစ်ကောင်လို အော်ဟစ်ကာ ဇာတ်လမ်းတစ်ခုလုံးကို အမြန် ပြောပြသည်။

ချီလီသည် သူ့မျိုးနွယ်ဝင်များကို လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် နဂါးကျွန်းက နှင်ထုတ်ခံခဲ့ရသည်။ သူက ရှန်းရှန်းကိုပါ တိတ်တဆိတ် ပြန်ပေးဆွဲခဲ့သည်။

အကြောင်းပြချက်က အလွန်ရိုးရှင်းပါသည်။ ယခု သေခါနီး ကောင်းကင်လူသားရဲ့ သတင်းကို သူဘယ်က ရသွားသလဲ မသိသော်ငြား ကောင်းကင်လူသား ချန်ထားခဲ့သော ကြီးမားသော ရတနာများက ရှန်းရှန်းအတွက် ဖြစ်ပြီး ရှန်းရှန်းကသာ ရတနာတံခါးကို ဖွင့်ပေးနိုင်သည်ဟု ဆိုလေသည်။

ထို့ကြောင့် လုံးဝ သတိမထားမိသော ရှန်းရှန်းက ကံမကောင်းစွာဖြင့် အဖမ်းခံလိုက်ရသည်။

"ငါ ဘာမှမသိပါဘူး... အပြင်က အဘိုးကောင်းကင်လူသားက သူ မထွက်ခွာခင် ရတနာတွေအားလုံးကို ပေးခဲ့တယ်တဲ့... သူက ငါတို့ကို နှုတ်ဆက်ပြီးမှ ထွက်သွားခဲ့တာ နောက်ဆုံးကျတော့ ငါတို့ကို လာတွေ့ဖို့ မပြောနဲ့ တစ်ယောက်တည်းတောင် ထွက်သွားချင်နေတာကို ဘယ်လိုလုပ် ရတနာတွေကို ချန်ထားခဲ့မှာလဲ”

လုရွှမ် ထိုစကားများကို နားထောင်ပြီး ဤမိန်းကလေးက အပြစ်ကင်းစင်လွန်းတယ်လို့ ထင်မိသည်။ တကယ်လို့ သူမ လိမ်ညာနေပါက သူသေချာပေါက် သိနိုင်မည် ဖြစ်သည်။

ထို့နောက် သူမပြောခဲ့သော စကားများအရ ကောင်းကင်လူသား သေတော့မည်ဟူသော သတင်းသည် နဂါးကျွန်းမှလူများ၊ ချီလီ ဖွခဲ့တာ ဖြစ်ကောင်းဖြစ်မယ် ဆိုတာ သိသာထင်ရှားပါသည်။

သူ့မှာ ဒါကိုသိထားရတဲ့အထိ မဖြစ်နိုင်တဲ့ လျှို့ဝှက်ချက် ရှိရမယ်။

သို့သော် မရေတွက်နိုင်သော လူများ၊ ဘီလူးများနှင့် သားရဲလူသားများကိုပါ ဒီနေရာကို လာရန် ဆွဲဆောင်ခဲ့သည်။ ယခုအခါ ၎င်းတို့အားလုံး ဤမြေအောက်၌ ပျောက်ဆုံးသွားကြ​ပြီ။

"အစ်ကိုကြီးလုရွှမ်... အစ်ကိုက အရမ်းသန်မာတာပဲ...ညီမ မြင်ရတယ်... ညီမကိုကူပြီး အဲဒီချီလီကို သတ်ပစ်ပေးပါလား?"

သူမက ရုတ်တရက် လှည့်အော်လိုက်သည်။ လုရွှမ်လည်း ရယ်ရင်း ကလေးမ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ငါ့မှာ အဲ့လိုခွန်အားမျိုး မရှိဘူး... ရတနာတွေရှာဖို့ ဒီကိုလာခဲ့တာ ငါမင်းကို ပြောနိုင်တာက ဒီမှာ ရတနာတွေ သေချာပေါက် ရှိတယ် ငါတကယ် လိုအပ်နေတာ​တွေလည်း ဖြစ်နိုင်တယ်... သူတို့ကိုရအောင် ရှာပြီးမှ ကျန်တာတွေကို ဆက်လုပ်ရမယ်...."

