လူရှစ်ယောက် ရောက်လာပြီ
Vol. 130 Ch. 4.1466
သူ့လက်ထဲက သုံးရောင်ခြယ် ပုတီးစေ့က အလင်းတွေနဲ့ တောက်ပလာကာ ကန့်လန့်ကာကို ဖြတ်သွားရသလိုမျိုး လုရွှမ်နဲ့ ရှန်းရှန်းအား ကျောက်စာတိုင်ဆီ အလိုအလျောက် ပျံသန်းသွားစေ၏။
လုရွှမ်သည် အရာအားလုံး ထင်ဟပ်နေသကဲ့သို့ တောက်ပနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကျန်တိုင် ရှစ်တိုင်သည် သူ့ရှေ့မှာ ရှိနေပုံရသော်လည်း လက်တွေ့တွင်မူ ၎င်းတို့က အဝေး မျက်နှာချင်းဆိုင်မှာ ထင်ရှားစွာ တည်ရှိနေသည်။
"သခင်လေး... အံ့သြနေစရာ မလိုပါဘူး ဒါတွေက ထူးထူးခြားခြား မှော်အစွမ်းတွေရှိတဲ့ ကောင်းကင် ကျောက်စာတိုင်ပဲ"
ဆရာတော်က ပြုံးပြ၍ ဆို၏။
လုရွှမ်လည်း လျင်မြန်စွာ ဦးညွှတ်ပြီး "ကျွန်တော်က လူသားမျိုးနွယ်ထဲက လုရွှမ်ပါ.... ဆရာတော့်ကို ဂါဝရပြုပါတယ်...."
ဘုန်းကြီးက လက်အုပ်ချီပြီး "မခံယူဝံ့ပါဘူး ... ဒီဆရာတော်က ချင်ယဲ့ပါ အဲဒါတွေကို အတိအကျ ဘယ်လို အမျိုးအစား ခွဲရမှန်းမသိပေမယ့် မြေကမ္ဘာရဲ့ ဇာတိလို့ပဲ မှတ်ယူရမယ်ထင်တယ်"
"ဟမ့်! လူသားမျိုးနွယ် လုရွှမ်? အို မင်းက လူသားမျိုးနွယ်ကြားထဲမှာ မကြာသေးခင်ကမှ ကျော်ကြားလာခဲ့တဲ့ ပါရမီရှင်မလား... ဘာမှလည်း မဟုတ်ဘူး... နံပါတ်တစ်လို့ ပြောနေတဲ့ ယဲ့ရွှမ်လို့ခေါ်တဲ့ လူသားတစ်ယောက်ကိုတောင် မကြာသေးမီကမှ ငါ သတ်ခဲ့တာ.... ပါရမီရှင် အရည်အချင်းစာရင်းတဲ့.. ဟာသပဲ! လူသားတွေအကုန် အမှိုက်တွေချည်းပဲ... ဒီနည်းနဲ့ မင်းက လူသားမျိုးနွယ်မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပြီပေါ့...."
ချီလီက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လုရွှမ် မျက်လုံးများ မှိန်ဖျော့သွားသည်။ နံပါတ်တစ်လူမှာ ယဲ့ရွှမ် ဖြစ်တယ်ဆိုတာ သူသိသော်လည်း အသတ်ခံရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်ရင် လိမ်နေတာ မဟုတ်ဘူးဆိုတာ သိသာပါ၏။
ယဲ့ရွှမ်ကို သူဘယ်တုန်းကမှ မသိပေမယ့် လုရွှမ်ဟာ သူ့နှလုံးသားထဲမှာ ထိန်းမနိုင်သိမ်းမရ ဒေါသ အရိပ်အယောင်ကို ခံစားလိုက်ရသည်။
လုရွှမ်: "အိုး.... မင်းမှာ အစွမ်းအစရှိရင် ငါ့ကို လာသတ်လိုက်လေ... ဟမ့် မင်းမှာ အရည်အချင်း ရှိမလား ကြည့်ရသေးတာပေါ့"
ဆရာတော်ချင်ယဲ့: "ဒကာလေးလုရွှမ်... စိတ်အေးအေးထားပါ... ငြိမ်းချမ်းရေးက သွားရမယ့်လမ်းပါပဲ"
လုရွှမ် လှည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"အကြံဥာဏ်အတွက် ကျေးဇူးတင်ပါတယ်"
ဦးချိုနဂါးကို ပြန်ကြည့်လိုက်စဥ် လုရွှမ် မျက်လုံးတွေက အေးစက်သွားသည်။
"ချီလီ.... မင်းက အရမ်းမောက်မာတယ် ဒါပေမဲ့ မင်းကိုယ်မင်းလည်း မလုံခြုံဘူးလို့ ခံစားနေရတယ်မလား... ဒါကြောင့် မင်းရဲ့ခွန်အားကို အမြန်ဆုံး မြှင့်တင်ဖို့အတွက် ရှန်းရှန်းကို ပြန်ပေးဆွဲသွားခဲ့တာ.... ကောင်းကင်လူသားရဲ့ အမွေခံမယ်ပေါ့ မင်းစိတ်တွေက အစောကြီးကတည်းက ကမောက်ကမ ဖြစ်နေပြီ... မင်း အကြာကြီး မမောက်မာနိုင်တော့မှာ ကြောက်ရတယ်....."
