← Chapters

ကျောက်စာတိုင်ကိုးခု

Vol. 130 Ch. 4.1465

ကျောက်စာတိုင်ကိုးခု

Vol. 130 Ch. 4.1465

လုရွှမ် အနည်းငယ်ပြုံးပြီး တုံ့ပြန်လိုက်သည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ဒီအမွေက ကောင်းကင်လူသားနဲ့ နဂါးမျိုးနွယ် ရှစ်ခုနွယ်အတွက် သီးသန့် မဟုတ်လောက်ဘူး... အရည်အချင်း ပြည့်မီသရွေ့ ဘယ်သူ့အတွက်မဆို အဆင်ပြေတယ်"

လုရွှမ်၏ စိတ်ဝိညာဉ်သည် ပုတီးစေ့ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ အပြင်ဘက်နေရာနှင့် များစွာကွာခြားပုံ မပေါ်သော်လည်း အနည်းငယ် သေးငယ်သွားသလို ချက်ချင်းခံစားလိုက်ရသည်။

အထဲမှာ ကောင်းကင်လူသား တစ်​​ယောက်​ပဲ ရှိသည်။ သူ့ရဲ့ရုပ်​ရည်​က သူအရင်​မြင်​ဖူးတဲ့ပုံစံနဲ့ သိပ်​မကွာခြား​ပေမယ့်​ အများကြီးငယ်​သည်။ လုရွှမ် စိတ်ဝိညာဉ် အဆက်အစပ်ကို အမြန်ဖြတ်လိုက်ပြီး ​ပြန်ထွက်လာခဲ့သည်။

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဤမှတ်ဉာဏ်အမွေသည် ကောင်းကင်လူသား၏ မှတ်ဥာဏ်များနှင့် အသိဥာဏ်များ ပါဝင်သည်။ သဘာဝအတိုင်း ၎င်းသည် ကမ္ဘာတစ်ခုလုံး၏ အမွေဆက်ခံသူ၏ နားလည်မှုနှင့် ကျင့်စဉ်တို့ကို များစွာ မြှင့်တင်ပေးလိမ့်မည်။

သို့သော် ပြင်းထန်သော ခွန်အားနှင့် ထူးကဲသော အတွေ့အကြုံများသည် အမွေဆက်ခံသူကို အမှတ်မထင် လမ်းညွှန်နိုင်စေသောကြောင့် အလွန်ကွဲပြားခြားနားသော အားနည်းချက်များလည်း ရှိပါသည်။

သာမာန်လူများအတွက် အားသာချက်များသည် သဘာဝအားဖြင့် အားနည်းချက်များထက် သာလွန်ပြီး အားနည်းချက်များကို ကျော်လွန်သွားပေမည်။ သို့သော် လုရွှမ်ကတော့ ဒီအမွေဆက်ခံခြင်းရဲ့ အားနည်းချက်များကို သိရှိချင်လွန်းလှသည်။

ဤလမ်းသည် ကောင်းကင်သို့ ဦးတည်​နေသောလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အန္တရာယ်များစွာကို ရှောင်ရှားနိုင်ပြီး ချမ်းသာကြွယ်ဝမှုကိုပင် ရှာဖွေပေးနိုင်သည့် လမ်းလည်း ဖြစ်နိုင်​ပေသည်။

ဒါပေမဲ့လည်း ဒီလမ်းကြောင်းက ကန့်သတ်ထားပြီး အမွေဆက်ခံသူက သူ့နည်းသူ့ဟန်နဲ့ သွားဖို့ မဖြစ်နိုင်ချေ။ တချို့လူတွေက အဲဒါကို ကျော်ဖြတ်နိုင်တယ် ဆိုတာ မလွဲမသွေပါပဲ။ ဒါပေမဲ့ ကြိုးစားရမယ့်အရာက တခြားသူတွေရဲ့ စိတ်ကူးထက် လုံးဝကို ကျော်လွန်နေလောက်သည်။

ထို့အပြင် လုရွှမ်သည် အာကာသကျောက်စိမ်းပြားနဲ့ ယွမ်ယန်ကျင့်စဥ်တို့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် သူ့အနေဖြင့် မကြုံစဖူးလမ်းကြောင်းတစ်ခုသို့ စတင်ရန် လုံလောက်စေ၏။

"ဘယ်လိုလဲ? ဘယ်လိုခံစားရလဲ"

ရှန်းရှန်းက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

လုရွှမ်က ပြုံးပြီး "ငါ နားမလည်သေးဘူး... နောက်မှ လုပ်တော့မယ်... မလှုပ်နဲ့!"

