← Chapters

ငါ ဖြစ်နေခဲ့တာပဲ

Vol. 130 Ch. 4.1469

ငါ ဖြစ်နေခဲ့တာပဲ

Vol. 130 Ch. 4.1469

တိုင်ပေါ်မှာရပ်ကာ အဆက်မပြတ် တွန်းလှန်နေမယ့်အစား ရှန်းရှန်းကို တိုက်ရိုက် ပျံသန်းပြီး ဖမ်းလိုက်တာကမှ သူတို့နှစ်ယောက် ထွက်သွားဖို့ လမ်းကြောင်း ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် အာကာသကျောက်စိမ်းပြား ရှိနေတာကြောင့် လုရွှမ် သေခြင်းတရားကို တကယ်မကြောက်ပါဘူး။

"အားလုံးပဲ ဂရုစိုက်ကြပါ..."

လုရွှမ် ဆရာတော်ချင်ယဲ့နဲ့ ဟွမ်လန်ရဲ့ကို ခေါင်းညိတ်​ပြသွားသည်။

သူ ရှန်းရှန်းကို ဖမ်းကိုင်လိုက်စဥ် လေပြင်းက ပြင်းထန်စွာ လေချွန်သံနဲ့အတူ ရိုက်ခတ်သွားသည်။ ရှန်းရှန်း တောင့်ခံနေရတဲ့ အနေအထားသို့ ရောက်သောအခါမှ သူမ ခံနိုင်ရည်စွမ်းအားကို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာနဲ့ သူမခန္ဓာကိုယ်က နဂါးတစ်ကောင် ဖြစ်နေခဲ့သည်။ သူမခန္ဓာကိုယ်ကသာ လူသား ဖြစ်နေခဲ့ပါက ဤနေရာ၌ သူမအကွဲအပြဲများ မဖြစ်မီ အချိန်အတော်ကြာအောင် ထိန်းထားနိုင်မည် မဟုတ်ပေ။

"အစ်ကိုကြီးလုရွှမ်!!"

ရှန်းရှန်းမှာ လုရွှမ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။ သူမ လုံးဝ ထိတ်လန့်သွားပြီလေ။

လုရွှမ် သူမကို ဖမ်းကိုင်လိုက်ပြီး "စိတ်မပူပါနဲ့ အစ်ကို ဒီမှာရှိနေသရွေ့ မင်း ဘာမှမဖြစ်စေရဘူး..."

လုရွှမ်၏ ခြေဖဝါးအောက်တွင် လေပြင်းနိယာမက လေဟုန်းဟုန်း တောက်နေပြီ ဖြစ်သော်လည်း ထို​လေတိုက်ခတ်မှု၏ ပြင်းထန်တဲ့အားကို သူ မရပ်တန့်နိုင်သေးပေ။

"ဒကာလေးလုရွှမ်... မင်းလည်း ပထမဆုံး ကျောက်စာတိုင်ထဲကို လှမ်း​ကြည့်ပြီး လွတ်မြောက်ဖို့ နည်းလမ်းတွေ စဉ်းစားနေသင့်တယ်..."

တခြားလူများကလည်း ချက်ချင်း ထွက်ပြေးရန် ပြင်ဆင်ထားကြပြီ။ ၎င်းတို့နှစ်ဦး သေဆုံးသွားသောအခါ လက်ရှိနေရာမှ ထွက်ပြေးသွားဖို့က ပထမဦးစားပေး ဖြစ်သည်။ ရုတ်​တရက်​ ဆရာတော်ချင်ယဲ့ အသံက လူတိုင်းရဲ့နားထဲတွင်​ ရိုက်ခတ်လာသည်​။

"ဘာ?" လုရွှမ် အနည်းငယ် အံ့အားသင့်သွားသည်။

တခြားသူများကမူ ဘုန်းတော်ကြီး ချင်ယဲ့စကားအား မယုံနိုင်လောက်အောင်ပင် အံ့သြသွားကြသည်။

