← Chapters

ဘယ်သူ့ကို စွန့်မလဲ

Vol. 130 Ch. 4.1468

ဘယ်သူ့ကို စွန့်မလဲ

Vol. 130 Ch. 4.1468

"ကျစ်!"

လုရွှမ် တိတ်တဆိတ် ညည်းမိသည်။ ကျောက်စာတိုင်ပေါ်တွင် ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကာ စုပ်ထုတ်​နေတဲ့ တွန်းအားတစ်ခု ထွက်လာသည်။ ခွန်အားများစွာဖြင့် တောင့်ခံထားရတာကြောင့် သူ့နဖူးပေါ်ရှိ နဂါးချိုနှစ်ချောင်းသည် အထိန်းအကွပ်မရှိ ကြီးထွားလာသည်။

သူ့တစ်ကိုယ်လုံးတွင် နတ်နဂါးကြီး၏ စွမ်းအားများ ဟိန်းထွက်လာ၏။ ကံကောင်းထောက်မစွာပင် ရွှေနဂါးကြီး၏ စွမ်းအားများ တောက်ပလာမည့် အချိန် မဟုတ်သေးပေ။ မဟုတ်ပါက လုရွှမ် ခန္ဓာကိုယ်ဟာ နတ်နဂါးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

"နဂါးလူသား?"

အဋ္ဌမတိုင်ရှိ နဂါးလူသားကြီးကလည်း အော်ဟစ်လိုက်ပြီး လုရွှမ်ကို ကြင်နာမှုအရိပ်အမြွက် ပြကာ ကြည့်နေလေသည်။

ဒါပေမဲ့ ကိုးခုမြောက် တိုင်ကဖြစ်တဲ့ ဟွမ်လန်မှာလည်း ရုတ်တရက် ဆွံ့အသွားလေသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခု သူဘာကြောင့် နဂါးမျိုးရိုး ဖြစ်လာတာလဲ။

အခြားလူများစွာလည်း လုရွှမ်ရဲ့ ပြောင်းလဲမှုများကို မြင်ပြီး ပို၍နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်ကြသည်။ အထူးသဖြင့် ချီလီပင်။ သူက လောဘကြီးသော မျက်လုံးများဖြင့် ကြည့်​နေသည်။

ဤလူသည် နဂါးမဟုတ်ပေ။ လျှို့ဝှက်ထားသော နဂါးလည်း မဟုတ်ဘဲ တိုက်ဆိုင်မှု တစ်ခုကြောင့် သူ့တွင် နဂါးကဲ့သို့ မှော်အစွမ်းများ ရှိနေခြင်းပဲ ဖြစ်သည်။ ဒီအခွင့်အရေးကြောင့်သာ မဟုတ်ရင် ကြီးကြီးမားမား အားကောင်းနေမှာ မဟုတ်ဘူး။ သူသာ နဂါးချိုတစ်စုံကို ထပ်ရှာနိုင်ရင်။

သို့သော် ယခုအချိန်တွင် ​လေထုအတွင်းမှ လေပြင်းများက မှုတ်ထုတ်နေသောကြောင့် လုရွှမ်မှာ ရှန်းရှန်းကို သူ့ဆီ စုပ်ယူရန် မဖြစ်နိုင်သလောက်ပင်။

"အစ်ကိုဟွမ် တစ်ချက်လောက် ကူညီပါဦး!"

လုရွှမ် ဟွမ်လန်ကို လှမ်းကြည့်ရင်း အကူအညီ တောင်းလိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ လူသားမျိုးနွယ်ရဲ့ ချစ်ခြင်းမေတ္တာကို ဂရုစိုက်ပြီး ကူညီနိုင်ပါလိမ့်မယ်။ ဟွမ်လန် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အစွမ်းကုန် ကြိုးစားနေသေးသည်။

ဟွမ်လန်: "မင်းက လူလား နဂါးလား ငါမသိပေမယ့် မင်းငါ့အသက်ကို ကယ်ခဲ့တာပဲ"

လုရွှမ် ကျေးဇူးတင်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက် အတူတူ အလုပ်လုပ်ခဲ့ကြပေမယ့် ရှန်းရှန်းကို ဆွဲမချနိုင်ကြပါဘူး။ ပြီးတော့ လေက ပိုအားကောင်းလာပြီး သူတို့နှစ်ယောက် ကြာကြာမနေနိုင်ဘူးဆိုတာ သိသာလာသည်။

"အော်မီတော်ဖော် .... အခုမလုပ်ရင် နောက်ကျသွားတော့မယ်..."