ရုတ်​တရက်​ ခံစားချက်​တစ်​ခု​ ပေါ်လာစဥ် လုရွှမ် ထိုကလေးမကို ဖမ်းဆုပ်​လိုက်​သည်​။ လုရွှမ်လက်မှ ကောင်းကင်လူပုတီးစေ့က တောက်ပနေသည်။ အလင်းသည် သူ့အား ဖုံးအုပ်သွားပြီး ရှန်းရှန်းပါ အလင်း မှိတ်တုတ်မှိတ်တုတ်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ဒါက အလွန်လျင်မြန်သော ပို့ဆောင်ခြင်းအစီအရင်ကို သုံးလိုက်သလိုပင်။ လုရွှမ်သည် သူ့ခန္ဓာကိုယ်အပေါ်က ဖိအားများ အလွန်ပြင်းထန်လာတာကို ခံစားမိသည်။ သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဖိထားပြီး အလိုအလျောက် ကွေးကောက်နေ​စေသည်။

လုရွှမ် သူ့သွားတွေကို တင်းတင်းကြပ်ကြပ် စေ့ထား၏။ သူ့ပုခုံးပေါ်ရှိ ရှန်းရှန်းလည်း ခန္ဓာကိုယ်မှ သွေးများ စီးကျလာသည်။ သူမ ပါးစပ်ကို ဖွင့်ထားသော်လည်း မအော်နိုင်ပေ။

လုရွှမ် ယွမ်ယန်ကျင့်စဥ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး စိမ်းပြာနဂါးရဲ့ နှလုံးကလည်း ပြင်းထန်စွာ ခုန်နေသည်။ ရက်စက်ကြမ်းကြုတ်သော နဂါးစွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး တချို့က ရှန်းရှန်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူမကိုပါ ထိန်းထားနိုင်ခဲ့သည်။

နဂါးစွမ်းအား အောက်တွင် နဂါးချိုတစ်စုံက လုရွှမ်နဖူးမှ ပေါက်ထွက်လာပြီး ရွှေရောင်အလင်းတွေနဲ့ တောက်ပသည်။ တဟုန်းဟုန်း တောက်နေသော စွမ်းအားများ ထွက်ပေါ်လာကာ နောက်ဆုံးတွင် ပတ်ဝန်းကျင်အရပ်ရပ်မှ ထွက်ပေါ်လာသော မြင့်မားသည့် ဖိအားကို ပိတ်ဆို့ထားခဲ့သည်။

အချိန်တစ်ခု ကြာသွားတဲ့အခါ နောက်ဆုံးတော့ သူ့ပတ်ဝန်းကျင်က ဖိအားတွေ ဖြေလျော့သွား၏။ ထိုစဥ် လုရွှမ်လည်း သူ့တစ်ကိုယ်လုံး အားပျော့သွားကာ မြေပြင်ပေါ် လဲကျသွားသလိုပင် ခံစားလိုက်ရသည်။ သူ့ပါးစပ်က သွေးတွေကို သုတ်လိုက်ရင်း အမြန်ထရပ်လိုက်တော့ သူ့ရှေ့မှာ တစ်ယောက်ယောက် ရှိနေပြီ။