ချင်ယဲ့: "အားလုံး နားထောင်ကြပါ... မင်းတို့ ဝင်လာကတည်းက ဒီကောင်းကင်လူသား လေဟာနယ်က ငါတို့ကို အသိအမှတ် ပြုသွားပြီလို့ အဓိပ္ပာယ်ရတယ်... ဒါပေမဲ့ အသိအမှတ် မပြုတဲ့သူက ဒီကိုဝင်လာလို့ရတယ်လို့ ဘယ်သူများ ကြားဖူးလဲ"

"ဒကာလေးလုရွှမ်က မင်းသမီးရှန်းရှန်းနဲ့ အပြေးအလွှား ပြေးဝင်လာခဲ့တာ... မင်းသမီးရှန်းရှန်းကိုသာ အသိအမှတ် မပြုထားရင် သူတို့ ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ"

“နတ်ခြေလှမ်းနယ်ပယ်က သခင်တွေတောင် လူခေါ်လာလို့ မရဘူး... ငါတို့အရင်က ပြဿနာတစ်ခုကို လျစ်လျူရှုခဲ့တာ ဆိုလိုတာ... နဂါးမျိုးနွယ်ရဲ့ အရည်အချင်းက လူသားတွေရဲ့ အစွမ်းအစထက် ကျော်လွန်ကြတယ်... လူသားတွေရဲ့ မျိုးနွယ်စု အားလုံးထဲမှာ အနိမ့်ဆုံး....ဒါက အမှန်တရားပဲ... ဒါပေမဲ့ လူသားတွေက နတ်နဂါးတွေရဲ့ အရည်အချင်းကို မကျော်နိုင်ဘူးလို့ ဘယ်သူက အာမခံရဲမလဲ... ဒကာလေးလုရွှမ်... ကျောက်စာတိုင်ပေါ် အမြန်တက်လှမ်းဖို့ တိုက်တွန်းပါတယ်..."

လုရွှမ်နှလုံးလည်း တုန်ခါသွားသည်။ ရုတ်တရက် နဂါးဟောက်သံကို ထုတ်လိုက်ပြီး သူ့နဖူးမှ ဦးချိုများ အနည်းငယ်လေး ထပ်ထွက်လာသည်။ လုရွှမ် ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာစဥ် နောက်ကွယ်မှလည်း အနီရောင် နေလုံးတစ်လုံး ထွက်ပေါ်လာ၏။

"လူသားနတ်ခန္ဓာ!"

ဦးချိုနဂါးက ရုတ်တရက် ထိတ်လန့်တကြားနဲ့ အော်လိုက်သည်။

ကောင်းကင်လူသား: "ဒါ လူသားမျိုးနွယ်ထဲမှာ မြင့်မြတ်တဲ့ နေကိုးစင်းနတ်ခန္ဓာပဲ!"

အနီရောင် နေလုံးကြီးက ကောင်းကင်မှာ မြင့်မားစွာ ချိတ်ဆွဲထားသလိုမျိုး တောက်ပလာသည်။ အင်အားတစ်ခုက လုရွှမ်ကို ဆွဲထုတ်ကာ ပထမကျောက်စာတိုင်ဆီသို့ ပျံသန်းသွား​စေခဲ့သည်။

လုရွှမ်လည်း ရှေ့သို့ တိုးလာခဲ့သည်။ ရှန်းရှန်းအတွက် ယခင်က ပိတ်ဆို့ထားသော ကန့်သတ်ချက်များ လုံးဝ ပေါ်မလာတော့ဘဲ လုရွှမ် ပထမကျောက်စာတိုင်​ပေါ်ကို ဘေးကင်းစွာ ဝင်ရောက်သွားခဲ့သည်။

ရှန်းရှန်း ဝင်ချင်ပေမယ့် သူမကို ထပ်ပြီး ပိတ်ဆို့လိုက်ပြန်သည်။

"မျှော်လင့်ထားသလိုပဲကိုး.... အစ်ကိုလု မင်းသမီးရှန်းရှန်းကို သတ္တမမြောက် ကျောက်စာတိုင်ဆီ ပြန်ရွှေ့ပေးပါ... အားလုံး ကျေးဇူးပြုပြီး ကူညီပေးကြပါ"