ဆရာ​တော်ရဲ့အသံက ခေါင်းလောင်းသံလို ထွက်ပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် စွမ်းအားတစ်ခု လွင့်ထွက်သွားပြီး ရှန်းရှန်းကို နောက်သို့ ဆွဲထုတ်ရန် ကြိုးစားသည်။

သို့သော် ရုတ်တရက် ဒုတိယမှတ်တွင် ရပ်နေသော ရဲ့ရှားထံမှ ပြေးထွက်လာသော အင်အားတစ်ခုက ချင်ယဲ့ရဲ့ စွမ်းအားကို ကြားဖြတ်လိုက်သည်။

"ဟမ့် ဘာလို့ အသုံးမကျတဲ့လူကို ကယ်တင်ရတာလဲ သူက နတ်နဂါးပဲ... လူတိုင်း ထွက်သွားနိုင်အောင် ယဇ်ပူဇော်ဖို့ သုံးနိုင်တယ်..."

တခြားလူတွေက ရဲ့ရှားရဲ့စကားကို ကြားတဲ့အခါ သတိတောင် မထားမိကြတဲ့ အချက်ဖြစ်ကြောင်း သိလိုက်သည်။

အမှန်စင်စစ် ၎င်းတို့၏ အပြုအမူများ ပျက်ပြားသွားပြီ ဖြစ်ကြောင်း ယခုအခါ သိသာနေပြီ။ ၎င်းတို့သည် မကြာမီ ကောင်းကင်လူသားထံမှ တုံ့ပြန်မှုကို ရရှိကြလိမ့်မည်။ အမွေမရရင်တောင် ဒီမှာရှိနေတုန်းမို့ သဘာဝအတိုင်း ရပ်မနေချင်ပေ။

ထို့အပြင် ဤနေရာရှိ လူများအားလုံးသည် မျိုးနွယ်စုပေါင်းစုံမှ ထူးချွန်သူများ ဖြစ်ပြီး ထိပ်တန်း ပါရမီရှင်များ ဖြစ်သောကြောင့် ၎င်းတို့သည် ဤနေရာတွင်သာ ပိတ်မိသွားပါက အပြင်လောကမှာ ဟာသတစ်ခု ဖြစ်သွားလိမ့်မည်။

ထွက်သွားချင်ရင် ယဇ်ပူဇော်ဖို့ လိုတယ်။ ဒါပေမဲ့ အခု နဂါးတစ်ကောင် ရှိနေတာက ပိုကောင်းမယ် မဟုတ်ဘူးလား။

ရှန်းရှန်း အလွန်ထိတ်လန့်သွားပြီး မျက်ရည်များ ဝဲလာသည်။ သူမက ကလေးသာ ရှိသေး၏။ သူသည် လူတိုင်းကို သနားစရာ ကောင်းသော မျက်လုံးများဖြင့် ကြည့်ကာ အလွန်စိတ်မကောင်း ဖြစ်လာမိသည်။

လုရွှမ် ရုတ်​တရက်​​ ထပြောလာသည်​။

"ရှန်းရှန်းက က​လေးတစ်​​ယောက်​ပဲ မင်းလည်း သူမရဲ့ ထူးထူးခြားခြား အ​ခြေအ​နေကို သိတယ်​မလား... ဟမ့် သူမကို သတ်​ဖြစ်​သွားရင်​ အနာဂတ်​ကို မေးကြည့်​ပါဦး...နတ်နဂါး မျိုးနွယ်​က မင်းတို့ဆီ လာမှာကို မ​ကြောက်​ဘူးလား?"

"ဟား ဟား ဟား!"

