← Chapters

ငြင်းပယ်ခဲ့

Vol. 130 Ch. 4.1467

ငြင်းပယ်ခဲ့

Vol. 130 Ch. 4.1467

သတ္တမတိုင်က လုရွှမ် ဖြစ်သည်။ လူတိုင်းအမြင်တွင် သူသည် သူ့ဘေးတွင် ထိုင်နေသော ဤနဂါးငယ်​လေး ရှိသောကြောင့် ဝင်နိုင်ခဲ့တာ ထင်ရှားလေ၏။

လူတစ်ဦးနဲ့ တိုင်တစ်ခု။ ကျောက်စာတိုင်ထဲသို့ ခေါ်ဆောင်သွားနိုင်ဖို့ ခွန်အားတွေ သန်မာနေဖို့ လိုအပ်သလို ဤနေရာတွင် အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်မှာ နတ်မီးနယ်ပယ် အဆင့်၁၁ လုရွှမ် ဖြစ်ကာ မျှော်စင်နယ်ပယ်ထဲတောင် မဝင်သေးပေ။

အဋ္ဌမတိုင်​​ပေါ်ရှိ ပုဂ္ဂိုလ်​သည်​ သူ့ထံမှ ထွက်​​ပေါ်လာသည့်​ ​ရောင်​ခြည်​မှ အကဲဖြတ်​ရမယ် ဆိုရင် ပျမ်းမျှအားဖြင့်​ မျှော်စင်နယ်ပယ် စတုတ္ထအဆင့်​က နဂါးလူသား ဖြစ်​ပေမည်။ အစတွင် အနည်းငယ် မာနကြီးသယောင် ရှိသော်လည်း ယခုတော့ မဟုတ်တော့ချေ။

ကိုးခုမြောက်တိုင်းက ဟွမ်လန် ဖြစ်သည်။ မျှော်စင် နယ်ပယ်ရဲ့ ပထမအဆင့်လည်း ဖြစ်နေတာကြောင့် ဒုတိယ အဆိုးဆုံး သက်ရှိသတ္တဝါဟု သတ်မှတ်ရမည် ဖြစ်ကာ လူသားလည်း ဖြစ်နေသေးသည်။

လက်ရှိတွင် တိုင်ရှစ်တိုင်ပေါ်ရှိ သတ္တဝါအားလုံး ရောက်ရှိလာပြီး ပထမတစ်နေရာသာ ကျန်တော့သည်။

လူတိုင်းက စပ်စုနေကြသလို မနာလိုစိတ်အနည်းငယ်လည်း ရှိနေကြသည်။ အားလုံးက ဒီနေရာကို ဝင်ရောက်လာဖို့ ဘယ်လောက်တောင် ခက်ခဲသလဲ သိကြတာကြောင့် ပထမနေရာ သိမ်းပိုက်နိုင်သူကို စပ်စုလိုကြ၏။

နောက်ထပ်တစ်နာရီ ရောက်လာနေပြီဆိုတာ မြင်လိုက်ရတော့ ထိုလူလည်း ရောက်လာဖို့ နီးနေပြီ။ ကျောက်တိုင်အလွတ်ကို ကြည့်နေသောလူတိုင်းရဲ့ မျက်လုံးများကလည်း ပို၍ပို၍ စိုးရိမ်လာသည်။

လုရွှမ်လည်း ထိုလူများရဲ့ တုန်လှုပ်ချောက်ချားမှုကို ကောင်းစွာ ခံစားနိုင်သည်။ အချို့မှာ ခိုးဝင်တိုက်ခိုက်ဖို့ အခွင့်ကောင်းယူရန်ပင် ပြင်ဆင်နေကြသည်။

ဒီကိုလာတဲ့လူတွေက ခွန်အားထက် အရည်အချင်းကို အားကိုးတာ ဆိုတော့ အရည်အချင်း အရမ်းမြင့်ပေမယ့် ပျမ်းမျှခွန်အားနဲ့ လာတယ်ဆိုရင် သူ့ကို သတ်ပစ်လိုက်ကြမှာပဲ။

အချိန်တွေ တိတ်တဆိတ် ကုန်ဆုံးသွားတော့ နောက်ဆုံးတော့ အလင်းတန်းတစ်ခုနဲ့ အတူ ကောင်းကင်လူပုတီးစေ့ တစ်လုံး ပျံထွက်သွားပြီး ပထမကျောက်စာတိုင်ပေါ် ကျရောက်သွား၏။

"လူရော??"