လူတိုင်း ထိတ်လန့်နေကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ပါရမီရှင်စာရင်းတွင် ပထမနေရာကို သိမ်းပိုက်ထားသူဖြစ်ကြောင်း နှလုံးသားထဲမှ ဝန်ခံလိုခြင်း မရှိ ကြချေ။

လူရှစ်ယောက်သည် ရှန်းရှန်းကို သတ္တမမြောက် ကျောက်စာတိုင်ဆီသို့ တွန်းပို့ရန် အတူတကွ လုပ်ဆောင်ခဲ့သည်။ ထိုနေရာတွင် ကန့်သတ်ချက် မရှိတော့သလို သူမ ကျောက်စာတိုင်သို့ ဝင်သွားလေသည်။ ကျောက်စာတိုင်ပေါ် လဲကျသွားပြီးတဲ့အထိ ကြောက်လန့်နေသေးပေမယ့် အစောကထက်စာရင်တော့ စိတ်အေးလက်အေး ဖြစ်သွားပါပြီ။

"ရှန်းရှန်း သတိထား... အဲဒီကျောက်စာတိုင်ပေါ်မှာ မင်းကို တွန်းထုတ်ချင်သလို တွန်းလှန်တစ်ခု ပေါ်လာလိမ့်မယ်"

လုရွှမ် အံ့အားသင့်သွားပြီး ရုတ်တရက် ရယ်လိုက်မိသည်။

"ကျောက်စာတိုင်ကနေ တွန်းထုတ်ချင်တဲ့ ခွန်အားကို မင်း မခံစားရဘူးလား?"

သူ့စကားလုံးများသည် မေးခွန်းတစ်ခု ဆိုပေမယ့် အဖြေကို သူသိနေပါပြီ။

"မင်းတို့ အဲဒီစွမ်းအားကို မခံစားမိဘူးလား"

လူတိုင်းက ခေါင်းယမ်းကြသည်။ ထိုအခါ ချင်ယဲ့က ပြုံးပြီး။

"အားလုံးကို အစောကတည်းက စီစဥ်ထားတာ ဖြစ်မယ်.. ဒါပေမယ့် ငါတို့က အဲဒါကို လျစ်လျူရှုထားမိတယ်... ဒီစီစဥ်မှုက ပဓာနကျပြီး ကြိုတွေးထားလွန်းတယ်..."

ရှန်းရှန်း: " အစ်ကိုလုရွှမ်... အဲဒီ ကောင်းကင်လူသား ပုတီးစေ့ကို ရခဲ့တဲ့အချိန်ကို မှတ်မိသေးလား... ညီမက ပုတီးစေ့ကို ဆွဲကိုင်ပြီးမှ အစ်ကို့ကို ပေးလိုက်တာလေ... "

လုရွှမ် အံ့အားသင့်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။

"တကယ်တော့ အဲဒီအချိန်တုန်းက ပုတီးစေ့ကို ဖမ်းတဲ့သူက မင်းဖြစ်နေတာကိုး!... ဒါက စီစဉ်ထားတာပဲ... အဲဒါကြောင့် ငါတို့သေလုနီးပါးတောင် ဖြစ်သွားတယ်"

ဦးချိုနဂါး: "ဟမ့်... လူသားတွေက တကယ် ငတုံးတွေချည်းပဲ..."

သူသည် နဂါးမျိုးနွယ်မှ ထုတ်ပယ်ခံခဲ့ရသော်လည်း သူ့ကိုယ်သူ နဂါးမျိုးနွယ်ဟု ယူဆနေဆဲ ဖြစ်သည်။ မင်းသမီးရှန်းရှန်း ပထမကျောက်စာတိုင်ကို သိမ်းပိုက်ခဲ့တာကို မကျေနပ်သော်လည်း သူ ယုံကြည်ခဲ့သည်။

ယခုမူကား လူသားတစ်ဦးသည် ပထမဆုံးသော ကျောက်စာတိုင်ကို သိမ်းပိုက်နိုင်ခဲ့ကာ သူ့ကို အလွန် ဒေါသထွက်စေခဲ့သည်။ သူ့တစ်ကိုယ်လုံး လူသတ်ချင်စိတ်တွေ ပြည့်နှက်နေလာကာ လုရွှမ်ကို ချက်ချင်း သတ်ပစ်ချင်လာသည်။