ရယ်သောသူမှာ တတိယကျောက်စာတိုင်ပေါ်တွင် ရပ်နေသော မြေအသွင်လူ ဖြစ်သည်။

"လူတိုင်းက သ​ဘောတူပြီးပြီ... မနာခံတဲ့သူက အသတ်ခံရလိမ့်မယ်... နောက်ပြီး နဂါးတစ်ကောင် မလောက်ဘူးဆိုရင် ဘာလုပ်ရမလဲ စဥ်းစားနေတာ..... ဟမ့် မင်း သူ့ကို ဒီကို ခေါ်လာတာမလား.... မင်းကိုလည်း မမြုပ်ပစ်သင့်ဘူးလား?"

"ဟုတ်တယ်... လုရွှမ် မင်းက မင်းသမီးရှန်းရှန်းကို ဒီကို လာခေါ်ခဲ့တာ... ဟဲဟဲ မင်း သူ့အတွက် သဘာဝအတိုင်း တာဝန်ရှိတယ်လေ.."

ချောင်းဆိုးသံနှင့်အတူ စတုတ္ထတိုင်ရှိ ကောင်းကင်လူသားကလည်း ရုတ်တရက် ဝင်ဆိုလာသည်။

"လုရွှမ် မင်း ဒီကလေးမကို မသေစေချင်ဘူး ဆိုရင် မင်းက မင်းရဲ့​မျိုးနွယ်ကို သေစေချင်တာလား ဟားဟား... မင်း သူဆန္ဒရှိလား အရင်မေးသင့်တယ်..."

အားလုံးရဲ့ မျက်လုံးများသည် နောက်ဆုံးတိုင်တွင် ရပ်နေသော ဟွမ်လန်ထံသို့ ရုတ်တရက် လှည့်သွား​ပြန်သည်။

ရှန်းရှန်းမှလွဲ၍ လူတိုင်း​ကြားတွင် ဟွမ်လန်က အရည်အချင်း သာမက ခွန်အားပိုင်းဆိုင်ရာတွင်လည်း အဆိုးဆုံး ဖြစ်သည်။ ယအမှန်တကယ် အနစ်နာခံရမယ့် ကိစ္စတစ်ခုရှိလျှင် နောက်ဆုံးလူက သားကောင် ဖြစ်သွားရမှာ သဘာဝပင်။

ဟွမ်လန် ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားပြီး သူ့မျက်နှာမှာလည်း သွေးလို နီရဲလာသည်။ သူ့မျက်လုံးတွေက လုရွှမ်ကို တုံ့ဆိုင်းနေမှု၊ အံ့သြမှုတွေအပြည့်နဲ့ ကြည့်နေ၏။

"စိတ်မပူပါနဲ့ အစ်ကိုဟွမ်... ငါတို့က လူသားတွေပဲ ဘာပဲဖြစ်ဖြစ် မင်းအခုပဲ လုပ်​ပေးခဲ့သမျှအတွက် ငါ ဘယ်တော့မှ အရှုံးမပေးပါဘူး... ငါသေရင်တောင် မင်းနဲ့အတူသေပေးမယ်...."

"ဟမ့်!"

လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းမှာ အဋ္ဌမတိုင်ရှိ နဂါးလူသားဆီက ဖြစ်သည်။ သူအဆင့်သည် နိမ့်နေသော်လည်း ယခုလို အခြေအနေမျိုးတွင် သူပြောရမည်။ ကိုးတိုင်ပေါ်ရှိလူကို မကယ်တင်လိုက်လျှင် ကံမကောင်းသည့် အလှည့်က သူသာ ဖြစ်လာလိမ့်မည်။

"ဒီလိုလူတွေကို ကိုယ့်အသက်နဲ့ရင်းပြီး ကယ်တင်တဲ့ လူသားမျိုးနွယ်ကို တစ်ခါမှ မတွေ့ဖူးဘူး.... ကြားရတာ ကောင်းပါတယ်.... ဒါအပြင် တခြားသူတွေနဲ့ သေချင်ရင်တောင် မင်းရဲ့ လွတ်လပ်မှုပဲ...နောက်ထပ် လူတွေကို ဆွဲမထည့်နဲ့... ဖြစ်နိုင်ရင် ဘယ်သူမှ မသေချင်ကြဘူး"