၎င်းက အသိအကျွမ်းဖြစ်သလို ဓားနဲ့လည်း ချိန်ထားသေးသည်။ သေချာပေါက် ချီလီဟုခေါ်သော ဦးချိုနဂါးမှလွဲ၍ အခြားမရှိပေ။ လုရွှမ် ချီလီရဲ့ အစွမ်းသတ္တိကို ကောင်းစွာ သိရှိထားပြီးပြီ။ အထူးသဖြင့် သူသုံးတဲ့ နတ်လက်နက်တစ်ခုသာ ဖြစ်ပုံရသော ဓားက တကယ်တော့ ဦးချိုနဂါးရဲ့ ဦးချိုဖြစ်သည်။

လုရွှမ် လှည့်ပြန်ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ဦးချိုနဂါး၏ ဓားစွမ်းအင်က သူ့အား တရစပ် တိုက်ခိုက်​တော့သည်။ ဓားကိုယ်ထည်အရ ချင်ထျန်းဓားသည် နဂါး၏ဦးချိုများနှင့် မယှဉ်နိုင်သော်လည်း ဓားစွမ်းအင်အရမူ ဘယ်သူက ပိုအားကောင်းလဲ ပြောရခက်သည်။

ဓားစွမ်းအင်များ ရောယှက်သွားတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လုရွှမ် နောက်ပြန်ဆုတ်ကာ ထိုနဂါးရဲ့ တိုက်ခိုက်ခြင်းကို ရှောင်ရှားကာ အဝေးသို့ ပြန်ဆုတ်သွားခဲ့သည်။

"ကောင်းကင်လက်နက်လား။ လူယုတ်မာ တစ်ယောက်ဆီမှာ တကယ်ပဲ ကောင်းကင်လက်နက် ရှိနေတယ်ပေါ့လေ..."

ချီလီ မယုံကြည်နိုင်စွာ ဟောက်လိုက်သည်။ သူ့အသံက တုန်လှုပ်နေသော်လည်း ရွှင်လန်းမှု အရိပ်အမြွက်က ပြည့်နေသေးသည်။ ကောင်းကင် လက်နက်ကို လုယူချင်နေတာ သေချာနေပြီ။

လုရွှမ်သည် သူ့ဓားကို ရင်ဘတ်ရှေ့တွင် ကိုင်ထားပြီး ရှန်းရှန်းကို နှစ်သိမ့်​ပေးလိုက်သည်။

"ဦးချိုနဂါး.... မင်းက နဂါးမျိုးရိုးတွေထဲမှာ အညစ်အကြေး အများဆုံး နဂါးပဲ... နဂါးမျိုးရိုးထဲက နှင်ထုတ်ခံခဲ့ရပေမယ့် အရမ်းမာနကြီးဖို့ သတ္တိရှိနေသေးတယ်... ​​မင်းသတိထားသင့်တယ် မဟုတ်ရင် မကြာခင်မှာ အသတ်ခံရလိမ့်မယ်"

ဦးချိုနဂါးသည် ဟက်ဟက်ပက်ပက် ရယ်မောကာ လုရွှမ် ဦးချိုနဂါးဓားဖျားဖြင့် ထိုးညွှန်လိုက်သည်။

"မင်းအဆင့်နဲ့လား?"

လုရွှမ်: "ငါ အခု နတ်မီးနယ်ပယ် အဆင့်၁၁မှာပဲ ရှိသေးတာ... မင်း ပိုသန်မာနေတာ မှန်ပေမယ့် မင်းရဲ့ အလားအလာက ငါ့နောက်မှာပဲ ရှိတယ်.... နောက်ပြီး နဂါးမျိုးနွယ်က ဂရုမစိုက်ရင်တောင် မင်း ဘယ်လောက်ကြာကြာ နေနိုင်မယ် ထင်လဲ?"