ဒီလိုလူသည် အမှန်တကယ်ပင် မတော်တဆနဲ့ နဂါးဖြစ်လာရန် အခွင့်အလမ်း ရခဲ့သည်။ သူသည် လူသားမျိုးနွယ်ထဲမှာ မြင့်မြတ်သော နတ်ခန္ဓာလည်း ဖြစ်နေပြန်၏။ ဒီလိုလူကို ကြီးပြင်းခွင့်သာ ပေးလိုက်မယ်ဆိုရင် လူသားမျိုးနွယ်က မြင့်တင်လာလိမ့်မည်။ ဒါကို သူဘယ်တော့မှ ခွင့်မပြုနိုင်ပါ။

ဘုန်းကြီးချင်ယဲ့၊ ဟွမ်လန်နဲ့ ရှန်းရှန်းမှလွဲ၍ ကျန်လူများ အားလုံး လုရွှမ်ကို သတ်ချင်နေကြပြီ။ သူ့အသားကို စားကာ သူ့အသွေးကို သောက်ပစ်ချင်နေကြသည်။ လုရွှမ်က အခု နတ်မီးနယ်ပယ် အဆင့်၁၁ ​မလို့ ရှန်းရှန်းကလွဲလို့ သူက အနိမ့်ဆုံးအဆင့် ဖြစ်သည်။

"ငါတို့သူ့ကို ကြီးပြင်းလာခွင့်​ လုံးဝ​ ပေးလို့မရဘူး...."

လုရွှမ် လူတိုင်းရဲ့ မျက်လုံးများကို ကြည့်ရင်း သူ့ပါးစပ်ထောင့်တွင် လှောင်ပြုံးတစ်ပွင့် ပေါ်လာသည်။ သူ့ကို သတ်ချင်နေတဲ့ လူတွေ ရှိနေတာကို သူမသိဘဲ နေပါ့မလား။ အဲဒီခြိမ်းခြောက်မှုတွေကို အေးအေးဆေးဆေး လျစ်လျူရှုခဲ့သည်။

ငယ်ငယ်တုန်းက ပထမဆုံးအကြိမ် လှည့်စားခံရဖူးပြီး သေခြင်းတရားကြားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်လာခဲ့ရသည်။ ဒါဟာ သူ့အပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အတွေ့အကြုံကနေ မသင်ယူဘဲ နောက်တစ်ကြိမ် ထပ်ကြံစည်ခံရရင် သူကိုယ်တိုင်ရဲ့ အပြစ် ဖြစ်သွားပြီ။

ဟွမ်လန်ကတော့ အနည်းငယ် အပြစ်ရှိသလို ခံစားရတာကြောင့် တောင်းပန်လာသည်။ လုရွှမ် သူ့အား ခေါင်းညိတ်ပြပြီး အသံစွမ်းအင်တစ်ချက် ပေးပို့ပေးလိုက်သည်။

"ငါသာဆိုရင်လည်း တူညီတဲ့ ရွေးချယ်မှုတစ်ခုပဲ လုပ်မိမှာပဲ... လူသားတွေရဲ့ မျှော်လင့်ချက်ကို ငါတို့ သယ်ဆောင်ထားရတယ်... ကံကောင်းချင်တော့ ငါတို့ လမ်းဆုံးကို မရောက်သေးဘူး... အခု ဒီကနေ ရုန်းထွက်ချင်ရင် စည်းလုံးပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်... အစ်ကိုဟွမ်ရော ဘယ်လိုထင်လဲ?"

ဟွမ်လန်က သက်ပြင်းချရင်း လုရွှမ်ရဲ့ စကားကို ကြားတော့ တခြားလူတွေရဲ့ အကြံအစည်ကို အရမ်းကို ကြောက်ရွံ့သွားလေသည်။

"ကောင်းပြီ အတူတူ လုပ်ကြရအောင်"

All Chapters