လုရွှမ် ဦးချိုနဂါးကို လျစ်လျူရှုပြီး ရှန်းရှန်းရဲ့ ဒဏ်ရာများကို ကုသရန်နဲ့ သူ့ကိုယ်ပိုင် ခွန်အားတွေ ပြန်လည်ရရှိရန် ဆေးလုံးတွေ ထုတ်ယူလိုက်သည်။
ဤနေရာတွင် စုစုပေါင်းကျောက်စာတိုင် ကိုးတိုင်ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် သက်ရှိကိုးယောက်နဲ့လည်း သက်ဆိုင်ကြောင်း ထင်ရှား၏။ ကိုးက ကန့်သတ်ချက် ဖြစ်ပြီး အဆင့်ကိုးဆင့်နဲ့လည်း သက်ဆိုင်နေလောက်သည်။
သူရရှိသော အရာသည် အရောင် သုံးရောင်ရှိသော ပုတီးစေ့ ဖြစ်ကာ ချီလီမှာ အရောင်လေးရောင် ရှိသည်။ ဆရာတော်ချင်ယဲ့မှာက အရောင်ငါးရောင် ရှိသောကြောင့် ချီလီ ကြောက်လန့်သွားတာ အံ့ဩစရာ မရှိပေ။
အခုဆို လူသုံးယောက်ပဲ ရှိသေးကာ ဘယ်သူမှတော့ မရောက်သေးချေ။ချီလီ
ဤနေရာက ဝိညာဉ်စွမ်းအင်သည် အလွန်ပြည့်ဝနေပြီး နားမလည်နိုင်သော နှစ်သိမ့်နေဟန် ခံစားချက် တစ်ခုလည်း ရှိရာ တစ်နာရီအကြာတွင် လုရွှမ်နဲ့ ရှန်းရှန်းတို့ ဒဏ်ရာတွေလည်း ပြန်လည်သက်သာလာခဲ့သည်။
သိပ်မကြာခင်မှာပဲ လူတစ်ယောက် ရုတ်တရက် ဝင်လာပြီး အားတက်သရော ရယ်မောလိုက်သည်။ သူက ကျောက်စာတိုင်ပေါ်က လူသုံးယောက်ကို တွေ့တော့ အဆင်မပြေတဲ့ အပြုံးနဲ့ ပြေးပြီး ထိုင်လိုက်၏။
"ဟမ့် နောက်ထပ် အမှိုက်လူသားမျိုးနွယ်" ချီလီက ကျိန်ဆဲသည်။
လုရွှမ်ကတော့ ဒီနေရာမှာ လူသားကို တွေ့ရတာကြောင့် အလွန်ဝမ်းသာသွားကာ အမြန် လှမ်းနှုတ်ဆက်လိုက်သည်။
"လူသားမျိုးနွယ် လုရွှမ်ပါ... မင်းကို ဘယ်လိုခေါ်ရမလဲ?"
ထိုလူရဲ့ မျက်လုံးများလည်း တောက်ပလာကာ လုရွှမ်ကို ကြည့်ရင်း မယုံကြည်နိုင်စွာဖြင် အော်လိုက်သည်။
"ဒါဆို မင်းက လုရွှမ်ပေါ့? ဟွမ်လန်ပါ ဟားဟားဟား... မင်းက အခု အရည်အချင်းစာရင်း ဒုတိယ အဆင့်မှာ ရှိနေပြီနော်..."