"တစ်ယောက်မှမရှိဘူးလား?"

"လမ်းမှာ သေသွားတာများလား"

တခြားလူများ တုန်လှုပ်ကာ ဒေါသထွက်ကုန်သည်။

ဦးချိုနဂါး ချီလီက ဒေါသအထွက်ဆုံး ဖြစ်သည်။ သူသည် နောက်ဆုံးဘဏ္ဍာနှင့် အမွေကို သိသည်။ အဲဒါကိုရဖို့အတွက် လူကိုးယောက် ဝင်ရမှာဖြစ်ပေမယ့် အခု ပထမလူက ဘယ်ရောက်သွားတာလဲ။ လမ်းမှာ သေဆုံးသွားတာလား။ ဒါက ဟာသတစ်ခုဆိုတာ သိသာပါ၏။

ကျောက်စာတိုင် ကိုးတိုင်မှလွဲ၍ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားကာ အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပြင်းထန်သော လေထူသည် အူသံနှင့်အတူ မှုတ်ထုတ်လိုက်လေသည်။ လူကိုးဦးသည် ပြင်းထန်သော လေကို တွန်းလှန်ရန် ၎င်းတို့၏ စွမ်းရည်ကို လျင်မြန်စွာ အသုံးချလိုက်ရသည်။ တိုင်များပေါ်ရှိ ယခင်က အလိုအလျောက် ကာကွယ်မှုက အခု ပျောက်ကွယ်သွားခဲ့​ပြီ။

"ဒီမှာ ပထမလူမရှိရင်... အမွေနယ်မြေက လုံးဝဖွင့်မှာ မဟုတ်ဘူး... ခွေးကောင်က ဘယ်သူလဲ... ငါ့အစီအစဥ်ကို ဖျက်ဆီးတာ ဘယ်သူလဲ?"

သူ့ခန္ဓာကိုယ်သည် နဂါးကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျယ်လောင်စွာ ဟောက်လိုက်​လေသည်။

စတုထ္ထတိုင်ပေါ်က ပုဂ္ဂိုလ်သည်လည်း အမှန်တကယ် ဒေါသတကြီးဖြင့် လိုက်ဟောက်၏။ သူ့နောက်မှာ ​လေဟာပြင်တစ်ခု ပေါ်လာပြီး သူ့ခေါင်းကို ဖုံးအုပ်ထားတဲ့ အပြာရောင် ကောင်းကင်ကြီး တစ်ခု ဖြစ်သွားတော့သည်။

ကောင်းကင်လူသားကလည်း အေးစက်စွာ အော်ဟစ်လိုက်ရာ သူ့အသံလှိုင်းက ကိုးခုမြောက် တိုင်ပေါ်မှ ဟွမ်လန်ကို ရုတ်တရက် ထိမှန်သွားခဲ့သည်။

"ဒါက ငါတို့ ကောင်းကင်လူသားရဲ့ အမွေခံ နေရာပဲ... လူကိုးယောက် မဝင်လာရင်တောင် ငါတို့ အပြင်မထွက်ခင် နောက်ဆုံးတစ်ယောက်ကို သတ်ပစ်ရမယ်..."

ဟွမ်လန်လည်း ထိတ်လန့် တုန်လှုပ်သွားသည်။ သူသည် ဓားစွမ်းအင်ကို အစွမ်းကုန်ထုတ်ကာ ရင်ဘတ်ရှေ့ ကာထားလိုက်စဥ် တူညီသော ဓားစွမ်းအင်က ပေါက်ကွဲ ထွက်လာကာ ထိုဓားလှိုင်းကို ပိတ်ဆို့လိုက်လေသည်။

ထိုအချိန်မှသာ ဟွမ်လန်သည် ဝင်ကူညီသူက လုရွှမ် ဆိုတာ သိလိုက်ရပြီး လျှင်မြန်စွာ ကျေးဇူးတင် စကားဆိုလိုက်သည်။

"ဘာသဘောလဲ?"