"မင်းပြောတာ မှန်တယ် မင်းကိုသတ်လိုက်ရင် ငါ့ရဲ့ပစ်မှတ် စာရင်းမှာ ပါသွားပြီ... ရှန်းရှန်း အရင်က မင်းကို သတ်ခိုင်းထားပေမယ့် ငါမလုပ်ချင်ခဲ့ဘူး.... အခုတကယ် စိတ်မကောင်း ဖြစ်နေရပြီ ထင်တယ်... "

လုရွှမ် အားနည်းချက်ကို မပြပေ။ ယခင်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုဟာ သူ့ပုခုံးပေါ်ရှိ ရှန်းရှန်းကို ခိုးဝင်တိုက်ခိုက်တာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရ​စေသည်။ သူ့ကို လူတွေက လုံးဝ မျက်စိထဲ မထည့်ထားချေ။

"သြော် ငါက လူသားမျိုးနွယ်ပါ ငါ့ခေါင်းပေါ်က နဂါးဦးချိုကလား.. အခွင့်အရေး နည်းနည်း ရလိုက်ရုံပဲ...."

လုရွှမ် သူ့နဖူးပေါ်က နဂါးဦးချိုကို ပြန်သိမ်းလိုက်သည်။ ရှန်းရှန်းလည်း သူ့ခန္ဓာကိုယ်ကို လှိမ့်ကာ လုရွှမ် နောက်ကွယ်တွင် ပုန်းနေလိုက်သည်။ သူမသည် ဦးချိုနဂါးကြီးကို အလွန်ကြောက်၏။

"အော်မီတော်ဖော်.... ကျေးဇူးပြုပြီး ရပ်ကြပါဦး..."

ကြင်နာမှု အပြည့်ရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံ နှစ်ယောက်သားကြားက လေထုကို ရုတ်တရက် လှုပ်ယမ်းသွား​စေကာ ၎င်းတို့ကို အဝေးသို့ လွင့်ပျံသွားခဲ့သည်။

လုရွှမ် စကားပြောနေတဲ့သူကို ကြည့်လိုက်တော့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူ့အောက်ပိုင်းကတော့ ခြေထောက်တွေ မဟုတ်ဘဲ မြွေရဲ့အမြီး ရှိနေ၏။ ဒါပေမဲ့ သူ့မျက်နှာက ကြင်နာပြီး လိုက်လျောညီထွေ ရှိသည်။ သူ့မျက်လုံးတွေက ဉာဏ်ပညာနဲ့ တောက်ပနေတာကြောင့် သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ လူတွေကို ငြိမ်သက်သွားစေပြီး သူ့ရင်ဘတ်ထဲက စိတ်ဓာတ်ကျမှုက တော်တော် သက်သာရာရစေ၏။

"ဆရာတော့်ကို နှုတ်ဆက်ပါတယ်"

လုရွှမ် ဂါဝရပြုရင်း ကျေးဇူးတင်လိုက်သည်။

သူသည် ဦးချိုနဂါးနှင့် မပြိုင်ချင်တော့ပေ။ သူသည် တစ်ဖက်လူရဲ့ ခွန်အားနဲ့ ဝေးကွာနေသေးသည်။ အမှန်တကယ် တိုက်ခိုက်လိုက်ပါက နည်းလမ်းအားလုံးကို လုပ်ဆောင်ရမှာ ဖြစ်တဲ့အပြင် 50% ထက် ပိုအနိုင်ရနိုင်မည် မဟုတ်ပေ။

တကယ်မတန်ဘူး!

နောက်ပြီး ပတ်ပတ်လည်က အစိမ်းရောင် တိုင်ကိုးတိုင်ကလည်း အလွန်အနှောက်အယှက် ဖြစ်စေသည်။ ချီလီကလည်း ဘုန်းကြီးအား အနည်းငယ်ကြောက်နေမှန်း သိသာထင်ရှားစွာ တုန်လှုပ်သွားပြီး တိုင်တစ်ခုပေါ်မှ ပျံတက်သွားသည်။

“သခင်လေး.... ကြွပါ”

ဘုန်းကြီးက ဆိုရင်း သူကိုယ်တိုင်လည်း ကျောက်စာတိုင်ပေါ်ကို ပျံတက်သွား၏။ လုရွှမ်လည်း တိုင်တစ်ခုပေါ်ရှိ ဆွဲဆောင်မှုအား ချက်ချင်း ခံစားလိုက်ရပြီး မတက်နိုင်ဘဲ ပျံသန်းသွားခဲ့​လေသည်။

All Chapters