"အိုး.... ညီအစ်ကိုဟွမ်လန်ကိုး... တွေ့ရတာ ဝမ်းသာပါတယ်"
လုရွှမ် အဘိုးကြီး မေးတာကို သတိရသွား၏။ အဘိုးကြီးက သူ့မျိုးရိုးဟာ လုလား ဒါမှမဟုတ် ဟွမ်လားဟု မေးခဲ့ဖူးသည်။ ဟွမ်မျိုးရိုးက ဒီလူပဲ ဖြစ်လိမ့်မည်။ ပင်ကိုယ်စွမ်းရည်သည် ထိုအဘိုးကြီး၏ မျက်လုံးများကို ဖမ်းစားနိုင်သောကြောင့် ဒီလူကလည်း အရည်အချင်း ရှိလိမ့်မည်။
သူတို့နှစ်ယောက်ဟာ ခဏလောက် စကားတွေ အပြန်အလှန် ဖလှယ်ကြပြီး ဒီနေရာက အန္တရာယ်တွေ အကြောင်း ဆွေးနွေးရင်း တစ်ယောက်နဲ့တစ်ယောက် တမင်တကာ ရင်းနှီးလာအောင် လုပ်နေကြသည်။
သို့သော် ချီလီကတော့ ရွဲ့စောင်းနေပြီး အလွန်စိတ်အနှောက်အယှက် ဖြစ်ဆဲပင်။ ဟွမ်လန်ရဲ့ ကျင့်ကြံမှု အဆင့်က သိပ်မမြင့်ပါဘူး။ မျှော်စင်နယ်ပယ် ပထမအဆင့်သာ။ ဆိုလိုတာကတော့ သူ့ရဲ့ အရည်အချင်းက တကယ်ကို အံ့သြစရာ ကောင်းပေလိမ့်မည်။
သူ့တွင် အာကာသကျောက်စိမ်းပြားနဲ့ ယွမ်ယန်ကျင့်စဥ်လို အစွမ်းထက်သော လက်နက်များ ပိုင်ဆိုင်ထားသလို ဟွမ်လန်ရဲ့ ခန္ဓာကိုယ်ထဲတွင်လည်း ကောင်းကင်လူသားကို စိန်ခေါ်နိုင်သော ရတနာအချို့ ရှိရမည် သို့မဟုတ် ကောင်းကင်ဘုံကံကို အံတုခြင်းမျိုး ကြုံဖူးသည်ဟု တွေးနိုင်သည်။
လုရွှမ်သည် ဟွမ်လန်ကို ချင်ယဲ့ကို ရင်းနှီးသွားစေရန် မိတ်ဆက်ပေးခဲ့သည်။ ချင်ယဲ့သည် အဆင့် ၅ နေရာတွင် ရှိနေတာ မြင်သောအခါ ဟွမ်လန်လည်း သဘာဝအတိုင်း လျစ်လျူမရှုဝံ့ဘဲ ပျော်ရွှင်စွာ အပြန်အလှန် စကား ဖလှယ်ခဲ့ကြပြန်သည်။
ခဏကြာတော့ တခြားလူတွေလည်း ဝင်ရောက်လာသည်။
လူသားတော့ မရှိတော့ပေ။ လုရွှမ်လည်း ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူးဆိုတာ သိပါ၏။ ဒါက စွမ်းရည်စမ်းသပ်ခြင်း မဟုတ်ဘဲ အရည်အချင်းရှိသော လူတွေသာ ဝင်နိုင်တာ ဖြစ်သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် ရှိသူများသည် အဆုံးတွင်သာ ဖြစ်ပြီး အခြားသူများမှာ အလွန်အမင်း စဉ်းစားနေရန် မလိုအပ်။
နောက်တစ်နာရီကြာတော့ သားရဲလူသား တစ်ယောက် ပြေးဝင်လာပြီး အဋ္ဌမမြောက် ကျောက်စာတိုင်ကို သိမ်းပိုက်လိုက်သည်။ သူ့ခေါင်းပေါ်တွင် နဂါးဦးချိုတစ်ခု ရှိနေ၏။ သူသည် နဂါးမျိုးရိုးမှ သားရဲလူသား တစ်ဦးဖြစ်ပေမည်။
သူဝင်လာတော့ အရမ်း မာနကြီးပုံပေါ်သော်လည်း ဘေးကို လှည့်ကြည့်လိုက်တော့ သူ့မာနက ချက်ချင်း ငြိမ်ကျသွားပြီး တိုင်ပေါ်ကို ပြေးတက်လာကာ တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်သည်။
ထို့နောက် တစ်နာရီတိုင်းတွင် လူတစ်ဦး ဝင်ရောက်လာသည်။
ဤအချိန်၌ အလျင်စလို ပြေးလာခဲ့သူသည် သွေးပင်လယ် ဧရိယာမှ သတ်ဖြတ် ခံခဲ့ရသလိုမျိုး အလွန်အမင်း အရုပ်ဆိုးသော သတ္တဝါအဖြစ် ပြောင်းလဲသွားသည်။
"အား... ရဲ့ရှားမျိုးနွယ်ကလည်း တစ်ယောက် အသက်ရှင်နေသေးတယ်..."