ဒီစကားများက အဓိပ္ပာယ်ရှိပြီး ဟွမ်လန်ရဲ့ အမူအရာလည်း ပြောင်းသွားသည်။

သေချာတာကတော့ သူ မသေချင်ဘူး။ ဘယ်သူမှ မသေချင်ဘူး။ အထူးသဖြင့် ကျုံးကျိုးကို ရောက်ပြီးနောက် ဒီကိုလာရင်း ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာများစွာနဲ့ ထူးထူးခြားခြား အခွင့်အလမ်းမျိုးစုံကို တွေ့လိုက်ရတာကို ဘယ်သူက သေချင်ပါ့မလဲ။

ဤမြစ်ကြီးများနှင့် တောင်ကြီးများ၊ ဤလှပသော ရှုခင်းများ၊ အဆုံးမဲ့အနာဂတ်နှင့် တောက်ပသော အနာဂတ်ကို ဘယ်သူက စွန့်လွှတ်နိုင်မှာလဲ။

သူတို့လို ပါရမီရှင်တွေအတွက် သေခြင်းတရားဟာ အရာရာတိုင်းကို ယူသွားနိုင်ရင်တောင် အသက်ရှင်ဖို့ ဆန္ဒရှိနေတုန်းပါပဲ။

သူတို့ရဲ့ နှလုံးသားထဲက မောက်မာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကြောင့် တချို့ပြိုင်ပွဲတွေက ယာယီကျရှုံးမှု ဖြစ်လျှင်ပင် အနာဂတ်တွင် တစ်ကျော့ပြန်ထ နိုင်သေးတယ် မဟုတ်လား။

ဒါက ပါရမီရှင်တစ်ယောက်ရဲ့ သဘောသဘာဝမို့ လူတော်တော်များများအတိုင်း မယုံနိုင်လောက်စရာတွေကို သူ လုပ်ခဲ့သည်။ ဟွမ်လန်စိတ်က တုန်လှုပ်သွားတာမို့ ထုတ်လွှတ်ထားတဲ့ စွမ်းအားက သေးငယ်ပြီး မတည်ငြိမ်တော့ချေ။

ရှန်းရှန်းဆီက အော်ဟစ်သံ ထွက်ပေါ်လာစဥ် သူမ၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ပြင်းထန်စွာ လှုပ်ယမ်းလာ၏။ နဂါးပေါက်စအသွင် ပြောင်းလဲခဲ့ပြီးနောက်မှသာ သူမရုပ်သွင်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။

သို့သော် ယခုလို အခြေအနေမျိုးတွင် သူမခွန်အားသည် အလွန်ညံ့ဖျင်းလာတာကြောင့် အကြာကြီး ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။

လုရွှမ်မှာလည်း တခြား ကျန်တိုင်များမှ ထွက်လာသော စွမ်းအားများက အားကောင်းလာပြီး ပြေးထွက်လုနီးပါး ဖြစ်လာတာကို ခံစားလိုက်ရသည်။ သူတို့ရဲ့ တိုင်တွေမှာ လေပြင်းကြောင့် လွင့်ပါးသွားတော့မလို ဖြစ်လာပြီ။

လုရွှမ် ဟွမ်လန်ကို လှည့်ကြည့်လိုက်သည်။ သူ့ကို အပြစ်မတင်ပါ။ မတူညီတဲ့ နေရာမှာ ရပ်နေရကတည်းက မတူညီတဲ့ ရွေးချယ်မှုတွေဆီ ဦးတည်သွားမှာ သဘာဝပါပဲ။

ဆရာတော်ချင်ယဲ့ကို တချို့က ပိတ်ဆို့ထားပြီး ကျန်လူများကလည်း ရှန်းရှန်းကို ကယ်တင်လိုလျှင် ကိုယ့်ဘာသာ ကယ်တင်ဆိုသည့်အတိုင်း အပျော်သဘောဖြင့် ကြည့်နေကြပုံသည်။

လုရွှမ် နောက်ဆုံးတော့ သူ့ခြေထောက်ကို အတင်းသုံးပြီး တိုင်ပေါ်ကနေ ပြေးထွက်လာကာ ရှန်းရှန်းကို ဖမ်းထားလိုက်လေ၏။

All Chapters