ရတနာဖမ်းသားရဲ ပေးတဲ့ ခံစားချက်က ဒီနေရာမှာ မြှုပ်နှံထားတဲ့ အဖိုးတန်ရတနာ တချို့ရှိရမယ်လို့ ပြောနေသည်။ မမှားနိုင်ပေ။

"ဒါဆို နင်လည်း လုယက်ချင်နေတာလား?"

ရှန်းရှန်း မျက်လုံးများထဲတွင် ရွံရှာဖွယ်အရိပ်အယောင်တစ်ခု ရှိနေသည်။ လုရွှမ် ခပ်ဖျော့ဖျော့ပြုံးပြီး မငြင်းပေ။

"ဟုတ်တယ် ငါ ရတနာတွေလိုက်ရှာဖို့ ဒီကိုလာခဲ့တာ... ငါမလာရင်တောင် တခြားသူတွေက လာမှာပဲလေ..."

ဒီမိန်းကလေးက အရမ်းချစ်စရာ ကောင်းပေမယ့် လုရွှမ် သူမကို လိမ်ညာနေဖို့ ရည်ရွယ်ချက်မရှိပါဘူး။

"ဒါပေမယ့်? ဒါပေမယ့်"

ရှန်းရှန်းမှာ တားချင်ပေမယ့် တားဖို့ အကြောင်းပြချက် ကောင်းကောင်းမရှိတာကို တွေ့လိုက်ရသည်။ လုရွှမ် ရတနာကို လာမယူရင်တောင် တခြားသူတွေက လာယူကြလိမ့်မယ်။ ကောင်းကင်လူသားအဘိုး အတွက်သာ မဟုတ်ရင် သူမဟာလည်း ရတနာကို လုယူဖို့ လာရလိမ့်မည်။

"ကောင်းပြီ... အဲဒါကို စိတ်မပူပါနဲ့ ငါတို့ ရနိုင်မလား မရနိုင်ဘူးလားဆိုတာ ငြင်းခုံရမယ့် ကိစ္စပါ.... ငါတို့ရဲ့ အသက်ကို ကယ်တင်နိုင်ပြီး အသိပညာတွေ ပေးနိုင်ရင်ကို ကောင်းနေပြီ"

လုရွှမ် ပြုံးပြီး ရှေ့ကို လျှောက်လာသည်။ နဂါးမလေး သူ့ဘေးနားကနေ ဒေါသကို ခံစားရင်း ရုတ်တရက် ဟစ်အော်ပြန်သည်။

"အင်း ဒီနေရာက ဘယ်မှာလဲ ငါသိပြီ....ဒါက အဘိုး ကောင်းကင်လူသားရဲ့ လျှို့ဝှက်နေရာ လေဟာနယ်ပဲ.. လူထူးဆန်းက ငါ့ကို စားချင်တာမဟုတ်ဘဲ ဒီထဲ မလာစေချင်တာလား... ဒီနေရာကို ဝင်လိုက်တာနဲ့ သေတာဖြစ်ဖြစ်၊ ဒဏ်ရာရတာဖြစ်ဖြစ်၊ အရမ်းကြောက်စရာ ကောင်းတယ်....အဲ ငါတို့ဘယ်လိုလုပ် ဒီထဲ ရောက်လာတာလဲ?"

လုရွှမ် နားမလည်တာကို သိသဖြင့် ရှန်းရှန်း အမြန် ရှင်းပြလိုက်သည်။

"ကောင်းကင်လူသားတိုင်းက ထူးခြားတယ်... နှစ်တွေ ကြာလာတာနဲ့အမျှ ကောင်းကင်လူသားတွေ တဖြည်းဖြည်း သေဆုံးကုန်ကြတယ်... အစ်ကိုလုရွှမ်.... ကောင်းကင်နဂါးရဲ့ အစိတ်အပိုင်း ရှစ်ခုဇာတ်လမ်းကို ကြားဖူးတယ်မလား... တစ်ခုစီက မပြိုကွဲသေးတာကို ကိုယ်စားပြုတယ်... အခုလည်း ကောင်းကင်လူသားနဲ့ နဂါးမျိုးနွယ်ဆီ ရောက်လာပြီ... ကျန်မျိုးနွယ်စု အများစုကတော့ တိမ်မြုပ်နေတဲ့ နေရာတွေမှာ ရှိချင်ရှိနေမှာ... မဟုတ်လည်း မျိုးတုန်းပျောက်ကွယ်သွားတာ ကြာလောက်ပြီ..."

All Chapters