ရှန်းရှန်းက အနည်းငယ် တုန်လှုပ်သွားသည်။
ရဲ့ရှားမျိုးနွယ်က ဒုတိယ ကျောက်စာတိုင်ကို သိမ်းပိုက်ထားခဲ့သည်။ သူ့စွမ်းရည်က အလွန်မြင့်မားသောကြောင့် လူတိုင်းက သူ့ကို ဘေးတိုက်သာ ကြည့်ရဲကြသည်။ နောက်တော့ မြွေတစ်ကောင်လို ဖြစ်သွားတဲ့ နောက်ထပ် ဘီလူးတစ်ကောင် ဝင်လာပြန်သည်။
အခုတော့ နာရီအနည်းငယ်ကြာပြီး ပထမတိုင်သာ ကျန်တော့သည်။ အားလုံးက ဘေးက လွတ်နေတဲ့ နေရာကို စူးစူးဝါးဝါး စိုက်ကြည့်နေကြပြီး နံပါတ်တစ်လူ ပေါ်လာမှာကို စောင့်နေပါ၏။
ဒုတိယနေရာတွင် အလွန်အစွမ်းထက်သော ရဲ့ရှား ရှိသည်။ သူက မျှော်စင်နယ်ပယ် ပဉ္စမအဆင့်တွင်သာ ရှိသေးသော်လည်း တန်ခိုးကြီးမားကာ ရောင်ဝါက အလွန်ပြင်းထန်လှသည်။ ချီလီတောင် ဘာမှမပြောရဲပေ။
တတိယနေရာတွင် သာမန်မြွေဟု ထင်ရသော ကျင့်ကြံသူ ရှိသည်။ ရှန်းရှန်းပင် ဘာမျိုးနွယ်လဲ မသိချေ။ မျှော်စင်နယ်ပယ်ပါပဲ။ သူရဲ့တည်ရှိမှုကို မျက်လုံးများဖြင့် မမြင်နိုင်ပါက သူသည် သရဲတစ်ကောင် ဖြစ်နေသကဲ့သို့ ပျောက်လုနီးပါး ဖြစ်ကာ စိတ်ဝိညာဉ်နဲ့တောင် ၎င်းကို အာရုံခံစားနိုင်မည် မဟုတ်ပေ။
စတုထ္ထနေရာတွင် လူတစ်ဦးရှိသည်။ သို့သော် သူ၏ ရောင်ဝါသည် လူသား မဟုတ်ကြောင်း ပြသနေ၏။ သူ့ခန္ဓာကိုယ်သည် ထင်ရှားပေါ်လွင်ခြင်း မရှိသောငြား ဘယ်မျိုးနွယ်စုကလဲ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။
လုရွှမ်ကတော့ ဤလူက ကောင်းကင်လူသား ဖြစ်နိုင်ကြောင်း လျှို့ဝှက်စွာ သံသယဝင်ခဲ့သည်။
ပဉ္စမနေရာက ဘုန်းကြီး ချင်ယဲ့။ လူများကြားတွင် မြင့်လည်းမမြင့် နိမ့်လည်း မနိမ့်ချေ။
လုရွှမ် ထိုဘုန်းကြီးကို လုံးဝ လျှော့မတွက်ဝံ့ပေ။ ချင်ယဲ့က ထိုနေရာတွင် ရှိနေခဲ့တာကြောင့် ချီလီလည်း သူ့ကို နှိုးဆော်ရန် သေချာပေါက် မထွက်လာခဲ့။ သို့သော် သူ၏ နောက်ဆက်တွဲ စွမ်းဆောင်ရည်ကို ကြည့်လျှင်တော့ သူ့မှာ အားနည်းချက် ရှိနေတာ ဖြစ်နိုင်သည်။
ဆဋ္ဌမတိုင်က သဘာဝအားဖြင့် ဦးချိုနဂါး ချီလီဖြစ်ပြီး မျှော်စင်နယ်ပယ် အဆင့်၇ ဖြစ်သည်။ အဆင့်မှာလည်း သက်ရှိသတ္တဝါ အားလုံးထဲ အမြင့်ဆုံးဖြစ်သည်။