သူထပ်ပြီး တိုက်ချင်ပေမယ့် ချင်ယဲ့က ဝင်တားဆီးလိုက်သည်။

"အော်မီတော်ဖော်... ကျေးဇူးပြုပြီး သည်းခံပါ တကယ်တော့ ဒီမှာ လူကိုးယောက် ရှိနေတာပဲ မဟုတ်ဘူးလား"

ချင်ယဲ့က သတ္တမမှတ်တိုင်ရှိ လုရွှမ်နှင့် ရှန်းရှန်းကို ညွှန်ပြလိုက်သည်။

"သူတို့?"

တခြားလူတွေ အားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်နေကြတယ်။

"ဟားဟား... ဟုတ်​သားပဲ" ချီလီက ရုတ်​တရက်​ ထရယ်​သည်​။

ချီလီ: "မင်းသမီးရှန်းရှန်း... အဲ့ကောင်းကင်လူသားက မင်းကို အရမ်းချစ်တာပဲ... ငါ့မှာ အရန်အစီအစဉ်တစ်ခု ရှိနေတာကြာပြီ ဒါ့ပြင် မင်းရဲ့အရည်အချင်းတွေက နဂါးမျိုးနွယ်ရဲ့ ထိပ်တန်းဆယ်ယောက်မှာ အဆင့်သတ်မှတ် ခံရထားရတယ်... အဲဒါက ဒီမှာဆို ပထမအဆင့်ပဲ... အဲဒီတုန်းက မင်းကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်ခဲ့တာ မှန်သွားပါပြီ"

နဂါးမလေးသည် နဂါးမျိုးရိုး၏ မင်းသမီးများထဲမှ တစ်ပါးဖြစ်သည်။ ကောင်းကင်လူသား အဘိုးကြီးက သူမနှင့်လည်း ထိုကဲ့သို့ ဆက်ဆံရေးမျိုး ရှိခဲ့တာ အံ့သြစရာ မဟုတ်ပေ။

ရှန်းရှန်းကလည်း သူမကိုယ်ပိုင် အစွမ်းအစကို ကောင်းစွာ သိသည်။ လုရွှမ်ရဲ့ ကာကွယ်မှု မရှိရင်တောင် သူမသည် အရည်အချင်း အရှိဆုံးလူ ဖြစ်သောကြောင့် မယုံနိုင်လောက်တဲ့ ပထမနေရာကို ရနိုင်သည်။ သူမ မယုံရဲချေ။ ပြီးတော့ အစ်ကိုလုရွှမ်က သူမထက် အားလုံးသာတယ် ဆိုတာ ရှင်းနေတာပဲလေ။

လုရွှမ်လည်း သူ ရှန်းရှန်းအသက်ကို ကယ်တင်လိုက်တာက ဒီလိုအခွင့်အရေးမျိုး ရသွားမယ်လို့ မမျှော်လင့်ခဲ့ပေ။ ရှန်းရှန်းနဲ့ ကောင်းကင်လူသားတို့ကြားက ဆက်နွယ်မှုကို တွေးကြည့်လျှင် ကောင်းကင်လူသား ဒီလိုစီစဉ်ရခြင်းက အဓိပ္ပာယ်ရှိလှသည်။

"ရှန်းရှန်း... သွားလိုက်ပါ... ကြာရင် ငါတို့ မခံနိုင်တော့ဘူး"

ဤနေရာမှ လေပြင်းများ အားကောင်းလာနေပြီ။ ကျောက်စာတိုင်များကို တွန်းထုတ်တော့မတတ်ကို မှုတ်ထုတ်နေတာပင်။ သူဆက်နေပါက ငြိမ်နေနိုင်သော်လည်း ရှန်းရှန်းကို ကာကွယ်ပေးဖို့ကတော့ ခက်ခဲသွားပေမည်။

နဂါးမလေးမှာ အနည်းငယ် ကြောက်လန့်နေသေးသော်လည်း လုရွှမ်ရဲ့ အားတက်စရာ မျက်လုံးများကို ကြည့်ပြီး သူမ လေးလေးနက်နက် ခေါင်းညိတ်ကာ ပထမ ကျောက်စာတိုင်ဆီသို့ ပြေးသွားခဲ့သည်။

"အားလုံးပဲ... ရှန်းရှန်းရဲ့အဆင့်က နည်းနည်း နိမ့်နေသေးတယ် သူ့ကိုကူညီပါ မဟုတ်ရင် အားလုံး အတူတူ သေရလိမ့်မယ်"

ချီလီ: "မရိုးမရွနဲ့ ငါတို့က မင်းထက် ပိုသိတယ်"

လေပြင်းများကို ခုခံပေးရင် လူတိုင်းက လက်ဖဝါးကို ဝှေ့ယမ်းကာ လမ်းကြောင်းဖွင့်ရန် အမြန်လုပ်ဆောင်ခဲ့သည်။

လုရွှမ်လည်း ကျောက်စာတိုင်အောက်မှ တွန်းထုတ်လာသည့် တွန်းအားများ အားကောင်းလာတာကို ခံစားနေရသည်။ အချိန်မဖြုန်းနိုင်​တော့ဘဲ ပျော့ပျောင်းသော တွန်းအားတစ်ခုဖြင့် ရှန်းရှန်းကို ပထမကျောက်စာတိုင်ဆီသို့ တွန့်ပို့ပေးလိုက်သည်။

ရှန်းရှန်းလည်း သက်ပြင်းတစ်ချက် ချကာ ကျောက်စာတိုင်ဆီသို့ လှမ်းတက်လိုက်သည်။

ဝုန်း!

သို့သော် ကျောက်စာတိုင်မှ မီးလင်းလာကာ ရှန်းရှန်း ရောက်လာတာကို ပိတ်ဆို့လိုက်သည်။ သူမလည်း အံ့အားသင့်သွားကာ လူတိုင်းကလည်း ပိုလို့တောင် ဆွံ့အကုန်၏။

ဒါက ဘယ်လိုဖြစ်တာလဲ။

ရှန်းရှန်းက ပထမကျောက်စာတိုင်ရဲ့ ပိုင်ရှင်ဖြစ်တာ မဟုတ်ဘူးလား။

ဒီလိုဖြစ်တာကို လူတိုင်းက ပိုပျော်နေကြ၏။ ရှန်းရှန်းရဲ့ အရည်အချင်းသည် ကြီးမြတ်သော်လည်း သူမနယ်ပယ်က နိမ့်လွန်းနေပြီး အစွမ်းသတ္တိမှာလည်း ကျန်လူများကို လုံးဝ အန္တရာယ်မပြုနိုင်ပေ။

ထို့အပြင် ရှန်းရှန်းက နဂါးမျိုးရိုးမှ ဖြစ်သည်။ သူမသည် မင်းသမီးတစ်ဦးလည်း ဖြစ်သဖြင့် သူမကို ဘယ်သူမှ မသတ်ဝံ့သောကြောင့် နဂါးမျိုးရိုးကို စော်ကားမိမှာ စိတ်ပူစရာမလိုပေ။

ပထမတိုင် ပိုင်ရှင်အနေဖြင့် အသင့်တော်ဆုံးလည်း ဖြစ်သည်။ သို့သော် ပထမတိုင်က သူမကို ငြင်းပယ်ခဲ့သည်။

ဒါဘာကြီးလဲ?

ရှန်းရှန်းက ပထမတိုင်ရဲ့ ပိုင်ရှင်မဟုတ်ကြောင်း ပြသနေပြီ။

ဒါဆို သူတို့ဘယ်သွားသင့်လဲ။

ရှန်းရှန်း အနည်းငယ် ကြောက်သွားသော်လည်း သူမသည် ပထမပုတီးစေ့ကို ပေါင်းစည်းရန် ကြိုးစားခဲ့သည်။ အကြိမ်ကြိမ် ဆက်တိုက်ကြိုးစားပြီးနောက် တန်ပြန်တိုက်ခိုက်လာတဲ့ အင်အားစုတစ်ခုက ပေါက်ကွဲထွက်ပြီး သူမကို နောက်ပြန် ဆုတ်သွား​စေခဲ့သည်။

All Chapters